ဗဟုသုတ


Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်




ခေတ်မှီနည်းပညာတွေ





ဗဟုသုတရအောင်


















Credit

Unicode

သိတဲ့သူ အလွန်နည်းလှတဲ့ ပျားနဲ့ ပက်သက်တဲ့ အတိတ်နမိတ်များ

ယခုခေတ်မှာ လူတော်တော်များများဟာ ခေတ်မှီနည်းပညာတွေ

နောက်ကို လိုက်နေကြတဲ့ အတွက် အတိတ်နမိတ်တွေနဲ့ ပက်သက်လာရင်

သိတဲ့သူ အလွန်နည်းလှပါတယ်နော်။

ချစ်ပရိတ်သတ်ကြီး အတွက် ဗဟုသုတရအောင်

ပျားရည်နဲ့ ပက်သက်တဲ့ အတိတ်နမိတ်တေကို တင်ပေးလိုက်ပါတယ်နော်။

(၁)ဘယ်ဘက်လက်၌ ပျားစွဲပါက ငွေဝင်မှာဖြစ်ပါတယ်။

(၂)ညာဘက်လက်၌ ပျားစွဲပါက စီးပွားပျက်တတ်ပါတယ်နော်။

(၃)အိမ်ခေါင်မိုး ထုတ်တန်းမှာ ပျားစွဲပါကစီးပွားပျက်တတ်ပါတ ယ်

(၄) ရေအိုး၌ ပျားစွဲပါက သူဌေးဖြစ်မှာပါ။

(၅)အဝတ်ပုဆိုး၌ ပျားစွဲပါက ချမ်းသာမှာ ဖြစ်ပါတယ်။

(၆)အိပ်ရာအောက် ၊ သင်ဖြူးဖျာအောက်၊ ထမင်းအိုး၌ ပျားစွဲပါက ကောင်းသောနိမိတ်ဖြစ်ပါတယ်။

(၇)အထက်ဖျားဝါးပေါ်၌ ပျားစွဲပါက ရှိသမျှ စည်းစိမ်ဥစ္စာကုန်တတ်ပါတယ်။

(၈)အရှေ့မှလာပြီးပျားစွဲပါကအငြင်းအခုံ ကြုံရတတ်ပါတယ်နော်။

(၉)အရှေ့တောင်ကနေ လာပြီးတော့ ပျားစွဲပါက ငွေဝင်ပါတတ်ပါတယ်။

(၁၀)တောင်မှလာပြီး ပျားစွဲပါက ပျက်စီးဆုံးရှုံးမည်။

(၁၁)အနောက်မှလာပြီးပျားစွဲပါကအိမ်ထောင်ကျမည် ။

(၁၂)အနောက်မြောက်မှ လာပြီး ပျားစွဲပါက ငွေရမည်

(၁၃)အနောက်တောင်မှ လာပြီးပျားစွဲပါက သူခိုးခိုး ခံရမည် ဖြစ်ပါတယ်။

ချစ်ပရိတ်သတ်ကြီး အားလုံးအတွက်ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်နော်။

ချစ်ပရိတ်သတ်ကြီး အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Credit