ၾကားသိရသမွ်

ဘဝလက်တွဲဖော်ခင်ပွန်းကောင်းတစ်ယောက်ရဖို့အတွက်သာ ဆုတောင်းခဲ့ပေမဲ့ ယင်းအစား ထီဆုကြီးပေါက်သွားခဲ့တဲ့ မိန်းကလေး

ထိုင်းယဉ်ကျေးမှုအရ သန့်ရှင်းသော အရာများဟာ ကျွန်ုပ်တို့၏ဆန္ဒများကို အကောင်အထည်ဖော်ရန် ကူညီပေးသည်ဟုယုံကြည်ထားကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ ဆန္ဒများ ပြည့်စုံပြီးသည်နှင့် အမျှ လှူဖွယ်ပစ္စည်းများဖြင့် ၎င်းတို့ကို ပြန်လည်ဆပ်သရမည်ဖြစ်ပါတယ်။ သန့်ရှင်းသော အရာများဟာ လူအများစု၏ဆန္ဒကို ဖြည့်ဆည်းရန် ကူညီပေးပေမဲ့လည်း၊ တစ်ခါတစ်ရံမှာ ၎င်းတို့ဟာ တစ်ဦးချင်းစီ၏ နှစ်သက်မှုဖြင့် ပြေလည်စေမည့် အကြံအစည်များကို ပေးစွမ်းနိုင်ပါတယ်။ 2022 ခုနှစ် ဇန်နဝါရီလ 27 ရက်နေ့တွင် ထိုင်းနိုင်ငံ Udon Thani မြို့ရှိ Wat Kham Chanot ဘုန်းကြီးကျောင်း၌ ထိုင်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့သည့် “Great” အမည်ရှိ ထိုင်းအမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းဟာ ထိုင်းအင်တာနက်အသုံးပြုသူများကြားတွင်ကျယ်ပြောလာခဲ့ပါတယ်။

.

ထိုင်းရိုးရာအရ အဘိုးနာဂပူစည်သုတ္တန်နှင့် အဘွား နာဂသိဒ္ဓိသုတ္တန် ရုပ်ပွါးတော်ရှေ့၌ အဆိုပါအမျိုးသမီးရဲ့ ရိုးရာအက ဖျော်ဖြေပွဲအပြီးမှာ အဆိုပါ အဖြစ်အပျက်ကို Sanook နှင့် Amarin News ကဲ့သို့သော မီဒီယာအများအပြားအပါအဝင် ဒေသခံများက ၎င်းဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များဖြင့် မျှဝေခဲ့ကြပါတယ်။ Amarin TV ၏အဆိုအရ သူမ ဘာကြောင့် အကဖျော်ဖြေရတာလဲလို့ မေးမြန်းတော့ Great က သူမဟာ ဘတ် ၁ သိန်း ( ဒေါ်လာ ၃,၀၀၇ ) ထီပေါက်ခဲ့လို့ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ Great က အစပိုင်းမှာ ခင်ပွန်းကောင်းတစ်ယောက်ရဖို့အတွက်သာ ဆုတောင်းခဲ့ပေမဲ့လည်း ၊ သန့်ရှင်းသော အရာများက သူမကို ထီပေါက်အောင် ကူညီခြင်းဖြင့် သူမကိုကံကောင်းစေခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

,

ထို့ကြောင့် သူမဟာ ၎င်းဘုရားကျောင်းသို့ ပြန်သွားကာ ရိုးရာအကများဖြင့် ဖျော်ဖြေကာ သူမ၏ ကံကောင်းခြင်းများအတွက် လက်ဆောင်အဖြစ် ပြန်ပေးအပ်ခဲ့တာဘဲဖြစ်ပါတယ်။ ၎င်းဇာတ်လမ်း ပျံ့နှံ့သွားပြီးနောက် Like 6K ကျော်ဖြင့် အင်တာနက်သုံးစွဲသူများဟာ အဆိုပါအမျိုးသမီးအား ထီပေါက်သော နံပါတ်များ ယူဆောင်လာပေးတဲ့ သန့်ရှင်းသော Naga ရုပ်ပွါးတော်က ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း မှတ်ချက်များ ပေးခဲ့ကြပါတယ်။

.

ထို့ပြင် အင်တာနက်အသုံးပြုသူတစ်ဦးက Great ဟာ လှပပြီး ခုဆိုပိုက်ဆံရှိလာပြီဖြစ်တဲ့အတွက် အမျိုးသားများက သူမဆီလာကြပြီး သူမလည်း ခင်ပွန်းကောင်းနှင့်တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သို့ပေမဲ့ အခြားတစ်ဦးကတော့ Great အား ခင်ပွန်းရဖို့ထက် ချမ်းသာလာအောင်လုပ်ဖို့သာ အကြံပြုခဲ့ပါတယ်။ ဒီတော့ ထီပေါက်သွားတဲ့ Great အား ဂုဏ်ပြုလိုပြီး အနာဂတ်မှာ သူမဆန္ဒရှိသည့်အတိုင်း လက်တွဲဖော်ကောင်းကို ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။

Mia (KB Chimmy one)

Reference : thesmartlocal