ၾကားသိရသမွ်

ကျောင်းပိတ်ရက်တွေမှာအခြားကလေးတွေလို ဆော့ကစားခြင်းမရှိဘဲ အလေ့ကျပေါက်နေသည့်ကန်စွန်းရွက်လေးတွေကို ခူးယူဆေးကြောပြီးအိမ်နီးချင်းတွေကိုလှူဒါန်းလေ့ရှိသည့်ကလေးငယ်





crd

Unicode

ကျောင်းပိတ်ရက်တွေမှာအခြားကလေးတွေလို ဆော့ကစားခြင်းမရှိဘဲ အလေ့ကျပေါက်နေသည့်ကန်စွန်းရွက်လေးတွေကို ခူးယူဆေးကြောပြီးအိမ်နီးချင်းတွေကိုလှူဒါန်းလေ့ရှိသည့်ကလေးငယ်..

ကလေးတို့၏ သဘာဝကတော့ မိဘတို့မှ ကျောင်းတက်ခိုင်းသည့်အတွက် ကျောင်းသွားရပြီး ကျောင်းကပြန်လာချိန်နှင့် အားလပ်ရက်များတွင် ဆော့ကစားရန်သာတွေးတောနေတတ်ကြပါတယ်။ယခုနောက်ပိုင်းကလေးများဟာဆိုလျှင်အချိန်ရသည်နှင့် ဖုန်းဆော့ကစားရန်သာစိတ်ထဲရှိနေတတ်ကြပါတယ်။

သို့သော်လည်းယခုကလေးငယ်လေးကတော့ ကျောင်းပိတ်ရက်ရသည့်အားလပ်ချိန်လေးများတွင် ဆော့ကစားရန်ဆန္ဒမရှိဘဲ နေအိမ်ခြံထဲမှ ကန်စွန်းရွက်လေးတွေကို ခူးယူပြီးအလှူအတန်းလုပ်ခဲ့ခြင်းပါတယ်။

ကလေးဟာအသက်၇နှစ်အရွယ်သာရှိသေးသော်လည်း ကန်စွန်းရွက်တွေကိုသေချာစွာခူးယူကာ ဆေးကြောသန့်စင်ပြီး အိမ်းနီးချင်းတွေကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။အသက်အရွယ်နှင့်မလိုက်အောင် စေတနာတရားထက်သန်သည့်ကလေးဟာအလွန်ပင်လေးစားဖို့ကောင်းလှပါတယ်။

crd