ျပည္တြင္းသတင္း

ယေန႔ညေနပိုင္း လူသုံးဦးေသဆုံးေစခဲ့သည့္ YBS (40) ယာဥ္တိုက္မႈမွ ယာဥ္ေမာင္းကို ဘားအံတြင္ ဖမ္းမိ

လူသုံးဦးေသဆုံးေစခဲ့သည့္ ယာဥ္တိုက္မႈမွ YBS ယာဥ္ေမာင္းကို ဘားအံတြင္ ယေန႔ညေနပိုင္း ဖမ္းမိ

လူသုံးဦးေသဆုံးေစခဲ့တဲ့ ဆင္မလိုက္သ‌ေဘာ္က်င္းမွတ္တိုင္အနီး ယာဥ္တိုက္မႈျဖစ္စဥ္က ထြက္ေျပးေနတဲ့ YBS (40) ယာဥ္ေမာင္းျဖစ္သူကို ဘားအံၿမိဳ႕မွာ ဒီကေန႔ ဇြန္ (၆) ရက္၊ ညေန ၃ နာရီက ဖမ္းမိၿပီ ျဖစ္တယ္လို႔ အမွတ္ (၇) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး ရဲမႉးမ်ိဳးေအာင္ျမင့္က One News ကို အတည္ျပဳေျပာပါတယ္။

အခင္းျဖစ္ၿပီး ေလးရက္အၾကာ သတင္းရရွိခ်က္အရ ရဲတပ္ဖြဲ႕က ဘားအံၿမိဳ႕၊ နာရီစင္အနီးမွာ ေစာင့္ဆိုင္းစဥ္ YBS (40) ယာဥ္ေမာင္း ေဇာ္ထက္ (ေခၚ) ေဇာ္မ်ိဳးထက္ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္တယ္လို႔ ရဲမႉးမ်ိဳးေအာင္ျမင့္က ဆိုပါတယ္။

ဖမ္းမိတဲ့ ယာဥ္ေမာင္း ေဇာ္မ်ိဳးထက္ကို ရန္ကုန္သို႔ ေခၚေဆာင္လာေနၿပီ ျဖစ္တယ္လို႔လည္း ရဲမႉး မ်ိဳးေအာင္ျမင့္က ေျပာပါတယ္။အခုအမႈျဖစ္စဥ္ဟာ ဇြန္ (၂) ရက္၊ မနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ (၄) ရပ္ကြက္၊ ဆင္မလိုက္ သေဘာ္က်င္းမွတ္တိုင္အနီး ….

ဘုရင့္ေနာင္လမ္းေပၚမွာ YBS (40) ယာဥ္က အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြန္ကရစ္တုံးကို ေက်ာ္လြန္ၿပီး တစ္ဖက္ယာဥ္ေၾကာေရာက္ရွိကာ အဌားကားကို ဝင္ေရာက္တိုက္မိခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ ယာဥ္တိုက္မႈေၾကာင့္ အသက္ (၃၅) ႏွစ္ခန႔္အ႐ြယ္ အဌားကားေမာင္းသူ နဲ႔ အသက္ (၃၀) ခန႔္အ႐ြယ္ ခရီးသည္ အမ်ိဳးသား တစ္ဦး၊ အမ်ိဳးသမီး တစ္ဦး စုစုေပါင္း (၃) ဦး ေသဆုံးခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီးကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

အဲဒီအမႈနဲ႔ ပတ္သက္ၿပီး ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွာ ယာဥ္ေမာင္းကို ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ မဆင္မျခင္ေမာင္းႏွင္မႈ၊ သတင္းေပးရန္ ပ်က္ကြက္မႈစတဲ့ ပုဒ္မသုံးခုနဲ႔ အမႈဖြင့္ထားပါတယ္။

သတင္း- ေဝယံထက္ဝင္း / ဓာတ္ပုံ – Aung Gyi(FB)၊ MFSD

unicode

လူသုံးဦးသေဆုံးစေခဲ့သည့် ယာဉ်တိုက်မှုမှ YBS ယာဉ်မောင်းကို ဘားအံတွင် ယနေ့ညနေပိုင်း ဖမ်းမိ

လူသုံးဦးသေဆုံးစေခဲ့တဲ့ ဆင်မလိုက်သ‌ဘော်ကျင်းမှတ်တိုင်အနီး ယာဉ်တိုက်မှုဖြစ်စဉ်က ထွက်ပြေးနေတဲ့ YBS (40) ယာဉ်မောင်းဖြစ်သူကို ဘားအံမြို့မှာ ဒီကနေ့ ဇွန် (၆) ရက်၊ ညနေ ၃ နာရီက ဖမ်းမိပြီ ဖြစ်တယ်လို့ အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က One News ကို အတည်ပြုပြောပါတယ်။

အခင်းဖြစ်ပြီး လေးရက်အကြာ သတင်းရရှိချက်အရ ရဲတပ်ဖွဲ့က ဘားအံမြို့၊ နာရီစင်အနီးမှာ စောင့်ဆိုင်းစဉ် YBS (40) ယာဉ်မောင်း ဇော်ထက် (ခေါ်) ဇော်မျိုးထက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ရဲမှူးမျိုးအောင်မြင့်က ဆိုပါတယ်။

ဖမ်းမိတဲ့ ယာဉ်မောင်း ဇော်မျိုးထက်ကို ရန်ကုန်သို့ ခေါ်ဆောင်လာနေပြီ ဖြစ်တယ်လို့လည်း ရဲမှူး မျိုးအောင်မြင့်က ပြောပါတယ်။အခုအမှုဖြစ်စဉ်ဟာ ဇွန် (၂) ရက်၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၄) ရပ်ကွက်၊ ဆင်မလိုက် သဘော်ကျင်းမှတ်တိုင်အနီး ….

ဘုရင့်နောင်လမ်းပေါ်မှာ YBS (40) ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကွန်ကရစ်တုံးကို ကျော်လွန်ပြီး တစ်ဖက်ယာဉ်ကြောရောက်ရှိကာ အဌားကားကို ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကြောင့် အသက် (၃၅) နှစ်ခန့်အရွယ် အဌားကားမောင်းသူ နဲ့ အသက် (၃၀) ခန့်အရွယ် ခရီးသည် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းမှာ ယာဉ်မောင်းကို ပေါ့လျော့မှုကြောင့် လူသေမှု၊ မဆင်မခြင်မောင်းနှင်မှု၊ သတင်းပေးရန် ပျက်ကွက်မှုစတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပါတယ်။

သတင်း- ဝေယံထက်ဝင်း / ဓာတ်ပုံ – Aung Gyi(FB)၊ MFSD