အမ်ိဳးသမီးေတြရဲ့သေဘာသဘာဝက နားလည္ရေတာ္ေတာ္ကိုခက္ပါတယ္။ အားလံုးနီးပါးျပည့္စံုေနတဲ့သူေတာင္ မိန္းကေလးေတြနဲ့ပတ္သက္လာရင္ သူတို့နွလံုးသားကို ဘယ္လိုသိမ္းပိုက္ရမလဲဆိုတာ ေတြးဆရခက္ေနတတ္ပါတယ္။
အျမဲလိုလို ေယာက်ၤားေလးေတြကိုဆဲြေဆာင္နိုင္မယ့္ မိန္းကေလးေတြရဲ့ပံုစံကိုပဲ ေဖာ္ျပခဲ့ေတာ့ ဒီတစ္ခါမွာေတာ့ မိန္းကေလးေတြရဲ့အာရုံကို ဆဲြေဆာင္နိုင္မယ့္ပံုစံကို တစ္ျပန္ေဖာ္ျပေပးလိုက္ပါတယ္။ေဖာ္ျပထားတဲ့အခ်က္ေတြထဲက တစ္ဝက္ေလာက္ သင္ပိုင္ဆိုင္ေနရင္ကို ေျခလွမ္းတိုးဖို့လမ္းစပါပဲ။ ။
1.ေယာက်ၤားဆန္ျခင္း
ေယာက်ၤားဆန္တယ္ဆိုတဲ့ေနရာမွာ စိတ္ဓာတ္ခိုင္မာျခင္း၊ရက္ေရာေပးကမ္းျခင္း ၊ျမင့္ျမတ္တဲ့စိတ္ထား၊ရဲစြမ္းသတၱိတို့နဲ့ ေပါင္းစပ္ဖဲြ့စည္းထားတဲ့ စိတ္ဓာတ္ကိုဆိုလိုတာ ပါ။ဒီလိုေယာက်ာၤးဆန္တဲ့စိတ္ဓာတ္နဲ့ေယာက်ၤားေလးေတြကို ဘယ္လိုဘယ္ပံုျပည့္စံု တဲ့မိန္းကေလးျဖစ္ျဖစ္ ေခါင္းမခါနိုင္ပါဘူး။
2.ဟာသညဏ္
ဟာသညဏ္ရွိတဲ့ေယာက်ၤားေလးေတြကလည္း ေအးခဲေနတဲ့မိန္းကေလးေတြကိုေတာင္ အရည္ေပ်ာ္ေစနိုင္စြမ္းရွိပါတယ္။ဒါေပမယ့္ အျမဲလိုလိုေပါေတာေတာေနတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။
အျမဲေပါေတာေတာေနသူကိုေတာ့ အထင္မွားနိုင္ျပီး သင္ေျပာသမ်ွစကားေတြကို သူမအ ယံုအၾကည္ရွိေတာ့မွာမဟုတ္ပါ။ဒါေပမယ့္ အေျခအေနအခ်ိန္အခါအလိုက္ ထုတ္သံုးတတ္တဲ့ သင့္ဟာသညဏ္ကိုေတာ့ သူမအသိအမွတ္ျပဳသေဘာက်ပါတယ္။
3.ဂရုစိုက္တတ္ျခင္းနဲ့အာရုံစိုက္တတ္ျခင္း
ဘသူမဆို မိမိကိုဂရုစိုက္တာ၊အာရုံစိုက္တာကို ခံလိုၾကပါတယ္။ထို့အတူပဲ မိန္းကေလးေတြ အေနနဲ့လည္း တခ်ိန္မိမိရင္ေသြးေတြရဲ့ ဖခင္ျဖစ္လာမယ့္သူကို ဂရုစိုက္ေႏြးေထြးတတ္၊ အာရုံစိုက္တတ္သူေတြကိုပဲ ေမ်ွာ္လင့္တတ္ၾကပါတယ္။
4.စိတ္ဆႏၵျပင္းျပျခင္းနဲ့မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ခ်တတ္ျခင္း
ေဝခဲြရခက္တဲ့အေျခအေနေတြၾကားမွာ အမွန္ကန္ဆံုးဆံုးျဖတ္ခ်က္ခ်တတ္သူေတြကို သေဘာက်ၾကသလို ၾကိဳးစားခ်င္စိတ္ျပင္းျပျပီး ပန္းတိုင္ကိုမဆုတ္မနစ္နဲ့သြားေနသူေတြဟာ အမ်ိဳးသမီးေတြသေဘာက်တဲ့အရည္အေသြးပိုင္ရွင္ေတြျဖစ္ပါတယ္။
5.ရက္ေရာေပးကမ္းျခင္း
ဒီေနရာမွာ ေငြေၾကးရက္ေရာတာမ်ိဳးမဟုတ္ပဲ သူမနဲ့ပတ္သက္လာရင္ မိမိအခ်စ္ေတြ ကိုရက္ေရာစြာေပးကမ္းတာမ်ိဳး၊ ပိုဂရုစိုက္တတ္တာမ်ိဳး၊မိမိရဲ့အခ်ိန္ေတြထဲကေန သူမအတြက္ဦးစားေပးမ်ွေဝေပးတတ္သူမ်ိဳးကို သေဘာက်ၾကပါတယ္။
6.Romantic
မိန္းကေလးေတြကို သံလိုက္ဓာတ္လိုဆဲြငင္နိုင္စြမ္းရွိဖို့ မပါမျဖစ္အခ်က္ေလးပါ။သူမကိုအ ခ်ိန္တိုင္း မရုိးပဲခ်စ္ေနေၾကာင္း သိသာေစတဲ့ ရင္ခုန္စရာအစီအစဥ္ေတြနဲ့ အျမဲတမ္းေဖာ္ျပေန တတ္တဲ့ Romanticဆန္တဲ့ ေယာက်ၤားေလးေတြဟာလည္း မိန္းကေလးေတြ ေခါင္းမခါနိုင္ တဲ့သူမ်ိဳးေတြပါ။
7.တမူထူးျခားမွဳ
မိန္းကေလးေတြရဲ့အျမင္မွာ ဘသူနဲ့မွမတူပဲ ကဲြထြက္ေနသူမ်ိဳးကို သူတို့ရဲ့လက္တဲြေဖာ္လို့ သတ္မွတ္ျပီး လြယ္လြယ္နဲ့ေခါင္းညိတ္ေလ့ရွိပါတယ္။
8.နားလည္ေပးတတ္ျခင္း
တစ္ခါတေလမွာလူတိုင္းဆီမွာ စကားတစ္ခြန္းမွမေျပာေပမယ့္၊ မိမိခံစားခ်က္ေတြ ကိုရွွင္းမျပေပမယ့္ မိမိကိုအလိုအေလ်ာက္နားလည္ေပးနိုင္တဲ့သူမ်ိဳးကို ေတာင့္တတတ္ၾကပါ တယ္။ဒါဟာ အတူျဖတ္သန္းတဲ့နွစ္ေတြၾကာေလ သိသာလာတာမ်ိဳးပါ။
ဒါေပမယ့္ တစ္ခါ တေလမွာ တစ္စံုတစ္ေယာက္ကို အျပင္မွာ ခဏခ်င္းဆံုလိုက္ရုံနဲ့ ဟိုးဘဝ မ်ားစြာကတည္းက ရင္းနွီးေနသူလိုမ်ိဳး၊မိမိကိုနားလည္မွဳအျပည့္နဲ့ ေႏြးေထြးမွဳေပးနိုင္မယ့္ သူမ်ိဳးကေတာ့ မိန္းကေလးေတြရင္ကို ဒဲ့ပါပဲ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version # ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေရဲ့သဘောသဘာဝက နားလည်ရတော်တော်ကိုခက်ပါတယ်။ အားလုံးနီးပါးပြည့်စုံနေတဲ့သူတောင် မိန်းကလေးတွေနဲ့ပတ်သက်လာရင် သူတို့နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ တွေးဆရခက်နေတတ်ပါတယ်။
အမြဲလိုလို ယောင်္ကျားလေးတွေကိုဆွဲဆောင်နိုင်မယ့် မိန်းကလေးတွေရဲ့ပုံစံကိုပဲ ဖော်ပြခဲ့တော့ ဒီတစ်ခါမှာတော့ မိန်းကလေးတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မယ့်ပုံစံကို တစ်ပြန်ဖော်ပြပေးလိုက်ပါတယ်။ဖော်ပြထားတဲ့အချက်တွေထဲက တစ်ဝက်လောက် သင်ပိုင်ဆိုင်နေရင်ကို ခြေလှမ်းတိုးဖို့လမ်းစပါပဲ။ ။
1.ယောင်္ကျားဆန်ခြင်း
ယောင်္ကျားဆန်တယ်ဆိုတဲ့နေရာမှာ စိတ်ဓာတ်ခိုင်မာခြင်း၊ရက်ရောပေးကမ်းခြင်း ၊မြင့်မြတ်တဲ့စိတ်ထား၊ရဲစွမ်းသတ္တိတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စိတ်ဓာတ်ကိုဆိုလိုတာ ပါ။ဒီလိုယောကျာၤးဆန်တဲ့စိတ်ဓာတ်နဲ့ယောင်္ကျားလေးတွေကို ဘယ်လိုဘယ်ပုံပြည့်စုံ တဲ့မိန်းကလေးဖြစ်ဖြစ် ခေါင်းမခါနိုင်ပါဘူး။
2.ဟာသညဏ်
ဟာသညဏ်ရှိတဲ့ယောင်္ကျားလေးတွေကလည်း အေးခဲနေတဲ့မိန်းကလေးတွေကိုတောင် အရည်ပျော်စေနိုင်စွမ်းရှိပါတယ်။ဒါပေမယ့် အမြဲလိုလိုပေါတောတောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။
အမြဲပေါတောတောနေသူကိုတော့ အထင်မှားနိုင်ပြီး သင်ပြောသမျှစကားတွေကို သူမအ ယုံအကြည်ရှိတော့မှာမဟုတ်ပါ။ဒါပေမယ့် အခြေအနေအချိန်အခါအလိုက် ထုတ်သုံးတတ်တဲ့ သင့်ဟာသညဏ်ကိုတော့ သူမအသိအမှတ်ပြုသဘောကျပါတယ်။
3.ဂရုစိုက်တတ်ခြင်းနဲ့အာရုံစိုက်တတ်ခြင်း
ဘသူမဆို မိမိကိုဂရုစိုက်တာ၊အာရုံစိုက်တာကို ခံလိုကြပါတယ်။ထို့အတူပဲ မိန်းကလေးတွေ အနေနဲ့လည်း တချိန်မိမိရင်သွေးတွေရဲ့ ဖခင်ဖြစ်လာမယ့်သူကို ဂရုစိုက်နွေးထွေးတတ်၊ အာရုံစိုက်တတ်သူတွေကိုပဲ မျှော်လင့်တတ်ကြပါတယ်။
4.စိတ်ဆန္ဒပြင်းပြခြင်းနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတတ်ခြင်း
ဝေခွဲရခက်တဲ့အခြေအနေတွေကြားမှာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ချတတ်သူတွေကို သဘောကျကြသလို ကြိုးစားချင်စိတ်ပြင်းပြပြီး ပန်းတိုင်ကိုမဆုတ်မနစ်နဲ့သွားနေသူတွေဟာ အမျိုးသမီးတွေသဘောကျတဲ့အရည်အသွေးပိုင်ရှင်တွေဖြစ်ပါတယ်။
5.ရက်ရောပေးကမ်းခြင်း
ဒီနေရာမှာ ငွေကြေးရက်ရောတာမျိုးမဟုတ်ပဲ သူမနဲ့ပတ်သက်လာရင် မိမိအချစ်တွေ ကိုရက်ရောစွာပေးကမ်းတာမျိုး၊ ပိုဂရုစိုက်တတ်တာမျိုး၊မိမိရဲ့အချိန်တွေထဲကနေ သူမအတွက်ဦးစားပေးမျှဝေပေးတတ်သူမျိုးကို သဘောကျကြပါတယ်။
6.Romantic
မိန်းကလေးတွေကို သံလိုက်ဓာတ်လိုဆွဲငင်နိုင်စွမ်းရှိဖို့ မပါမဖြစ်အချက်လေးပါ။သူမကိုအ ချိန်တိုင်း မရိုးပဲချစ်နေကြောင်း သိသာစေတဲ့ ရင်ခုန်စရာအစီအစဉ်တွေနဲ့ အမြဲတမ်းဖော်ပြနေ တတ်တဲ့ Romanticဆန်တဲ့ ယောင်္ကျားလေးတွေဟာလည်း မိန်းကလေးတွေ ခေါင်းမခါနိုင် တဲ့သူမျိုးတွေပါ။
7.တမူထူးခြားမှု
မိန်းကလေးတွေရဲ့အမြင်မှာ ဘသူနဲ့မှမတူပဲ ကွဲထွက်နေသူမျိုးကို သူတို့ရဲ့လက်တွဲဖော်လို့ သတ်မှတ်ပြီး လွယ်လွယ်နဲ့ခေါင်းညိတ်လေ့ရှိပါတယ်။
8.နားလည်ပေးတတ်ခြင်း
တစ်ခါတလေမှာလူတိုင်းဆီမှာ စကားတစ်ခွန်းမှမပြောပေမယ့်၊ မိမိခံစားချက်တွေ ကိုရှင်းမပြပေမယ့် မိမိကိုအလိုအလျောက်နားလည်ပေးနိုင်တဲ့သူမျိုးကို တောင့်တတတ်ကြပါ တယ်။ဒါဟာ အတူဖြတ်သန်းတဲ့နှစ်တွေကြာလေ သိသာလာတာမျိုးပါ။
ဒါပေမယ့် တစ်ခါ တလေမှာ တစ်စုံတစ်ယောက်ကို အပြင်မှာ ခဏချင်းဆုံလိုက်ရုံနဲ့ ဟိုးဘဝ များစွာကတည်းက ရင်းနှီးနေသူလိုမျိုး၊မိမိကိုနားလည်မှုအပြည့်နဲ့ နွေးထွေးမှုပေးနိုင်မယ့် သူမျိုးကတော့ မိန်းကလေးတွေရင်ကို ဒဲ့ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader