အမေရိကန်ရဲ့ ကမ်းလှမ်းမှုကိုပယ်ချပြီး ကျွန်တော်လိုတာ လက်နက်ခဲယမ်းပါ တိုက်ပွဲကဒီမှာပါ……seemore
ဘေးကင်းရာ ရွှေ့ပြောင်းပေးမယ်ဆိုတဲ့ အမေရိကန်ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ပယ်ချ
ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ ဇလန်းစကီးက ပယ်ချလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

သမ်္မတဇလန်းစကီးက “တိုက်ပွဲက ဒီမှာပဲ။ ကျွန်တော်လိုတာ လက်နက်ခဲယမ်းပါ” လို့ပြောကြားကြောင်း ဒီပြောကြားချက်ကို တိုက်ရိုက်သိရှိတဲ့ ထောက်လှမ်းရေးအရာရှိတစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနကရေးပါတယ်။
အမေရိကန်အစိုးရဟာ သမ္မတ ဇလန်းစကီးကို ကူညီဖို့ ပြင်ဆင်ခဲ့တယ် လို့ အမေရိကန်နဲ့ ယူကရိန်းနှစ်ဖက် အစိုးရအရာရှိကြီးတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်ကလည်း ရေးပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုအပေါ် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ သူ့ကို လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းမှုတွေရှိနေပါတယ်။
ဟာသသရုပ်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ သမ္မတဇလန်းစကီးက “ကျွန်တော်တို့ကို တိုက်ခိုက်ရင် ကျွန်တော်တို့ရဲ့ မျက်နှာကိုပဲ မြင်ရမယ်။ ကျွန်တော်တို့နောက်ကျောကို မြင်ရမှာမဟုတ်ဘူး” လို့အစောပိုင်းက မိန့်ခွန်းမှာပြောခဲ့ပါတယ်။
မနေ့သောကြာနေ့အစောပိုင်းမှာ သူနဲ့ သူ့ရဲ့ အဓိက လက်ထောက် တာဝန်ရှိသူတွေ မြို့တော်အတွင်းမှာ ရှိနေကြောင်း ပြသတဲ့ ကိုယ်တိုင်ရိုက် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့ပြီး ကိယက်ဗ်မြို့ကနေ သူထွက်ပြေးသွားပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
“ငါတို့အားလုံးဒီမှာရှိပါတယ် ။ ပြီးတော့ ဒီအတိုင်းပဲ ဆက်သွားနေမယ်” လို့လည်း သူကပြောပါတယ်။
BBC
Unicode