ဗေဒင်

အတိုက်အခိုက်ကင်းပြီး စီးပွါးတက်စေမည့် ယတြာ…

အတိုက်အခိုက်ကင်း၊စီးပွားတက်”နဘယံ”ဆရာ့မိတ်ဟောင်းမိတ်သစ်များအားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေဗျာ

မည်သည့်ကိစ္စတွင်မဆိုမိမိကြိုးစားသမျှအရာမထင်၊မအောင်မြင်ဖြစ်နေခြင်း၊နှောင့်နှေးကြန့်ကြာကာနေရခြင်းစသည့်

ကောင်းကျိုးခံစားမှုတိုးတက်ဖို့ရန်လမ်းပိတ်နေခြင်းများမိသားစုအတွင်းတစ်ဦးနှင့်တစ်ဦးစိတ်ဝမ်းကွဲပြီးမကြာခဏရန်များ ပြသနာတက်နေခြင်း

မိမိကိုယ်ခန္တာကိုယ်(သို့)လုပ်ငန်းစီးပွါးရေးတစ်ခုခုမှာ အင်းတိုက်-ဓါတ်တိုက်-နတ်တိုက်မကောင်းသောအောက်လမ်းပယောဂအတိုက်တစ်ခုခုနှင့်ပြုလုပ်ခြင်းခံနေရသလိုထင်မြင်နေသည်ဖြစ်စေ၊

လက်တွေ့ခံစားတွေ့ကြုံနေရခြင်းကြောင့်ဖြစ်စေမည်သည့်အနှောင့်အယှက်များမှမဆို အောက်ဖော်ပြပါယတြာကိုယုံကြည်

စိတ်ချစွာလုပ်ပေးနေခြင်းအားဖြင့်ကြောင့်ဘေးဘယကင်းစင်ပြီး အစစအဆင်ပြေစိတ်ချမ်းသာကာစီးပွားတက်လာစေရန်အတွက်ပညာဒါနအဖြစ်မျှဝေပြီးတင်ပေးလိုက်ပါတယ်နော်

ယတြာစီရင်ပြုလုပ်နည်းအနာအစာကင်းမဲ့သောသံပုရာသီးအစစ်{၃}လုံးဝယ်ရပါမည်။

ထိုသံပုရာသီးတစ်လုံးချင်းစီ၏အလုံးဝိုင်းပေါ်တွင်ဆော့ပင်အပြာရောင်အသုံးပြုကာ”နဘယံ”ဟုသံပုရာသီး(၃)လုံးစလုံးတွင်တိကျသေချာစွာရေးရပါမယ်

ကြွေပန်းကန်ပြားသို့စတီးပုဂံပြားအသေး တစ်ချပ်ထဲတွင်၄သံပုရာသီးများကိုစာလုံးများပေါ်နေအောင်ထည့်ပါ

ပြီးလျှင်ထိုယတြာအစီရင်ပန်းကန်ပြားကိုမိမိ၏အိမ်ဘုရားကျောင်းဆောင်သို့မဟုတ်မိမိ၏လုပ်ငန်းလုပ်ရာကောင်တာပေါ်တင်ထားပေးပါ

ဤအတိုက်ကင်းစင်စီးပွား တက်စေယတြာကို(၇)ရက်သားသမီးများအားလုံးမည်သည့်နေ့ရက်မှမဆိုစတင်လုပ်ဆောင်နိုင်ပါတယ်

၅ရက်လျှင်တစ်ကြိမ်ထိုယတြာနည်းအတိုင်းကိုထပ်မံအသစ်ပြုလုပ်ပေးနေရပါမယ်ယခင်သံပုရာသီးများကိုကျွတ်ကျွတ်အိတ်သေးတစ်လုံးထဲတွင်ထည့်ပြီးသစ်ပင်အောက်ခြေတစ်နေရာတွင်သွားရောက်စွန့်ပေးရပါတယ်။

ယခုဆရာဒါနပြုတင်ပြပေးသောယတြာသည်အမှန်တကယ်ထိရောက်သောကြောင့်ယုံကြည်မှုရှိစွာဖြင့်လုပ်ဆောင်မည်ဆိုပါကထင်မှတ်မထားဘဲ အတိုက်အခိုက်ကင်းပြီးစီးပွားတက်လာဘ်လာဘရွှင်စေရမည်မှန်တာဟော၍ဟောတာမှန်ရမည်

နက္ခတ်ဗေဒင်နှင့်လက္ခဏာပညာရှင်ဆရာသိန်းထူးPh-09259865571

zawgyi









ကြွေပန်းကန်ပြားသို့စတီးပုဂံပြားအသေး တစ်ချပ်ထဲတွင်၎သံပုရာသီးများကိုစာလုံးများပေါ်နေအောင်ထည့်ပါ




