အေထြအေထြဗဟုသုတ

ဟာသဉာဏ်ရွှင်ပြီး ပွင့်လင်းတဲ့ B သွေးလေးတွေရဲ့ အကြောင်းများ

B သွေးလေးတွေဟာ သွက်လက်တယ်၊ ထက်မြက်တယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ပွင့်လင်းတယ်ဆိုပြီး လူသိများတဲ့သူတွေပါ။ အမြဲလိုလို ရယ်မောနေတတ်တဲ့ B သွေးလေးတွေရဲ့ အတွင်းစိတ်ကိုတော့ သိရှိဖို့ခက်ခဲပါတယ်။ ခုဖော်ပြပေးမှာကတော့ B သွေးလေးတွေရဲ့ လူတွေမသိတဲ့အတွင်းစိတ်ပဲဖြစ်ပါတယ်။

(၁) B သွေးလေးတွေဟာ စိတ်ကူးယဉ်ရတာကိုနှစ်သက်တဲ့သူတွေ ဖြစ်ပါတယ်။ သူများနဲ့မတူတဲ့စိတ်ကူးစိတ်သန်းတွေရှိပြီး အဲ့ဒီ့အတိုင်းလည်း လက်တွေ့ အကောင်အထည်ဖော်တတ်တဲ့သူတွေဖြစ်ပါတယ်။

(၂) B သွေးလေးတွေဟာ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပေါ့ပျက်ပျက်နဲ့ အရာရာကိုအလေးမထားတဲ့သူတွေလို့ ထင်တတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သေးသေးလေးကအစ လေးလေးနက်နက် တွေးခေါ်တတ်ကြတဲ့သူတွေပါ။

(၃) B သွေးလေးတွေဟာ Over တွေလုံးဝမလုပ်ပါဘူး။ သူများကိုဖားတာ၊ ကပ်တာမျိုး လုံးဝမကြိုက်တဲ့ သူတွေဖြစ်တဲ့အလျောက် သူတို့ဆီကနေ သည်းသည်းလှုပ်ပြတာမျိုးကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

(၄) B သွေးလေးတွေဟာ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဆုံးရှုံးမှုတွေကို ဘယ်လောက်ပဲ တွေ့ကြုံရပါစေ အပြုံးပျက်သွားမယ့်သူတွေမဟုတ်ပါဘူး။ နာကျင်မှုတွေကို အပြုံးနဲ့ဖုံးကွယ်ထားတတ်တဲ့သူတွေဖြစ်လို့ အတွင်းစိတ်ကို တော်တော်နားလည်ရ ခက်ပါတယ်။

(၅) B သွေးလေးတွေဟာ အော်တာ၊ ဟောက်တာ လုံးဝမကြိုက်ပါဘူး။ ချိုချိုသာသာပြောရင် အကုန်ရသလောက်၊ အော်ငေါက်ရင်တော့ တမင်ကို ပေကပ်ကပ်နဲ့ နေတတ်ကြတဲ့သူတွေပါ။

(၆) B သွေးလေးတွေဟာ စိတ်မပါတဲ့အရာတစ်ခုကို လုံးဝအောင့်အည်းပြီး မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် စိတ်ဝင်စားပြီဆိုရင်လည်း အအိပ်ပျက်၊ အစားပျက်ခံပြီး အပြောင်မြောက်ဆုံးလုပ်တတ်ကြတဲ့သူတွေပါ။

(၇) B သွေးလေးတွေ ငြိမ်နေပြီဆိုရင်တော့ တစ်ခုခုကို အရမ်းနာကျင်ခံစားနေရလို့ဖြစ်ပါတယ်။ ဒီအချိန်မှာ သူတို့ကို ဒေါသထွက်အောင် မလုပ်မိဖို့သတိထားပါ။ ဒေါသမထိန်းနိုင်တဲ့သူတွေမို့ပါ။

(၈) B သွေးလေးတွေဟာ အချစ်နဲ့ပတ်သက်ရင်တော့ အရမ်းကြောက်တတ်တဲ့သူတွေပါ။ ခံစားချက်ကိုမြိုသိပ်ပြီး အဝေးကနေပဲ တိတ်တိတ်လေးချစ်နေမယ့်သူတွေပါ။ သူတို့ဖက်ကနေ စပြီး ဘယ်တော့မှ လမ်းခင်းပေးမှာမဟုတ်ပါဘူး။

(၉) B သွေးလေးတွေဟာ ကိုယ်တိုင်သစ္စာအရမ်းရှိသလို ကိုယ့်အပေါ်မှာလည်း သစ္စာရှိမှ ကြိုက်တာပါ။ သူတို့ကို သစ္စာဖောက်မိရင်တော့ အငြိုးအတေးအရမ်းကြီးတဲ့သူတွေပါ။

(၁၀) B သွေးလေးတွေဟာ စာနာတတ်ပြီး ကူညီတတ်တဲ့သူတွေပါ။ ဘယ်သူဒုက္ခရောက်ရောက်၊ ကိုယ်နဲ့သိသိ၊ မသိသိ အစွမ်းကုန်ကူညီပေးတတ်တဲ့သူတွေပါ။

Em Em

Zawgyi

B ေသြးေလးေတြဟာ သြက္လက္တယ္၊ ထက္ျမက္တယ္၊ ဟာသဥာဏ္ရႊင္တယ္၊ ပြင့္လင္းတယ္ဆိုျပီး လူသိမ်ားတဲ့သူေတြပါ။ အျမဲလိုလို ရယ္ေမာေနတတ္တဲ့ B ေသြးေလးေတြရဲ႕ အတြင္းစိတ္ကိုေတာ့ သိရွိဖို႔ခက္ခဲပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ B ေသြးေလးေတြရဲ႕ လူေတြမသိတဲ့အတြင္းစိတ္ပဲျဖစ္ပါတယ္။

(၁) B ေသြးေလးေတြဟာ စိတ္ကူးယဥ္ရတာကိုႏွစ္သက္တဲ့သူေတြ ျဖစ္ပါတယ္။ သူမ်ားနဲ႔မတူတဲ့စိတ္ကူးစိတ္သန္းေတြရွိျပီး အဲ့ဒီ့အတိုင္းလည္း လက္ေတြ႕ အေကာင္အထည္ေဖာ္တတ္တဲ့သူေတြျဖစ္ပါတယ္။

(၂) B ေသြးေလးေတြဟာ လြတ္လြတ္လပ္လပ္ေနတတ္တဲ့သူေတြ ျဖစ္တာေၾကာင့္ ေပါ့ပ်က္ပ်က္နဲ႔ အရာရာကိုအေလးမထားတဲ့သူေတြလို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ ေသးေသးေလးကအစ ေလးေလးနက္နက္ ေတြးေခၚတတ္ၾကတဲ့သူေတြပါ။

(၃) B ေသြးေလးေတြဟာ Over ေတြလံုးဝမလုပ္ပါဘူး။ သူမ်ားကိုဖားတာ၊ ကပ္တာမ်ိဳး လံုးဝမၾကိဳက္တဲ့ သူေတြျဖစ္တဲ့အေလ်ာက္ သူတို႔ဆီကေန သည္းသည္းလႈပ္ျပတာမ်ိဳးကိုေတာ့ ေတြ႕ျမင္ရမွာမဟုတ္ပါဘူး။

(၄) B ေသြးေလးေတြဟာ ဘယ္ေလာက္ပဲ နာက်င္ေနပါေစ၊ ဆံုးရံႈးမႈေတြကုိ ဘယ္ေလာက္ပဲ ေတြ႕ၾကံဳရပါေစ အျပံဳးပ်က္သြားမယ့္သူေတြမဟုတ္ပါဘူး။ နာက်င္မႈေတြကို အျပံဳးနဲ႔ဖံုးကြယ္ထားတတ္တဲ့သူေတြျဖစ္လုိ႔ အတြင္းစိတ္ကို ေတာ္ေတာ္နားလည္ရ ခက္ပါတယ္။

(၅) B ေသြးေလးေတြဟာ ေအာ္တာ၊ ေဟာက္တာ လံုးဝမၾကိဳက္ပါဘူး။ ခ်ိဳခ်ိဳသာသာေျပာရင္ အကုန္ရသေလာက္၊ ေအာ္ေငါက္ရင္ေတာ့ တမင္ကို ေပကပ္ကပ္နဲ႔ ေနတတ္ၾကတဲ့သူေတြပါ။

(၆) B ေသြးေလးေတြဟာ စိတ္မပါတဲ့အရာတစ္ခုကို လံုးဝေအာင့္အညး္ျပီး မလုပ္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ စိတ္ဝင္စားျပီဆိုရင္လည္း အအိပ္ပ်က္၊ အစားပ်က္ခံျပီး အေျပာင္ေျမာက္ဆံုးလုပ္တတ္ၾကတဲ့သူေတြပါ။

(၇) B ေသြးေလးေတြ ျငိမ္ေနျပီဆိုရင္ေတာ့ တစ္ခုခုကို အရမး္နာက်င္ခံစားေနရလို႔ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ သူတို႔ကို ေဒါသထြက္ေအာင္ မလုပ္မိဖို႔သတိထားပါ။ ေဒါသမထိန္းႏိုင္တဲ့သူေတြမို႔ပါ။

(၈) B ေသြးေလးေတြဟာ အခ်စ္နဲ႔ပတ္သက္ရင္ေတာ့ အရမး္ေၾကာက္တတ္တဲ့သူေတြပါ။ ခံစားခ်က္ကိုျမိဳသိပ္ျပီး အေဝးကေနပဲ တိတ္တိတ္ေလးခ်စ္ေနမယ့္သူေတြပါ။ သူတို႔ဖက္ကေန စျပီး ဘယ္ေတာ့မွ လမး္ခင္းေပးမွာမဟုတ္ပါဘူး။

(၉) B ေသြးေလးေတြဟာ ကုိယ္တိုင္သစၥာအရမး္ရွိသလို ကိုယ့္အေပၚမွာလည္း သစၥာရွိမွ ၾကိဳက္တာပါ။ သူတို႔ကို သစၥာေဖာက္မိရင္ေတာ့ အျငိဳးအေတးအရမး္ၾကီးတဲ့သူေတြပါ။

(၁၀) B ေသြးေလးေတြဟာ စာနာတတ္ျပီး ကူညီတတ္တဲ့သူေတြပါ။ ဘယ္သူဒုကၡေရာက္ေရာက္၊ ကိုယ္နဲ႔သိသိ၊ မသိသိ အစြမး္ကုန္ကူညီေပးတတ္တဲ့သူေတြပါ။

Em Em