အရောင်းအဝယ် သဘောတရား မသိသေးတဲ့ အခွန်ဦးစီးမှူးကြီးနဲ့ မဝယ်ဖြစ်လိုက်တဲ့ ရွှေ ၁ ကျပ်သား
အော်… အခွန်ဦးစီးမှူးရယ်။ အခွန်ဦးစီးမှူးက အခွန်စစ်ဖို့ဆိုပြီး ရုံးခေါ်ပါတယ်။ အခွန်ဆောင်တာ နိုင်ငံသားတိုင်းရဲ့တာ၀န်ဖြစ်ကြောင်း၊ ဒါကြောင့် စာရင်းဇယားတွေကို မှန်မှန်ကန်ကန် တင်ပြဖို့လိုကြောင်း အကျယ်တ၀င့်မှာတမ်းချွေပြီးသကာလ ကျွန်တော့ကို ဘာပြောချင်ပါသလဲလို့မေးပါတယ်။
ကျွန်တော်က ၀င်ငွေခွန်ထက် ကုန်သွယ်ခွန်ဆိုတာကို အခွန်ထမ်းတွေမဆောင်ချင်ကြောင်း၊ တန်ဖိုးကြီးပစ္စည်းတွေဆိုရင်၊ ၅% ဆိုတဲ့၊ ပမာဏဟာ များပြားလွန်းကြောင်း၊ ဒါကြောင့်ရွှေဆိုင်များ အနေနဲ့ စာရင်းအမှန်ကို တင်ပြလို့ မရကြောင်း ပြန်ပြောပါတယ်။
သူက၊ ကုန်သွယ်ခွန်ဆိုတာ ဆိုင်ရှင်နဲ့မဆိုင်ကြောင်း၊ စားသုံးသူကပေးရတဲ့ သွယ်ဝိုက်ခွန်ဖြစ်ကြောင်း ဒါကြောင့်ဆိုင်ရှင်က ကောက်ခံရုံသာတာ၀န်ရှိတာပါ လို့ အရောင်းအ၀ယ် သဘောတရားကို ဘာမှမစဉ်းစားပဲ ပြန်ပြောပါတယ်။ ပြီးတော့ မေးလိုက်၊ရေးလိုက်နဲ့ အခွန်စစ်ခြင်း ပြီးသွားတာပေါ့။ ဦးစီးမှူး – ” ဆရာ၊ အခုမီးလင်းစျေးဘယ်လောက်ဖြစ်နေလဲ ” သူက မေးတယ်။ ကျွန်တော် – ” ၁၈၈၀၀၀၀” လောက်ရှိတယ်။ ဦးစီးမှူး – ၁-ကျပ်သား၀ယ်ပြီး၊ ပြန်ရောင်းရင် ဘယ်လောက်ခွါလဲ။
ကျွန်တော်- ၁ကျပ်သားဆိုရင်၊ ပေါက်စျေးနဲ့ ၃၀၀၀ ခွါပါတယ်။ ဦးစီးမှူး – ကျွန်တော် ၁-ကျပ်သား၀ယ်ရင်၊ ဆရာဘယ်လောက်လျှော့ပေးမလဲ။ ကျွန်တော် – ဦးစီးမှူးဆိုရင်၊ ၁-ကျပ်သား(ခဏစဉ်းစားလျက်) ကို၊ ၁၉၇၃၀၀၀/- ပဲပေးဗျာ၊ ဦးစီးမှူး – ဟ – ဘယ်လိုဖြစ်တာတုံး၊ဆရာရယ်။
ကျွန်တော် – အခြားသူဆိုရင်၊ ကျွန်တော်တို့ မတင်ပြလို့ရတယ်။ အခုဦးစီးမှူး ကိုယ်တိုင်ဆိုတော့ လိမ်လို့မရဘူး၊ ရွှေဘိုးက ၊၁၈၇၉၀၀၀ ကုန်သွယ်ခွန်က ၉၄၀၀၀ ဆိုတော့ အဲဒီလောက် ကျသွားတာ၊ ဒါတောင် ၁၀၀၀ လျှော့ပေးထားတာ။ ဦးစီးမှူး – ခင်ဗျား မနောက်နဲ့လေ၊ ကျွန်တော်အတည်ပြောတာ။ ကျွန်တော်- ဟာ၊ ကျွန်တော်လဲအတည်ပြောတာ၊ ကုန်သွယ်ခွန်ဆိုတာ စားသုံးသူက ပေးရတာလေ။ ဦးစီးမှူး – (ရယ်ကျဲကျဲမျက်နှာဖြင့်) အင်း.. ဒါလဲ စဉ်းစားစရာပဲ။
နောက် ဆုံကြတာပေါ့.. ယခုဆိုလျှင်၊ ရက်သတ္တ(၃)ပါတ် ကျော်လာခဲ့သည့်တိုင်၊ ကျွန်တော်၏ customer ပေါ်မလာကြောင်းပါ ခင်ဗျား။ (မှတ်ချက်။ မိမိကိုယ်တိုင် မလိုက်နာနိုင်သော အခွန်ဥပဒေကို ပြည်သူများအား လိုက်နာခိုင်းနေသည်မှာ၊ တရားမျှတမှု မရှိပါကြောင်း။)
အေရာင္းအဝယ္ သေဘာတရား မသိေသးတဲ့ အခြန္ဦးစီးမႉးႀကီးနဲ႔ မဝယ္ျဖစ္လိုက္တဲ့ ေရႊ ၁ က်ပ္သား
ေအာ္… အခြန္ဦးစီးမႉးရယ္။ အခြန္ဦးစီးမႉးက အခြန္စစ္ဖို႔ဆိုၿပီး ႐ုံးေခၚပါတယ္။ အခြန္ေဆာင္တာ နိုင္ငံသားတိုင္းရဲ့တာ၀န္ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ စာရင္းဇယားေတြကို မွန္မွန္ကန္ကန္ တင္ျပဖို႔လိုေၾကာင္း အက်ယ္တ၀င့္မွာတမ္းေခၽြၿပီးသကာလ ကၽြန္ေတာ့ကို ဘာေျပာခ်င္ပါသလဲလို႔ေမးပါတယ္။
ကၽြန္ေတာ္က ၀င္ေငြခြန္ထက္ ကုန္သြယ္ခြန္ဆိုတာကို အခြန္ထမ္းေတြမေဆာင္ခ်င္ေၾကာင္း၊ တန္ဖိုးႀကီးပစၥည္းေတြဆိုရင္၊ ၅% ဆိုတဲ့၊ ပမာဏဟာ မ်ားျပားလြန္းေၾကာင္း၊ ဒါေၾကာင့္ေရႊဆိုင္မ်ား အေနနဲ႔ စာရင္းအမွန္ကို တင္ျပလို႔ မရေၾကာင္း ျပန္ေျပာပါတယ္။
သူက၊ ကုန္သြယ္ခြန္ဆိုတာ ဆိုင္ရွင္နဲ႔မဆိုင္ေၾကာင္း၊ စားသုံးသူကေပးရတဲ့ သြယ္ဝိုက္ခြန္ျဖစ္ေၾကာင္း ဒါေၾကာင့္ဆိုင္ရွင္က ေကာက္ခံ႐ုံသာတာ၀န္ရွိတာပါ လို႔ အေရာင္းအ၀ယ္ သေဘာတရားကို ဘာမွမစဥ္းစားပဲ ျပန္ေျပာပါတယ္။ ၿပီးေတာ့ ေမးလိုက္၊ေရးလိုက္နဲ႔ အခြန္စစ္ျခင္း ၿပီးသြားတာေပါ့။ ဦးစီးမႉး – ” ဆရာ၊ အခုမီးလင္းေစ်းဘယ္ေလာက္ျဖစ္ေနလဲ ” သူက ေမးတယ္။ ကၽြန္ေတာ္ – ” ၁၈၈၀၀၀၀” ေလာက္ရွိတယ္။ ဦးစီးမႉး – ၁-က်ပ္သား၀ယ္ၿပီး၊ ျပန္ေရာင္းရင္ ဘယ္ေလာက္ခြါလဲ။
ကၽြန္ေတာ္- ၁က်ပ္သားဆိုရင္၊ ေပါက္ေစ်းနဲ႔ ၃၀၀၀ ခြါပါတယ္။ ဦးစီးမႉး – ကၽြန္ေတာ္ ၁-က်ပ္သား၀ယ္ရင္၊ ဆရာဘယ္ေလာက္ေလၽွာ့ေပးမလဲ။ ကၽြန္ေတာ္ – ဦးစီးမႉးဆိုရင္၊ ၁-က်ပ္သား(ခဏစဥ္းစားလ်က္) ကို၊ ၁၉၇၃၀၀၀/- ပဲေပးဗ်ာ၊ ဦးစီးမႉး – ဟ – ဘယ္လိုျဖစ္တာတုံး၊ဆရာရယ္။
ကၽြန္ေတာ္ – အျခားသူဆိုရင္၊ ကၽြန္ေတာ္တို႔ မတင္ျပလို႔ရတယ္။ အခုဦးစီးမႉး ကိုယ္တိုင္ဆိုေတာ့ လိမ္လို႔မရဘူး၊ ေရႊဘိုးက ၊၁၈၇၉၀၀၀ ကုန္သြယ္ခြန္က ၉၄၀၀၀ ဆိုေတာ့ အဲဒီေလာက္ က်သြားတာ၊ ဒါေတာင္ ၁၀၀၀ ေလၽွာ့ေပးထားတာ။ ဦးစီးမႉး – ခင္ဗ်ား မေနာက္နဲ႔ေလ၊ ကၽြန္ေတာ္အတည္ေျပာတာ။ ကၽြန္ေတာ္- ဟာ၊ ကၽြန္ေတာ္လဲအတည္ေျပာတာ၊ ကုန္သြယ္ခြန္ဆိုတာ စားသုံးသူက ေပးရတာေလ။ ဦးစီးမႉး – (ရယ္က်ဲက်ဲမ်က္ႏွာျဖင့္) အင္း.. ဒါလဲ စဥ္းစားစရာပဲ။
ေနာက္ ဆုံၾကတာေပါ့.. ယခုဆိုလၽွင္၊ ရက္သတၱ(၃)ပါတ္ ေက်ာ္လာခဲ့သည့္တိုင္၊ ကၽြန္ေတာ္၏ customer ေပၚမလာေၾကာင္းပါ ခင္ဗ်ား။ (မွတ္ခ်က္။ မိမိကိုယ္တိုင္ မလိုက္နာနိုင္ေသာ အခြန္ဥပေဒကို ျပည္သူမ်ားအား လိုက္နာခိုင္းေနသည္မွာ၊ တရားမၽွတမႈ မရွိပါေၾကာင္း။)