တေန႔က ေျမာက္ဥကၠလာပေဆး႐ုံႀကီးက ရင္ခြဲ႐ုံမွာ ေသလူတေယာက္ဆီက လက္စြပ္ခၽြတ္ မရလို႔ ခၽြတ္ေပးဖို႔ အကူအညီဖုန္းဝင္လာခဲ့တယ္။
ကူညီေပးမယ္ဆိုၿပီး ကိုယ့္ဘက္ကလည္း အေၾကာင္းျပန္ေပးလိုက္တယ္ေလ။ရင္ခြဲ႐ုံေရာက္သြားေတာ့ ေအးစိမ့္ေနတဲ့အခန္းထဲမွာလည္းေသလူေတြ အစီအရီနဲ႔ေပါ့။
ကိုယ္ကေတာ့ ရင္ခြဲတဲ့ေက်ာက္ကုတင္ႀကီးေပၚက ရင္ဘတ္ေဟာင္းေလာင္း ေအးစက္စက္နဲ႔ေသလူရဲ့လက္ကို ကိုင္တြယ္လို႔ အထိအခိုက္မရွိအသပ္ရပ္ဆုံးခၽြတ္ေပးခဲ့ရတာေပါ့။
အဲ့လိုနဲ႔ အသိတခု ေခါင္းထဲေရာက္ခဲ့ရတယ္။တကယ္ေတာ့ ဘုရားေဟာတရားလိုပါပဲလား ေသတဲ့အခါ ပါသြားမွာကျပဳခဲ့တဲ့ကုသိုလ္နဲ႔ အကုသိုလ္ ေတြပါပဲ။
တျခားအသုံးအေဆာင္ပစၥည္းမွန္သမၽွ ထားခဲ့ရမွာခ်ည္းပါပဲ။ရွင္ခ်ိန္မွာ ေလာဘ ေဒါသ ေမာဟမာန္မာနေတြ သံသယေတြနဲ႔ တကယ္တမ္း လက္တြဲေတြျဖဳတ္ၾကရေတာ့ အကုန္ထားခဲ့ရၿပီး ျပာျဖစ္သြားရတာပါပဲ။
ခ်စ္ၾကပါမာန္မာနေတြေလၽွာ့လို႔ သံသယေတြ ေဖ်ာက္ပစ္ၾကစမ္းပါ။ရွင္ျခင္းက အစိုးမရပါဘူး ေသျခင္းသာ တကယ္ၾကဳံရမွာပါ။
မိတ္ေဆြ အသက္ရွင္စဥ္မွာ… ခ်စ္နိုင္သမၽွ ခ်စ္ေပးပါေနာ္…ေနာက္ၿပီး..ခြဲခြာနိုင္ဖို႔လည္း.အသင့္ျပင္ထားေပးပါ..။ကိုယ္ခ်စ္ရတဲ့သူေတြဟာ…ကိုယ့္အနားမွာ အျမဲရွိေနမွာ ေသခ်ာရဲ့လား..
သုသာန္မွာ..ေခါင္းတိုင္ကထြက္လာတဲ့ မီးခိုးေတြ ကုန္ဆုံးသြားခ်ိန္… ဘဝတစ္ခုဟာ..အၿပီးသတ္သြားတယ္..။
ကၽြန္ေတာ္တို႔ခ်စ္ေသာ ဇနီး/ခင္ပြန္း/သားသမီး/မိဘ/ေမာင္ႏွမ အားလုံး ဒီလမ္းကိုသြားရမွာ သိသိႀကီးနဲ႔ ကၽြန္ေတာ္တို႔ဘာေတြလုပ္ေနၾကသလဲ…။
ရန္ျဖစ္ၾကတယ္..စိတ္ေကာက္ၾကတယ္..မာနၿပိဳင္ၾကတယ္..ဓနၿပိဳင္ၾကတယ္..ကဲ့ရဲ့ၾကတယ္..စြတ္စြဲၾကတယ္..
ရႈံ႔ခ်ၾကတယ္..ပစ္ပယ္ၾကတယ္..အနိုင္ယူၾကတယ္.. စြန္႔ပစ္ၾကတယ္…အမ်ိဳးမ်ိဳးေသာ..စိတ္မိုက္ေတြနဲ႔ခ်စ္တဲ့သူေတြကို ခ်စ္ေပးဖို႔/ဂ႐ုစိုက္ေပးဖို႔..ေမ့ေလ်ာ့ေနၾကတယ္..။
ကၽြန္ေတာ္တို႔ေမ့ေလ်ာ့ၾကပုံက..သူတို႔ဟာ တသက္လုံးရွိေနမွာလိုလို…တကယ္လို႔ မနက္ျဖန္ သူတို႔ေသမယ္ဆိုတာသိရင္..
ဒီေန႔ သူ႔ကို တင္းက်ပ္စြာေပြ႕ဖက္ထားၿပီး..ခ်စ္ေသာစကားကို ဆိုမိၾကမယ္မွတ္လား..
ေနာက္လ မွာ သူေသမွာသိရင္ ခုခ်ိန္မွာ သူဆႏၵကိုျဖည့္ဆည္းေပးမိၾကမယ္မွတ္လား..။ဒါေပမယ့္ သူဟာအၾကာႀကီးမေသပဲရွိဦးမယ္ လို႔သာထင္ၿပီး ေမ့ေမ့ေလ်ာ့ေလ်ာ့ပဲေနမိၾကတယ္…
ျဗဳန္းကနဲေသခ်ိန္ ငါဘာေလးလုပ္မေပးလိုက္ရေလျခင္းလို႔..ေနာင္တႀကီးစြာျဖစ္ၾကရတယ္..။
သူရွိတုန္းက ဒီလိုေလးေျပာျဖစ္ခဲ့ရင္ဆိုတဲ့ေနာင္တနဲ႔ ႀကီးစြာေသာကေရာက္ၾကရတယ္..။
ငါသည္ ဘယ္အခ်ိန္မွာမဆိုေသနိုင္သည္..ငါသည္ ဘယ္ေနရာမွာမဆို ေသနိုင္သည္..ငါသည္ ဘယ္ပုံစံနဲ႔မဆို ေသနိုင္သည္..တဲ့..ဘုရား ေဟာခဲ့တာပါ..။
အဲဒါဟာ.. မနက္ျဖန္ဆိုရင္ေရာ…။ကိုယ္ခ်စ္ရသူ နက္ျဖန္ေသမွာဆိုရင္ေရာ..ကိုယ္..မနက္ျဖန္ေသမွာ ဆိုရင္ေရာ..ဒီလိုေတြးမိလာတဲ့အခါ…
သားသမီးကိုမွာစရာေလးေတြ ေျပာထားေပးဖို႔..မိဘကို အရာရာျဖည့္ဆည္းေပးဖို႔..ဇနီးခင္ပြန္းကို ၾကင္နာေဖးမေပးဖို႔..အရာရာခြင့္လႊတ္ၿပီး.. နားလည္ေပးဖို႔..
ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္သြားပါတယ္။ထားလိုက္စမ္းပါ..မာနေတြ..သိကၡာေတြ..ပကာသနေတြ..ခ်စ္တဲ့သူကို ခ်စ္တယ္ လို႔ေျပာလိုက္စမ္းပါ..။
မိုးရြာထဲ ထြက္သီခ်င္းဆိုခ်င္ ဆိုပစ္စမ္းပါ..ကေလးတေယာက္လို လမ္းေလၽွာက္ခ်င္ေလၽွာက္ပစ္စမ္းပါ..ေပ်ာ္ေပ်ာ္ပါးပါးကခုန္ခ်င္ ကပစ္လိုက္စမ္းပါ..
ကိုယ္တိုင္လဲ လုပ္ပစ္လိုက္ပါ..သူ႔ကိုလဲ ခြင့္ျပဳလိုက္ပါ..။သူဆိုတာ..ေသၿပီးရင္ တသက္လုံးမေတြ႕ရေတာ့ဘူးေလ..။အိပ္မက္မွာေတြ႕ခ်င္ရင္ေတာင္ ေတြ႕ခြင့္မရေတာ့တာမ်ိဳးပါ..။
ဒါေၾကာင့္ ရွင္ေနစဥ္ကာလမွာ ခ်စ္တယ္လို႔ေျပာဖို႔ဝန္မေလးၾကပါနဲ႔..။ဆႏၵေတြျဖည့္ဆည္းေပးဖို႔ မေမ့ေလ်ာ့ၾကပါနဲ႔..။
သားေလး ဘာလိုခ်င္လဲ လို႔တခါေမးတိုင္း..ေမေမဘာလိုအပ္လဲ/ေဖေဖဘာလုပ္ေပးရမလဲဆိုတာပါတြဲၿပီးသတိရမိပါေစ..။
ခ်စ္သက္တမ္းဘယ္ေလာက္ၾကာလာလာ…ေမႀကီးေရ မင္းကို ကိုယ္ခ်စ္လိုက္တာ..ေဖႀကီးေရ ေက်းဇူးတင္ပါတယ္ေနာ္လို႔..ခ်စ္ခင္ယုယမႈေလးေတြ ျပေပးလိုက္ၾကစမ္းပါ..။
ဆိုးေပမိုက္မဲတဲ့ သားကိုလည္း တသက္လုံးစကားေကာင္းေကာင္းမေျပာခဲ့တဲ့ေဖေဖက သားေလး မင္းကိုအေဖ ခ်စ္တယ္လို႔ ေျပာေပးလိုက္ပါ.။
ေဖေဖသားကို ခြင့္လႊတ္ပါလို႔ ထိုင္ကန္ေတာ့လိုက္ပါ..။ခ်စ္လ်က္နဲ႔ ေက်ာခိုင္းေနတဲ့ ခ်စ္သူေတြေျပးဖက္လိုက္ၾကစမ္းပါ…။
အဲဒီ မာနဆိုတာေတြဟာ ေသဆုံး သြားခ်ိန္မွာ အလကားပါပဲ..။တစ္ေန႔ ေသမွာ..ဘယ္သူအရင္လဲမသိေလေတာ့..
သဲအူျပတ္မတတ္ မခံစားရေအာင္ သူလည္း ႐ုပ္နဲ႔ နာမ္ တခ်ိန္ပ်က္စီးမယ္ / ငါလည္း ႐ုပ္နဲ႔နာမ္..တခ်ိန္ပ်က္သုန္းမယ္ သူ႔သက္တမ္းရွိသေလာက္ပဲေနမယ္စသည္.
ေသခ်င္တဲ့အခ်ိန္ေသၾကမယ္..ေရစက္ပါလို႔ေတြ႕ၾကၿပီး သံသရာမွာလည္း ေတြ႕ဆုံနိုင္ေသးတယ္ဆိုတာ…
ႏွလုံးသားထဲစြဲထင္ေအာင္ ေလ့က်င့္ထားၾကဖို႔လဲ လိုအပ္ပါတယ္…ကိုယ္တိုင္လည္း ေသတတ္ေအာင္..သူေသလည္း က်န္ေနတတ္ေအာင္..ေလ့က်င့္ၾကဖို႔လိုတယ္…
ကၽြန္ေတာ္တို႔ဟာ ေသခ်ာေပါက္ေသၾကမွာပဲေလ..။ဒီေတာ့ မေသခင္.. ေမတၱာထားခ်စ္ခင္ေပးၾကပါ..ေပ်ာ္ရႊင္လြတ္လပ္စြာေနထိုင္သြားၾကပါ..
ေနာက္ၿပီး ေသရင္ခြဲခြာဖို႔အတြက္လည္း ခံနိုင္ရည္ရွိေအာင္ အသင့္ျပင္ထားၾကပါလို႔ 💜💜
#Credit
Unicode Version
တနေ့က မြောက်ဥက္ကလာပဆေးရုံကြီးက ရင်ခွဲရုံမှာ သေလူတယောက်ဆီက လက်စွပ်ချွတ် မရလို့ ချွတ်ပေးဖို့ အကူအညီဖုန်းဝင်လာခဲ့တယ်။
ကူညီပေးမယ်ဆိုပြီး ကိုယ့်ဘက်ကလည်း အကြောင်းပြန်ပေးလိုက်တယ်လေ။ရင်ခွဲရုံရောက်သွားတော့ အေးစိမ့်နေတဲ့အခန်းထဲမှာလည်းသေလူတွေ အစီအရီနဲ့ပေါ့။
ကိုယ်ကတော့ ရင်ခွဲတဲ့ကျောက်ကုတင်ကြီးပေါ်က ရင်ဘတ်ဟောင်းလောင်း အေးစက်စက်နဲ့သေလူရဲ့လက်ကို ကိုင်တွယ်လို့ အထိအခိုက်မရှိအသပ်ရပ်ဆုံးချွတ်ပေးခဲ့ရတာပေါ့။
အဲ့လိုနဲ့ အသိတခု ခေါင်းထဲရောက်ခဲ့ရတယ်။တကယ်တော့ ဘုရားဟောတရားလိုပါပဲလား သေတဲ့အခါ ပါသွားမှာကပြုခဲ့တဲ့ကုသိုလ်နဲ့ အကုသိုလ် တွေပါပဲ။
တခြားအသုံးအဆောင်ပစ္စည်းမှန်သမျှ ထားခဲ့ရမှာချည်းပါပဲ။ရှင်ချိန်မှာ လောဘ ဒေါသ မောဟမာန်မာနတွေ သံသယတွေနဲ့ တကယ်တမ်း လက်တွဲတွေဖြုတ်ကြရတော့ အကုန်ထားခဲ့ရပြီး ပြာဖြစ်သွားရတာပါပဲ။
ချစ်ကြပါမာန်မာနတွေလျှော့လို့ သံသယတွေ ဖျောက်ပစ်ကြစမ်းပါ။ရှင်ခြင်းက အစိုးမရပါဘူး သေခြင်းသာ တကယ်ကြုံရမှာပါ။
မိတ်ဆွေ အသက်ရှင်စဉ်မှာ… ချစ်နိုင်သမျှ ချစ်ပေးပါနော်…နောက်ပြီး..ခွဲခွာနိုင်ဖို့လည်း.အသင့်ပြင်ထားပေးပါ..။ကိုယ်ချစ်ရတဲ့သူတွေဟာ…ကိုယ့်အနားမှာ အမြဲရှိနေမှာ သေချာရဲ့လား..
သုသာန်မှာ..ခေါင်းတိုင်ကထွက်လာတဲ့ မီးခိုးတွေ ကုန်ဆုံးသွားချိန်… ဘဝတစ်ခုဟာ..အပြီးသတ်သွားတယ်..။
ကျွန်တော်တို့ချစ်သော ဇနီး/ခင်ပွန်း/သားသမီး/မိဘ/မောင်နှမ အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့ ကျွန်တော်တို့ဘာတွေလုပ်နေကြသလဲ…။
ရန်ဖြစ်ကြတယ်..စိတ်ကောက်ကြတယ်..မာနပြိုင်ကြတယ်..ဓနပြိုင်ကြတယ်..ကဲ့ရဲ့ကြတယ်..စွတ်စွဲကြတယ်..
ရှုံ့ချကြတယ်..ပစ်ပယ်ကြတယ်..အနိုင်ယူကြတယ်.. စွန့်ပစ်ကြတယ်…အမျိုးမျိုးသော..စိတ်မိုက်တွေနဲ့ချစ်တဲ့သူတွေကို ချစ်ပေးဖို့/ဂရုစိုက်ပေးဖို့..မေ့လျော့နေကြတယ်..။
ကျွန်တော်တို့မေ့လျော့ကြပုံက..သူတို့ဟာ တသက်လုံးရှိနေမှာလိုလို…တကယ်လို့ မနက်ဖြန် သူတို့သေမယ်ဆိုတာသိရင်..
ဒီနေ့ သူ့ကို တင်းကျပ်စွာပွေ့ဖက်ထားပြီး..ချစ်သောစကားကို ဆိုမိကြမယ်မှတ်လား..
နောက်လ မှာ သူသေမှာသိရင် ခုချိန်မှာ သူဆန္ဒကိုဖြည့်ဆည်းပေးမိကြမယ်မှတ်လား..။ဒါပေမယ့် သူဟာအကြာကြီးမသေပဲရှိဦးမယ် လို့သာထင်ပြီး မေ့မေ့လျော့လျော့ပဲနေမိကြတယ်…
ဗြုန်းကနဲသေချိန် ငါဘာလေးလုပ်မပေးလိုက်ရလေခြင်းလို့..နောင်တကြီးစွာဖြစ်ကြရတယ်..။
သူရှိတုန်းက ဒီလိုလေးပြောဖြစ်ခဲ့ရင်ဆိုတဲ့နောင်တနဲ့ ကြီးစွာသောကရောက်ကြရတယ်..။
ငါသည် ဘယ်အချိန်မှာမဆိုသေနိုင်သည်..ငါသည် ဘယ်နေရာမှာမဆို သေနိုင်သည်..ငါသည် ဘယ်ပုံစံနဲ့မဆို သေနိုင်သည်..တဲ့..ဘုရား ဟောခဲ့တာပါ..။
အဲဒါဟာ.. မနက်ဖြန်ဆိုရင်ရော…။ကိုယ်ချစ်ရသူ နက်ဖြန်သေမှာဆိုရင်ရော..ကိုယ်..မနက်ဖြန်သေမှာ ဆိုရင်ရော..ဒီလိုတွေးမိလာတဲ့အခါ…
သားသမီးကိုမှာစရာလေးတွေ ပြောထားပေးဖို့..မိဘကို အရာရာဖြည့်ဆည်းပေးဖို့..ဇနီးခင်ပွန်းကို ကြင်နာဖေးမပေးဖို့..အရာရာခွင့်လွှတ်ပြီး.. နားလည်ပေးဖို့..
ကျွန်တော်တို့ အဆင်သင့်ဖြစ်သွားပါတယ်။ထားလိုက်စမ်းပါ..မာနတွေ..သိက္ခာတွေ..ပကာသနတွေ..ချစ်တဲ့သူကို ချစ်တယ် လို့ပြောလိုက်စမ်းပါ..။
မိုးရွာထဲ ထွက်သီချင်းဆိုချင် ဆိုပစ်စမ်းပါ..ကလေးတယောက်လို လမ်းလျှောက်ချင်လျှောက်ပစ်စမ်းပါ..ပျော်ပျော်ပါးပါးကခုန်ချင် ကပစ်လိုက်စမ်းပါ..
ကိုယ်တိုင်လဲ လုပ်ပစ်လိုက်ပါ..သူ့ကိုလဲ ခွင့်ပြုလိုက်ပါ..။သူဆိုတာ..သေပြီးရင် တသက်လုံးမတွေ့ရတော့ဘူးလေ..။အိပ်မက်မှာတွေ့ချင်ရင်တောင် တွေ့ခွင့်မရတော့တာမျိုးပါ..။
ဒါကြောင့် ရှင်နေစဉ်ကာလမှာ ချစ်တယ်လို့ပြောဖို့ဝန်မလေးကြပါနဲ့..။ဆန္ဒတွေဖြည့်ဆည်းပေးဖို့ မမေ့လျော့ကြပါနဲ့..။
သားလေး ဘာလိုချင်လဲ လို့တခါမေးတိုင်း..မေမေဘာလိုအပ်လဲ/ဖေဖေဘာလုပ်ပေးရမလဲဆိုတာပါတွဲပြီးသတိရမိပါစေ..။
ချစ်သက်တမ်းဘယ်လောက်ကြာလာလာ…မေကြီးရေ မင်းကို ကိုယ်ချစ်လိုက်တာ..ဖေကြီးရေ ကျေးဇူးတင်ပါတယ်နော်လို့..ချစ်ခင်ယုယမှုလေးတွေ ပြပေးလိုက်ကြစမ်းပါ..။
ဆိုးပေမိုက်မဲတဲ့ သားကိုလည်း တသက်လုံးစကားကောင်းကောင်းမပြောခဲ့တဲ့ဖေဖေက သားလေး မင်းကိုအဖေ ချစ်တယ်လို့ ပြောပေးလိုက်ပါ.။
ဖေဖေသားကို ခွင့်လွှတ်ပါလို့ ထိုင်ကန်တော့လိုက်ပါ..။ချစ်လျက်နဲ့ ကျောခိုင်းနေတဲ့ ချစ်သူတွေပြေးဖက်လိုက်ကြစမ်းပါ…။
အဲဒီ မာနဆိုတာတွေဟာ သေဆုံး သွားချိန်မှာ အလကားပါပဲ..။တစ်နေ့ သေမှာ..ဘယ်သူအရင်လဲမသိလေတော့..
သဲအူပြတ်မတတ် မခံစားရအောင် သူလည်း ရုပ်နဲ့ နာမ် တချိန်ပျက်စီးမယ် / ငါလည်း ရုပ်နဲ့နာမ်..တချိန်ပျက်သုန်းမယ် သူ့သက်တမ်းရှိသလောက်ပဲနေမယ်စသည်.
သေချင်တဲ့အချိန်သေကြမယ်..ရေစက်ပါလို့တွေ့ကြပြီး သံသရာမှာလည်း တွေ့ဆုံနိုင်သေးတယ်ဆိုတာ…
နှလုံးသားထဲစွဲထင်အောင် လေ့ကျင့်ထားကြဖို့လဲ လိုအပ်ပါတယ်…ကိုယ်တိုင်လည်း သေတတ်အောင်..သူသေလည်း ကျန်နေတတ်အောင်..လေ့ကျင့်ကြဖို့လိုတယ်…
ကျွန်တော်တို့ဟာ သေချာပေါက်သေကြမှာပဲလေ..။ဒီတော့ မသေခင်.. မေတ္တာထားချစ်ခင်ပေးကြပါ..ပျော်ရွှင်လွတ်လပ်စွာနေထိုင်သွားကြပါ..
နောက်ပြီး သေရင်ခွဲခွာဖို့အတွက်လည်း ခံနိုင်ရည်ရှိအောင် အသင့်ပြင်ထားကြပါလို့ 💜💜
#Credit



