ဆင်းရဲသားတွေဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်
ဆင်းရဲသားတွေဖုန်းသုံးနေချိန်မှာ..သူဌေးတွေ…အလုပ်လုပ်ခဲ့ရတယ်
ဆင်းရဲသားတွေအိပ်နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်.
ဆင်းရဲသားတွေချစ်သူနဲ့ပျော်ရွှင်နေချိန်မှာ..သူဌေးတွေ…အချိန်မပေးနိုင်ခဲ့ကြဘူး
ဆင်းရဲသားတွေ မဖြစ်နိုင်ဘူးလို့ ငြီးငြူနေတဲ့အရာတွေကို သူဌေးတွေက မဖြစ်ဖြစ်တဲ့နည်းရှာကြံပြီး ကြိုးစားခဲ့ရတယ်
ဆင်းရဲသားတွေ တစ်ရက်စာ၊ တစ်လစာအတွက်ပဲပူတဲ့အချိန်မှာ သူဌေးတွေဟာ ၅နှစ်စာကနေ နှစ် ၁၀၀ စာလောက်ထိပူခဲ့ရတယ်
ဒ့ါကြောင့် သူဌေးတွေဟာ ဘာမှမလုပ်ပဲ ဇိမ်ကျနေတဲ့ ဆင်းရဲသားတွေမုန်းကြတာဖြစ်တယ်
ဒီလိုနဲ့ အချိန်တစ်ခုရောက်တဲ့အချိန်မှာ သူဌေးတွေကို ဆင်းရဲသားတွေက ပြန်မုန်းလာကြတယ်
ဆင်းရဲသားတွေကထင်တယ်. သူဌေးတွေဆိုတာ အချိန်ပြည့် ဇိမ်နဲ့နေရတယ်
ဆင်းရဲသားကထင်တယ်..သူဌေးဆိုတာ ရေကန်အသင့်ကြာအသင့် ချမ်းသာလာတာဖြစ်တယ်
ဆင်းရဲသားကထင်တယ်…သူဌေးတွေဟာ ဆင်းရဲတဲ့ဘဝ အကြောင်းနားမလည်ကြဘူး
ဆင်းရဲသားကထင်တယ်….သူဌေးတွေချမ်းသာခြင်းဟာ အထောက်ပံ့ကောင်းတွေရှိလို့ပါ
ဆင်းရဲသားကထင်တယ်…..သူဌေးတွေဟာ ခေါင်းပုံဖြတ်ကြတယ်
ဆင်းရဲသားကထင်တယ်…..သူတို့ဘယ်လောက်ကြိုးစားကြိုးစား သူဌေးတွေလို မချမ်းသာနိုင်ဘူး
ဆင်းရဲသားတွေကထင်တယ်…သူဌေးဆိုတာ..မဟုတ်တာတွေလုပ်လို့..ချမ်းသာလာတာ
ဆင်းရဲသားတွေကထင်တယ်…ရောင့်ရဲတင်းတိမ်ခြင်းဟာ..ဘဝကိုအေးချမ်းစေတယ်
ဆင်းရဲသားတွေကထင်တယ်…ချမ်းသာခြင်းဆိုတာ..ဖန်ဆင်းရှင်တစ်ယောက်ယောက်ဆီကလာတယ်.
ဆင်းရဲသားတွေကထင်တယ်…အခွင့်ရေးဆိုတာ ..သူ့အလိုလိုရောက်လာတတ်တယ်
ဆင်းရဲသားကထင်တယ်..ဆင်းရဲသားဘဝကနေ..ချမ်းသာသွားသူတွေဟာ…ကံကောင်းလိုသာဖြစ်တယ်
ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ..ဆင်းရဲသားတွေဆိုမကူညီချင်ဘူး
ဒ့ါကြောင့် ဆင်းရဲသားတွေဟာ သူဌေးတွေကို မုန်းလာကြတာဖြစ်တယ်
တကယ်တော့ ကိုယ်တိုင် ရိုးသားကြိုးစားပြီး တိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ ဘဝကိုဖြစ်သလိုနေတတ်တဲ့ ၊ ကံကိုပဲပုံချတတ်တဲ့ ဆင်းရဲသားတွေကို ကူညီလေ့မရှိဘူး
သူတို့လို ရိုးသားကြိုးစားလာတဲ့ ဆင်းရဲသားကိုတော့ လက်တွဲကူညီတတ်ကြတယ်။
ကိုယ်တိုင် နေ့မအိပ်ညမအိပ် အားထုတ်ကြိုးစားခဲ့လို့ ရလာတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ၊ ဂိမ်းဆော့လိုက်၊ ရည်းစားထားလိုက်၊ အိပ်လိုက်နဲ့ အချိန်ကုန်တတ်တဲ့ ဆင်းရဲသားတွေကို ဘယ်တော့မှ ကူညီမှာမဟုတ်ပါဘူး
မှတ်ထားပါ။ လူငယ်တစ်ယောက် မဆုတ်မနစ် ကြိုးစားနေပြီဆိုရင် သူဌေးလို့ခေါ်နိုင်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်သလိုနေနေပြီဆိုရင် မိဘကချမ်းသာလဲ ဆင်းရဲသားလို့ခေါ်ပါတယ်။
မှတ်ထားပါ။ချမ်းသာဖို့ ၊ အောင်မြင်ဖို့ ဆန္ဒပြင်းပြလွန်းတဲ့ လူငယ်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲ့ဟာ အခွင့်ရေးအဖြစ်ပြောင်းသွားပါတယ်။
ဒါ့ကြောင့် ဂိမ်းဆော့ရင်း ၊ ဖုန်းကိုင်ရင်း ၊ ရည်းစားလေးနဲ့အချိန်ကုန်ရင်း ကပ်ကြီးသုံးပါးကို ထိုင်အပစ်ပြောရင်း အချိန်ကုန်နေသ၍ လူငယ် ဆင်းရဲနေဦးမှာပါပဲ။ ချစ်လို့ပြောတယ်မှတ်ပါ.. လူငယ်
မှတ်ချက်။ ။ မူမမှန်တဲ့နည်းလမ်းနဲ့ ချမ်းသာလာတဲ့သူဌေး နဲ့ ကြိုးစားရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ အတိုက်ခိုက်ခံရလို့ မွဲသွားတဲ့ ဆင်းရဲသာများကို မဆိုလိုပါ။
Credit
zawgyi
Credit