ၾကားသိရသမွ်

အကို့အမေ က သိပ်ကိုတော်တဲ့အမျိုးသမီး သိပ်ကိုစိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီး…

ဒီနေ့ အကို ကျဆုံးတဲ့နေရာမှာရက်လည်လုပ်တယ် ကျွန်တော်အစောဆုံးရောက်သွားတယ် ယောင်လည်လည်နဲ့ပေါ့အကို့ အမေ ရောက်လာတယ်

ကျွန်တော် သွားနူတ်ဆက်သင့်ပေမယ့် မသွားဘူးကျွန်တော်မှအားမပေးတတ်တာ

အကို့အမေထက်အရင် ကျွန်တော်က ငိုမိနေမှာစိုးလို့ကျွန်တော်ငြိမ်ငြိမ်လေးပဲ ထိုင်နေတယိ

အကို့အမေ က ကျွန်တော့်ဆီအရင် လာတယ်

တည်တည်ငြိမ်ငြိမ်ပဲအကို ဒူးနာနေလို့ နည်းနည်းထော့နင်းနင်းဖြစ်နေတာကလွဲရင်ပေါ့

သမီး အငြိမ်းလားတဲ့ သမီးကိုအမေ ကျေးဇူးတင်လိုက်တာတဲ့ ကျွန်တော့်လက်ကိုကိုင်ပြီးပြောတယ်

ကျွန်တော်မျက်ရည်တွေထိန်းမရခဲ့ဘူး

အကို့အမေက ဆက်ပြောတယ် အငြိမ်းမငိုရဘူးတဲ့ အားတင်းထားတဲ့ သူတို့တွေက အမေတို့ကို ငိုစေချင်တာ

အမေတို့ရင်ကွဲပက်လက်ဖြစ်တာကိုမြင်ချင်တာ သူတို့မြင်ချင်တဲ့ပုံစံကိုအမေတို့က မပြဘဲနေရမယ်တဲ့ အားတင်းထားရမယ်တဲ့

အငြိမ်းတို့က ဆက်တိုက်ရမယ်တဲ့ အခုလူတိုင်းက ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတဲ့အချိန်မှာ အမေသားကြောင့် တခြားသူတွေထပ်ပူလောင်တာကိုအမေမမြင်ချင်ဘူးတဲ့

ရက်လည်လုပ်တဲ့တောက်လျှောက်မှာ မျက်ရည်တစက်မှမကျခဲ့ဘူးဗျာ

တခြားသူတွေကတော့ငိုကြတယ် အဲ့ငိုဲတဲ့သူတွေကို အကို့အမေက ပြန်လိုက်အားပေးနေတာများအကိုရယ်

အကို့အမေရဲ့သွေးအပြည့်ရထားတဲ့အကို စိတ်ဓာတ်ခိုင်မာတယ် ဆိုတာ အံ့ဩစရာမရှိတော့ဘူး

ဈာပနအခမ်းအနားမလုပ်တော့ဘူးတဲ့ အကယ်၍ တဘက်က ဖျက်လိုဖျက်ဆီးလုပ်ခဲ့ရင် တခြားသူတွေထပ်ထိခိုက်မှာစိုးတယ်တဲ့

အကို့အမေ က သိပ်ကိုတော်တဲ့အမျိုးသမီး သိပ်ကိုစိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီး

သူရဲကောင်းရဲ့အမေ အာဇာနည်ရဲ့အမေ

A Nyein

Zawgyi

ဒီေန႔ အကို က်ဆုံးတဲ့ေနရာမွာရက္လည္လုပ္တယ္ ကြၽန္ေတာ္အေစာဆုံးေရာက္သြားတယ္ ေယာင္လည္လည္နဲ႔ေပါ့အကို႔ အေမ ေရာက္လာတယ္

ကြၽန္ေတာ္ သြားႏူတ္ဆက္သင့္ေပမယ့္ မသြားဘူးကြၽန္ေတာ္မွအားမေပးတတ္တာ

အကို႔အေမထက္အရင္ ကြၽန္ေတာ္က ငိုမိေနမွာစိုးလို႔ကြၽန္ေတာ္ၿငိမ္ၿငိမ္ေလးပဲ ထိုင္ေနတယိ

အကို႔အေမ က ကြၽန္ေတာ့္ဆီအရင္ လာတယ္

တည္တည္ၿငိမ္ၿငိမ္ပဲအကို ဒူးနာေနလို႔ နည္းနည္းေထာ့နင္းနင္းျဖစ္ေနတာကလြဲရင္ေပါ့

သမီး အၿငိမ္းလားတဲ့ သမီးကိုအေမ ေက်းဇူးတင္လိုက္တာတဲ့ ကြၽန္ေတာ့္လက္ကိုကိုင္ၿပီးေျပာတယ္

ကြၽန္ေတာ္မ်က္ရည္ေတြထိန္းမရခဲ့ဘူး

အကို႔အေမက ဆက္ေျပာတယ္ အၿငိမ္းမငိုရဘူးတဲ့ အားတင္းထားတဲ့ သူတို႔ေတြက အေမတို႔ကို ငိုေစခ်င္တာ

အေမတို႔ရင္ကြဲပက္လက္ျဖစ္တာကိုျမင္ခ်င္တာ သူတို႔ျမင္ခ်င္တဲ့ပုံစံကိုအေမတို႔က မျပဘဲေနရမယ္တဲ့ အားတင္းထားရမယ္တဲ့

အၿငိမ္းတို႔က ဆက္တိုက္ရမယ္တဲ့ အခုလူတိုင္းက ကိုယ့္အပူနဲ႔ကိုယ္ျဖစ္ေနတဲ့အခ်ိန္မွာ အေမသားေၾကာင့္ တျခားသူေတြထပ္ပူေလာင္တာကိုအေမမျမင္ခ်င္ဘူးတဲ့

ရက္လည္လုပ္တဲ့ေတာက္ေလွ်ာက္မွာ မ်က္ရည္တစက္မွမက်ခဲ့ဘူးဗ်ာ

တျခားသူေတြကေတာ့ငိုၾကတယ္ အဲ့ငိုဲတဲ့သူေတြကို အကို႔အေမက ျပန္လိုက္အားေပးေနတာမ်ားအကိုရယ္

အကို႔အေမရဲ႕ေသြးအျပည့္ရထားတဲ့အကို စိတ္ဓာတ္ခိုင္မာတယ္ ဆိုတာ အံ့ဩစရာမရွိေတာ့ဘူး

စ်ာပနအခမ္းအနားမလုပ္ေတာ့ဘူးတဲ့ အကယ္၍ တဘက္က ဖ်က္လိုဖ်က္ဆီးလုပ္ခဲ့ရင္ တျခားသူေတြထပ္ထိခိုက္မွာစိုးတယ္တဲ့

အကို႔အေမ က သိပ္ကိုေတာ္တဲ့အမ်ိဳးသမီး သိပ္ကိုစိတ္ဓာတ္ခိုင္မာတဲ့အမ်ိဳးသမီး

သူရဲေကာင္းရဲ႕အေမ အာဇာနည္ရဲ႕အေမ

A Nyein