ၾကားသိရသမွ်

အိန္ဒိယထံမှ ကိုဗစ်ထိုးဆေး(၂၅)သန်းရရန် အကြွေးကျန်ရှိနေသေးကြောင်း စစ်ကောင်စီဥက္ကဌမွ သူဝယ်ပေးထားသလို ပြောကြား

အိန္ဒိယထံမှ ကိုဗစ်ထိုးဆေး(၂၅)သန်းရရန် အကြွေးကျန်ရှိနေသေးကြောင်း စစ်ကောင်စီဥက္ကဌ မွ သူဝယ်ပေးထားသလို ပြောကြား

ဇူလိုင် ၉

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်က အိန္ဒိယထံမှ ကိုဗစ်ကာကွယ်ထိုးဆေးသန်း(၃၀)ကို မှာယူခဲ့ပြီး ဒေါ်လာ(၇၅)သန်းကိုလည်း ပေးချေထားပြီးသား ဖြစ်သည့်တိုင် ထိုးဆေးငါးသန်းသာ ရောက်ရှိထားသေးကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း(၃၃၀)ကျော်တွင် မြို့နယ်ပေါင်း(၂၉၆) မြို့နယ်၌ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုပြင်းထန်လျှက်ရှိနေပြီး ကိုဗစ်ဆိုင်ရာတားဆီးကန့်သတ်မှုအမိန့်များကို လူထုက လိုက်နာလာစေရန်လည်း မဖြစ်မနေလုပ်ဆောင်သင့်နေပြီဖြစ်ကြောင်း ဇူလိုင်လ(၉)ရက္က ကျင်းပသည့် စစ်ကောင်စီအဖွဲ့၏ ကိုဗစ်အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

” အရင်အစိုးရလက်ထက်က ဆေးဝယ်ခဲ့တာရှိတယ်။ အိန္ဒိယနိုင်ငံကနေ ဆေးအလုံးသန်း(၃၀)ဝယ်ခဲ့ပါတယ်။ ဝယ်ခဲ့တဲ့အခါမှာလည်း ပထမအသုတ် (၅)သန်းပဲ ရောက်ပြီး နောက်ပိုင်းကျတော့ အကြောင်းအမျိုးမျိုးနဲ့ပေါ့လေ။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ရောဂါပြန့်ပွားမှုအခြေအနေအရ ကန့်သတ်မှုတွေလုပ်တဲ့အခါမှာ သူတို့မှာလည်း ပေးပို့ အခက်အခဲ ရှိသွားတယ်။ ဒီ သန်း(၃၀)မှာလည်း ကြိုတင်ငွေပေးပြီးသား။ (၇၅)သန်း ကျွန်တော်တို့ ပေးထားတယ်။ အဲဒီတော့(၅)သန်းရောက်ပြီးတော့ နောက်ထပ် ထပ်မလုပ်နိုင်ဘူး ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယင်းအတွက်ကြောင့် အိန္ဒိယဘက်မှနေ၍ မြန်မာနိုင်ငံသို့ အကြွေးပေးရန်ရှိသည့် ထိုးဆေးပမာဏ(၂၅)သန်းရှိနေသေးကြောင်း သိရပြီး ရောက်ရှိခဲ့သော ငါးသန်းကို စစ်ကောင်စီအာဏာမသိမ်းမီနှင့် သိမ်းပြီးသည့်နောက်ပိုင်း၌ သတ်မှတ်စံနှုန်းအတိုင်း ထိုးနှံမှုအချို့လုပ်ခဲ့ကြောင်းလည်း ဆိုနိုင်သည်။

ကမ္ဘာတစ်လွှားတွင် လူဦးရေသန်းပေါင်း(၇၉၀၀)ကျော် ရှိသည့်အထဲမှ (၁၈၅)သန်းသာ ရောဂါကူးစက်ခံထားရသည့်အတွက် ရာခိုင်နှုန်းအရ နည်းပါးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကူးစက်ခံရမှု အမြင့်မားဆုံးနိုင်ငံစာရင်း၌ မပါသေးသည့်တိုင် ပေါ့ဆမနေဘဲ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Crd to orginal

အိႏၵိယထံမွ ကိုဗစ္ထိုးေဆး(၂၅)သန္းရရန္ အေႂကြးက်န္ရွိေနေသးေၾကာင္း စစ္ေကာင္စီဥကၠဌ မြ သူဝယ္ေပးထားသလို ေျပာၾကား

ဇူလိုင္ ၉

ေဒၚေအာင္ဆန္းစုၾကည္အစိုးရလက္ထက္က အိႏၵိယထံမွ ကိုဗစ္ကာကြယ္ထိုးေဆးသန္း(၃၀)ကို မွာယူခဲ့ၿပီး ေဒၚလာ(၇၅)သန္းကိုလည္း ေပးေခ်ထားၿပီးသား ျဖစ္သည့္တိုင္ ထိုးေဆးငါးသန္းသာ ေရာက္ရွိထားေသးေၾကာင္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာသည္။

ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ေပါင္း(၃၃၀)ေက်ာ္တြင္ ၿမိဳ႕နယ္ေပါင္း(၂၉၆) ၿမိဳ႕နယ္၌ ကိုဗစ္တတိယလႈိင္း ႐ိုက္ခတ္မႈျပင္းထန္လွ်က္ရွိေနၿပီး ကိုဗစ္ဆိုင္ရာတားဆီးကန႔္သတ္မႈအမိန႔္မ်ားကို လူထုက လိုက္နာလာေစရန္လည္း မျဖစ္မေနလုပ္ေဆာင္သင့္ေနၿပီျဖစ္ေၾကာင္း ဇူလိုင္လ(၉)ရကၠ က်င္းပသည့္ စစ္ေကာင္စီအဖြဲ႕၏ ကိုဗစ္အေရးေပၚအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။

” အရင္အစိုးရလက္ထက္က ေဆးဝယ္ခဲ့တာရွိတယ္။ အိႏၵိယႏိုင္ငံကေန ေဆးအလုံးသန္း(၃၀)ဝယ္ခဲ့ပါတယ္။ ဝယ္ခဲ့တဲ့အခါမွာလည္း ပထမအသုတ္ (၅)သန္းပဲ ေရာက္ၿပီး ေနာက္ပိုင္းက်ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေပါ့ေလ။ အထူးသျဖင့္ အိႏၵိယႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ေရာဂါျပန႔္ပြားမႈအေျခအေနအရ ကန႔္သတ္မႈေတြလုပ္တဲ့အခါမွာ သူတို႔မွာလည္း ေပးပို႔ အခက္အခဲ ရွိသြားတယ္။ ဒီ သန္း(၃၀)မွာလည္း ႀကိဳတင္ေငြေပးၿပီးသား။ (၇၅)သန္း ကြၽန္ေတာ္တို႔ ေပးထားတယ္။ အဲဒီေတာ့(၅)သန္းေရာက္ၿပီးေတာ့ ေနာက္ထပ္ ထပ္မလုပ္ႏိုင္ဘူး ” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ ယင္းအတြက္ေၾကာင့္ အိႏၵိယဘက္မွေန၍ ျမန္မာႏိုင္ငံသို႔ အေႂကြးေပးရန္ရွိသည့္ ထိုးေဆးပမာဏ(၂၅)သန္းရွိေနေသးေၾကာင္း သိရၿပီး ေရာက္ရွိခဲ့ေသာ ငါးသန္းကို စစ္ေကာင္စီအာဏာမသိမ္းမီႏွင့္ သိမ္းၿပီးသည့္ေနာက္ပိုင္း၌ သတ္မွတ္စံႏႈန္းအတိုင္း ထိုးႏွံမႈအခ်ိဳ႕လုပ္ခဲ့ေၾကာင္းလည္း ဆိုႏိုင္သည္။

ကမာၻတစ္လႊားတြင္ လူဦးေရသန္းေပါင္း(၇၉၀၀)ေက်ာ္ ရွိသည့္အထဲမွ (၁၈၅)သန္းသာ ေရာဂါကူးစက္ခံထားရသည့္အတြက္ ရာခိုင္ႏႈန္းအရ နည္းပါးေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ကိုဗစ္ကူးစက္ခံရမႈ အျမင့္မားဆုံးႏိုင္ငံစာရင္း၌ မပါေသးသည့္တိုင္ ေပါ့ဆမေနဘဲ ႀကိဳတင္ကာကြယ္မႈမ်ား လုပ္ေဆာင္ရေတာ့မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

Crd to orginal