အမိုက် စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။
လတ်တလောမှာတော့ ရုပ်ရှင်ရိုက်ကူးရေးထက် သူမကိုယ်ပိုင်ထုတ်လုပ်ရေးအတွက် ပိုမိုအားစိုက်နေတာ ပရိသတ်တွေအမြင်ပါပဲ ။
မိုးဟေကိုဟာဆိုရင် ရိုက်ကူးရေးတွေ ခေတ္တရပ်နားထားပေမယ့် သူမချစ်တဲ့ ပရိသတ်တွေနဲ့အဆက်မပြတ်အောင်တော့ သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပရိသတ်တွေကို မကြာခဏ မျှဝေပေးလေ့ရှိပါသေးတယ် ။
ဒီနေ့မှာတော့ သရုပ်ဆောင်မိုးဟေကိုက ဖေဖဝါရီလတစ်ရက်နေ့မှာပြုလုပ်မှာအသံတိတ်သပိတ်မှာပြည်သူတွေအားလုံးပါဝင်နိုင်မယ့်နည်းလမ်းလေးကိုပုံနဲ့တကွမျှဝေထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလတစ်ရက်နေ့ကတော့ မြန်မာနိုင်ငံမှာအာဏာသိမ်းတာတစ်နှစ်ပြည့်ပြီလည်းဖြစ်ပါတယ်။ မိုးဟေကိုပြောတဲ့ နည်းလမ်းလေးအတိုင်းပါဝင်ကြမယ်မလားပရိတ်သတ်ကြီး….။
Zawgyi