North America ရှိ Mexican နိုင်ငံ၊ Baja California ပြည်နယ်ကTiktok သုံးသူ Uzziel Martinez အမည်ရှိ အမျိုးသားက သူ့ရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာအတွေ့အကြုံကို tiktok မှာမျှဝေခဲ့ပါတယ် ။ သူ့ကောင်မလေးက သူ့ကို တစ်လမပြည့်ခင် ရက်ရက်စက်စက် ပစ်ထားခဲ့တယ်လို့ အခိုင်အမာဆိုပါတယ် ။ အဲ့ဒီနောက်မှာ သူက သူ့ရည်းစားဟောင်းရဲ့အမေကို ကျောက်ကပ်တစ်လုံး လှူဒါန်းပြီးနောက်မှာ သူ့ကောင်မလေးက အခြားလူနဲ့ လက်ထပ်တဲ့အကြောင်းကို ကြားသိခဲ့ပါတယ် ။
ဒီဗီဒီယိုကို မျှဝေလိုက်ကတည်းက Tiktok ရှိ လူအများအပြားဟာ Uzziel ကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ် ။ ကြည့်ရှုမှု 16.7 သန်းဖြင့် “ အရမ်းဝမ်းနည်းမနေပါနဲ့ ။ ရှေ့ဆက်ပြီး မင်းကို သဘောကျတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးကိုဘဲ ရှာလိုက်ပါ” ဆိုပြီး netizen တွေ နှစ်သိမ့်ပေးခဲ့ပါတယ် ။ Uzziel က နှစ်သိမ့်ပေးတဲ့သူတွေကို တုံ့ပြန်ခဲ့ပြီး စိုးရိမ်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဒါပေမယ့် Uzziel က ရည်းစားဟောင်းရဲ့အမေကို ကျောက်ကပ်တစ်ခုပါလှူဒါန်းခဲ့တာကြောင့် ကြေကွဲမှု၊ ဝမ်းနည်းမှုတွေနဲ့ နောင်တတွေ ဖြတ်သန်းခဲ့ရပါတယ် ။
JRose (KB Chimmy One)
Reference : khaosod
Zawgyi
North America ရွိ Mexican ႏိုင္ငံ၊ Baja California ျပည္နယ္ကTiktok သုံးသူ Uzziel Martinez အမည္ရွိ အမ်ိဳးသားက သူ႔ရဲ႕ ဝမ္းနည္းဖြယ္ေကာင္းတဲ့ ခ်စ္ျခင္းေမတၱာအေတြ႕အႀကဳံကို tiktok မွာမွ်ေဝခဲ့ပါတယ္ ။ သူ႔ေကာင္မေလးက သူ႔ကို တစ္လမျပည့္ခင္ ရက္ရက္စက္စက္ ပစ္ထားခဲ့တယ္လို႔ အခိုင္အမာဆိုပါတယ္ ။ အဲ့ဒီေနာက္မွာ သူက သူ႔ရည္းစားေဟာင္းရဲ႕အေမကို ေက်ာက္ကပ္တစ္လုံး လႉဒါန္းၿပီးေနာက္မွာ သူ႔ေကာင္မေလးက အျခားလူနဲ႔ လက္ထပ္တဲ့အေၾကာင္းကို ၾကားသိခဲ့ပါတယ္ ။
ဒီဗီဒီယိုကို မွ်ေဝလိုက္ကတည္းက Tiktok ရွိ လူအမ်ားအျပားဟာ Uzziel ကို အားေပးႏွစ္သိမ့္ခဲ့ၾကပါတယ္ ။ ၾကည့္ရႈမႈ 16.7 သန္းျဖင့္ “ အရမ္းဝမ္းနည္းမေနပါနဲ႔ ။ ေရွ႕ဆက္ၿပီး မင္းကို သေဘာက်တဲ့ ၿပီးျပည့္စုံတဲ့ အမ်ိဳးသမီးကိုဘဲ ရွာလိုက္ပါ” ဆိုၿပီး netizen ေတြ ႏွစ္သိမ့္ေပးခဲ့ပါတယ္ ။ Uzziel က ႏွစ္သိမ့္ေပးတဲ့သူေတြကို တုံ႔ျပန္ခဲ့ၿပီး စိုးရိမ္မႈအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။ ဒါေပမယ့္ Uzziel က ရည္းစားေဟာင္းရဲ႕အေမကို ေက်ာက္ကပ္တစ္ခုပါလႉဒါန္းခဲ့တာေၾကာင့္ ေၾကကြဲမႈ၊ ဝမ္းနည္းမႈေတြနဲ႔ ေနာင္တေတြ ျဖတ္သန္းခဲ့ရပါတယ္ ။
JRose (KB Chimmy One)