ပုဂံဘုရားခိုးသူေတြ ဖမ္းမိၿပီး ႐ုပ္တုေတြ ျပန္လည္ရရွိ
ဧၿပီ ၂၉-၂၀၂၂
ကမၻာအေမြအႏွစ္စာရင္းဝင္ ပုဂံေဒသက ဘုရားအမွတ္ ၄၁၈ နဲ႔ ဘုရားအမွတ္ ၇၁၆ ဘုရားေတြဆီကေန ျဖဳတ္ယူအခိုးခံလိုက္ရတဲ့ ႐ုပ္တုေတြနဲေရွးေဟာင္းပစၥည္းေတြ
ျပန္လည္ရရွိခဲ့သလို ခိုးယူသူေတြကိုလည္း ဖမ္းဆီးရမိထားၿပီျဖစ္တယ္လို႔ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ ဌာနခြဲကေန သိရပါတယ္။
ဘုရားအမွတ္ ၄၁၈ မွ ဦးေခါင္းသုံးလုံးပါ ျဗဟၼာ႐ုပ္တု ၄ ခု ၊ဘုရားအမွတ္ – ၇၁၆ မွျခေသၤ့႐ုပ္တု ၄ခု ၊ ဗုံတီးဟန္႐ုပ္တု ၂ ခု (ဦးေခါင္းနဲ႔အပိုင္းအစအခ်ိဳ႕ ပဲ့)၊
ပလႅင္ထမ္းဟန္ ႐ုပ္တု ၁ ခု၊ကေခ်သည္႐ုပ္တု ၁ ခု၊ အုတ္ခြက္စာပါအုတ္ ၁၉ ခ်ပ္ ၊၂ ေပပတ္လည္ ေက်ာက္ျပားမွာ သမင္႐ုပ္ပုံပါ ၁ ခ်ပ္ကို ရရွိခဲ့တယ္လို႔သိရပါတယ္။
ေရွးေဟာင္းပစၥည္းေတြနဲ႔အတူ ပစၥည္းျဖဳတ္ယူခိုးသူ၊လက္ခံသူ ၊ေရာင္းဝယ္တဲ့ ၆ ေယာက္ကို ဧၿပီ ၁၉ရက္ေန႔ကေန ဧၿပီ၂၈ရက္ေန႔အတြင္းမွာ ဖမ္းဆီးရမိထားတာျဖစ္ၿပီး ဖမ္းမိသူေတြဟာ ပုဂံေညာင္ဦးေဒသခံေတြျဖစ္တယ္လို႔ သိရပါတယ္။
“၁၉ ရက္ကစၿပီး သတင္းရလို႔ ခ်ိတ္ဆက္ေဆာင္ရြက္ရင္း ဖမ္းဆီးရမိတာေပါ့။ ကိုယ္တိုင္ခြာတဲ့သူေရာ၊အေပါင္ခံတဲ့သူေရာ ၊ အထိုင္ပစၥည္းေကာက္တဲ့သူေရာ လက္ရွိမိထားတာေပါ့။
အမွတ္ ၄၁၈ မွာ ေပ်ာက္တာက အရင္မွတ္တမ္းပုံေတြနဲ႔စစ္ေတာ့ ၄ ခုေပ်ာက္တာကို အခု ၄ခုလုံးျပန္ရတယ္။ ၇၁၆ ကလည္း ဗုံတီးအ႐ုပ္ေတြ၊ကေခ်သည္အ႐ုပ္ေတြ အကုန္ရတယ္။
ေနာက္ထပ္လည္း ဆက္စပ္ေတြကိုဆက္လုပ္ေနတယ္” လို႔ ပုဂံေရွးေဟာင္းယဥ္ေက်းမႈဌာနခြဲမွ ညႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။
ေရွးေဟာင္းပစၥည္းေတြကိုေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ျဖဳတ္ယူခိုးေနတာျဖစ္တယ္လို႔ ေရွးေဟာင္းပစၥည္း ခိုးယူသူေတြကို စစ္ေဆးခ်က္ေတြအရ သိရပါတယ္။
ဘုရားအမွတ္ ၄၁၈ နဲ႔ ဘုရားအမွတ္ ၇၁၆ က ႐ုပ္တုေတြ ေပ်ာက္ဆုံးၿပီး ျဖဳတ္ယူအခိုးခံရေၾကာင္းကို ဧၿပီလ ၁၈ ရက္ေန႔က စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
အဲ့ဒီေနာက္ ေပ်ာက္ဆုံးသဲေက်ာက္႐ုပ္တုေတြ ျပန္လည္ရရွိေရးနဲ႔ သတင္းေပါက္ၾကားမႈ မရွိေစေရး နဲ႔ ဆက္စပ္က်ဴးလြန္သူေတြကို ေဖာ္ထုတ္နိုင္ေရး၊
ဆုံးရႈံးသြားတဲ အေမြအႏွစ္ေတြ ျပန္လည္ရရွိေရးအတြက္ သက္ဆိုင္ရာအဖြဲ႕စုံေတြနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ခဲ့သလို ေရွးေဟာင္းပစၥည္းေတြ ျပည္ပကို
တရားမဝင္ေရာက္ရွိမသြားေစဖို႔အတြက္လည္း နိုင္ငံတကာရဲတပ္ဖြဲ႕ (Interpol)နဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့တာေၾကာင့္ ေပ်ာက္ဆုံး႐ုပ္တုေတြျပန္လည္ရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ေရွးေဟာင္းပစၥည္းေရာင္းဝယ္ေဖာက္ကားသူေတြဟာ ပုဂံမွာ ေတာထူ၊ေခ်ာင္က်တဲ့ေနရာက ဘုရားေတြကို
ခရီးသြားျပည္သူအေရာက္အေပါက္နည္းခ်ိန္ အခြင့္ေကာင္းယူကာ ခိုးယူတာေတြလုပ္ေနၾကတာျဖစ္လို႔ ေရွးသုဌာနအေနနဲ႔နံရံေဆးေရးပန္းခ်ီလက္ရာေကာင္းေတြ၊
ရွားပါးလက္ရာ႐ုပ္တုရွိၿပီး ေခ်ာင္က်တဲ့ဘုရားေတြကို စာရင္းေကာက္ယူကာ သံတံခါးေတြတပ္ဆင္ဖို႔လုပ္ေနတယ္လို႔လည္း သိရပါတယ္။
#voiceofmyanmar
#Bagannyaungunews
unicode
ပုဂံဘုရားခိုးသူတွေ ဖမ်းမိပြီး ရုပ်တုတွေ ပြန်လည်ရရှိ
ဧပြီ ၂၉-၂၀၂၂
ကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံဒေသက ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ဘုရားတွေဆီကနေ ဖြုတ်ယူအခိုးခံလိုက်ရတဲ့ ရုပ်တုတွေနဲရှေးဟောင်းပစ္စည်းတွေ
ပြန်လည်ရရှိခဲ့သလို ခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဌာနခွဲကနေ သိရပါတယ်။
ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု ၊ဘုရားအမှတ် – ၇၁၆ မှခြင်္သေ့ရုပ်တု ၄ခု ၊ ဗုံတီးဟန်ရုပ်တု ၂ ခု (ဦးခေါင်းနဲ့အပိုင်းအစအချို့ ပဲ့)၊
ပလ္လင်ထမ်းဟန် ရုပ်တု ၁ ခု၊ကချေသည်ရုပ်တု ၁ ခု၊ အုတ်ခွက်စာပါအုတ် ၁၉ ချပ် ၊၂ ပေပတ်လည် ကျောက်ပြားမှာ သမင်ရုပ်ပုံပါ ၁ ချပ်ကို ရရှိခဲ့တယ်လို့သိရပါတယ်။
ရှေးဟောင်းပစ္စည်းတွေနဲ့အတူ ပစ္စည်းဖြုတ်ယူခိုးသူ၊လက်ခံသူ ၊ရောင်းဝယ်တဲ့ ၆ ယောက်ကို ဧပြီ ၁၉ရက်နေ့ကနေ ဧပြီ၂၈ရက်နေ့အတွင်းမှာ ဖမ်းဆီးရမိထားတာဖြစ်ပြီး ဖမ်းမိသူတွေဟာ ပုဂံညောင်ဦးဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
“၁၉ ရက်ကစပြီး သတင်းရလို့ ချိတ်ဆက်ဆောင်ရွက်ရင်း ဖမ်းဆီးရမိတာပေါ့။ ကိုယ်တိုင်ခွာတဲ့သူရော၊အပေါင်ခံတဲ့သူရော ၊ အထိုင်ပစ္စည်းကောက်တဲ့သူရော လက်ရှိမိထားတာပေါ့။
အမှတ် ၄၁၈ မှာ ပျောက်တာက အရင်မှတ်တမ်းပုံတွေနဲ့စစ်တော့ ၄ ခုပျောက်တာကို အခု ၄ခုလုံးပြန်ရတယ်။ ၇၁၆ ကလည်း ဗုံတီးအရုပ်တွေ၊ကချေသည်အရုပ်တွေ အကုန်ရတယ်။
နောက်ထပ်လည်း ဆက်စပ်တွေကိုဆက်လုပ်နေတယ်” လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်။
ရှေးဟောင်းပစ္စည်းတွေကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြုတ်ယူခိုးနေတာဖြစ်တယ်လို့ ရှေးဟောင်းပစ္စည်း ခိုးယူသူတွေကို စစ်ဆေးချက်တွေအရ သိရပါတယ်။
ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ က ရုပ်တုတွေ ပျောက်ဆုံးပြီး ဖြုတ်ယူအခိုးခံရကြောင်းကို ဧပြီလ ၁၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ပျောက်ဆုံးသဲကျောက်ရုပ်တုတွေ ပြန်လည်ရရှိရေးနဲ့ သတင်းပေါက်ကြားမှု မရှိစေရေး နဲ့ ဆက်စပ်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေး၊
ဆုံးရှုံးသွားတဲ အမွေအနှစ်တွေ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့စုံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့သလို ရှေးဟောင်းပစ္စည်းတွေ ပြည်ပကို
တရားမဝင်ရောက်ရှိမသွားစေဖို့အတွက်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာကြောင့် ပျောက်ဆုံးရုပ်တုတွေပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေဟာ ပုဂံမှာ တောထူ၊ချောင်ကျတဲ့နေရာက ဘုရားတွေကို
ခရီးသွားပြည်သူအရောက်အပေါက်နည်းချိန် အခွင့်ကောင်းယူကာ ခိုးယူတာတွေလုပ်နေကြတာဖြစ်လို့ ရှေးသုဌာနအနေနဲ့နံရံဆေးရေးပန်းချီလက်ရာကောင်းတွေ၊
ရှားပါးလက်ရာရုပ်တုရှိပြီး ချောင်ကျတဲ့ဘုရားတွေကို စာရင်းကောက်ယူကာ သံတံခါးတွေတပ်ဆင်ဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။
#voiceofmyanmar
#Bagannyaungunews