ၾကားသိရသမွ်

မင်္ဂလာဆောင်နေစဉ် သတိုးသားက ဒူးထောက်ပြီး မင်္ဂလာပန်းစီးပေးတာကို မယူဘဲ လူအများ၏ရှေ့တွင် သတိုးသားကို တမင်သက်သက်အရှက်ခွဲခဲ့သည့် သတိုးသမီး

ကမ္ဘာပေါ်ရှိ ကွာပြားလှသော နေရာဒေသများကြောင့် မင်္ဂလာဆောင်အခမ်းအနားကျင်းပပုံများဟာလည်း တူညီမှုမရှိပေ။

ယခုတွင် မင်္ဂလာပွဲတစ်ခု၌ ကျင်းပခဲ့ပုံဟာ လူအများ၏ရှေ့တွင် သတိုးသမီးအတွက် သတိုးသားက ပန်းစီးပေးပြီး မင်္ဂလာပွဲလေးကို အဓိပ္ပါယ်ပြည့်စုံစေတာဖြစ်ပါတယ်။

ထို့ကြောင့်လည်း သတိုးသားဟာ သတိုးသမီးလေးကို ဒူးထောက်ပြီး လက်ထပ်ခြင်းကို လက်ခံပေးပါဟု မင်္ဂလာဆောင်ပန်းစီးလေးဖြင့် ခွင့်တောင်းခဲ့ပါတယ်။

ထိုအခါ သတိုးသမီးလေးက ပန်းစီးကို လုံးဝမယူဘဲ ဒီအတိုင်းရပ်ကြည့်နေခဲ့ပါတယ်။အချိန်ကြာလာသည်အထိ သတိုးသမီးက ပန်းစီးကိုမယူဘဲနေခဲ့သည့်အတွက် သတိုးသားဟာလည်း လူအများ၏ရှေ့တွင် အရှက်ခွဲခံလိုက်ရကြောင်း သိရှိခဲ့ရပါတယ်။

သတိုးသမီးဟာ ချစ်ကြိုက်ခဲ့ပြီး မင်္ဂလာပွဲကျင်းပသည့်အချိန်ရောက်မှ ပြုမူခဲ့ပုံဟာ အံ့အားသင့်ဖို့ ကောင်းလှပါတယ်။

unicode

