cele
ကွယ်လွန်သွားပြီဖြစ်​တဲ့အဆိုတော်ရေမွန်အားရည်စူး၍ ပရိတ်သတ်များကကင်းမရွာမှမီ.းဘေ.းသ.င့် ပြည်သူများအတွက်အလှူငွေ (၅၃၃) သိန်းလှူဒါန်းခဲ့ဟုသိရှိရ
ယူနီကုဒ်ဖြင့် ဖတ်ရန်
တော်လှန်ရေးရဲဘော်တေးသံရှင် Raymond အား ရည်စူး၍ ကင်းမရွာမီ.းဘေ.းသင့်ပြည်သူများအတွက် ရေမွန်၏အမာခံပရိသတ်များနှင့် အများပြည်သူစုပေါင်းအလှူငွေ ၅၃၃သိန်းကျပ်ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင်လှူဒါန်းပေးခဲ့ကြောင်းဒေါက်တာ A Nyein ကရေးသားမျှဝေထားပါတယ်။
ကွယ်လွန်သွားသောအဆိုတော် ကို Raymond (ခ) ကိုဝေမွန်ဦးအားရည်စူး၍ ပေါက်မြို့နယ် ကင်းမရွာ မီ.းဘေ.းသ.င့် ပြည်သူများအတွက်တအိမ်ထောင်လျှင် ငွေကျပ်၃သိန်းခွဲနူန်းဖြင့် စုစုပေါင်းအိမ်ထောင်စု 154 စုစာ Total 533 သိန်းကျပ် ပြည်သူများကိုယ်စား
လှူဒါန်းပေးခဲ့ပါတယ်။
အခုလိုလှူဒါန်းရတဲ့ကုသိုလ်ကောင်းမှုကြောင့် ရေမွန်တစ်ယောက်ကောင်းရာဘုံဘဝကိုရောက်ရှိခံစားစံစားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ယခုလို ပြီးဆုံးအောင်ဖတ်ပေးကြတဲ့စာဖတ်သူပရိသတ်အပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာကြပါစေခင်ဗျာ။ ခရက်ဒစ်