ၾကားသိရသမွ်

တနေ့ (၅)ထောင်ရဖို့…မိုးလင်းကနေ မိုးချုပ်ထိ ရောင်းရတယ်😥 အဖိုး အသက်(၈၀)နှစ်… ပရုတ်လုံးလေးတွေ ဆိုင်ကြီးကနေ ယူပြီ…ဈေးပြင်မှာ ပတ်ရောင်းတယ် အဖိုးရေ…ဘယ်လိုရောင်းတုန်း??………..


အဖိုး အသက်(၈၀)နှစ်…

ပရုတ်လုံးလေးတွေ ဆိုင်ကြီးကနေ ယူပြီ…ဈေးပြင်မှာ ပတ်ရောင်းတယ်




မကောင်းပါဘူး သားရယ်…ပစ္စည်းဈေးတွေက တက်…အဖိုးက ပြန်ယူရောင်းတော့ ဘယ်သူမှ မဝယ်ကြဘူး 🥺













ဟာ…တကယ်လား သား…







☎ 09-5408437

unicode

တနေ့ (၅)ထောင်ရဖို့…မိုးလင်းကနေ မိုးချုပ်ထိ ရောင်းရတယ်😥

အဖိုး အသက်(၈၀)နှစ်…

ပရုတ်လုံးလေးတွေ ဆိုင်ကြီးကနေ ယူပြီ…စျေးပြင်မှာ ပတ်ရောင်းတယ်

အဖိုးရေ…ဘယ်လိုရောင်းတုန်း??

တထုပ် (၈၀၀)ကျပ်ပါ သားရယ်…

ဟုတ် အဖိုး…ရောင်းကောင်းရဲ့လား ??

မကောင်းပါဘူး သားရယ်…ပစ္စည်းစျေးတွေက တက်…အဖိုးက ပြန်ယူရောင်းတော့ ဘယ်သူမှ မဝယ်ကြဘူး 🥺

အဖိုးက ဘယ်ကနေ လာရောင်းတာလဲ ဗျ??

အဖိုးက ရွာသာကြီးကနေလာတာ…မနက် (၅)ခွဲဆို ရောက်ပြီ…လက်ဖက်ရည်လေးသောက်ပြီ (၆)နာရီဆို အဖိုး ပတ်ရောင်းတာ 😔

ဘယ်ချိန်လောက်ထိ ရောင်းလဲ အဖိုး…တနေ့ ဘယ်လောက် ရောင်းရလဲ ??

အဖိုး မနက် (၆)နာရီကနေ ညနေ (၆)နာရီထိ ပတ်ရောင်းရတယ် သား…တနေကုန်ရောင်းမှ (၅)ထောင်လောက်ရတာ

အဲ့လောက်ရမှလဲ အိမ်က အဖိုး မိန်းမ (အဖွား)ကို ဆေးတိုက်နိုင်တာ…အဖိုးတို့ စားဖို့တွက် တနေကုန်ရောင်းရတယ် 😥

အဖိုးက သားသမီးမရှိဘူးလား??

သား(၂)ယောက်ရှိတယ်…ရေနစ်ပြီ သေသွားကြပြီ 😥😥

ဒါဆို ဒီနေ့လဲ တနေကုန်ရောင်းရမှာပေါ့နော်

ဟုတ်တယ် သား…(၁)ထုပ်ပဲ ရောင်းရသေးတယ်🥺

အဖိုး ဒီနေ့ အဖွားဆီ အိမ် စောစောပြန်ချင်လား ??

သားရယ် ပြန်ချင်တာပေါ့…ဒါမဲ့ အဖိုး ပိုက်ဆံလေးပါ သွားမှ ထမင်းစား ဆေးဖိုး ရမှာ သားရယ် 😥🥺

ကဲ အဖိုး အိမ်ပြန်တော့ဗျာ…ဒါတွေ သား ဒီ(၁၀)ထုပ် အကုန် ယူမယ် ဗျာ

ဟာ…တကယ်လား သား…

တကယ်ပေါ့ အဖိုး…ရော့ (50,000)Ksနော်…ဒီနေ့ အိမ်စောပြန်ပြီ အဖွားနားမှာ တူတူ အနားယူကြနော် 🙏🏻🙏🏻🙏🏻

ကျေးဇူးတင်လိုက်တာ သားရယ်…အဖိုး ဆုတွေ တောင်းပေးပါရစေ (အကြာကြီးပဲ ဆုတွေ ပေးရှာတယ်)🙏🏻🥺

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ🙏🏻🙏🏻🙏🏻)

•အော…အဖိုးရဲ့ အိမ်အပြန်ခြေလှမ်းလေးတွေ တက်ကြွနေတာ မြင်ရတော့ စိတ်ထဲ ကြည်နူးမိ ☺️

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437