ၾကားသိရသမွ်

ကိုယ်ဝန်မဆောင်မီ နှင့် ကိုယ်ဆောင်အပြီးကာလ၌ ကိုယ်ကျိုးစွန့်ထားခဲ့ရတဲ့ သူမရဲ့အတွေ့အကြုံများကို မျှဝေခဲ့တဲ့ မိခင်တစ်ဦး (ရုပ်သံ)

ပထမသုံးလအတွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာတာကြောင့် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးများထံမှာ ထူးခြားတဲ့ အတွေ့အကြုံ အမျိုးမျိုးရှိနေတတ်ကြပါတယ်။ ဥပမာအားဖြင့်၊ အချို့သော အမျိုးသမီးများကအစားအသောက် သို့မဟုတ် အခြားသောအနံ့အသက်များကိုမြင်ပြီး ရှုရှိုက်မိရင် ပျို့အန်ခြင်းကို ခံစားရတတ်ကြသလို အများစုမှာ ကိုယ်ဝန်ပထမ သုံးလအပိုင်းအခြားမှာ အစာတစ်ခုခုကို အမြဲတောင့်တနေတတ်ကြပါတယ်။ @dayahdeelly အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်မဆောင်မီ နှင့် ကိုယ်ဝန်ဆောင်အပြီး သူမရဲ့ရုပ်ပိုင်းဆိုင်ရာသိသိသာသာပြောင်းလဲမှုများကို သူမရဲ့TikTok acc မှာ မျှဝေခဲ့ပြီးနောက် ထိုဗီဒီယိုက ပျံ့နှံ့သွားခဲ့ပါတယ်။ အမျိုးသမီးအများစုက တူညီတဲ့အကျပ်အတည်းကိုကြုံတွေ့ရပေမဲ့လည်း ကိုယ်ဝန်က လှပတဲ့အမျိုးသမီးတစ်ဦးရဲ့ရုပ်ရည်ကို ထိုသို့ ပြောင်းလဲစေနိုင်ပုံကြောင့် လူအများ အံ့ဩနေကြဆဲဖြစ်ပါတယ်။

.

ကိုယ်အလေးချိန် 2.38 ကီလိုဂရမ်ရှိတဲ့ ကျန်းမာတဲ့ရင်သွေးငယ်ကို မွေးဖွားပြီးနောက်မှာ သူမဟာ စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ခဲ့ရပါတယ်။ မူလကိုယ်အလေးချိန် ၅၅ ကီလိုဂရမ်ရှိသည့် ဒီအမျိုးသမီးဟာ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ၈၆ ကီလိုဂရမ်အထိ သိသိသာသာ တိုးလာခဲ့ပါတယ်။ ဝက်ခြံတွေ အပုံလိုက် ပေါက်နေတဲ့ သူမနဖူးရဲ့ အနီးကပ်ဓာတ်ပုံကိုလည်း ပြသခဲ့ပါသေးတယ်။ “ Androgen လို့ခေါ်တဲ့ ဟော်မုန်းများ တိုးလာခြင်းကြောင့် သင့်အရေပြားရှိ ဂလင်းများကို ကြီးထွားစေပြီး ဆီဘမ်၊ အဆီပြန်သော ဖယောင်းဆီဓာတ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်၊ ထိုအဆီက ချွေးပေါက်များကို ပိတ်ဆို့စေပြီး ဘက်တီးရီးယားများ ၊ ရောင်ရမ်းခြင်းနှင့် ကွဲထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်၊ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်အလေးချိန်တက်လာပြီး ဝက်ခြံတွေထွက်တတ်ပါတယ် “ လို့ HealthLine.com ရဲ့အဆိုအရ သိရပါတယ်။

.

ဒါပေမဲ့ ထိုအမျိုးသမီးဟာ သူမ ကလေး မွေးဖွားပြီးနောက်မှာ သူမရဲ့ကိုယ်အလေးချိန်လျှော့ချရန် နှင့် ယခင် သူမရဲ့ပုံမှန်ပုံစံအတိုင်း ပြန်သွားဖို့ မျှော်လင့်ပါတယ်လို့ ဆိုခဲ့ပါတယ်။ “ ကိုယ်ဝန်ဆိုတာ ယာယီအနစ်နာခံမှုပါ ၊ မိခင်တစ်ယောက်ရဲ့ဘဝဟာ အံ့သြစရာကောင်းပါတယ် ၊ လှပတဲ့ဘ၀ကို တစ်ဖန်ပြန်ရဖို့အတွက် အနစ်နာခံမှုတွေ အများကြီးပြန်ယူရပါလိမ့်မယ်!” လို့ အင်တာနက်အသုံးပြုသူတစ်ဦးက ၎င်းဗီဒီယိုမှာ တုံ့ပြန်ခဲ့ပါတယ်။

.

.

ထိုဗီဒီယိုဟာ TikTok မှာ တင်လိုက်ပြီးတာနှင့် ချက်ချင်းဆိုသလို ကြည့်ရှုမှု 3.3 သန်း ၊ Like 207K နှင့် မှတ်ချက် 5K အထိ ရရှိခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအချို့ကလည်း ထိုအမျိုးသမီးအား အားပေးစကားများ ချန်ထားခဲ့ကြပြီး ” စိတ်ဓာတ်မကျပါနဲ့ ညီမလေး ၊ စိတ်ဓာတ်မကျပါနဲ့။ ဇွဲလုံ့လအနည်းငယ်လေးနဲ့ မင်းက တစ်ဖန်ပြန်လည်လှပလာနိုင်ပါတယ်” ၊ ” မိခင်ဘဝက အံ့ဩစရာကောင်းပြီး ကိုယ်ဝန်လွယ်ထားရစဉ်မှာ ပါလာတဲ့ စွန့်လွှတ်အနစ်နာခံမှုတိုင်းက တန်ဖိုးရှိပါတယ် ” ဟူတဲ့မှတ်ချက်များဖြင့်လည်း တုံ့ပြန်ပေးခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : gtgoodtimes