ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးနီးပါးကိုလွှမ်းမိုးလာတာနှင့်အမျှ Mark များတပ်ခြင်း၊လက်ကိုစနစ်တကျဆေးကြောခြင်း နှင့် လက်သန့်ဆေးရည်သုံးခြင်းတို့ရဲ့အရေးကြီးပုံကို လူတိုင်းလိုလိုက သဘောပေါက်လာခဲ့ကြပါတယ်။
ရောဂါပိုးများမ၀င်နိုင်အောင် အပြင်ထွက်တိုင်း လူတိုင်းက အသက်ရှုလမ်းကြောင်းများဖြစ်တဲ့နှာခေါင်းနှင့်ပါးစပ်တို့ကို ဖုံးအုပ်ထားဖို့လိုအပ်တာကြောင့် Face Mark များရှားပါးလာမှုက ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပေါ်လာနေပြီး Face Mark များကိုလည်း ပုံမှန်ဈေးထက် များစွာဈေးတင်ကာ ရောင်းချလာကြပါတယ်။

၎င်းက အချို့သောလူများအတွက် ပြဿနာမရှိနိုင်ပေမဲ့ အမှိုက်ကောက်ပြီး အသက်မွေးဖို့နဲ့ရှင်သန်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်က အခြားသူတွေလို face mark တစ်ခုဝယ်တပ်ဖို့ ဆိုတာ မလွယ်ကူမှန်းကို ကျွန်တော်တို့အားလုံးက အသေအချာကို သိနေနိုင်ပါတယ်။
ခုလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိလမ်းမကြီးတစ်နေရာမှာ အမျိုးသားတစ်ဦးဟာ သေစေနိုင်တဲ့ဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်ကြားမှ မိမိကိုယ်ကိုကာကွယ်ရန် face mark ကို သူတပ်ထားရမယ့်အစား ဒီရောဂါကြီးရဲ့ကူးစက်မှုမှလုံခြုံစေရန် သူ့ရဲ့သမီးဖြစ်သူအား သူကိုယ်တိုင် အသေအချာလေးတပ်ပေးနေခဲ့တဲ့ဓာတ်ပုံတစ်ပုံဟာ မြင်သူတိုင်းကို အလွန်နာကျင်သွားစေခဲ့ပါတယ်။

“ ဒီမနက်ပဲ ဆေးရုံကိုသွားတဲ့လမ်းမှာ ဒီလူက သူ့သမီးကို face mark လေးတပ်ပေးနေတာကို ငါ တွေ့လိုက်ရတယ် ၊ ဒါက အလွန်နာကျင်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ရတယ် ၊ အစိုးရတွေအနေနဲ့ ဒီလူတွေအတွက် သင့်တော်တဲ့အလေးပေးမှုတွေကို ပြုလုပ်ပေးသင့်တယ် ” လို့ ရေးသားခဲ့ပြီး ထိုဓာတ်ပုံနှင့်အတူ Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ @ceegreen14 က သူ့ account မှာထို့ကဲ့သို့ ပြန်လည်ဝေမျှပေးခဲ့တာပါ။

၎င်းပုံရိပ်ဟာ တကယ်လည်း လူအများရဲ့နှလုံးသားကို နာကျင်စေခဲ့ပါတယ်။ဖိလစ်ပိုင် netizen များက အဆိုပါသားအဖတို့ကို တွေ့ရှိခဲ့တဲ့နေရာလိပ်စာကို မေးမြန်းခဲ့ကြသလို ၎င်းပုံရိပ်နှင့်ပတ်သက်ပြီး ၎င်းတို့ရဲ့အစိုးရအား ယခုလိုကာလမှာ လမ်းပေါ်ရှိဆင်းရဲနွမ်းပါးသူတို့အား တစ်ခုခုစီစဉ်ပေးဖို့အတွက်လည်း တောင်းဆိုနေခဲ့ကြရပါတယ်။
Mia (KBdailynews)
Reference : goodtimes
Zawgyi