(Unicode ဖြင့်ဖတ်ရန်)
ကရင်အဆိုတော်လေး ကောင်းကောင်းကတော့ သီချင်းဆိုကောင်းရုံသာမက သီချင်းရေးမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ကောင်းကောင်းက ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ် ဇူလိုင်လအတွင်းက

အမေရိကန်နိုင်ငံမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ ချစ်ဇနီးနဲ့အတူတူ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိဘတစ်ဦးပီပီ အခုလို တိုင်းပြည်ဆုတ်ယုတ်နေချိန်မှာ သားတွေရဲ့အနာဂတ်အတွက် စိုးရိမ်နေရကြောင်း အခုလိုပဲရင်ဖွင့်လာပါတယ်။
“အာမခံချက်မရှိတဲ့ တိုင်းပြည်မှာ မနက်ဖြန်အတွက်တောင် မတွေးရဲပါဘူး။ ဒါပေမယ့် ဟန်ဆောင်ပြီးပျော်အောင်နေပါတယ်။ တနေနေရာသွားဖို့အခွင့်အရေးရပေမယ့် ဒီနိုင်ငံကို ချစ်လွန်းလို့ ကပ်သပ်ပြီးနေရပေမယ့်

သူတို့တွေရဲ့ အနာဂါတ်အတွက်တော့ စဉ်းတောင်မစဉ်းစားရဲဘူး😥 နှစ်ခြိုက်စွာအိပ်ပါသားငယ်ရယ်….ပါပါးအသက်ရှူနေသ၍ သားတို့အတွက် လုံခြုံစေရပါ့မယ်”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ကောင်းကောင်းကတော့ တိုင်းပြည်က ဆုတ်ယုတ်နေပြီး လူငယ်တွေရဲ့ အနာဂတ်တွေပျောက်ဆုံးနေချိန် လူမမယ်သားလေးတွေရဲ့ အနာဂတ်ကိုလည်း စဉ်းစားပြီး ရင်မောရတဲ့အကြောင်းကို ရင်ဖွင့်ပြောလာခဲ့တာပဲဖြစ်ပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)
ကရင္အဆိုေတာ္ေလး ေကာင္းေကာင္းကေတာ့ သီခ်င္းဆိုေကာင္း႐ုံသာမက သီခ်င္းေရးမွာလည္း တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေကာင္းေကာင္းက ၿပီးခဲ့တဲ့ (၂၀၁၇) ခုႏွစ္ ဇူလိုင္လအတြင္းက
အေမရိကန္နိုင္ငံမွာ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ သူ႕ရဲ႕ ခ်စ္ဇနီးနဲ႕အတူတူ ခ်စ္စရာေကာင္းတဲ့ သားေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ သားႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ မိဘတစ္ဦးပီပီ အခုလို တိုင္းျပည္ဆုတ္ယုတ္ေနခ်ိန္မွာ သားေတြရဲ႕အနာဂတ္အတြက္ စိုးရိမ္ေနရေၾကာင္း အခုလိုပဲရင္ဖြင့္လာပါတယ္။
“အာမခံခ်က္မရွိတဲ့ တိုင္းျပည္မွာ မနက္ျဖန္အတြက္ေတာင္ မေတြးရဲပါဘူး။ ဒါေပမယ့္ ဟန္ေဆာင္ၿပီးေပ်ာ္ေအာင္ေနပါတယ္။ တေနေနရာသြားဖို႔အခြင့္အေရးရေပမယ့္ ဒီနိုင္ငံကို ခ်စ္လြန္းလို႔ ကပ္သပ္ၿပီးေနရေပမယ့္
သူတို႔ေတြရဲ႕ အနာဂါတ္အတြက္ေတာ့ စဥ္းေတာင္မစဥ္းစားရဲဘူး😥 ႏွစ္ၿခိဳက္စြာအိပ္ပါသားငယ္ရယ္….ပါပါးအသက္ရႉေနသ၍ သားတို႔အတြက္ လုံၿခဳံေစရပါ့မယ္”ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။
ေကာင္းေကာင္းကေတာ့ တိုင္းျပည္က ဆုတ္ယုတ္ေနၿပီး လူငယ္ေတြရဲ႕ အနာဂတ္ေတြေပ်ာက္ဆုံးေနခ်ိန္ လူမမယ္သားေလးေတြရဲ႕ အနာဂတ္ကိုလည္း စဥ္းစားၿပီး ရင္ေမာရတဲ့အေၾကာင္းကို ရင္ဖြင့္ေျပာလာခဲ့တာပဲျဖစ္ပါတယ္။



