အေထြအေထြဗဟုသုတ

အညံ့ဝင္ေနသူမ်ား ကုသိုလ္ကံကို ျမင့္တက္ေစရန္ လုပ္ေပးသင့္ေသာ ဘုရား ယၾတာ

ကောင်းတဲ့ ကုသိုလ်ကံကို မြင့်တက်စေရန် အလိုငှာနှင့် မကောင်းတဲ့ဲအကုသိုလ် ကံကို နည်းပါးပယ်ပျောက်စေရန် အလို့ငှာ ဘုရား ယတြာကို မကြာခဏလုပ်ပေးဖြစ်ပါတယ်။

အဲဒီ ယတြာတွေကတော့-

၁။ ခင်ပွန်းကြီး (၁၀) ပါးကန်တော့ခြင်း။

၂။ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ခြင်း။

၃။ ရေလမ်း၊ ပန်းလမ်း၊ အလင်းလမ်းတို့ဖြင့် မဟာပဌာန်း ပူဇော်ခြင်းတို့ပဲဖြစ်ပါတယ်။

လိုအင်ပြည့်ရာ – ဓါတ်ကြီးလေးပါးယတြာ

ဓာတ်ကြီးလေးပါး ဆိုသည်မှာ-

ပထဝီဓာတ်-(၂၀) ပါး

အာပေါဓာတ်က-(၁၂)ပါး

တေဇောဓာတ်က အပါး(၄)ပါး

ဝါယောဓာတ်က အပါး (၆)ပါး တို့ဖြစ်ပါသည်။

လုပ်ရမည့်နေ့. မိမိ မွေးရက် နံနက်အာရုံတက်ချိန်

ပြင်ဆင်ပုံ……. ခံုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ ပြင်ဆင်ထားရမယ်။

လှူဒါန်းရန်ပစ္စည်းများ

၁။ အရုဏ်မတက်မီ ဆွမ်းတော်ပွဲ (၂၀ )တွင် ဆွမ်းနှင့်အတူ သစ်သီး (၉) မျိုး တစ်စိတ်စီ သို့မဟုတ် ယိ ု(၉) မျိုးနှင့် ပြင်ပါ။

၂။ သောက်တော်ရေ (၁၂) ခွက်

၃။ ဖန်ခွက်သို့မဟုတ် ပန်းအိုးဖြင့် ယပ် (၆) ခု(ပန်းလှူလိုပါက ထည့်နိုင်သည်။)

၄။ အလင်းမီးတိုင် (၄)တိုင်

လှူဒါန်းစဉ်တွင် ရွတ်ဖတ် ပူဇော်ရန် အဆင့်ဆင့် အလှူမတိုင်ခင်တစ်ရက် ညတွင် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တို့နှင့် (၃၁)ဘုံသားတို့အား ကြိုတင်ပင့်ဖိတ်ရပါမည်။

ပင့်ဖိတ်တိုင်တည်ရန်စကား

” ဘုန်းတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ကံတော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တတို့နှင့် ပြည့်စုံတော်မူကြကုန်သော သံ၊ ဂုံ၊ ပ၊ မ (ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ)

ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရား တပည့်တော်/မတို့သည် မနက်ဖြန်မနက်

အာရုဏ်တက်သော အခါတွင် ရှင်တော်မြတ်ဘုရားနှင့်တကွ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ လေးပါး

(ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ) အစရှိသော လက်ဝဲရံ လက်ယျာရံ အဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်း အလှူဒါန အဝဝတို့ကို ကပ်လှူ ပူဇော်လိုပါသောကြောင့် တပည့်တော်တို့အား ချီးမြှောက်ထောက်ပံ့သောအားဖြင့် တပည့်တော်တို့၏အိမ်ဂေဟာသို့ ဓာတ်ကြီးလေးပါးဆွမ်း အလှူခံတော်မူရန်နှင့် ဆွမ်းဘုန်းပေး သုံးဆောင်တော်မူပါရန် တပည့်သံဃာတော်မြတ်များနှင့်တကွကြွတော်မူပါမည့်အကြောင်း ရိုသေမြတ်နိုး လက်ဆုံမိုး၍ရှိခိုးပင့်လျှောက်ပါ၏ အရှင်မြတ်ကြီးဘုရား။ ”

” အစမထင်သော သံသရာ ဘဝ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘဖိုးဖွား ဆရာသမားများအား အစထား၍

ဣဒ္ဓိရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ဘုန်းရှင်ကံရှင်များဖြစ်ကြသော အရိယာဝိဇ္ဇာတို့မှ အစပြုသော အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာနှင့်

ဂန္ဓာရီဝိဇ္ဇာများ……သိကြားဗြဟ္မာ၊ ပဇာပတိ၊ မာတလိ၊ ဝိသကြုံ၊ မဟာဓတရဠ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ အာကာသစိုး၊ ဘုမ္မစိုး၊ (တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ၊သောကြာ စနေ ရာဟု ကိတ်)ဂြိုလ်မင်း အပေါင်းတို့နှင့် တန်ခိုးထင်ရှား နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့်(၃၇)မင်း၊ အတွင်းနတ်၊ အပြင်နတ် မလစ်မလပ် တိုင်းခေတ် စကြာဝဠာ အသင်္ချေ၊အသချာၤ ရေသော်များလှ အနန္တ၌ နေကြ ထင်ရှား နတ်ဝိဇ္ဇာများတို့……

အရိယာ ဂိုဏ်းဝင် ထေရ်အရှင်တို့…..သာသနာပြု ပုဂ္ဂိုလ်ကျော် ဆရာတော်အပေါင်းတို့……သာသနာ့ဂိုဏ်းဝင် သိုက်နန်းရှင်အပေါင်းတို့…..

ရေလမိုင်း ကုန်းလမိုင်း ကောင်းကင်လမိုင်းတို့……လက်ဝဲကိုးသိန်း လက်ယာကိုးသိန်း အတိုင်းမသိအကြွင်းအကျန်မရှိ ကျွန်ုပ်တို့ကဖိတ်ကြားအပ်ပါသည်။

မနြက်ဖန်နံနက် အာရုဏ်တက်သောအခါ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရားတို့နှင့် တကွ တပည့် သံဃာတော်မြတ်များအား ဓာတ်ကြီးလေးပါး အလှူဒါနကိုကပ်လှူ ပူဇော်ပါမည်။

၎င်းအလှူပွဲကို အကျွန်ုပ်တို့နှင့် အတူ ယှဉ်တွဲ၍ပါရမီဖြည့်ဆည်းလှူဒါန်းကြရအောင် အားခဲ၍လာကြပါကုန်လော့။ ရတနာသုံးပါး အားထားကြည်ညိုရန် လာလှည့်ကြပါကုန်လော့။

သရဏဂံုံသီလ ခံယူူဆောက်တည်ရန် လာကြပါကုန်လော့။ ပရိတ် မေတ္တာဘာဝနာ ရိုသေစွာနာကြားရန် လာကြပါကုန်လော့။

သာသနာ့ အောင်ဘိသိက်ပွဲ ဆင်နွှဲလှည့်ကြပါကုန်လော့။ သာသနာ့အောင်စခန်း နိဗ္ဗာန်လမ်း ဖွင့်လှစ်ကြပါကုန်လော့။

အမျိုးဘာသာသာသနာ ဘယာဝေး၍ အေးစေကြောင်း ဆုတောင်းမေတ္တာပို့သရန် လာကြပါကုန်လော့။ ” ဟု တစ်ခေါက် (သို့) သုံးခေါက် ဖိတ်ကြားပါ။

အလှူဒါနအစီအစဉ် မနက် အာရုံမတက်ခင် အိပ်ယာမှထ၍ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၍ သန့််ရှင်းသောအဝတ်များလဲပြီးနောက်လှူဖွယ်များပြင်ဆင်ပါ။ဆွမ်း ရေချမ်းမှလွဲ၍ လှူဖွယ်ပစ္စည်းများ ညကတည်းက ကြိုတင် ခင်းထား ပြင်ထားနိုင်ပါသည်။

ဆက်ကပ်လှူဒါန်းပုံ…..

ဖယောင်းတိုင် လေးတိုင်ကို ထွန်းပါ။ ပြီးတော့ မြတ်ဘုရားနဲ့ ရဟန္တာ အရှင်သူမြတ်တွေကို ပင်ဖိတ်လျှောက် ထားပါ။ ပြီးတော့ ဓာတ်ကြီးလေးပါးဆွမ်းကို ရိုသေစွာ ဆက်ကပ်လှူဒါန်းပါ။ သီလဆောက်တည်ပါ။

မေတ္တာသုတ်တော်၊ မဟာပဌာန်းအကျယ်၊ မဟာသမယသုတ်တော် တို့ကိုရွတ်ဖတ်ပူဇော်ပါ။ နောက် မိမိတို့ မိသားစု ဖြစ်ချင်တာတွေကို ထိုင်ပြီး ကျကျနန ဆုတောင်းပါ။ ဖယောင်းတိုင် မီးညိမ်းရင် စွန့်လို့ရပါပြီ။

စွန့်တဲ့အခါမှာတော့ ဒီအတိုင်းစွန့်လို့ မရဘူး။ စာရွက် အဖြူတစ်ရွက်ပေါ်မှာ ကြီးလေးကြီးစမကို ပုံပါအတိုင်း ရေးပါ။ ပြီးရင် မိမိ၏ အိမ်ရှေ့ ပြောင်ပြောင်တွင် ကြီးလေးကြီးရေးထားသော စာရွက်ပေါ်တွင် စွန့်ရမည်။

စွန့်သောအခါတွင် ရေ ၁၂-ခွက်ကိုလည်း ဘေးပတ်ပတ်လည်တွင် လောင်းချပြီး စွန့်ရမည်။ ယပ် ၆-ချောင်းကိုလည်း ဘေးတွင် စိုက်ထားရမည်။ ပြီးရင် မီးမှာ ကျက်စားသော သတ္တဝါ၊ လေမှာ ကျက်စားသော သတ္တဝါ၊ မြေမှာကျက်စားသော သတ္တဝါ၊ ရေမှာ ကျက်စားသော သတ္တဝါများ အားလုံး ဝလင်အောင် သုံးဆောင်ပြီး လိုရာအရပ်ကို သွားကြပါ။ ကျွန်ုပ်တို့ မိသားစုကိုလည်း စောင့်ရှောက်ကြပါလို့ ရွတ်ဆို၍ စွန့်ရမည်။

အကျိုးဖြစ်ထွန်းစေတာကတော့ ကျွန်မတို့ရဲ့ နေ့စဉ် လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်အောင်မြင်စေပါတယ်။ ပြောစကားဆိုစကားကို အောင်မြင်စေတယ်။ စိတ်နှလုံး ချမ်းမြေ့ပျှော်ရွှင်စေတေယ်။

ဒါကြောင့်် ယတြာချေခြင်းကို ဝါသနာပါ ယုံကြည်ကြသူများအနေနှင့် မိမိတို့ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများ အောင်မြင်စေရန်အတွက် ဤဓာတ်ကြီးလေးပါး ယတြာကို မကြာခဏ ဆောင်ရွက်ပေး နိုင်ပါကြောင်း စေတနာကောင်းဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ရပါတယ်။

စိတ်နှလုံးချမ်းမြေ့ကြပါစေ။

ချစ်တဲ့ ကြည်ကြည်

Zawgyi

ေကာင္းတဲ့ ကုသိုလ္ကံကို ျမင့္တက္ေစရန္ အလိုငွာႏွင့္ မေကာင္းတဲ့ဲအကုသိုလ္ ကံကို နည္းပါးပယ္ေပ်ာက္ေစရန္ အလို႔ငွာ ဘုရား ယၾတာကို မၾကာခဏလုပ္ေပးျဖစ္ပါတယ္။

အဲဒီ ယၾတာေတြကေတာ့-

၁။ ခင္ပြန္းႀကီး (၁၀) ပါးကန္ေတာ့ျခင္း။

၂။ ဓာတ္ႀကီးေလးပါး ဆြမ္းေတာ္ကပ္ျခင္း။

၃။ ေရလမ္း၊ ပန္းလမ္း၊ အလင္းလမ္းတို႔ျဖင့္ မဟာပဌာန္း ပူေဇာ္ျခင္းတို႔ပဲျဖစ္ပါတယ္။

လိုအင္ျပည့္ရာ – ဓါတ္ႀကီးေလးပါးယၾတာ

ဓာတ္ႀကီးေလးပါး ဆိုသည္မွာ-

ပထဝီဓာတ္-(၂၀) ပါး

အာေပါဓာတ္က-(၁၂)ပါး

ေတေဇာဓာတ္က အပါး(၄)ပါး

ဝါေယာဓာတ္က အပါး (၆)ပါး တို႔ျဖစ္ပါသည္။

လုပ္ရမည့္ေန႔. မိမိ ေမြးရက္ နံနက္အာ႐ုံတက္ခ်ိန္

ျပင္ဆင္ပုံ……. ခံုံတစ္လုံးေပၚမွာ စာပြဲခင္း ျဖဴျဖဴသန႔္သန႔္ ခင္းရမယ္။ ၿပီးေတာ့ အဲဒီ ခုံေပၚမွာ ေအာက္ပါ ပစၥည္းေတြ ျပင္ဆင္ထားရမယ္။

လႉဒါန္းရန္ပစၥည္းမ်ား

၁။ အ႐ုဏ္မတက္မီ ဆြမ္းေတာ္ပြဲ (၂၀ )တြင္ ဆြမ္းႏွင့္အတူ သစ္သီး (၉) မ်ိဳး တစ္စိတ္စီ သို႔မဟုတ္ ယိ ု(၉) မ်ိဳးႏွင့္ ျပင္ပါ။

၂။ ေသာက္ေတာ္ေရ (၁၂) ခြက္

၃။ ဖန္ခြက္သို႔မဟုတ္ ပန္းအိုးျဖင့္ ယပ္ (၆) ခု(ပန္းလႉလိုပါက ထည့္ႏိုင္သည္။)

၄။ အလင္းမီးတိုင္ (၄)တိုင္

လႉဒါန္းစဥ္တြင္ ႐ြတ္ဖတ္ ပူေဇာ္ရန္ အဆင့္ဆင့္ အလႉမတိုင္ခင္တစ္ရက္ ညတြင္ ျမတ္စြာဘုရား အမႉးရွိေသာ သံဃာေတာ္တို႔ႏွင့္ (၃၁)ဘုံသားတို႔အား ႀကိဳတင္ပင့္ဖိတ္ရပါမည္။

ပင့္ဖိတ္တိုင္တည္ရန္စကား

” ဘုန္းေတာ္ အနႏၲ၊ ဉာဏ္ေတာ္ အနႏၲ၊ကံေတာ္ အနႏၲ စၾကာဝဠာ ကမာၻေျမမိုး ျဖန္းျဖန္းက်ိဳးမွ် တန္ခိုးေတာ္ အနႏၲတို႔ႏွင့္ ျပည့္စုံေတာ္မူၾကကုန္ေသာ သံ၊ ဂုံ၊ ပ၊ မ (ကကုသန္၊ ေကာဏဂုံ၊ ကႆပ၊ ေဂါတမ)

ဗုဒၶ ေလးဆူ ေအာင္ေတာ္မူ ျမတ္စြာဘုရား တပည့္ေတာ္/မတို႔သည္ မနက္ျဖန္မနက္

အာ႐ုဏ္တက္ေသာ အခါတြင္ ရွင္ေတာ္ျမတ္ဘုရားႏွင့္တကြ ရွင္သာရိပုတၱရာ၊ ရွင္မဟာေမာဂၢလာန္၊ ရွင္မဟာကႆဖ၊ ရွင္ပိေ႑ာလ၊ ရွင္သိဝလိ၊ ရွင္ပိလိႏၵဝစၦ၊ ရွင္ဥပဂုတၱ ေလးပါး

(ရွင္ဥပဂုတၱ၊ ရွင္သာရစကၠ၊ ရွင္သေကာသကၠာ၊ ရွင္ေမဒရ) အစရွိေသာ လက္ဝဲရံ လက္ယ်ာရံ အဂၢသာဝကာ မဟာသာဝကာ တပည့္သံဃာေတာ္ျမတ္တို႔အား ဓာတ္ႀကီးေလးပါးဆြမ္း အလႉဒါန အဝဝတို႔ကို ကပ္လႉ ပူေဇာ္လိုပါေသာေၾကာင့္ တပည့္ေတာ္တို႔အား ခ်ီးေျမႇာက္ေထာက္ပံ့ေသာအားျဖင့္ တပည့္ေတာ္တို႔၏အိမ္ေဂဟာသို႔ ဓာတ္ႀကီးေလးပါးဆြမ္း အလႉခံေတာ္မူရန္ႏွင့္ ဆြမ္းဘုန္းေပး သုံးေဆာင္ေတာ္မူပါရန္ တပည့္သံဃာေတာ္ျမတ္မ်ားႏွင့္တကြႂကြေတာ္မူပါမည့္အေၾကာင္း ႐ိုေသျမတ္ႏိုး လက္ဆုံမိုး၍ရွိခိုးပင့္ေလွ်ာက္ပါ၏ အရွင္ျမတ္ႀကီးဘုရား။ ”

” အစမထင္ေသာ သံသရာ ဘဝ အဆက္ဆက္က ေတာ္စပ္ခဲ့ဖူးေသာ အနႏၲဂိုဏ္းဝင္ ေက်းဇူးရွင္ မိဘဖိုးဖြား ဆရာသမားမ်ားအား အစထား၍

ဣဒၶိရွင္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ဘုန္းရွင္ကံရွင္မ်ားျဖစ္ၾကေသာ အရိယာဝိဇၨာတို႔မွ အစျပဳေသာ အင္းဝိဇၨာ၊ ေဆးဝိဇၨာ၊ ျပဒါးဝိဇၨာ၊ သံဝိဇၨာ၊ မႏၲာန္ဝိဇၨာႏွင့္

ဂႏၶာရီဝိဇၨာမ်ား……သိၾကားျဗဟၼာ၊ ပဇာပတိ၊ မာတလိ၊ ဝိသႀကဳံ၊ မဟာဓတရဠ၊ ဝိ႐ုဠက၊ ဝိ႐ုပကၡ၊ ကုေဝရ၊ အာကာသစိုး၊ ဘုမၼစိုး၊ (တနဂၤေႏြ တနလၤာ အဂၤါ ဗုဒၶဟူး ၾကာသပေတး ၊ေသာၾကာ စေန ရာဟု ကိတ္)ၿဂိဳလ္မင္း အေပါင္းတို႔ႏွင့္ တန္ခိုးထင္ရွား နဂါး၊ ဂဠဳန္၊ ကုမၻဏ္၊ ယကၡ၊ ဂႏၶဗၺႏွင့္(၃၇)မင္း၊ အတြင္းနတ္၊ အျပင္နတ္ မလစ္မလပ္ တိုင္းေခတ္ စၾကာဝဠာ အသေခ်ၤ၊အသခ်ာၤ ေရေသာ္မ်ားလွ အနႏၲ၌ ေနၾက ထင္ရွား နတ္ဝိဇၨာမ်ားတို႔……

အရိယာ ဂိုဏ္းဝင္ ေထရ္အရွင္တို႔…..သာသနာျပဳ ပုဂၢိဳလ္ေက်ာ္ ဆရာေတာ္အေပါင္းတို႔……သာသနာ့ဂိုဏ္းဝင္ သိုက္နန္းရွင္အေပါင္းတို႔…..

ေရလမိုင္း ကုန္းလမိုင္း ေကာင္းကင္လမိုင္းတို႔……လက္ဝဲကိုးသိန္း လက္ယာကိုးသိန္း အတိုင္းမသိအႂကြင္းအက်န္မရွိ ကြၽႏ္ုပ္တို႔ကဖိတ္ၾကားအပ္ပါသည္။

မျႏက္ဖန္နံနက္ အာ႐ုဏ္တက္ေသာအခါ ကကုသန္၊ ေကာဏဂုံ၊ ကႆပ၊ ေဂါတမ ဗုဒၶ ေလးဆူ ေအာင္ေတာ္မူ ျမတ္စြာဘုရားတို႔ႏွင့္ တကြ တပည့္ သံဃာေတာ္ျမတ္မ်ားအား ဓာတ္ႀကီးေလးပါး အလႉဒါနကိုကပ္လႉ ပူေဇာ္ပါမည္။

၎အလႉပြဲကို အကြၽႏ္ုပ္တို႔ႏွင့္ အတူ ယွဥ္တြဲ၍ပါရမီျဖည့္ဆည္းလႉဒါန္းၾကရေအာင္ အားခဲ၍လာၾကပါကုန္ေလာ့။ ရတနာသုံးပါး အားထားၾကည္ညိဳရန္ လာလွည့္ၾကပါကုန္ေလာ့။

သရဏဂံုံသီလ ခံယူူေဆာက္တည္ရန္ လာၾကပါကုန္ေလာ့။ ပရိတ္ ေမတၱာဘာဝနာ ႐ိုေသစြာနာၾကားရန္ လာၾကပါကုန္ေလာ့။

သာသနာ့ ေအာင္ဘိသိက္ပြဲ ဆင္ႏႊဲလွည့္ၾကပါကုန္ေလာ့။ သာသနာ့ေအာင္စခန္း နိဗၺာန္လမ္း ဖြင့္လွစ္ၾကပါကုန္ေလာ့။

အမ်ိဳးဘာသာသာသနာ ဘယာေဝး၍ ေအးေစေၾကာင္း ဆုေတာင္းေမတၱာပို႔သရန္ လာၾကပါကုန္ေလာ့။ ” ဟု တစ္ေခါက္ (သို႔) သုံးေခါက္ ဖိတ္ၾကားပါ။

အလႉဒါနအစီအစဥ္ မနက္ အာ႐ုံမတက္ခင္ အိပ္ယာမွထ၍ မ်က္ႏွာသစ္၊ ကိုယ္လက္သန႔္စင္၍ သန္႔္ရွင္းေသာအဝတ္မ်ားလဲၿပီးေနာက္လႉဖြယ္မ်ားျပင္ဆင္ပါ။ဆြမ္း ေရခ်မ္းမွလြဲ၍ လႉဖြယ္ပစၥည္းမ်ား ညကတည္းက ႀကိဳတင္ ခင္းထား ျပင္ထားႏိုင္ပါသည္။

ဆက္ကပ္လႉဒါန္းပုံ…..

ဖေယာင္းတိုင္ ေလးတိုင္ကို ထြန္းပါ။ ၿပီးေတာ့ ျမတ္ဘုရားနဲ႔ ရဟႏၲာ အရွင္သူျမတ္ေတြကို ပင္ဖိတ္ေလွ်ာက္ ထားပါ။ ၿပီးေတာ့ ဓာတ္ႀကီးေလးပါးဆြမ္းကို ႐ိုေသစြာ ဆက္ကပ္လႉဒါန္းပါ။ သီလေဆာက္တည္ပါ။

ေမတၱာသုတ္ေတာ္၊ မဟာပဌာန္းအက်ယ္၊ မဟာသမယသုတ္ေတာ္ တို႔ကို႐ြတ္ဖတ္ပူေဇာ္ပါ။ ေနာက္ မိမိတို႔ မိသားစု ျဖစ္ခ်င္တာေတြကို ထိုင္ၿပီး က်က်နန ဆုေတာင္းပါ။ ဖေယာင္းတိုင္ မီးညိမ္းရင္ စြန႔္လို႔ရပါၿပီ။

စြန႔္တဲ့အခါမွာေတာ့ ဒီအတိုင္းစြန႔္လို႔ မရဘူး။ စာ႐ြက္ အျဖဴတစ္႐ြက္ေပၚမွာ ႀကီးေလးႀကီးစမကို ပုံပါအတိုင္း ေရးပါ။ ၿပီးရင္ မိမိ၏ အိမ္ေရွ႕ ေျပာင္ေျပာင္တြင္ ႀကီးေလးႀကီးေရးထားေသာ စာ႐ြက္ေပၚတြင္ စြန႔္ရမည္။

စြန႔္ေသာအခါတြင္ ေရ ၁၂-ခြက္ကိုလည္း ေဘးပတ္ပတ္လည္တြင္ ေလာင္းခ်ၿပီး စြန႔္ရမည္။ ယပ္ ၆-ေခ်ာင္းကိုလည္း ေဘးတြင္ စိုက္ထားရမည္။ ၿပီးရင္ မီးမွာ က်က္စားေသာ သတၱဝါ၊ ေလမွာ က်က္စားေသာ သတၱဝါ၊ ေျမမွာက်က္စားေသာ သတၱဝါ၊ ေရမွာ က်က္စားေသာ သတၱဝါမ်ား အားလုံး ဝလင္ေအာင္ သုံးေဆာင္ၿပီး လိုရာအရပ္ကို သြားၾကပါ။ ကြၽႏ္ုပ္တို႔ မိသားစုကိုလည္း ေစာင့္ေရွာက္ၾကပါလို႔ ႐ြတ္ဆို၍ စြန႔္ရမည္။

အက်ိဳးျဖစ္ထြန္းေစတာကေတာ့ ကြၽန္မတို႔ရဲ႕ ေန႔စဥ္ လုပ္ေဆာင္ေနတဲ့ စီးပြားေရး လုပ္ငန္းေဆာင္တာေတြကို တိုးတက္ေအာင္ျမင္ေစပါတယ္။ ေျပာစကားဆိုစကားကို ေအာင္ျမင္ေစတယ္။ စိတ္ႏွလုံး ခ်မ္းေျမ့ေပွ်ာ္႐ႊင္ေစေတယ္။

ဒါေၾကာင့္္ ယၾတာေခ်ျခင္းကို ဝါသနာပါ ယုံၾကည္ၾကသူမ်ားအေနႏွင့္ မိမိတို႔ မိသားစု စီးပြားေရး လုပ္ငန္းေဆာင္တာမ်ား ေအာင္ျမင္ေစရန္အတြက္ ဤဓာတ္ႀကီးေလးပါး ယၾတာကို မၾကာခဏ ေဆာင္႐ြက္ေပး ႏိုင္ပါေၾကာင္း ေစတနာေကာင္းျဖင့္ ျပည့္ျပည့္စုံစုံ ေဖာ္ျပေပးလိုက္ရပါတယ္။

စိတ္ႏွလုံးခ်မ္းေျမ့ၾကပါေစ။

ခ်စ္တဲ့ ၾကည္ၾကည္