27.Jan.2022 မှ 2.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း အဆင်ပြေတိုးတတ်လာပါလိမ့်မယ်။ မိမိလုပ်သမျှအောင်မြင်အကျိုးပေးပါလိမ့်မယ်။ အသင်းအဖွဲ့နှင့်လုပ်ရသော၊groupနဲ့လုပ်ရသောအလုပ်များလဲ အထူးအဆင်ပြေနိုင်တာကိုတွေ့ပါတယ်။ မိမိဆိုင်လူ ဝင်ခြင်း၊ဖောက်သည်သစ်တိုးခြင်းများလဲ အထူးကြုံနေရတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ လူအများရဲ့ အားပေး ထောက်ခံခြင်းကိုရရှိပါလိမ့်မယ်။ အလုပ်ခွင်မှာမျက်နှာပေးခြင်းခံရပါလိမ့်မယ်။ဘာသာရေးကိုင်းရှိုင်းသူများ ကံ အကျိုး ပေး ပိုကောင်းနိုင်တဲ့ကာလပါ။
မွေးနေ့မှာသားသတ်လွတ်စားနိုင်ရင်ပိုကောင်းပါတယ်။ အကျိုးဆောင် ပေး ခြင်း များ၊ ဝန်ဆောင်မှုပေးခြင်းများအထူးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ်များအလုပ်တိုး တတ်မဲ့ အချိတ် အဆက် တွေရလာတတ်ပါတယ်။အနုပညာဆိုင်သောအလုပ်များ၊စာပေရေးသားခြင်းများကို အား စိုက် လုပ် လို့အထူး ကောင်းပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကိုများနေတတ်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာ တွေ တဖြည်း ဖြည်း နဲ့သက်သာခွင့်တွေရလာပါလိမ့်မယ်။
အချစ်ရေးမှာတော့ ရလဒ်ကောင်းတွေရလာတတ် ပါတယ်။ ချစ်ခွင့်ပန် ထား သူများကောင်းမွန်သောအဖြေတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုး ကင်းနေ ပါလိမ့်မယ်။ အိမ်ထောင် ဘက်ဆီက လက်ဆောင်ကောင်း တွေရလာတတ်ပါတယ်။ ပညာရေးအကြောင်း ပြောရရင်တော့ မိမိကြိုးစားထားသမျှ အရာထင် တိုးတတ်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၂/၉/၆အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ သီလရှင်ကို ကြက်သွန်လှူပါ
တနင်္လာ
ဒီကာလအတွင်းခရီးသွားလုပ်ငန်းများ၊ ကုန်သည်အလုပ်များလဲ အကျိုးအမြတ်နည်းနိုင်ပါတယ်။ ဆရာ အလုပ်များ၊သင်ကြားရေးနှင့်ပတ်သက်သောလုပ်ငန်းများအထူးတိုးတတ်မဲ့ကာလပါပဲ။ ကျန်းမာရေးလဲ အများ အားဖြင့် နေကောင်းကျန်းမာနေတာကိုတွေ့ရပါတယ်။ တစ်ခုသတိထားရမှာက လည်ချောင်းနာတာ၊ အာသီရောင် တာ၊လေပြွန်ရောင်တာမျိုးတွေဖြစ်လွယ်ပါတယ်။ မိမိအယူအဆတွေကအများနဲ့မတူကွဲထွက်နေတတ်ပါတယ်။ ဒါက လဲကောင်းတဲ့လက္ခဏာတစ်ချက်ပါပဲ။
အတွေးအမြင်မတူတဲ့ စိတ်ကူးတွေရလာတတ်ပါတယ်။ သူတစ်ပါးကိုကူညီ ချင်စိတ်တွေများနေတတ်ပါတယ်။ အရာ ရာအများအတွက်စဉ်စားပေးတတ်တာကြောင့် မိမိကို အထင်မကြီးသူ တွေတောင် အထင်ကြီးလေးစားခြင်းကိုခံရပါ လိမ့်မယ်။ တရားအားထုတ်တာကို စိတ်ပါသူများ ဒီကာလတွေမှာ တရားအရသာကိုကောင်းစွာခံစားမိပါလိမ့်မယ်။ ဝန်ထမ်းရင်တော့ မိမိကအမှန်အတိုင်းပြောဆိုလုပ် ကိုင် တတ်တာ ကြောင့် အချို့လူတွေမကြိုက်တာမျိုး တွေကြုံရတတ်ပါတယ်။
အချစ်ရေးမှာ အထင်လွဲနေတာတွေ ပြေလည် သွား မည်။ စန်းအားကောင်းနေတာမို့ မင်္ဂလာကိစ္စတွေကြုံရတတ်ပါတယ်။ လူပျို/အပျိုဟိုင်းကြီးများ အောင်သွယ်ကြောင့် ချစ်သူရတတ်ပါတယ်။အိမ်ထောင် ရေးမှာလဲ အပေးအယူတည့်တည့်နဲ့ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကံ လဲ ကောင်းနေမည်။
အကျိုးပေးဂဏန်း ၃/၇/၀အထူးဟော စိတ်ချမ်းသာကြည်နူးစရာတွေများမယ် ယတြာ နို့စိမ်းခေါက်ဆွဲဘုရားကပ်လှူပေးပါ
အင်္ဂါ
ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို လျှို့ဝှက်ပြီးလုပ်ပါ။ သူများကိုပြောပြလိုက်ရင် အဖျက်ဝင် သွားတတ်ပါ တယ်။ အချစ်ရေးနဲ့ပတ်သက်တဲ့ အတွင်းရေးတွေပေါက်ကြားတတ်ပါတယ်။ အလုပ်နဲ့ဆိုင်သော အရေးကြီးတဲ့ သတင်း အချက် အလက်တွေရောင်းစားခံရနိုင်ပါတယ်။ အဲဒါတွေကိုအထူးသတိထားပါ။ ဘာလုပ်လုပ် အကျိုးဆက် ကို ကြည့်ပြီးလုပ်စေချင်ပါတယ်။ ခရီးကိစ္စတွေကိုတော့ အစီအစဉ်ဆွဲလို့မကောင်းသေးပါဘူး၊ရက်ရွှေ့ လိုရမယ် ဆိုရင်တော့ ရက်ရွှေ့ပါ။
အပျော်ခရီးများ၊ အပန်းဖြေခရီးများမထွက်သင့်ပါဘူး။ တတ်နိုင်သမျှရေလမ်းခရီး မျိုး ရှောင် လိုက် စေချင်ပါတယ်။ ကျန်းမာရေးကတော့ ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို တစ်နေရာရာကို ခရီးထွက်လိုက်ရင် မြေပြောင်း၊ရေပြောင်းကြောင့်ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ အရေး ကြီးတဲ့ကိစ္စတွေကို နှုတ် ကတိ နဲ့ မလုပ်ဘဲ စာချုပ်စာတန်းနဲ့လုပ်တာအကောင်းဆုံးပါပဲ။
အချစ်ရေးမှာတော့ စိတ်ချမ်း သာရပါလိမ့်မယ်။ ဒါပေမဲ့ချစ်သူရဲ့ အိမ်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ပြောဆိုတာမျိုးမလုပ်မိပါစေနဲ့။ အိမ်ထောင်ရေး ကတော့ အထူးညံ့နေပါလိမ့်မယ်။စီးပွားရေးကြောင့် အိမ်ထောင်ရေးအပေါ်ဂရု မစိုက်နိုင်ဖြစ်ရပါ လိမ့်မယ်။ ပညာရေး မှာတော့ အနည်းငယ်စိတ်မပါသလိုဖြစ်နေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၁/၄/၈အထူးဟော အပျော်မရှာပါနဲ့…အေးချမ်းစွာသာဖြတ်သန်းပါ ယတြာ အာလူးကြော်ပြီးဘုရားကပ်ပါ
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း သားသမီး အတွက်ပူပန်ရတာမျိုးတွေငွေသုံးရတာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေး ကိစ္စများ၊ သာရေးနာရေးကိစ္စတွေ ကြောင့်လဲ အချိန်ကုန်လူပန်းရတတ်ပါတယ်။ မိမိအတွက်လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းပုံ တွေ၊ သီအိုရီတွေပြောင်းလဲသင့်ပါတယ်။ meeting တွေပြုလုပ်ပြီး ပိုမိုတိုးတတ်စေမဲ့လမ်းကြောင်းကို ရှာဖွေပါ။ ဒီကာလဟာ အလုပ်နဲ့ပတ်သက်ပြီး လက်ရှိအနေအ ထားထက်ပိုမိုကောင်းတဲ့ရလဒ်ကိုရရှိပါလိမ့်မယ်။
staff level တောင်မှမိမိအတွက်အခွင့်အလမ်းကောင်းတွေပေါ် လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းချဲ့ ထွင် နိုင် သလို နားလည်တတ်ကျွမ်းသူတွေကိုမေးမြန်းအကြံယူသင့် တဲ့နေ့ရက်တွေပါပဲ။ ကျန်းမာရေးကတော့အထူး ကောင်း နေပါလိမ့်မယ်။မိမိဖြစ်ချင်တာတွေကိုလဲအားစိုက်လုပ်နိုင်ပါလိမ့် မယ်။အိမ်ဝယ်ချင်သူများ ၊တိုက်ခန်း ဝယ်ချင်သူများ ဒီကာလမှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကချစ်သူ အပေါ်စိတ်ကုန် လွယ်ပါလိမ့်မယ်။
အရင်ကတည်းကပြဿနာအကြီးအကျယ်ဖြစ်ပြီးစကားများထားတဲ့ ချစ်သူစုံတွဲ များဒီကာလမှာအပြီးအပိုင်ပြတ်စဲသွားတတ်ပါတယ်။ အိမ်ထောင်ရေးကတော့အဆင်ပြေစိတ် ချမ်းသာရမဲ့နေ့ရက် တွေပါပဲ။ ပညာရေးမှာတော့စီးပွားရေး နဲ့ဆိုင်သောသင်တန်းများတက်ရောက်လို့အထူးကောင်းတဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၂/၅/၄ အထူးဟော အလုပ်အပေါ်သာစိတ်နှစ်ထားပါ ယတြာ ငှက်ပျော်ကြော်ဘုရားလှူဒါန်းဆုတောင်းပါ
ကြာသပတေး
ဒီကာလအတွင်းငွေကြေးနဲ့ အစုလိုက်ဝင်တာမျိုးတွေကြုံနေရတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးရှိရင် တော့ပြန်လည်ရရှိလာပါလိမ့်မယ်။ မိမိရောင်းစရာရှိတဲ့ အရောင်းပစ္စည်းများရောင်းထွက်ပါလိမ့်မယ်။ စိတ်ထဲလိုချင် တာလေးတွေအပြင်လက်တွေ့မှာရလာတတ်ပါတယ်။ မိမိတောင်းတတာလေးတွေပြည့်ဝရနိုင်ပါတယ်။ လုပ်ငန်းကြီး များသိသိသာသာတိုးတတ်လာနိုင်ပါတယ်။ ကြော်ငြာခြင်း၊ promotion ပေးခြင်းဖြင့် ဒီကာလမှာမိမိလုပ်ငန်းကို လူ သိများအောင်လုပ်ဆောင်သင့်ပါတယ်။
ဘာသာရေးနဲ့ပတ်သက်ရင်လဲ မိမိလှူချင်တဲ့ အလှူအတန်းတွေလှူခွင့်ရ လာ တတ်ပါတယ်။ စိတ်ချမ်းသာစရာအတွေးတွေကိုတွေးပါ။ လူအများကိုတတ်နိုင်သ၍ကူညီလိုက်ပါ။ အကျိုးဆက် အနေနဲ့ မိမိလဲအဆင်ပြေ တိုးတတ်သွားပါလိမ့်မယ်။ကျန်းမာရေးကတော့ ဂရုစိုက်ရလိမ့်မယ်။ အအေးပတ်တတ် တယ်။ ညဘက်နွေးနွေးထွေးထွေးမအိပ်မိတာကြောင့် နှာစေး၊ချောင်းဆိုး၊ဖျားနာဖြစ်တတ်ပါတယ်။ အအေးမခံပါနဲ့။ နွေးနွေးထွေးထွေးနေပါ။
အချစ်ရေးမှာတော့ အထူးအဆင်ပြေမယ်။ မေတ္တာတောင်းခံလို့ကောင်းပါတယ်။ မပြေ လည် တာတွေကို ပြေလည်နိုင်အောင်စွမ်း ဆောင် ခွင့်ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက် ခရီးများနေတာတွေ့ရတယ်။ ပညာရေးအထူးကောင်းတဲ့ ကာလပါပဲ။
အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော အလုပ်စီးပွားကံအားကောင်းနေချိန်ပါ ယတြာ သပြေပန်းဘုရားကပ်လှူပါ
သောကြာ
ဒီကာလအတွင်း လောင်းကစားလုပ်ခြင်းမျိုးအထူးရှောင်ပါ။ ရှိတာလေးကုန်သွားပါလိမ့် မယ်။စိတ်ကူးအယူ အဆအသစ်တွေရရှိရင်တောင်မှ ဒီကာလမှာအကောင်အထည်မဖော်လိုက်ပါနဲ့။ စက်ပစ္စည်း အဟောင်းဝယ်တာ၊ တစ်ပတ်ရစ်ဝယ်တာဆိုရင်တော့ သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေသွားနေရတတ်ပါ တယ်။ ငွေနောက်လိုက်ရင်တော့ လိုက်လေဝေးလေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေမရှာလိုက်ပါနဲ့။
အလုပ်နဲ့ ပတ်သက်ရင်တော့ ဝန်ထမ်းဆို အရာရာရှေ့ထွက်လုပ်ဆောင်ခြင်းမပြုပါနဲ့။ မိမိစလိုက်တဲ့ကိစ္စတွေကအဆုံး မသတ်ဘဲ အခက်အခဲများသွားနိုင်လို့ ပါပဲ။ ဒီအတိုင်းအနေအထားလေး ကိုပဲတိုးတတ်အောင် လုပ်လိုက်ပါ။ အလုပ်သစ်ဆိုတာမျိုး တော့တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးသိပ် မများ ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူများပါလိမ့်မယ်။စက်ပစ္စည်းများနဲ့ကိုင်တွယ်လုပ်ကိုင်ရသူများ ထိခိုက်မိ တတ် ပါတယ်။
လျှပ်စစ်အန္တရာယ်၊မီးအန္တရာယ်သတိပြုပါ။ အချစ်ရေးကံကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အနေဝေး နေရ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အကြံ ဉာဏ်က မိမိအတွက် လက်တွေ့အသုံးတည့်ပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက် ရင်တော့ ဆရာသင်ပြတာကိုနား လည် ရခက်ခဲနေတတ် ပါတယ်။အကျိုးပေးဂဏန်း ၄/၀/၆ အထူးဟော ကံအညံ့များနေတာတွေ့ရတယ် ယတြာ ထန်းလျက်ခဲ လမ်းဘေးခွေးတွေကိုကျွေးပါ
စနေ
ဒီကာလအတွင်း ခရီးကိစ္စများ အကြောင်းအမျိုးမျိုးကြောင့်ပျက်ရတတ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း များ၊ စက်မှု လုပ်ငန်းများ အထူးတိုးတတ် လာနိုင်ပါတယ်။ လုပ်ငန်းခွင်အနည်းငယ်အလုပ်များပြီးပင်ပန်းရတတ်ပါ တယ်။ အရင်နေ့တွေကတည်းကအလုပ် အကြွေးတွေမတင်အောင်လုပ်တတ်ဖို့လိုပါတယ်။ စိတ်ရှုပ်ထွေးစရာ လေးတွေများ နေတတ်ပါတယ်။ တွေဝေဒွိဟဖြစ်စရာလေးတွေကြုံနေရ တတ်ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး အပို ကိစ္စတွေတတ်နိုင်သလောက်ရှောင်ပါ။ အပိုတွေလုပ်ပြီး အချိန်ကုန်တာ ကြောင့် တကယ်လုပ်ရမဲ့အလုပ်တွေ မပြီးဘဲ ဖြစ်ရတတ်ပါတယ်။ social media သုံးတာကိုလဲတတ်နိုင်သလောက် လျော့ချလိုက်ပါ။ကျန်းမာရေးနဲ့ပတ် သက်ပြီးတော့လဲ အလွန်အားနည်းချက်များပါတယ်။ ရာသီအကူးအပြောင်း ကြောင့်ဖြစ်တဲ့ရောဂါတွေကြုံရတတ် သလို၊ အစားမှားဆေးမှားဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။ ငွေလက်ထဲမထားပါနဲ့။
လက်ဝတ်ရတနာဖြစ်ဖြစ်ဝယ် ထားပါ။ လက်ထဲ ငွေထားရင်ကုန်စရာပေါ်လာတတ်ပါတယ်။ အချစ်ရေးကံကတော့ ဒီကာလမှာ အဆင်ပြေတတ်ပါ တယ်။ချစ်သူကမိမိပင်ပန်းမှုတွေကိုပျော်စရာတွေနဲ့ချွေးသိပ်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလဲ စိတ်ချမ်းသာရမဲ့ ကာလလို့သိရပါတယ်။ ပညာရေးမှာထင်သလောက်မထွန်းပေါက်သလိုဖြစ်လိမ့်မည်။အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော ကံသင့်တဲ့ကာလပါပဲ။ယတြာ ကြက်ဥပေါင်မုန့်ကြော်ဘုရားကပ်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ။ 09 44 5555 695
Zawgyi
27.Jan.2022 မွ 2.Feb.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဒီကာလအတြင္း အဆင္ေျပတိုးတတ္လာပါလိမ့္မယ္။ မိမိလုပ္သမွ်ေအာင္ျမင္အက်ိဳးေပးပါလိမ့္မယ္။ အသင္းအဖြဲ႕ႏွင့္လုပ္ရေသာ၊groupနဲ႔လုပ္ရေသာအလုပ္မ်ားလဲ အထူးအဆင္ေျပႏိုင္တာကိုေတြ႕ပါတယ္။ မိမိဆိုင္လူ ဝင္ျခင္း၊ေဖာက္သည္သစ္တိုးျခင္းမ်ားလဲ အထူးႀကဳံေနရတတ္ပါတယ္။ လုပ္ငန္းခြင္ထဲမွာလဲ လူအမ်ားရဲ႕ အားေပး ေထာက္ခံျခင္းကိုရရွိပါလိမ့္မယ္။ အလုပ္ခြင္မွာမ်က္ႏွာေပးျခင္းခံရပါလိမ့္မယ္။ဘာသာေရးကိုင္းရႈိင္းသူမ်ား ကံ အက်ိဳး ေပး ပိုေကာင္းႏိုင္တဲ့ကာလပါ။
ေမြးေန႔မွာသားသတ္လြတ္စားႏိုင္ရင္ပိုေကာင္းပါတယ္။ အက်ိဳးေဆာင္ ေပး ျခင္း မ်ား၊ ဝန္ေဆာင္မႈေပးျခင္းမ်ားအထူးေဆာင္႐ြက္လို႔ေကာင္းတဲ့ကာလပါပဲ။ ကိုယ္ပိုင္အလုပ္မ်ားအလုပ္တိုး တတ္မဲ့ အခ်ိတ္ အဆက္ ေတြရလာတတ္ပါတယ္။အႏုပညာဆိုင္ေသာအလုပ္မ်ား၊စာေပေရးသားျခင္းမ်ားကို အား စိုက္ လုပ္ လို႔အထူး ေကာင္းပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္ကိုမ်ားေနတတ္ပါတယ္။ ခံစားေနရတဲ့ ေဝဒနာ ေတြ တျဖည္း ျဖည္း နဲ႔သက္သာခြင့္ေတြရလာပါလိမ့္မယ္။
အခ်စ္ေရးမွာေတာ့ ရလဒ္ေကာင္းေတြရလာတတ္ ပါတယ္။ ခ်စ္ခြင့္ပန္ ထား သူမ်ားေကာင္းမြန္ေသာအေျဖေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးအညံ့အဆိုး ကင္းေန ပါလိမ့္မယ္။ အိမ္ေထာင္ ဘက္ဆီက လက္ေဆာင္ေကာင္း ေတြရလာတတ္ပါတယ္။ ပညာေရးအေၾကာင္း ေျပာရရင္ေတာ့ မိမိႀကိဳးစားထားသမွ် အရာထင္ တိုးတတ္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၂/၉/၆အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။ယၾတာ သီလရွင္ကို ၾကက္သြန္လႉပါ
တနလၤာ
ဒီကာလအတြင္းခရီးသြားလုပ္ငန္းမ်ား၊ ကုန္သည္အလုပ္မ်ားလဲ အက်ိဳးအျမတ္နည္းႏိုင္ပါတယ္။ ဆရာ အလုပ္မ်ား၊သင္ၾကားေရးႏွင့္ပတ္သက္ေသာလုပ္ငန္းမ်ားအထူးတိုးတတ္မဲ့ကာလပါပဲ။ က်န္းမာေရးလဲ အမ်ား အားျဖင့္ ေနေကာင္းက်န္းမာေနတာကိုေတြ႕ရပါတယ္။ တစ္ခုသတိထားရမွာက လည္ေခ်ာင္းနာတာ၊ အာသီေရာင္ တာ၊ေလႁပြန္ေရာင္တာမ်ိဳးေတြျဖစ္လြယ္ပါတယ္။ မိမိအယူအဆေတြကအမ်ားနဲ႔မတူကြဲထြက္ေနတတ္ပါတယ္။ ဒါက လဲေကာင္းတဲ့လကၡဏာတစ္ခ်က္ပါပဲ။
အေတြးအျမင္မတူတဲ့ စိတ္ကူးေတြရလာတတ္ပါတယ္။ သူတစ္ပါးကိုကူညီ ခ်င္စိတ္ေတြမ်ားေနတတ္ပါတယ္။ အရာ ရာအမ်ားအတြက္စဥ္စားေပးတတ္တာေၾကာင့္ မိမိကို အထင္မႀကီးသူ ေတြေတာင္ အထင္ႀကီးေလးစားျခင္းကိုခံရပါ လိမ့္မယ္။ တရားအားထုတ္တာကို စိတ္ပါသူမ်ား ဒီကာလေတြမွာ တရားအရသာကိုေကာင္းစြာခံစားမိပါလိမ့္မယ္။ ဝန္ထမ္းရင္ေတာ့ မိမိကအမွန္အတိုင္းေျပာဆိုလုပ္ ကိုင္ တတ္တာ ေၾကာင့္ အခ်ိဳ႕လူေတြမႀကိဳက္တာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။
အခ်စ္ေရးမွာ အထင္လြဲေနတာေတြ ေျပလည္ သြား မည္။ စန္းအားေကာင္းေနတာမို႔ မဂၤလာကိစၥေတြႀကဳံရတတ္ပါတယ္။ လူပ်ိဳ/အပ်ိဳဟိုင္းႀကီးမ်ား ေအာင္သြယ္ေၾကာင့္ ခ်စ္သူရတတ္ပါတယ္။အိမ္ေထာင္ ေရးမွာလဲ အေပးအယူတည့္တည့္နဲ႔ စိတ္ခ်မ္းသာရပါလိမ့္မယ္။ ပညာေရးကံ လဲ ေကာင္းေနမည္။
အက်ိဳးေပးဂဏန္း ၃/၇/၀အထူးေဟာ စိတ္ခ်မ္းသာၾကည္ႏူးစရာေတြမ်ားမယ္ ယၾတာ ႏို႔စိမ္းေခါက္ဆြဲဘုရားကပ္လႉေပးပါ
အဂၤါ
ေရွ႕တိုးေဆာင္႐ြက္စရာကိစၥေတြကို လွ်ိဳ႕ဝွက္ၿပီးလုပ္ပါ။ သူမ်ားကိုေျပာျပလိုက္ရင္ အဖ်က္ဝင္ သြားတတ္ပါ တယ္။ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ အတြင္းေရးေတြေပါက္ၾကားတတ္ပါတယ္။ အလုပ္နဲ႔ဆိုင္ေသာ အေရးႀကီးတဲ့ သတင္း အခ်က္ အလက္ေတြေရာင္းစားခံရႏိုင္ပါတယ္။ အဲဒါေတြကိုအထူးသတိထားပါ။ ဘာလုပ္လုပ္ အက်ိဳးဆက္ ကို ၾကည့္ၿပီးလုပ္ေစခ်င္ပါတယ္။ ခရီးကိစၥေတြကိုေတာ့ အစီအစဥ္ဆြဲလို႔မေကာင္းေသးပါဘူး၊ရက္ေ႐ႊ႕ လိုရမယ္ ဆိုရင္ေတာ့ ရက္ေ႐ႊ႕ပါ။
အေပ်ာ္ခရီးမ်ား၊ အပန္းေျဖခရီးမ်ားမထြက္သင့္ပါဘူး။ တတ္ႏိုင္သမွ်ေရလမ္းခရီး မ်ိဳး ေရွာင္ လိုက္ ေစခ်င္ပါတယ္။ က်န္းမာေရးကေတာ့ ထိုင္ေနရင္အေကာင္း ထသြားမွက်ိဳးမွန္းသိ ဆိုသလို တစ္ေနရာရာကို ခရီးထြက္လိုက္ရင္ ေျမေျပာင္း၊ေရေျပာင္းေၾကာင့္က်န္းမာေရးညံ့သြားႏိုင္ပါတယ္။ အေရး ႀကီးတဲ့ကိစၥေတြကို ႏႈတ္ ကတိ နဲ႔ မလုပ္ဘဲ စာခ်ဳပ္စာတန္းနဲ႔လုပ္တာအေကာင္းဆုံးပါပဲ။
အခ်စ္ေရးမွာေတာ့ စိတ္ခ်မ္း သာရပါလိမ့္မယ္။ ဒါေပမဲ့ခ်စ္သူရဲ႕ အိမ္တြင္းေရးကိစၥေတြကို ဝင္ေရာက္စြက္ဖက္ေျပာဆိုတာမ်ိဳးမလုပ္မိပါေစနဲ႔။ အိမ္ေထာင္ေရး ကေတာ့ အထူးညံ့ေနပါလိမ့္မယ္။စီးပြားေရးေၾကာင့္ အိမ္ေထာင္ေရးအေပၚဂ႐ု မစိုက္ႏိုင္ျဖစ္ရပါ လိမ့္မယ္။ ပညာေရး မွာေတာ့ အနည္းငယ္စိတ္မပါသလိုျဖစ္ေနရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၁/၄/၈အထူးေဟာ အေပ်ာ္မရွာပါနဲ႔…ေအးခ်မ္းစြာသာျဖတ္သန္းပါ ယၾတာ အာလူးေၾကာ္ၿပီးဘုရားကပ္ပါ
ဗုဒၶဟူး/ရာဟု
ဒီကာလအတြင္း သားသမီး အတြက္ပူပန္ရတာမ်ိဳးေတြေငြသုံးရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ လူမႈေရး ကိစၥမ်ား၊ သာေရးနာေရးကိစၥေတြ ေၾကာင့္လဲ အခ်ိန္ကုန္လူပန္းရတတ္ပါတယ္။ မိမိအတြက္လုပ္ငန္းခြင္အတြင္း ဖြဲ႕စည္းပုံ ေတြ၊ သီအိုရီေတြေျပာင္းလဲသင့္ပါတယ္။ meeting ေတြျပဳလုပ္ၿပီး ပိုမိုတိုးတတ္ေစမဲ့လမ္းေၾကာင္းကို ရွာေဖြပါ။ ဒီကာလဟာ အလုပ္နဲ႔ပတ္သက္ၿပီး လက္ရွိအေနအ ထားထက္ပိုမိုေကာင္းတဲ့ရလဒ္ကိုရရွိပါလိမ့္မယ္။
staff level ေတာင္မွမိမိအတြက္အခြင့္အလမ္းေကာင္းေတြေပၚ လာႏိုင္ပါတယ္။ ကိုယ္ပိုင္စီးပြားမ်ား လုပ္ငန္းခ်ဲ႕ ထြင္ ႏိုင္ သလို နားလည္တတ္ကြၽမ္းသူေတြကိုေမးျမန္းအႀကံယူသင့္ တဲ့ေန႔ရက္ေတြပါပဲ။ က်န္းမာေရးကေတာ့အထူး ေကာင္း ေနပါလိမ့္မယ္။မိမိျဖစ္ခ်င္တာေတြကိုလဲအားစိုက္လုပ္ႏိုင္ပါလိမ့္ မယ္။အိမ္ဝယ္ခ်င္သူမ်ား ၊တိုက္ခန္း ဝယ္ခ်င္သူမ်ား ဒီကာလမွာေဆာင္႐ြက္လို႔အထူးေကာင္းပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့မိမိကိုယ္တိုင္ကခ်စ္သူ အေပၚစိတ္ကုန္ လြယ္ပါလိမ့္မယ္။
အရင္ကတည္းကျပႆနာအႀကီးအက်ယ္ျဖစ္ၿပီးစကားမ်ားထားတဲ့ ခ်စ္သူစုံတြဲ မ်ားဒီကာလမွာအၿပီးအပိုင္ျပတ္စဲသြားတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့အဆင္ေျပစိတ္ ခ်မ္းသာရမဲ့ေန႔ရက္ ေတြပါပဲ။ ပညာေရးမွာေတာ့စီးပြားေရး နဲ႔ဆိုင္ေသာသင္တန္းမ်ားတက္ေရာက္လို႔အထူးေကာင္းတဲ့ကာလပါပဲ။အက်ိဳးေပးဂဏန္း ၂/၅/၄ အထူးေဟာ အလုပ္အေပၚသာစိတ္ႏွစ္ထားပါ ယၾတာ ငွက္ေပ်ာ္ေၾကာ္ဘုရားလႉဒါန္းဆုေတာင္းပါ
ၾကာသပေတး
ဒီကာလအတြင္းေငြေၾကးနဲ႔ အစုလိုက္ဝင္တာမ်ိဳးေတြႀကဳံေနရတတ္ပါတယ္။ ၾကန႔္ၾကာေနတဲ့ေငြေၾကးရွိရင္ ေတာ့ျပန္လည္ရရွိလာပါလိမ့္မယ္။ မိမိေရာင္းစရာရွိတဲ့ အေရာင္းပစၥည္းမ်ားေရာင္းထြက္ပါလိမ့္မယ္။ စိတ္ထဲလိုခ်င္ တာေလးေတြအျပင္လက္ေတြ႕မွာရလာတတ္ပါတယ္။ မိမိေတာင္းတတာေလးေတြျပည့္ဝရႏိုင္ပါတယ္။ လုပ္ငန္းႀကီး မ်ားသိသိသာသာတိုးတတ္လာႏိုင္ပါတယ္။ ေၾကာ္ျငာျခင္း၊ promotion ေပးျခင္းျဖင့္ ဒီကာလမွာမိမိလုပ္ငန္းကို လူ သိမ်ားေအာင္လုပ္ေဆာင္သင့္ပါတယ္။
ဘာသာေရးနဲ႔ပတ္သက္ရင္လဲ မိမိလႉခ်င္တဲ့ အလႉအတန္းေတြလႉခြင့္ရ လာ တတ္ပါတယ္။ စိတ္ခ်မ္းသာစရာအေတြးေတြကိုေတြးပါ။ လူအမ်ားကိုတတ္ႏိုင္သ၍ကူညီလိုက္ပါ။ အက်ိဳးဆက္ အေနနဲ႔ မိမိလဲအဆင္ေျပ တိုးတတ္သြားပါလိမ့္မယ္။က်န္းမာေရးကေတာ့ ဂ႐ုစိုက္ရလိမ့္မယ္။ အေအးပတ္တတ္ တယ္။ ညဘက္ေႏြးေႏြးေထြးေထြးမအိပ္မိတာေၾကာင့္ ႏွာေစး၊ေခ်ာင္းဆိုး၊ဖ်ားနာျဖစ္တတ္ပါတယ္။ အေအးမခံပါနဲ႔။ ေႏြးေႏြးေထြးေထြးေနပါ။
အခ်စ္ေရးမွာေတာ့ အထူးအဆင္ေျပမယ္။ ေမတၱာေတာင္းခံလို႔ေကာင္းပါတယ္။ မေျပ လည္ တာေတြကို ေျပလည္ႏိုင္ေအာင္စြမ္း ေဆာင္ ခြင့္ရပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္ ခရီးမ်ားေနတာေတြ႕ရတယ္။ ပညာေရးအထူးေကာင္းတဲ့ ကာလပါပဲ။
အက်ိဳးေပးဂဏန္း ၃/၆/၅ အထူးေဟာ အလုပ္စီးပြားကံအားေကာင္းေနခ်ိန္ပါ ယၾတာ သေျပပန္းဘုရားကပ္လႉပါ
ေသာၾကာ
ဒီကာလအတြင္း ေလာင္းကစားလုပ္ျခင္းမ်ိဳးအထူးေရွာင္ပါ။ ရွိတာေလးကုန္သြားပါလိမ့္ မယ္။စိတ္ကူးအယူ အဆအသစ္ေတြရရွိရင္ေတာင္မွ ဒီကာလမွာအေကာင္အထည္မေဖာ္လိုက္ပါနဲ႔။ စက္ပစၥည္း အေဟာင္းဝယ္တာ၊ တစ္ပတ္ရစ္ဝယ္တာဆိုရင္ေတာ့ ေသခ်ာစစ္ေဆးၿပီးမွဝယ္ယူပါ။ အလုပ္နဲ႔ပတ္သက္တဲ့ခရီးေတြသြားေနရတတ္ပါ တယ္။ ေငြေနာက္လိုက္ရင္ေတာ့ လိုက္ေလေဝးေလျဖစ္ရတတ္ပါတယ္။ ေလာဘတႀကီးေငြမရွာလိုက္ပါနဲ႔။
အလုပ္နဲ႔ ပတ္သက္ရင္ေတာ့ ဝန္ထမ္းဆို အရာရာေရွ႕ထြက္လုပ္ေဆာင္ျခင္းမျပဳပါနဲ႔။ မိမိစလိုက္တဲ့ကိစၥေတြကအဆုံး မသတ္ဘဲ အခက္အခဲမ်ားသြားႏိုင္လို႔ ပါပဲ။ ဒီအတိုင္းအေနအထားေလး ကိုပဲတိုးတတ္ေအာင္ လုပ္လိုက္ပါ။ အလုပ္သစ္ဆိုတာမ်ိဳး ေတာ့တတ္ႏိုင္သေလာက္ေရွာင္လိုက္ေစခ်င္ပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုးသိပ္ မမ်ား ပါဘူး။ က်န္းမာေရးေကာင္းတဲ့သူမ်ားပါလိမ့္မယ္။စက္ပစၥည္းမ်ားနဲ႔ကိုင္တြယ္လုပ္ကိုင္ရသူမ်ား ထိခိုက္မိ တတ္ ပါတယ္။
လွ်ပ္စစ္အႏၲရာယ္၊မီးအႏၲရာယ္သတိျပဳပါ။ အခ်စ္ေရးကံေကာင္းပါတယ္။ ဒါေပမဲ့ ခ်စ္သူနဲ႔အေနေဝး ေနရ တတ္ပါတယ္။ အိမ္ေထာင္ေရးသာယာအဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ဘက္ရဲ႕ အႀကံ ဉာဏ္က မိမိအတြက္ လက္ေတြ႕အသုံးတည့္ပါလိမ့္မယ္။ပညာေရးနဲ႔ပတ္သက္ ရင္ေတာ့ ဆရာသင္ျပတာကိုနား လည္ ရခက္ခဲေနတတ္ ပါတယ္။အက်ိဳးေပးဂဏန္း ၄/၀/၆ အထူးေဟာ ကံအညံ့မ်ားေနတာေတြ႕ရတယ္ ယၾတာ ထန္းလ်က္ခဲ လမ္းေဘးေခြးေတြကိုေကြၽးပါ
စေန
ဒီကာလအတြင္း ခရီးကိစၥမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပ်က္ရတတ္ပါတယ္။ ေဆာက္လုပ္ေရး လုပ္ငန္း မ်ား၊ စက္မႈ လုပ္ငန္းမ်ား အထူးတိုးတတ္ လာႏိုင္ပါတယ္။ လုပ္ငန္းခြင္အနည္းငယ္အလုပ္မ်ားၿပီးပင္ပန္းရတတ္ပါ တယ္။ အရင္ေန႔ေတြကတည္းကအလုပ္ အေႂကြးေတြမတင္ေအာင္လုပ္တတ္ဖို႔လိုပါတယ္။ စိတ္ရႈပ္ေထြးစရာ ေလးေတြမ်ား ေနတတ္ပါတယ္။ ေတြေဝဒြိဟျဖစ္စရာေလးေတြႀကဳံေနရ တတ္ပါတယ္။
အလုပ္နဲ႔ပတ္သက္ၿပီး အပို ကိစၥေတြတတ္ႏိုင္သေလာက္ေရွာင္ပါ။ အပိုေတြလုပ္ၿပီး အခ်ိန္ကုန္တာ ေၾကာင့္ တကယ္လုပ္ရမဲ့အလုပ္ေတြ မၿပီးဘဲ ျဖစ္ရတတ္ပါတယ္။ social media သုံးတာကိုလဲတတ္ႏိုင္သေလာက္ ေလ်ာ့ခ်လိုက္ပါ။က်န္းမာေရးနဲ႔ပတ္ သက္ၿပီးေတာ့လဲ အလြန္အားနည္းခ်က္မ်ားပါတယ္။ ရာသီအကူးအေျပာင္း ေၾကာင့္ျဖစ္တဲ့ေရာဂါေတြႀကဳံရတတ္ သလို၊ အစားမွားေဆးမွားဆိုတာမ်ိဳးလဲျဖစ္ရတတ္ပါတယ္။ ေငြလက္ထဲမထားပါနဲ႔။
လက္ဝတ္ရတနာျဖစ္ျဖစ္ဝယ္ ထားပါ။ လက္ထဲ ေငြထားရင္ကုန္စရာေပၚလာတတ္ပါတယ္။ အခ်စ္ေရးကံကေတာ့ ဒီကာလမွာ အဆင္ေျပတတ္ပါ တယ္။ခ်စ္သူကမိမိပင္ပန္းမႈေတြကိုေပ်ာ္စရာေတြနဲ႔ေခြၽးသိပ္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာလဲ စိတ္ခ်မ္းသာရမဲ့ ကာလလို႔သိရပါတယ္။ ပညာေရးမွာထင္သေလာက္မထြန္းေပါက္သလိုျဖစ္လိမ့္မည္။အက်ိဳးေပးဂဏန္း ၁/၅/၇ အထူးေဟာ ကံသင့္တဲ့ကာလပါပဲ။ယၾတာ ၾကက္ဥေပါင္မုန႔္ေၾကာ္ဘုရားကပ္ပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 ။ 09 44 5555 695