ဒကာႀကီးရယ္ လမ္းမွာ ကိုရင္ေတြေတြ႕ရင္ ေခၚတင္ပါ…ဒကာႀကီးတို႔ကားက ရွားတယ္ေလ၊ သူတို႔ သြားရလာရခက္မွာေပါ့ တဲ့
“ကိုရင္ေတြ ျပန္ဆင္း ျပန္ဆင္း၊ ကားေပၚမွာ ဦးဇင္းေတြမ်ားေနၿပီ၊ ေနာက္ကားပဲ ေစာင့္စီးေတာ့။”
ဒ႐ိုင္ဘာရဲ႕ ခပ္မာမာစကားအဆုံး ကားလာလို႔ အေျပးေလးတက္လာတဲ့ သပိတ္ကိုယ္စီနဲ႔ ကိုရင္ငယ္ေလး ႏွစ္ပါးျပန္ဆင္းလိုက္ရတယ္။
သူတို႔ေနာက္က လူဝတ္ေၾကာင္ေတြကို ေရွာင္ရင္း အရိပ္ရတဲ့ အုတ္တံတိုင္းနံေဘး ေျပးကပ္ရင္းေနရိပ္ခိုေနၾကတယ္။
အရင္မွတ္တိုင္က တက္လာတဲ့ ကိုရင္ႀကီးေလးေတြကေတာ့ မ်က္ႏွာေလးေတြ ငုံ႔လို႔။ကားေပၚပါလာတဲ့ ကိုယ့္မွာ ကိုရင္ေလးေတြကို လွမ္းၾကည့္ရင္း အလိုလို မ်က္ရည္ဝဲလာမိတယ္။
ခံစားလြယ္တယ္ဆိုရမလား၊ စိတ္မေကာင္းလြန္းလို႔ အသားေတြေရာ ဒူးေတြေရာ တုန္လို႔။ဒါနဲ႔ ဒ႐ိုင္ဘာဒကာႀကီးအနားသြားအိတ္ထဲက တေထာင္က်ပ္ထုတ္ၿပီး
“ဒကာႀကီးရယ္ လမ္းမွာ ကိုရင္ေတြေတြ႕ရင္ ေခၚတင္ပါ….ဒကာႀကီးတို႔ကားက ရွားတယ္ေလ၊သူတို႔ သြားရလာရခက္မွာေပါ့၊
ဆရာေလး တေထာင္လႉထားခဲ့ပါ့မယ္”လို႔ ေျပာၿပီး ပုံးထဲကို တေထာင္ထည့္ေတာ့ ဒကာႀကီးက“တင္ပါ ဆရာေလး”လို႔ ျပန္ေျပာတယ္။
( ဒကာႀကီးစိတ္တိုမွာစိုးလို႔ အသံခ်ိဳခ်ိဳနဲ႔ ေျပာရတယ္ )ကိုယ္ဆင္းတဲ့မွတ္တိုင္ေရာက္သည္ထိ ထပ္တက္လာတာ မေတြ႕ေတာ့ပါဘူး။
ကိုယ့္မ်က္လုံးထဲမေတာ့ ကိုရင္ငယ္ေလး ႏွစ္ပါး ျပန္ဆင္းသြားရၿပီး အုတ္တံတိုင္းနားကပ္ၿပီး ရပ္ေနတဲ့ပုံရိပ္ပဲ ျမင္ေယာင္ၿပီးစိတ္မေကာင္းျဖစ္ေနတယ္။
ကိုယ္တို႔ေတြ အျပင္သြားရရင္လည္း ယာဥ္စီးခလႉတဲ့ကားေတြက ဆရာေလးေတြခ်ည္း ေစာင့္ေနရင္
မ်ားေသာအားျဖင့္ ရပ္ေပးေလ့မရွိၾက၊ တျခားလူဝတ္ေၾကာင္ေတြပါမွ သူတို႔နဲ႔ ေရာေယာင္တက္ခြင့္ရတာ။ျမတ္ဘုရားသာသနာမွာ
မာန္မာန ခဝါခ်ဖို႔အခြင့္အေရးပဲလို႔ ကိုယ္ေတြးႏိုင္ေပမယ့္ ဦးဇင္းေလး ကိုရင္ေလးေတြ အဲလိုေတြးႏိုင္ရွာၾကပါ့မလား။
ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ ဒီအေတြ႕အႀကဳံေတြေၾကာင့္ အသက္ငယ္ေပမယ့္ ကိုယ္ေတြထက္ပိုၿပီး ရင့္က်က္ခ်င္ ရင့္က်က္ေနၾကမလား။
မ်ားျပားလွတဲ့အာ႐ုံေတြ ေလာကဓံေတြကို ဆိုးဆိုးေကာင္းေကာင္း သည္းခံရင္းနဲ႔ သာသနာလမ္းေၾကာင္းမွာမိမိလိုရာပန္းတိုင္ဆီ ခ်ီတက္ႏိုင္ဖို႔ ႀကိဳးစားေနၾကတဲ့
သာသနာ့အၫြန္႔အဖူး အခက္အလက္ေလးေတြမွတဆင့္သာသနာ့ပင္စည္ႀကီးေတြအထိ အေတြးျဖန္႔ၾကက္မိရင္း ၾကည္ညိဳမိရင္း
ဒီခရီးတာကာလဟာ ကိုယ့္အတြက္သံဃာႏုႆတိပြားမိရတဲ့ အခိုက္အတန္႔ေလးတခုေပါ့ ….။
Credit;Ma Puñña Cārī
Unicode Version
ဒကာကြီးရယ် လမ်းမှာ ကိုရင်တွေတွေ့ရင် ခေါ်တင်ပါ…ဒကာကြီးတို့ကားက ရှားတယ်လေ၊ သူတို့ သွားရလာရခက်မှာပေါ့ တဲ့
“ကိုရင်တွေ ပြန်ဆင်း ပြန်ဆင်း၊ ကားပေါ်မှာ ဦးဇင်းတွေများနေပြီ၊ နောက်ကားပဲ စောင့်စီးတော့။”
ဒရိုင်ဘာရဲ့ ခပ်မာမာစကားအဆုံး ကားလာလို့ အပြေးလေးတက်လာတဲ့ သပိတ်ကိုယ်စီနဲ့ ကိုရင်ငယ်လေး နှစ်ပါးပြန်ဆင်းလိုက်ရတယ်။
သူတို့နောက်က လူဝတ်ကြောင်တွေကို ရှောင်ရင်း အရိပ်ရတဲ့ အုတ်တံတိုင်းနံဘေး ပြေးကပ်ရင်းနေရိပ်ခိုနေကြတယ်။
အရင်မှတ်တိုင်က တက်လာတဲ့ ကိုရင်ကြီးလေးတွေကတော့ မျက်နှာလေးတွေ ငုံ့လို့။ကားပေါ်ပါလာတဲ့ ကိုယ့်မှာ ကိုရင်လေးတွေကို လှမ်းကြည့်ရင်း အလိုလို မျက်ရည်ဝဲလာမိတယ်။
ခံစားလွယ်တယ်ဆိုရမလား၊ စိတ်မကောင်းလွန်းလို့ အသားတွေရော ဒူးတွေရော တုန်လို့။ဒါနဲ့ ဒရိုင်ဘာဒကာကြီးအနားသွားအိတ်ထဲက တထောင်ကျပ်ထုတ်ပြီး
“ဒကာကြီးရယ် လမ်းမှာ ကိုရင်တွေတွေ့ရင် ခေါ်တင်ပါ….ဒကာကြီးတို့ကားက ရှားတယ်လေ၊သူတို့ သွားရလာရခက်မှာပေါ့၊
ဆရာလေး တထောင်လှူထားခဲ့ပါ့မယ်”လို့ ပြောပြီး ပုံးထဲကို တထောင်ထည့်တော့ ဒကာကြီးက“တင်ပါ ဆရာလေး”လို့ ပြန်ပြောတယ်။
( ဒကာကြီးစိတ်တိုမှာစိုးလို့ အသံချိုချိုနဲ့ ပြောရတယ် )ကိုယ်ဆင်းတဲ့မှတ်တိုင်ရောက်သည်ထိ ထပ်တက်လာတာ မတွေ့တော့ပါဘူး။
ကိုယ့်မျက်လုံးထဲမတော့ ကိုရင်ငယ်လေး နှစ်ပါး ပြန်ဆင်းသွားရပြီး အုတ်တံတိုင်းနားကပ်ပြီး ရပ်နေတဲ့ပုံရိပ်ပဲ မြင်ယောင်ပြီးစိတ်မကောင်းဖြစ်နေတယ်။
ကိုယ်တို့တွေ အပြင်သွားရရင်လည်း ယာဉ်စီးခလှူတဲ့ကားတွေက ဆရာလေးတွေချည်း စောင့်နေရင်
များသောအားဖြင့် ရပ်ပေးလေ့မရှိကြ၊ တခြားလူဝတ်ကြောင်တွေပါမှ သူတို့နဲ့ ရောယောင်တက်ခွင့်ရတာ။မြတ်ဘုရားသာသနာမှာ
မာန်မာန ခဝါချဖို့အခွင့်အရေးပဲလို့ ကိုယ်တွေးနိုင်ပေမယ့် ဦးဇင်းလေး ကိုရင်လေးတွေ အဲလိုတွေးနိုင်ရှာကြပါ့မလား။
နေ့စဉ်ကြုံတွေ့နေရတဲ့ ဒီအတွေ့အကြုံတွေကြောင့် အသက်ငယ်ပေမယ့် ကိုယ်တွေထက်ပိုပြီး ရင့်ကျက်ချင် ရင့်ကျက်နေကြမလား။
များပြားလှတဲ့အာရုံတွေ လောကဓံတွေကို ဆိုးဆိုးကောင်းကောင်း သည်းခံရင်းနဲ့ သာသနာလမ်းကြောင်းမှာမိမိလိုရာပန်းတိုင်ဆီ ချီတက်နိုင်ဖို့ ကြိုးစားနေကြတဲ့
သာသနာ့အညွန့်အဖူး အခက်အလက်လေးတွေမှတဆင့်သာသနာ့ပင်စည်ကြီးတွေအထိ အတွေးဖြန့်ကြက်မိရင်း ကြည်ညိုမိရင်း
ဒီခရီးတာကာလဟာ ကိုယ့်အတွက်သံဃာနုဿတိပွားမိရတဲ့ အခိုက်အတန့်လေးတခုပေါ့ ….။
Credit;Ma Puñña Cārī