ၾကားသိရသမွ်

အလုပ်ပြန်တိုင်းဘူတာရုံနားကအင်တာနက် wifi အသုံးပြုနေတဲ့ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်

အလုပ်ပြန်တိုင်းဘူတာရုံနားကအင်တာနက်wifiအသုံးပြုနေတဲ့ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်

မိသားစုတစ်စုလုံးကိုထောက်ပံ့ကျွေးမွေးဖို့အတွက်အချို့သောဖခင်များဟာ၊မိသားစုနဲ့အဝေးတစ်နေရာကိုအလုပ်အဆင်ပြေဖို့အတွက်သွားရောက်လုပ်ကိုင်ကျွေးမွေးကြ ရတာတွေရှိတတ်ပါတယ်။

ယခုခေတ်မှာတော့ ဆက်သွယ်ရေးလူမှုကွန်ယက်ပေါ်လာတဲ့အတွက်ကြောင့်၊ အဝေးရောက်အလုပ်သမားတွေအဖို့ အိမ်လွမ်းတာအနည်းငယ်တော့သက်သာစေတာအမှန်ပါပဲ။

ထိုနည်းတူပဲ၊ယခုဖော်ပြပေးမဲ့တရုတ်နိုင်ငံက Ge Yuanzhengဆိုတဲ့အမျိုးသားဟာ၊၎င်းနေထိုင်ရာနယ်မြို့ကနေရှန်ဟိုင်းမြို့ကြီးကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။၎င်းအမျိုးသားဟာမိသားစုကိုငွေပိုပို့ပေးနိုင်အောင်လို့၊ကိုယ်တိုင်အနစ်နာခံပီးစရိတ်သက်သာစေတာကိုပဲခြိုးခြံချွေတာသုံးစွဲခဲ့ပါတယ်။

သူဟာ မိသားစုနဲ့ဆက်သွယ်ဖို့အတွက် အင်တာနက် credit card ကိုဝယ်ဖို့ကိုတောင်ခြိုးခြံချွေတာတဲ့အနေနဲ့၊ ဘူတာရုံနားက wifi ပေးတဲ့နေရာကို အလုပ်ပြန်တိုင်းမိသားစုကိုဆက်သွယ်ခဲ့ရပါတယ်။

၎င်းအမျိုးသားဟာအိမ်ကိုလွမ်းတဲ့အတွက်ကြောင့်၊မိသားစုနဲ့နေ့တိုင်းစကားပြောချင်လို့ပင်ပန်းလာလဲအိမ်တန်းမပြန်ပဲဘူတာရုံမှာမိသားစုနဲ့ဆက်သွယ်ရအောင်နေ့တိုင်းလိုလိုလာရတာပါလို့သိရပါတယ်။

၎င်းအမျိုးသားဟာတကယ်ကိုပဲမိသားစုအတွက်မားမားမတ်မတ်ရပ်တည်ပေးတဲ့ဖခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကြောင့်ချီးကျူးမိပါတယ်လေ။

crd