သေနတ်တစ်လက် ကိုယ့်လက်ထဲရောက်ရင် ဘယ်လိုကိုင်တွယ်ထိန်းသိမ်း အသုံးပြုရမလဲလို့ လာမေးသူတွေအတွက် သိသလောက်လေး ပြောပြပါမယ်.
ဆိုတဲ့အတိုင်းပါပဲ. ကိုင်တွယ် ထိန်းသိမ်း အသုံးပြုဆိုပြီး ပါပါတယ်. ကိုင်တွယ်တတ်ဖို့ သေနတ်မှာပါတဲ့ အစိတ်အပိုင်းတွေ အသေးစိတ်သိထားဖို့ လိုပါတယ်. ဘယ်လိုသေနတ် ကိုယ့်လက်ထဲ ရောက်လာတယ်ဆိုတာ ကိုယ်တိုင်ကောင်းကောင်း သိထားဖို့ လိုပါတယ်. သေနတ်အမျိုးအစားကို သိထားရမယ်. ဘယ်ကျည်အမျိုးအစားကို အသုံးပြုရတယ်ဆိုတာ သိထားရမယ်. တိကျမှုအကွာအဝေး ထိရောက်မှုအကွာအဝေး အဝေးဆုံးပစ်ခတ်နိုင်တဲ့အကွာအဝေး စတာတွေ သိထားဖို့ လိုပါတယ်.
အဲ့ဒီအတွက် သေနတ်အဖြုတ်အတပ်လေ့ကျင့်ခန်းတွေ အလွတ်မှတ်မိနေအောင် လေ့ကျင့်ထားသင့်တယ်. ကျနော်တို့ရဲ့ လူငယ်တွေ အရမ်းဉာဏ်ကောင်းကြပါတယ်. တစ်ခါနှစ်ခါ လုပ်တာနဲ့တင် တတ်မြောက်နိုင်တယ်ဆိုပေမယ့် ထပ်ခါထပ်ခါ လေ့ကျင့်ထားသင့်တယ်. ဒါမွ တစ်ခုခုဆိုရင် သေနတ်ရဲ့ ဘယ်နေရာက ဘာဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်. တပ်ထဲမှာနေရတုန်းက အဖြုတ်အတပ်ပြိုင်ပွဲတွေ လုပ်ပေးတာရှိပါတယ်. တစ်ချို့ပြိုင်ပွဲတွေမှာ မ်က္လုံးကို ပုဝါနဲ့စည်းပြီး ယှဉ်ပြိုင်ကြပါတယ်.
အဲ့လိုပြိုင်ပွဲတွေမှာ စက္ကန့်ပိုင်းလောက်နဲ့တင် အဖြုတ်အတပ် ပြုလုပ်နိုင်သူတွေလဲ အများကြီး တွေ့ခဲ့ရတယ်. အချို့သေနတ်တွေမှာ အစိတ်အပိုင်း နည်းတယ်ဆိုပေမယ့် အချို့သေနတ်တွေကကျတော့ များပါတယ်. ပစ္စည်းသေးသေးမွှားမွှားလေးတွေကအစ ပါဝင်တဲ့သေနတ်တွေ ရှိပါတယ်. ဥပမာ- ကာဘိုင်လိုသေနတ်တွေဟာ အစိတ်အပိုင်းသေးသေးလေးတွေ ပိုများပါတယ်.. ဒီလိုလေ့ကျင့်ခြင်းအားဖြင့် ကိုယ့်ကိုင်တဲ့သေနတ် တစ္ခုခု ချွတ်ယွင်းနေရင် အလြယ္တစ္ကူ သိရှိနိုင်တယ်. အမြဲလိုလိုလေ့ကျင့်နေသူတွေအတွက် သေနတ်နဲ့ယဉ်ပါးလာတယ်. အလေ့အကျင့်ဖြစ်လာတယ်. နောက်တစ်ခုက ထိန်းသိမ်းတဲ့အပိုင်းပါ.
သေနတ်တစ်လက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ ထိန်းသိမ်းခြင်းဟာလဲ အရမ်းအရေးကြီးပါတယ်. ကောင်းစွာ ထိန်းသိမ်းမှု မပြုလုပ်ထားရင် ရန်သူနဲ့ ပတ်ပင်းတိုးတဲ့အခါ အသက်ဆုံးရှုံးရသည်အထိ ကြုံနိုင်ပါတယ်. ဘယ်အချိန်ထပစ်ပစ် ကျည်ထွက်နေဖို့ လိုပါတယ်. တစ်ခါကြုံဖူးတယ်. တပည့်တစ်ယောက် သေနတ်ကို သေချာမထိန်းသိမ်းတဲ့အတွက် ပွိုင့်ပြေးရင်း ရန်သူနဲ့ ပတ်ပင်းတိုးတဲ့အခါ သူကအရင် စပစ်တယ်. ဒါပေမယ့် ချောက်ခနဲ ဂျန့်ဖြစ်သွားတယ်. ကျည်မထွက်ဘူး.
အဲ့ဒီတော့ သူပစ်တဲ့ ဂျန့်ဖြစ်သံကြောင့် ရန္သူက သိရှိသွားပြီး ပြန်ပစ်တာခံလိုက်ရတဲ့အခါ အဲ့တပည့်ကျော် အသက်ထွက်သွားပါတယ်. ဒါကြောင့် ကျည်မထွက်ဘဲ အသက်ထွက်သွားတာမျိုး မဖြစ်ရလေအောင် သေနတ်ကို ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ သေချာထိန်းသိမ်းသင့်ပါတယ်. သေနတ်တွေ သေချာမတိုက်ချွတ်ထားရင် သွားရင်းလာရင်းနဲ့ သေနတ်ပြောင်းတွေထဲမှာ ဖုန်မှုန့် သဲမှုန့် မြေမှုန့်တွေ ရှိနေ ဝင်နေတတ်တာကြောင့် ပြောင်းတွေ ပျက်တတ်ပါတယ်. အမွတ္တမဲ့ ပစ်မိရင် ပြောင်းကွဲတာတွေအထိ ဖြစ်တတ်ပါတယ်.
အဲ့လို ဖုန်တွေ သဲတွေ ဝင်တာမျိုးမဖြစ်အောင် တစ်ချို့ နားလည်တဲ့ စစ်သည်တွေဟာ သေနတ်ပြောင်းထိပ်မှာ အဝတ်စအသေးလေးတွေနဲ့ ပိတ်ထားတတ်ပါတယ်. မကြာခဏ လက်နက်တိုက်ချွတ်မှုကို ဂရုတစ်စိုက် လုပ်သင့်ပါတယ်. စစ်တပ်မှာ လက်နက်ပြင်ဆိုပြီး တစ်ယောက်စီ အမြဲပါတတ်ပေမယ့် ကျနော်တို့ PDF တပ်ဖွဲ့တွေအတွက်တော့ အဲ့လိုထားနိုင်ဖို့ မလွယ်ကူတဲ့အတွက် မဖြစ်အောင်ပဲ ဂရုစိုက်ရပါလိမ့်မယ်. ကျနော်တို့ ရှေ့တန်းစခန်းတွေမှာ တစ်ပတ်တစ်ခါ လက်နက် ခဲယမ်း တိုက်ချွတ်ဖို့ ကြေးနန်းတွေထွက်ပြီး တပ်တွေကို ညွှန်ကြားရပါတယ်. အဲ့လိုတိုက်တဲ့အခါမှာလဲ အကြီးအကဲတစ်ဦးက သေချာ ဦးစီးပြီး အန္တရာယ်မဖြစ်အောင် ကြီးကြပ်သင့်ပါတယ်.
အဲ့လို မတိုက်ချွတ်ခင် အရေးကြီးဆုံးက စနစ္တက် ကျည်ရှင်းတတ်ဖို့ပါ. ဒါမ်ား ထည့်ပြောစရာလားဗျာလို့ ထင်ရင်မှားသွားပါလိမ့်မယ်. တစ်ချို့စစ်သည်တွေဟာ ကိုယ့်သေနတ်ထဲ ကျည်ဆံရှိနေတာကို မေ့နေတတ်တယ်. ပြောမယ့်သူမရှိရင် အမွတ္တမဲ့ ကျည်ရှင်းလိုက်တဲ့အခါ ကျည်လမ်းကြောင်းမှာ လူရှိနေရင် အန္တရာယ် ဖြစ်စေပါတယ်. တစ်ခါကလဲ တပည့်လုပ်သူက ပြောင်းထဲကျည်ဆံရှိနေတာကို မေ့ပြီးကျည်ရှင်းလိုက်မိတဲ့အချိန် ကျနော်နဲ့တစ်ပတ်စဉ်တည်း သူငယ်ချင်းရဲ့ ပေါင်ကြားကနေ ကျည်ဖြတ်သွားဖူးပါတယ်.
ကံကောင်းလို့ အဲ့ကောင် မိန်းမရသွားတာပါ. ဒါကြောင့် တစ်ညီတစ်ညာတည်း စနစ္က်နစြာ ကျည်အရင်ရှင်းဖို့ကလဲ အရေးကြီးပါတယ်. စခန်းကနေ တာဝန်တစ်ခုကြောင့် စခန်းပြင်ထွက်ပြီး လှုပ်ရှားတဲ့အခါ ရန်သူနဲ့ အချိန်မရွေး ထိတွေ့နိုင်တဲ့အတွက် သေနတ်တွေကို ကျည်ထိုးသွားကြတယ်. ဒါပေမယ့် ပြန်ရောက်တဲ့အခါမှာတော့ ကျည်ပြန်ရှင်းသင့်ပေမယ့် မလုပ်မိတဲ့သူတွေ အများကြီး ရှိပါတယ်. မမေ့မလျော့နဲ့ လုပ်ဆောင်သင့်သလို တာဝန်ရှိသူကလဲ အမြဲတမ်း သတိပေးနေသင့်ပါတယ်.
အဲ့လိုဖြစ်စဉ်တွေနဲ့ အသက်ပေးလိုက်ရတဲ့ အရာရွိ စစ်သည်တွေလဲ အများကြီး ရှိပါတယ်. တစ်ကယ်ရန်သူနဲ့တွေ့လို့ ပစ်ခတ်ရင်း အသက်ပေးရတာထက် အခုလိုဖြစ်စဉ်ကြောင့် အသက်ပေးရတာ မတန်ပါဘူး. ဒါကြောင့် သေချာ ဂရုစိုက်စေချင်ပါတယ်.. နောက်တစ်ချက်က အဲ့လို တစ်ပတ်တစ်ကြိမ် လက်နက်တိုက်ချွတ်တဲ့အခါ မိမိတို့မှာရှိတဲ့ လူလက်နက်အင်အားရဲ့ တစ်ဝက်ကိုပဲ အရင်တိုက်ချွတ်သင့်ပါတယ်. ရွိသမွ် လက်နက်တွေအကုန်လုံးကို တစ်ပြိုင်တည်း တိုက်ချွတ်တာမျိုး မလုပ်ဆောင်သင့်ပါဘူး.
အဲ့လိုတစ်ပြိုင်တည်း တိုက်ချွတ်မိတဲ့အချိန် ရန်သူဝင်တိုက်တာနဲ့ တိုက်ဆိုင်တဲ့အခါ ကြောက်အားလန့်အားနဲ့ တွေ့ရာဆွဲယူ တပ်ဆင်လို့ အဆင်မပြေနိုင်ပါဘူး. အလွဲလွဲအချော်ချော်တွေ ဖြစ်ပြီး အလြယ္တစ္ကူ စခန်းသိမ်းခံလိုက်ရတဲ့ ဖြစ်စဉ်တွေလဲ ရှိပါတယ်. တစ်ဝက်ဆီ တိုက်ချွတ်တဲ့အတွက် ရန်သူလာတိုက်တာနဲ့ ကြုံတဲ့အခါ ကျန်တဲ့ လူလက်နက်အင်အားတစ်ဝက်က တိုက်ပွဲဝင်လို့ရပါတယ်. ဒါကလဲ အရေးကြီးတဲ့အချက်ထဲမှာ ပါတဲ့အတွက် သတိထားလုပ်ဆောင်သင့်ပါတယ်. နောက်ဆုံးကတော့ အသုံးပြုတာပါပဲ. ဒါကေတာ့ အထူးပြောစရာမလိုပေမယ့် ပိုပြီးထိရောက်အောင် အသုံးချတတ်ဖို့ နည်းလမ်းသေးသေးလေးတွေရှိပါသေးတယ်.
တစ်ကယ်တိုက်ပွဲအတွေ့အကြုံရင့် စစ်သားကြီးတွေဟာ သူတို့ရဲ့ ကျည်ပေါက်နှစ်ခုကို ကျည်အပြည့် ဖြည့်ထားပြီး ဖင်ပြန်ခေါင်းပြန် တွဲလျက် ချည်ထားတတ်တယ်. ကျည်ပေါက်နှစ်ခုကို ပူးပြီး တိတ်နဲ့ပတ်ထားတာကိုပြောတာပါ. ဒါဘာကြောင့်လုပ်တာလဲဆိုတော့ တိုက်ပွဲ့ဖြစ်တဲ့အခါ အချိန်က အလွန်အရေးကြီးပါတယ်. ပစ်ကြခတ်ကြရင်း သေနတ်မှာတပ်ထားတဲ့ ကျည်ပေါက်ထဲက ကျည်ဆံကုန်တဲ့အခါ ဖြုတ်ပြီး နောက်ကျည်ပေါက်နဲ့ လဲလှယ်တပ်ဆင်ရတယ်. တစ်ခါတစ်လေ နောက်ကျည်ပေါက်မှာ ကျည်မဖြည့်ထားရင် ကျည်ဖြည့်တဲ့အလုပ်အတွက်ပါ ထပ်အချိန်ပေးရတယ်. လဲလှယ်မယ့် ကျည်ပေါက်အသစ်ဟာ ပြေးရင်းလွှားရင်း နေရာယူရင်းနဲ့ ပြုတ်ကျကျန်ခဲ့တာတွေလဲ ဖြစ်နိုင်တယ်. အဲ့လိုသာဖြစ်လို့ အချိန်ပေးရပီဆိုရင် တိုက်ပွဲရဲ့အဖြေဟာ ကိုယ်မပြင်ဆင်ထားတာကြောင့် တစ်မျိုးဖြစ်သွားနိုင်ပါတယ်.
ဒါပေမယ့် စောစောကလိုသာ ပြင်ဆင်ထားရင် ကျည်ပေါက်တစ်ခု ကျည်ကုန်တဲ့အခါ ဖြုတ်ပြီး နောက်တစ်ပေါက် ပြန်လှည့်တပ်လိုက်ရုံပါပဲ. အလြန္ဆုံး အချိန်ပေးရရင် စက္ကန့်ပိုင်းပါပဲ. ဒါကလဲ အများကြီး အကျိုးရှိနိုင်တဲ့အတွက် သိထားပြီး အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ. ဒါပေမယ့် အခုလက်ရှိ PDF တပ်ဖွဲ့တွေမှာ အဲ့လိုမပြည့်စုံတာကိုတော့ တစ်ကယ်စိတ်မကောင်းဖြစ်မိပါတယ်. ကျနော်ပြောတာတွေဟာ လက်ရှိမြေပြင်နဲ့ အသုံးမတည့်တာတွေပါရင် ခွင့်လွှတ်ပေးပါ. တက်နိုင်ရင် စကစနဲ့တန်းတူ အရည်အသွေးမြင့်လက်နက်တွေကို တစ်ကယ်ပဲ ကိုင်ဆောင်တိုက်ပွဲဝင်စေချင်မိပါတယ်. အဲ့လို မပြည့်စုံတာနဲ့ တစ်ဆက်တည်းပြောရရင် ကျည်ခြွေတာတာပါ.
အဖွဲ့တွေမှာ လက်နက်ရော ခဲယမ်းရော ရှားပါးနေကြတာဖြစ်တဲ့အတွက် ကျည်တစ်တောင့် လူတစ်ယောက် ပစ်ခတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်. အတွဲလိုက်ပစ်ခတ်ရတဲ့ အခြေအနေတွေရှိပေမယ့် ကျည်ဆံကုန်ရင် သေနတ်ဆိုတာ တုတ်လောက်တောင် အသုံးမဝင်ဘူးလို့ သိထားစေချင်ပါတယ်. ပေါပေါများများ သုံးနိုင်ကြပါစေလို့လဲ ဆုတောင်းပါတယ်.
နောက်တစ်ချက်က ကိုယ့်သေနတ်ကိုယ်ပစ်ကြည့်တဲ့အခါ ချိန်သားမှန်ရဲ့လားဆိုတာလဲ သိဖို့လိုပါတယ်. ကိုယ့်သေနတ်က ဘယ္ဆြဲလား ညာဆြဲလား အောက်လား အပေါ်လား သိထားသင့်ပါတယ်. ချိန်သားမှန်အောင်လဲ ပြင်ဆင်ထားသင့်ပါတယ်. ချိန်နည်း ပြင်ဆင်နည်းကိုတော့ စာနဲ့ထည့်ရေးရင် နားမလည်နိုင်တဲ့အတွက် နည်းလမ်းရှာပြီး ပြောပြပေးပါ့မယ်. တစ်ချို့အတွေ့အကြုံရှိသူတွေဆီမှာလဲ မေးမြန်းသင်ယူစေချင်တယ်. ကိုယ့်သေနတ်တင်မကပဲ ကိုယ့်အဖွဲ့ကသေနတ်တွေအတွက်ပါ ပစ်မှတ်တိကျမှန်ကန်အောင် ချိန်တွယ်ပြင်ဆင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ. နောက်တစ်ချက်က သေနတ်ပစ်ပါ. ပစ်ဖူးအောင်ပစ်ပါ.
ပစ်ဖူးအောင်ပစ်ပြီးရင် မှန်ကန်တိကျအောင် ထပ်ပစ်ပြီး လေ့ကျင့်ပါ. လေ့ကျင့်ရင်လဲ ရမ်းပစ်တာမျိုးမဟုတ်ဘဲ သေချာစနစ်တကျနဲ့ လက်ဖြောင့်လာသည်အထိ လေ့ကျင့်နိုင်တာ ပိုကောင်းပါတယ်. တစ်ချို့က ပါးစပ်ကတိုက်မယ် ပြောပေမယ့် တစ်ကယ့်တစ်ကယ် တိုက်ပွဲဖြစ်လာရင် ရှိန်ပြီးကြောက်ပြီး မပစ်ရဲတော့တာတွေ ကြုံဖူးပါတယ်.
များများပစ်မှ လေ့ကျင့်မှ မြန်မြန်ယဉ်ပါးပြီး ကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်. နောက်တစ်ခုက ကိုယ်ကိုင်တဲ့ လက္နက္ကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားတတ် ယူထားတတ်တဲ့ အလေ့အကျင့် လုပ်စေချင်ပါတယ်. စစ်မြေပြင်မှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် သေနတ်နဲ့လူနဲ့ တစ်ခြားစီ ဖြစ်နေလို့မရပါဘူး. အေပါ့အပါ သြားတာကအစ အိပ်ချိန်အဆုံး သေနတ်ကို အမြဲမကွာ ဆောင်ထားရမယ်. ကိုယ်အိမ်သာတက်နေတုန်းလဲ တိုက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့အသိ အမြဲရှိထားရမယ်.
ကျနော်တို့ကိုလဲ သင်ပြပေးတဲ့ဆရာတွေက စစ်မြေပြင်မှာ သေနတ်ကို မင်းတို့ရဲ့ ချစ်သူထက် မိန်းမထက် ချစ်တတ်အောင်လုပ်ဆိုပြီး ပြောဖူးပါတယ်. တစ်ခုခုဆိုရင် ကိုယ်ကိုင်တဲ့သေနတ်ကပဲ ကိုယ့်အသက်ကို ကယ်တင်မှာ ဖြစ်တဲ့အတွက် ကိုယ့်သေနတ်အကြောင်း သိထားပြီး အကောင်းဆုံး အသုံးပြုနိုင်စေဖို့ ကျနော်သိသလောက် ရည်ရွယ်ရေးသားပါတယ်ခင်ဗျာ. အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ. ( ပုံတွေက တွေ့တာယူလာတယ် )
crd-ထက်မြတ်



