ၾကားသိရသမွ်

ထောင်ထဲမှာ ဦးတီ၊ ပိုင်တံခွန်၊ ပိုပိုတို့နဲ့အတူနေရတဲ့ ကလေးတွေဆီကနေ ပြန်ကြားသိရတဲ့သတင်းတွေကို ပြောပြလာတဲ့ရှေ့နေတစ်ဦး

လက်ရှိကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို တစ်ချို့ပြည်သူတွေရဲ့မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။

အဖမ်းခံထားရတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ရှေ့နေအမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည်ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ် ။ ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။

အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့သူတွေက သူတို့ကြိုက်ခဲ့ရတဲ့ Idolတွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေကလည်း သူတို့အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။

ဒီအကြောင်းကို “ငါ့အမှုသည်တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူနဲ့ ပိုပိုကသီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….အစ်မ၀င်းမင်းသန်းက အရမ်းရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့ ဪ ခင်ရာဆွေမျိုးပါလား…

ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေတတ်ကြတယ်….” ဆိုပြီး ကလေးတွေဆီကနေ ကြားရတဲ့သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။

အထဲမှာနေနေရပေမယ့်လည်း ရှိတာလေးပဲဝတ်၊ကျွေးတာလေးပဲစားပြီး စည်းစည်းလုံးလုံးနေကြတဲ့ ကလေးတွေရဲ့အကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader