ဗဟုသုတ

ျမန္မာ့ရာဇဝင္ထဲက သခြားသီးစားခ်င္လြန္းလို႔ ဒုကၡေရာက္ခဲ့ရတဲ့ဘုရင္ႏွစ္ပါးအေၾကာင္း

ဒီတစ်ခါတော့ မြန်မာ့ သမိုင်းထဲက သခွားသီး စားလို့ ဒုက္ခများ ခဲ့တဲ့ ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတ အဖြစ်ပြောပြချင်ပါတယ်။

တစ်ပါး ကတော့ ပုဂံခေတ် က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မွ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။

တ စ်နေ့ သိန်းခိုမင်း ဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါ များနဲ့ လူချင်း ကြဲသြားခဲ့ ပါတယ်။

မောလည်းမော ရေ လည်း အလွန် ငတ်လှ ချိန်မှာ လူသူ မတွေ့ရတဲ့ သခွားခင်း တစ်ခင်းကိုတွေ့ပါတယ်။

ဝမ်းသာ အားရနဲ့ သခွားခင်း ထဲဝင် ကာ သခွားသီး များကို အားရ ပါးရ စားပစ်ပါတယ်။

ဒါ ကို ယာရှင် က တွေ့ပြီး ဘုရင်ဟု မထင် သူခိုး ဟု ထင်ကာ တူရွင်း နဲ့ ခုတ်တာကြောင့် နေရာ မွာ တင် ပွဲချင်း ပြီး သွားပါတယ်။

အဖော်ကွဲ သွားသော နောက်လိုက် နောက်ပါ များ ရောက် လာမွ ပြည့်ရှင်မင်း ကို သတ် မိကြောင်း သိပါတယ်။

အဲဒီခေတ် က ဘုရင်ကို သတ်ရင် ဘုရင်ဖြစ် ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင် ဖြစ် သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခများ ခဲ့တဲ့ နောက်မင်း တစ်ပါး ကေတာ့ သေတော့ မေသပါ သို့ သော် ယာရှင် နဲ့ နပန်း လုံးလိုက် ရပါတယ်။

သူကေတာ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့သားတော်ကြီးနောင်တော်ကြီး ခေါ် ဒီပဲယင်း မင်း ဖြစ်ပါတယ်။

နောင်တော်ကြီး ဟာ ဘုရင်ဖြစ်သော်လည်း မဝံ့ကြွား တတ်ပဲ နှိမ့်ချသော မာနဖြင့် ရိုးရိုးစား ရိုးရိုးနေ တတ် သူဖြစ်ပါတယ်။

ရံဖန် ရံခါ မိမိ ၏ နောက်လိုက် များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက် များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီး မ်ားကို ထောင်းထု စားသောက်နေလေ့ ရှိပါတယ်။

မူးမတ် များက ထိုသို့ စားခြင်းကို ရှောင်ကြဉ်တော် မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ ဟု လျှောက်တဲ့ အခါ ငါ ဒီလို မန်ကျည်းသီး စားခြင်း ဟာ တိုင်းပြည်ကို တစ္စုံ တစ်ရာ ဝန်လေးပါ သေလာ ဟုပြန်မေးပါတယ်။

တိုင်းပြည် ၌ ကား ဝန်မလေးပါ ဟု မူးမတ်တို့ ကလျှောက်သည့် အခါ တိုင်းပြည် ဝန်လေး သည့် ကိစ္စ ကို ငါရှောင် အံ ၊ ဝန္မေလး သည့် ကိစ္စကို ကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည် ကို စားပါရေစ ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်း ဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံး တွင်ပြောင်း၍ စံလေ့ ရှိပါတယ်။

မြင်းကောင်းလည်း ရှိတာကြောင့် ငါ စစ်ကိုင်းသွားဦး မည် ၊ ရွှေဘို သွားဦးမည် ဟု မိန့်ကာ မြင်းစီး ၍ ရုတ်တရက် ထွက်တော်မူ တတ်ပါတယ်။

နောက်လိုက်နောက်ပါ တို့မှာ ကပျာ ကသီမြင်းပြင် ၍ လိုက်သော် မမီသည် က များပါတယ်။

တစ်ခါသော် စစ်ကိုင်း မွ ရွှေဘိုသို့ အပြန်နောက်လိုက်နောက်ပါ တို့မှာ ဝေးလံစွာ ကျန်ရစ်ပြီး ရွှေဘို မှ ၁၄ မိုင် အကြာ ခေါ်တော အရပ် သို့ရောက်လာပါတယ်။

သခွားခင်း တစ်ခင်း ကိုတွေ့၍ ဆာလောင်နေသည် နှင့် မြင်းကို ယာခင်း အပြင်ဘက်တွင် ချိတ်ကာ ယာရှင်ယောကျ်ား ထံ သခြားသီး စားပါရေစ ဟု ကောင်းမွန်စွာတောင်း၏။

ယာရှင် ကလည်း မင်းဖြစ်ကြောင်း မသိဘဲ အလိုရှိသမျှ စားလေ ၊ အပင် ၊ အနွယ် ၊ အကင်း တို့ကိုကား မပျက်စေနှင့် ဟု ဆိုပါ တယ်။

နောင်တော်ကြီးကာ သခွားသီး ကို ဖြတ်၍ မဆွတ် ပဲ ဆွဲ၍ ဆွတ် သဖြင့် အပွင့် ၊ အကင်း တို့ အတန်ငယ် ပျက် သွားပါတယ်။

ယာရှင်မြင်သော် နင်က စားရုံ စား ၊ မဖျက်ပါနှင့် ဟု ငါပြောလျက် ဖျက် ရသေလာ ဟု ဒေါသဖြစ်ကာ သတ်မည် ပုတ်မည် ပြုပါတယ်။

နောင်တော်ကြီး ကလည်း တစ်စုံတစ်ရာ အမျက်မထွက်ပဲ နင်ယောကျ်ားကောင်း ဆိုသော် သတ်ကြအံ့ ဟု ဆို၍ နှစ်ယောက် သားလုံးထွေး သတ်ပုတ်ကြပါတယ်။

ကျန်းမာ သန်စွမ်းသော နောင်တော် ကြီးအား ယာရှင် မနိုင်ပါလေ ၊ အခါခါအောက်ကျ၏ ။ အတန်ကြာသော် ယာရှင်လည်း မောလှတာကြောင့် ဘာမှ မတတ်နိုင်ပဲ ဘယ်လိုလူလဲ တွေးကာ ထိုင်ကြည့်နေရ ပါတယ်။

နောင်တော်ကြီးကား ပြုံးပြုံးရယ်ရယ် နှင့် သခွားသီး စားမြဲစားနေပါတယ်။ထိုစဉ် ယာရှင်၏ မိန်းမ ထမင်းပို့ရောက်လာတာ ကိုနောင်တော်ကြီး တွေ့တော့ ယောက်ဖ ၊ ငါလည်း ထမင်းစား ပါရေစ ဟု ခွင့်တောင်းရာ ယာရှင်လည်း ဒေါသ ထွက်နေတာကြောင့် မစားရဘူး ၊ နင့်ကို မကျွေးနိုင် ဟု ဆိုပါတယ်။

ယာရှင် မိန်းမက မိမိယောကျ်ားအား လက်ကုတ် ယာ အပြင်ဘက်မှာ ရွှေ ကတောင်နှင့် မြင်းကောင်း တစ်စီး ချိတ်ထား သည်ကို ငါတွေ့ခဲ့သည်။ လူသာမည မဟုတ် ၊ မင်းဖြစ်ပုံရသည် ၊ တွေ့ကရာ မပြောနှင့် ဟု တီးတိုးပြောပါတယ်။

နောက်လိုက်နောက်ပါ တို့မီလာ၍ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းဖြစ်ကြောင်း သိရှိကာ ကြောက်လန့် ကုန်ပြီး ရှိခိုးတောင်းပန်ပါတယ်။

နောင်တော်ဘုရား လည်း ပြုံးရယ်လျက် သင်တို့ကတောင်းပန် ရန် မရှိ ၊ သင့် သခွား ကိုလည်း ငါ စားရသည်။ သတ်ပုတ်ကြသည် မှာလည်း သဘော တူဖြစ်သည်။

ငါကား မင်းဖြစ် သည် မှန်၏။ သို့သော် မကြောက်လင့်။ ယခု သင် ၏ သခြား များသည် အလွန် အရသာရှိ၏။ ငါ စံရာ ရွှေဘိုသို့ တစ်ခါ လောက် လာရောက် ဆက်ပါဘိ ဟု မိန့်တော်မူပါတယ်။

လ အတန်ကြာသော် ယာရှင် သည် ကောင်းနိုး ရာရာ သခွားသီး များကို ဆွတ်ခူး ထမ်းဆောင်လျက် ရွှေဘို သို့သွားရောက် ၍ နောင်တော် ကြီးဘုရား အား ဆက်သလေ၏။

နောင်တော် ဘုရား လည်း ယာရှင်ကို မေမ့ ဘဲ အလိုရှိရာ ကိုတောင်းစေတဲ့ အခါ သူကြီးရဲ့အာဏာပြမှုကို မကြာခဏခံနေရတဲ့ ယာရှင်က သူကြီး ၏ အာဏာ မှ လွတ်လိုပါသည် ဟုလျှောက် တင် ပါတယ်။

ဤ အတွက်ကား ရစိမ့်မည် ၊ အခြား အလိုရှိသည် ကိုလည်း တောင်းဦးလော့ ဟု မိန့်သော် လည်း ဤ တစ်ခုကိုရလျှင်ကျေနပ်သော ယာရှင်သည် မည်သည့်ဆုကိုမှ ထပ်၍ မတောင်းတော့ တာကြောင့် သူကြီး အာဏာ မှ လွတ်စေမည့် စာချွန်လွှာကို လက်မှတ် ထိုးကာ ယာရှင် ရဲ့ကျေးဇူး ကို ဆပ်လိုက်ပါတော့တယ်။

ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။ နောင်တော်ကြီးဘုရားနတ်ရွာစံပြီး နှစ်အတန်ကြာပြီးတဲ့နောက် ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်မှာ မင်းကြီးဟာ ယာရှင်ရဲ့ ယာဘက်ကိုရောက်ပါတယ်။

ရောက်တဲ့အခါမှာ နောင်တော်ရဲ့လက်ရေးနဲ့ စာချွန်လွှာကိုတွေ့ပြီး အမှတ်တရသိမ်းချင်လို့ ယာရှင်ထံကနေတောင်းပါတယ်။ ယာရှင်က မေပးပဲ အကြောက်အကန်ငြင်းပါတယ်။

နောက်ဆုံးမှာ ဘိုးတော်ဘုရားက ယာရှင် အား ငါလည်းဘုရင်ပါပဲကွယ် ၊ ဒီလိုအမိန့်မျိုးငါပြန်ရေးပါမယ် ၊ နောင်တော့်ရဲ့စာချွန်လွှာတော့ငါ့ကိုပြန်ပေးလိုက်ပါ လို့ မိန့်တော့မှ ယာရှင်က သဘောတူပါတယ်။

မင်းကြီးရေးပေးခဲ့တဲ့ စာချွန်လွှာကြောင့် ယာရှင်ဟာ တစ်သက်လုံး သူကြီးရဲ့ဆင့်ခေါ်မှုကင်းလွတ်ခွင့်ရပြီး အေးချမ်းစွာနေသွားရပါတယ်။

ကိုးကား- မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ အမျိုးသားပညာဝန် ဦးဖိုးက်ားမြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ မောင်ကြည်သန့် မြန်မာ့စွယ်စုံကျမ်း(ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ )မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

zawgyi

ဒီတစ္ခါေတာ့ ျမန္မာ့ သမိုင္းထဲက သခြားသီး စားလို႔ ဒုကၡမ်ား ခဲ့တဲ့ ဘုရင္ ႏွစ္ပါး အေၾကာင္းကို ဗဟုသုတ အျဖစ္ေျပာျပခ်င္ပါတယ္။

တစ္ပါး ကေတာ့ ပုဂံေခတ္ က သိန္းခိုမင္း (သကၠရာဇ္ ၂၆၃ မြ ၂၇၉ ခုႏွစ္ ) ျဖစ္ပါတယ္။

တ စ္ေန႔ သိန္းခိုမင္း ဟာ အမဲလိုက္ရင္း ေနာက္လိုက္ေနာက္ပါ မ်ားနဲ႔ လူခ်င္း ႀကဲၾသားခဲ့ ပါတယ္။

ေမာလည္းေမာ ေရ လည္း အလြန္ ငတ္လွ ခ်ိန္မွာ လူသူ မေတြ႕ရတဲ့ သခြားခင္း တစ္ခင္းကိုေတြ႕ပါတယ္။

ဝမ္းသာ အားရနဲ႔ သခြားခင္း ထဲဝင္ ကာ သခြားသီး မ်ားကို အားရ ပါးရ စားပစ္ပါတယ္။

ဒါ ကို ယာရွင္ က ေတြ႕ၿပီး ဘုရင္ဟု မထင္ သူခိုး ဟု ထင္ကာ တူ႐ြင္း နဲ႔ ခုတ္တာေၾကာင့္ ေနရာ မြာ တင္ ပြဲခ်င္း ၿပီး သြားပါတယ္။

အေဖာ္ကြဲ သြားေသာ ေနာက္လိုက္ ေနာက္ပါ မ်ား ေရာက္ လာမြ ျပည့္ရွင္မင္း ကို သတ္ မိေၾကာင္း သိပါတယ္။

အဲဒီေခတ္ က ဘုရင္ကို သတ္ရင္ ဘုရင္ျဖစ္ ဆိုတဲ့ ထုံးစံေၾကာင့္ ယာရွင္ဟာ ဘုရင္ ျဖစ္ သြားပါတယ္။ ေတာင္သူႀကီးမင္း ေခၚ ေညာင္ဦးေစာရဟန္းမင္း ဆိုတဲ့ အမည္နဲ႔ပါ။

သခြားသီးေၾကာင့္ ဒုကၡမ်ား ခဲ့တဲ့ ေနာက္မင္း တစ္ပါး ေကတာ့ ေသေတာ့ ေမသပါ သို႔ ေသာ္ ယာရွင္ နဲ႔ နပန္း လုံးလိုက္ ရပါတယ္။

သူေကတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် ရဲ႕သားေတာ္ႀကီးေနာင္ေတာ္ႀကီး ေခၚ ဒီပဲယင္း မင္း ျဖစ္ပါတယ္။

ေနာင္ေတာ္ႀကီး ဟာ ဘုရင္ျဖစ္ေသာ္လည္း မဝံ့ႂကြား တတ္ပဲ ႏွိမ့္ခ်ေသာ မာနျဖင့္ ႐ိုး႐ိုးစား ႐ိုး႐ိုးေန တတ္ သူျဖစ္ပါတယ္။

ရံဖန္ ရံခါ မိမိ ၏ ေနာက္လိုက္ မ်ားႏွင့္ မန္က်ည္းေတာ ၊ မန္က်ည္းပင္ ေအာက္ မ်ား၌ ဆား ၊ ငါးပိ စသည္တို႔ႏွင့္ မန္းက်ည္းသီး မ္ားကို ေထာင္းထု စားေသာက္ေနေလ့ ရွိပါတယ္။

မူးမတ္ မ်ားက ထိုသို႔ စားျခင္းကို ေရွာင္ၾကဥ္ေတာ္ မႈပါ ၊ ဂုဏ္ႏွင့္ မေလ်ာ္ပါ ဟု ေလွ်ာက္တဲ့ အခါ ငါ ဒီလို မန္က်ည္းသီး စားျခင္း ဟာ တိုင္းျပည္ကို တစၥဳံ တစ္ရာ ဝန္ေလးပါ ေသလာ ဟုျပန္ေမးပါတယ္။

တိုင္းျပည္ ၌ ကား ဝန္မေလးပါ ဟု မူးမတ္တို႔ ကေလွ်ာက္သည့္ အခါ တိုင္းျပည္ ဝန္ေလး သည့္ ကိစၥ ကို ငါေရွာင္ အံ ၊ ဝေႏၼလး သည့္ ကိစၥကို ကား မတားျမစ္ လိုၾကပါႏွင့္ ၊ ငါႀကိဳက္တတ္သည္ ကို စားပါေရစ ဟု အခြင့္ပန္ ျပန္ေျပာပါတယ္။

ေနာင္ေတာ္ႀကီးမင္း ဟာ ေ႐ႊဘို ႏွင့္ စစ္ကိုင္း ႏွစ္ရပ္လုံး တြင္ေျပာင္း၍ စံေလ့ ရွိပါတယ္။

ျမင္းေကာင္းလည္း ရွိတာေၾကာင့္ ငါ စစ္ကိုင္းသြားဦး မည္ ၊ ေ႐ႊဘို သြားဦးမည္ ဟု မိန႔္ကာ ျမင္းစီး ၍ ႐ုတ္တရက္ ထြက္ေတာ္မူ တတ္ပါတယ္။

ေနာက္လိုက္ေနာက္ပါ တို႔မွာ ကပ်ာ ကသီျမင္းျပင္ ၍ လိုက္ေသာ္ မမီသည္ က မ်ားပါတယ္။

တစ္ခါေသာ္ စစ္ကိုင္း မြ ေ႐ႊဘိုသို႔ အျပန္ေနာက္လိုက္ေနာက္ပါ တို႔မွာ ေဝးလံစြာ က်န္ရစ္ၿပီး ေ႐ႊဘို မွ ၁၄ မိုင္ အၾကာ ေခၚေတာ အရပ္ သို႔ေရာက္လာပါတယ္။

သခြားခင္း တစ္ခင္း ကိုေတြ႕၍ ဆာေလာင္ေနသည္ ႏွင့္ ျမင္းကို ယာခင္း အျပင္ဘက္တြင္ ခ်ိတ္ကာ ယာရွင္ေယာက်္ား ထံ သျခားသီး စားပါေရစ ဟု ေကာင္းမြန္စြာေတာင္း၏။

ယာရွင္ ကလည္း မင္းျဖစ္ေၾကာင္း မသိဘဲ အလိုရွိသမွ် စားေလ ၊ အပင္ ၊ အႏြယ္ ၊ အကင္း တို႔ကိုကား မပ်က္ေစႏွင့္ ဟု ဆိုပါ တယ္။

ေနာင္ေတာ္ႀကီးကာ သခြားသီး ကို ျဖတ္၍ မဆြတ္ ပဲ ဆြဲ၍ ဆြတ္ သျဖင့္ အပြင့္ ၊ အကင္း တို႔ အတန္ငယ္ ပ်က္ သြားပါတယ္။

ယာရွင္ျမင္ေသာ္ နင္က စား႐ုံ စား ၊ မဖ်က္ပါႏွင့္ ဟု ငါေျပာလ်က္ ဖ်က္ ရေသလာ ဟု ေဒါသျဖစ္ကာ သတ္မည္ ပုတ္မည္ ျပဳပါတယ္။

ေနာင္ေတာ္ႀကီး ကလည္း တစ္စုံတစ္ရာ အမ်က္မထြက္ပဲ နင္ေယာက်္ားေကာင္း ဆိုေသာ္ သတ္ၾကအံ့ ဟု ဆို၍ ႏွစ္ေယာက္ သားလုံးေထြး သတ္ပုတ္ၾကပါတယ္။

က်န္းမာ သန္စြမ္းေသာ ေနာင္ေတာ္ ႀကီးအား ယာရွင္ မႏိုင္ပါေလ ၊ အခါခါေအာက္က်၏ ။ အတန္ၾကာေသာ္ ယာရွင္လည္း ေမာလွတာေၾကာင့္ ဘာမွ မတတ္ႏိုင္ပဲ ဘယ္လိုလူလဲ ေတြးကာ ထိုင္ၾကည့္ေနရ ပါတယ္။

ေနာင္ေတာ္ႀကီးကား ၿပဳံးၿပဳံးရယ္ရယ္ ႏွင့္ သခြားသီး စားၿမဲစားေနပါတယ္။ထိုစဥ္ ယာရွင္၏ မိန္းမ ထမင္းပို႔ေရာက္လာတာ ကိုေနာင္ေတာ္ႀကီး ေတြ႕ေတာ့ ေယာက္ဖ ၊ ငါလည္း ထမင္းစား ပါေရစ ဟု ခြင့္ေတာင္းရာ ယာရွင္လည္း ေဒါသ ထြက္ေနတာေၾကာင့္ မစားရဘူး ၊ နင့္ကို မေကြၽးႏိုင္ ဟု ဆိုပါတယ္။

ယာရွင္ မိန္းမက မိမိေယာက်္ားအား လက္ကုတ္ ယာ အျပင္ဘက္မွာ ေ႐ႊ ကေတာင္ႏွင့္ ျမင္းေကာင္း တစ္စီး ခ်ိတ္ထား သည္ကို ငါေတြ႕ခဲ့သည္။ လူသာမည မဟုတ္ ၊ မင္းျဖစ္ပုံရသည္ ၊ ေတြ႕ကရာ မေျပာႏွင့္ ဟု တီးတိုးေျပာပါတယ္။

ေနာက္လိုက္ေနာက္ပါ တို႔မီလာ၍ ေရွ႕ေတာ္တြင္ ဒူးေထာက္ၾကမွ မင္းျဖစ္ေၾကာင္း သိရွိကာ ေၾကာက္လန႔္ ကုန္ၿပီး ရွိခိုးေတာင္းပန္ပါတယ္။

ေနာင္ေတာ္ဘုရား လည္း ၿပဳံးရယ္လ်က္ သင္တို႔ကေတာင္းပန္ ရန္ မရွိ ၊ သင့္ သခြား ကိုလည္း ငါ စားရသည္။ သတ္ပုတ္ၾကသည္ မွာလည္း သေဘာ တူျဖစ္သည္။

ငါကား မင္းျဖစ္ သည္ မွန္၏။ သို႔ေသာ္ မေၾကာက္လင့္။ ယခု သင္ ၏ သျခား မ်ားသည္ အလြန္ အရသာရွိ၏။ ငါ စံရာ ေ႐ႊဘိုသို႔ တစ္ခါ ေလာက္ လာေရာက္ ဆက္ပါဘိ ဟု မိန႔္ေတာ္မူပါတယ္။

လ အတန္ၾကာေသာ္ ယာရွင္ သည္ ေကာင္းႏိုး ရာရာ သခြားသီး မ်ားကို ဆြတ္ခူး ထမ္းေဆာင္လ်က္ ေ႐ႊဘို သို႔သြားေရာက္ ၍ ေနာင္ေတာ္ ႀကီးဘုရား အား ဆက္သေလ၏။

ေနာင္ေတာ္ ဘုရား လည္း ယာရွင္ကို ေမမ့ ဘဲ အလိုရွိရာ ကိုေတာင္းေစတဲ့ အခါ သူႀကီးရဲ႕အာဏာျပမႈကို မၾကာခဏခံေနရတဲ့ ယာရွင္က သူႀကီး ၏ အာဏာ မွ လြတ္လိုပါသည္ ဟုေလွ်ာက္ တင္ ပါတယ္။

ဤ အတြက္ကား ရစိမ့္မည္ ၊ အျခား အလိုရွိသည္ ကိုလည္း ေတာင္းဦးေလာ့ ဟု မိန႔္ေသာ္ လည္း ဤ တစ္ခုကိုရလွ်င္ေက်နပ္ေသာ ယာရွင္သည္ မည္သည့္ဆုကိုမွ ထပ္၍ မေတာင္းေတာ့ တာေၾကာင့္ သူႀကီး အာဏာ မွ လြတ္ေစမည့္ စာခြၽန္လႊာကို လက္မွတ္ ထိုးကာ ယာရွင္ ရဲ႕ေက်းဇူး ကို ဆပ္လိုက္ပါေတာ့တယ္။

ဇာတ္လမ္းက ဒီမွာမၿပီးေသးပါဘူး။ ေနာင္ေတာ္ႀကီးဘုရားနတ္႐ြာစံၿပီး ႏွစ္အတန္ၾကာၿပီးတဲ့ေနာက္ ဘိုးေတာ္ဘုရား(ဗဒုံမင္း)လက္ထက္မွာ မင္းႀကီးဟာ ယာရွင္ရဲ႕ ယာဘက္ကိုေရာက္ပါတယ္။

ေရာက္တဲ့အခါမွာ ေနာင္ေတာ္ရဲ႕လက္ေရးနဲ႔ စာခြၽန္လႊာကိုေတြ႕ၿပီး အမွတ္တရသိမ္းခ်င္လို႔ ယာရွင္ထံကေနေတာင္းပါတယ္။ ယာရွင္က ေမပးပဲ အေၾကာက္အကန္ျငင္းပါတယ္။

ေနာက္ဆုံးမွာ ဘိုးေတာ္ဘုရားက ယာရွင္ အား ငါလည္းဘုရင္ပါပဲကြယ္ ၊ ဒီလိုအမိန႔္မ်ိဳးငါျပန္ေရးပါမယ္ ၊ ေနာင္ေတာ့္ရဲ႕စာခြၽန္လႊာေတာ့ငါ့ကိုျပန္ေပးလိုက္ပါ လို႔ မိန႔္ေတာ့မွ ယာရွင္က သေဘာတူပါတယ္။

မင္းႀကီးေရးေပးခဲ့တဲ့ စာခြၽန္လႊာေၾကာင့္ ယာရွင္ဟာ တစ္သက္လုံး သူႀကီးရဲ႕ဆင့္ေခၚမႈကင္းလြတ္ခြင့္ရၿပီး ေအးခ်မ္းစြာေနသြားရပါတယ္။

ကိုးကား- ျမန္မာ့ဂုဏ္ရည္ ရာဇဝင္ဖတ္စာ အမ်ိဳးသားပညာဝန္ ဦးဖိုးက္ားျမန္မာ့သမိုင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား ေမာင္ၾကည္သန႔္ ျမန္မာ့စြယ္စုံက်မ္း(ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ခင္ဗ်ာ )မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။