က်မၼာေရး ဗဟုသုတ

လည်ပင်းကြီးရောဂါကို တန်ဘိုးမကြီးသော ရိုးရာ တိုင်းရင်းဆေးနည်းဖြင့် သက်သာစေတဲ့နည်း

လည်ပင်းကြီးရောဂါကို တန်ဘိုးမကြီးသော ရိုးရာ တိုင်းရင်းဆေးနည်းဖြင့် သက်သာစေတဲ့နည်း

လည်ပင်းကြီးရောဂါ.. တဖြည်းဖြည်း ကြီးလာတာ ၅ နှစ်ရှိပြီဟုပြောပါသည်။ မန္တလေးမြို့ စိန်ပန်းရပ်မှ ဖြစ်ပါသည်။ အင်္ဂလိပ်ဆေးလည်း နေ့စဉ်စားနေပါသည်။ လက်လုပ်လက်စားဖြစ်၍ စစ်ကိုင်း သီတဂူဆေးရုံသို့သွားပြသည်.. ပေးသည့်ဆေးကို နေ့စဉ်တစ်ကြိမ်စားရသည်ဟု ဆိုသည်။ ဆေးကလည်း ဈေးမကြီးပါ။

စားခဲ့တာ တစ်နှစ်ကျော်။ သိပ်လည်း မထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟု ဆိုသည်။ အဘယ့်ကြောင့် တိုင်းရင်းဆေးခန်းလာပြရသလဲ မေးကြည့်သောအခါ.. ဆရာ့ဆေးခန်းက ဆေးနဲ့ပျောက်သွားတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့လို့ဟု ပြောသည်။ ဆရာက လည်ပင်းကြီး မကုဖူးပါဟုပြောသည်။

ပျောက်သူအဒေါ်ကြီးက ကိုယ်တိုင်ပြောသည်။ စစ်ကိုင်းနယ်ဖက်မှ ဖြစ်သည်။ ဒူးနာ၍ မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းကုရန် အမျိုးဘုန်းကြီးက ခေါ်ကုပေးခြင်းဖြစ်သည်။ ဆရာ့ထံတွင် ကုသရင်း ရောဂါမှာ ဒူးနာဖြစ်သော်လည်း တောရွာများတွင် ဖြစ်လေ့ရှိပြီး ကုသလေ့မရှိကြသော လည်ပင်းကြီးဖြစ်နေသည်ကို ဆရာကတွေ့သဖြင့် ပျောက်လိုပျောက်ငြား လိမ်းကြည့်ပါဟု ဆေးမြစ်ကလေး ပေးလိုက်ပါသည်။ ကျားမနိုင်ဆေးမြစ်ဟု ခေါ်ပါသည်။

လည်ပင်းတွင်လိမ်းရာ သက်သာပြီး အသက်ရှူကောင်းလာသဖြင့် ရေရှည်နေ့စဉ်လိမ်းပါသည်။ ရွှေစာရံဘုရားပွဲတွင် ဆရာပေးလိုက်သည့် ဆေးမြစ်မျိုးရောင်းသည်ကို တွေ့သဖြင့် များများဝယ်ထားပြီး ဆက်လိမ်းပါသည်။ အကုန်အစင်ပျောက်သွားပြီဟု မဆိုနိုင်သော်လည်း သူ့လည်ပင်းမှာ ကြည့်ပျော်ရှုပျော်အနေအထားသို့ ရောက်လာကြောင်းပြောပြ၍ လာပြသည်ဟု ပြောပါသည်။ အိုင်အိုဒင်းဓာတ်ချို့တဲ့၍ ဖြစ်သည်ဟုဆိုသော လည်ပင်းကြီးရောဂါမှာ ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင် အဖြစ်များပါသည်။

ကျားမနိုင်သည် နွယ်ပင်ကြီးဖြစ်ပါသည်။ ထက်ပိုင်းဖြတ်လိုက်သောအခါ ထိပ်တွင် ကျားခြေရာကဲ့သို့ ပုံပါသဖြင့် ကျားမနိုင်ဆေးနွယ်မြစ်ဟု ခေါ်ခြင်းဖြစ်သည်။ ရွှေစာရံဘုရားပွဲတွင် တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင် သွေးပြီးကွင်းနိုင်သည်။

ဝက်ခြံဖုများ ပျောက်သည်။ အပူဖု အကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ်သည် အပူမလောင်ပါ။ အရောင်ကျစေသည် သက်တံ့နာကိုပင် နိုင်သည်။ အပြင်ထွက်သည့်လိပ်ခေါင်းကိုပင် သွေးပြီးလိမ်းလျှင် ပျောက်သည်ဟု ပြောရောင်းကြသည်ကို တွေ့ရပါသည်။ အနောက်တိုင်းဆေးနှင့်ပင် တစ်သက်လုံးဆေးစားရမည့် အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက် တန်ဘိုးမကြီးသော ရိုးရာဆေးနည်းတိုဖြင့် မပျောက်သည့်တိုင် သက်သာပြီးကြည့်ပျော်ရှုပျော် ဖြစ်သွားသည်ဆိုလျှင် တင်ပြရသည့်အတွက် ကုသိုလ်ရမည်ထင်ပါသည်။

ကြည်လွင်မြင့် (မုဒြာ)

လည္ပင္းႀကီးေရာဂါကို တန္ဘိုးမႀကီးေသာ ရိုးရာ တိုင္းရင္းေဆးနည္းျဖင့္ သက္သာေစတဲ့နည္း

လည္ပင္းႀကီးေရာဂါ.. တျဖည္းျဖည္း ႀကီးလာတာ ၅ ႏွစ္ရွိၿပီဟုေျပာပါသည္။ မႏၲေလးၿမိဳ႕ စိန္ပန္းရပ္မွ ျဖစ္ပါသည္။ အဂၤလိပ္ေဆးလည္း ေန႔စဥ္စားေနပါသည္။ လက္လုပ္လက္စားျဖစ္၍ စစ္ကိုင္း သီတဂူေဆး႐ုံသို႔သြားျပသည္.. ေပးသည့္ေဆးကို ေန႔စဥ္တစ္ႀကိမ္စားရသည္ဟု ဆိုသည္။ ေဆးကလည္း ေဈးမႀကီးပါ။

စားခဲ့တာ တစ္ႏွစ္ေက်ာ္။ သိပ္လည္း မထူးျခားအနည္းငယ္ပိုႀကီးလာသည္ထင္သည္ဟု ဆိုသည္။ အဘယ့္ေၾကာင့္ တိုင္းရင္းေဆးခန္းလာျပရသလဲ ေမးၾကည့္ေသာအခါ.. ဆရာ့ေဆးခန္းက ေဆးနဲ႔ေပ်ာက္သြားတဲ့ အေဒၚႀကီးတစ္ေယာက္နဲ႔ ေတြ႕ခဲ့လို႔ဟု ေျပာသည္။ ဆရာက လည္ပင္းႀကီး မကုဖူးပါဟုေျပာသည္။

ေပ်ာက္သူအေဒၚႀကီးက ကိုယ္တိုင္ေျပာသည္။ စစ္ကိုင္းနယ္ဖက္မွ ျဖစ္သည္။ ဒူးနာ၍ မႏၲေလးဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ တည္းကုရန္ အမ်ိဳးဘုန္းႀကီးက ေခၚကုေပးျခင္းျဖစ္သည္။ ဆရာ့ထံတြင္ ကုသရင္း ေရာဂါမွာ ဒူးနာျဖစ္ေသာ္လည္း ေတာရြာမ်ားတြင္ ျဖစ္ေလ့ရွိၿပီး ကုသေလ့မရွိၾကေသာ လည္ပင္းႀကီးျဖစ္ေနသည္ကို ဆရာကေတြ႕သျဖင့္ ေပ်ာက္လိုေပ်ာက္ျငား လိမ္းၾကည့္ပါဟု ေဆးျမစ္ကေလး ေပးလိုက္ပါသည္။ က်ားမနိုင္ေဆးျမစ္ဟု ေခၚပါသည္။

လည္ပင္းတြင္လိမ္းရာ သက္သာၿပီး အသက္ရႉေကာင္းလာသျဖင့္ ေရရွည္ေန႔စဥ္လိမ္းပါသည္။ ေရႊစာရံဘုရားပြဲတြင္ ဆရာေပးလိုက္သည့္ ေဆးျမစ္မ်ိဳးေရာင္းသည္ကို ေတြ႕သျဖင့္ မ်ားမ်ားဝယ္ထားၿပီး ဆက္လိမ္းပါသည္။ အကုန္အစင္ေပ်ာက္သြားၿပီဟု မဆိုနိုင္ေသာ္လည္း သူ႔လည္ပင္းမွာ ၾကည့္ေပ်ာ္ရႈေပ်ာ္အေနအထားသို႔ ေရာက္လာေၾကာင္းေျပာျပ၍ လာျပသည္ဟု ေျပာပါသည္။ အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့၍ ျဖစ္သည္ဟုဆိုေသာ လည္ပင္းႀကီးေရာဂါမွာ ပင္လယ္ႏွင့္ေဝးေသာအရပ္ေဒသမ်ားတြင္ အျဖစ္မ်ားပါသည္။

က်ားမနိုင္သည္ ႏြယ္ပင္ႀကီးျဖစ္ပါသည္။ ထက္ပိုင္းျဖတ္လိုက္ေသာအခါ ထိပ္တြင္ က်ားေျခရာကဲ့သို႔ ပုံပါသျဖင့္ က်ားမနိုင္ေဆးႏြယ္ျမစ္ဟု ေခၚျခင္းျဖစ္သည္။ ေရႊစာရံဘုရားပြဲတြင္ ေတာထြက္ေတာင္ထြက္ေဆးပင္ေဆးျမစ္ေရာင္းခ်သူမ်ားက ရိုးရာေဆးအသုံးအျဖစ္ မ်က္စိနာလၽွင္ ေသြးၿပီးကြင္းနိုင္သည္။

ဝက္ၿခံဖုမ်ား ေပ်ာက္သည္။ အပူဖု အက်ိတ္မ်ားေၾကသည္။အေအးေဆးျမစ္ျဖစ္သည္ အပူမေလာင္ပါ။ အေရာင္က်ေစသည္ သက္တံ့နာကိုပင္ နိုင္သည္။ အျပင္ထြက္သည့္လိပ္ေခါင္းကိုပင္ ေသြးၿပီးလိမ္းလၽွင္ ေပ်ာက္သည္ဟု ေျပာေရာင္းၾကသည္ကို ေတြ႕ရပါသည္။ အေနာက္တိုင္းေဆးႏွင့္ပင္ တစ္သက္လုံးေဆးစားရမည့္ အိုင္အိုဒင္းခ်ိဳ႕တဲ့လည္ပင္းႀကီးေရာဂါအတြက္ တန္ဘိုးမႀကီးေသာ ရိုးရာေဆးနည္းတိုျဖင့္ မေပ်ာက္သည့္တိုင္ သက္သာၿပီးၾကည့္ေပ်ာ္ရႈေပ်ာ္ ျဖစ္သြားသည္ဆိုလၽွင္ တင္ျပရသည့္အတြက္ ကုသိုလ္ရမည္ထင္ပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)