မကြာသေးမီက တရုတ်စုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲဟာ မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးရဲ့ အလှနဲ့ သတို့သမီးရဲ့ ညှိုးငယ်နေတဲ့ မျက်နှာကြောင့် လူတွေကို စပ်စုချင်စိတ် ဖြစ်ပေါ်စေပါတယ် ။ သတို့သားကတော့ ဒီလိုချောမောလှပတဲ့ သတို့သမီးလေး ရသွားတဲ့အတွက် ပျော်ရွှင်ရယ်မောနေကြပါတယ် ။ ဒီမိန်းကလေးဟာ အသက် ၁၈ နှစ်သာရှိသေးပြီး လက်ရှိ တရုတ်နိုင်ငံ၊ Dong Huong မှာ နေထိုင်လျက်ရှိပါတယ် ။ဗီဒီယိုမှာပါတဲ့ အကြောင်းအရာအရ သတို့သမီးက ငယ်သေးတာကြောင့် ပထမတော့ သူမက အဆက်မပြတ်ငြင်းဆန်ပြီး လက်ထပ်ဖို့ လက်မခံခဲ့ပါဘူး ။

မိန်းကလေးက သူမရဲ့ထင်မြင်ချက်ကို မိဘများထံ ပြတ်ပြတ်သားသားပြောပြခဲ့ပြီး သတို့သားကို ဆိုးရွားသောစကားများပြောခဲ့ပေမယ့် နောက်ဆုံးတော့ သတို့သားက ကောင်မလေးကို ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ် ။ မင်္ဂလာဆောင်တဲ့နေ့မှာ လူတိုင်းက တောက်ပတဲ့ အပြုံးလေးတွေနဲ့ သတို့သမီးလေးသာ ညှိုးနွမ်းတဲ့မျက်နှာနဲ့ ဝမ်းနည်းနေပါတယ် ။ မိန်းကလေးကသတို့သားရဲ့မျက်နှာကို မကြည့်ဘဲ လျစ်လျူရှုကာ၊ အဲဒီအချိန်မှာ သတို့သားက သူချစ်တဲ့မိန်းကလေးနဲ့ လက်ထပ်ထားတာကြောင့် အလွန်ပျော်ရွှင်နေပါတယ် ။ သတို့သားက စူးစူးဝါးဝါးအော်ပြီး သတို့သမီးကို ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်ပါတယ် ။

ဒီဗီဒီယိုတွေကို ကြည့်လိုက်တော့ အင်တာနက်သုံးစွဲသူတွေဟာ အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ် ။ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးကို မျက်နှာညှိုးငယ်အောင်ထားဖို့ မသင့်တော်ဘူးလို့ လူတွေက ယုံကြည်ကြပြီး ဒါဟာ အနာဂတ်အိမ်ထောင်ရေးမှာ ကံဆိုးစေမယ့်အရာပါ လို့ ဆိုကြပါတယ် ။ ဒါပေမဲ့ သတို့သားက ဘယ်လောက်ပျော်ပြီး သတို့သမီးကို ဘယ်လောက်ချစ်လဲဆိုတာကို ကြည့်ရုံနဲ့ လူတွေက သိနေကြပါတယ် ။

.

.

.

JRose (KB Chimmy one)
Reference : yan
Zawgyi


JRose (KB Chimmy one)



