ၾကားသိရသမွ်

ကောင်မလေးနဲ့လမ်းခွဲပြီးနောက် ဘာမှမစားဘဲ အသည်းကွဲနေလို့ ဖခင်ဖြစ်သူက နှစ်သိမ့်ပေးနေခဲ့ရတဲ့ လမ်းလျှောက်တတ်စကလေးတစ်ဦး (ရုပ်သံ)

ကျွန်တော်တို့အများစုဟာ လမ်းခွဲပြီးနောက် နာကျင်ကြေကွဲမှုကို တွေ့ကြုံခံစားခဲ့ကြရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ လူအများစုက ဤအရာများကို ဖြတ်သန်းကြရတယ်လို့ ကျွန်တော်တို့ထင်မြင်ကြတာ မှန်ပေမဲ့လည်း လမ်းလျှောက်တတ်ခါစကလေးငယ်တွေလည်း ဤအပင်ပန်းခံမှုကို ခံရလိမ့်မယ်လို့ တစ်ခါမှ မသိခဲ့ကြရပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မှာ Thai TikToker တစ်ဦးဖြစ်တဲ့ အသုံးပြုသူ @Topfyy ဟာ သူ့သားဖြစ်သူရဲ့ အိပ်ရာမဝင်မီ ညစာစားနေတဲ့ ရယ်မောဖွယ်ဗီဒီယိုတစ်ခုကို တင်ပေးခဲ့ပါတယ်။ ၎င်းဗီဒီယိုကလစ်မှာ အသည်းကွဲပြီး ညိုးနွမ်းနေတဲ့ ကလေးလေးအား သူ့အဖေက နှစ်သိမ့်ပေးပြီး oatmeal ကျွေးသည်ကို တွေ့လိုက်ရပါတယ်။

.

၎င်းဗီဒီယိုကို အဆိုပါကလေးက သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးပြီးချင်းမှာပဲ ရိုက်ကူးထားခဲ့ပုံရပါတယ်။ ဗီဒီယိုထဲမှာ ဖခင်ဖြစ်သူက နှလုံးသားကြေကွဲနေတဲ့ သားဖြစ်သူအား အဲ့ကောင်မလေးကို လွတ်ပေးလိုက်သင့်ပြီး ကိုယ့်ကိုကိုယ်ရှေ့ဆက်သင့်ပြီလို့ ဖခင်ဖြစ်သူက ပြောပြနေခဲ့ပါတယ်။ ဤပညာရှိစကားများနှင့် oatmeal များကြားမှ အဆိုပါကလေးဟာ တိတ်ဆိတ်ကာ ဝမ်းနည်းနေဆဲဖြစ်ပြီး သူ့ကောင်မလေးကို မည်မျှလွမ်းကြောင်းပြသနေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ TikTok တွင် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှု တစ်သန်းကျော်ရှိခဲ့သလို အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ အင်တာနက်အသုံးပြုသူ အများအပြားက ၎င်းတို့၏ မှတ်ချက်များကို မျှဝေခဲ့ကြပါတယ်။

.

ဒီဗီဒီယိုဖိုင်ကို သူ အရွယ်ရောက်စအရွယ်ရောက်လာတဲ့အချိန်မှာ ပြန်မြင်တဲ့အခါအဆိုပါကလေးငယ်ဟာ ကျယ်လောင်စွာ ရယ်မောနေလိမ့်မယ်လို့ အင်တာနက်အသုံးပြုသူတဦးက မှတ်ချက်ပေးခဲ့ပါတယ်။ ထို့ပြင် အခြား အင်တာနက်သုံးစွဲသူ တစ်ဦးက အဆိုပါ ဗီဒီယိုကို ရယ်မောကာ ကလေးငယ်ကို စာနာကြောင်း ပြသခဲ့သလို ကြည့်ရှုသူတစ်ဦးကလည်း အဆိုပါလမ်းလျှောက်တတ်စကလေးဟာ အိပ်ချင်နေလို့သာဖြစ်ကြောင်း ထင်ကြေးပေးခဲ့ပါသေးတယ်။

.

အဖေဖြစ်သူကနှစ်သိမ့်ပေးခဲ့တဲ့ ကလေးလေးရဲ့ဒီဗီဒီယိုကလစ်ကနေ ကောက်ချက်ချနိုင်တာကတော့ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ အသည်းကွဲနေပါစေ ကျွန်တော်တို့ရဲ့ အပိုင်းအစတွေကို ကောက်ယူဖို့ မိဘတွေ ရှိနေအုံးမှာပါပဲ။ ၎င်းကြိုးစားမှုအတွက် အဖေဖြစ်သူကို ကျွန်တော်တို့ အသေအချာ ချီးကျူးမိပေမဲ့လည်း ကောင်လေးအား အရုပ်တစ်ခုပေးလိုက်ခြင်းဖြင့် သူ့နှလုံးသားကို မြန်မြန်ကုသနိုင်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ပဲဖြစ်နိုင်မယ်လို့ထင်ပါတယ်ဗျာ ။

Mia (KB Chimmy One)

Reference : thesmartlocal