ကယားပြည်နယ် အမြန်ပြန်လည် တည်ငြိမ်အေးချမ်းဖို့ ဘာသာရေးအဆုံးအမ တရားတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။(ဖေဖော်ဝါရီ ၃ရက်)က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်) အဖွဲ့များမှ ဘာသာရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ် ၎င်းက ယခုလို ပြောကြားခဲ့တာပါ။
ပြည်နယ်အကျိုးအတွက် ဘာသာရေး အသင်းအဖွဲ့များရဲ့ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုက အရေးကြီးပြီး ဘာသာရေး ခေါင်းဆောင်များက ဒေသအလိုက်၊ ဘာသာအလိုက် ကိုးကွယ်သူ ဘာသာဝင်များ အပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသရဲ့အကျိုးစီးပွားအတွက် ထိရောက်တဲ့ စွမ်းဆောင်ပေးနိုင်သူများ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“ဘာသာရေးရဲ့အဆုံးအမ တရားတို့နဲ့ ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ သို့မှသာ ကယားပြည်နယ်ဟာ အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုတွေဟာ မိမိတို့တိုင်းရင်းသားများသာ ဖြစ်၍ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ပြီး တနည်းအားဖြင့် နိုင်ငံရဲ့ လူသားအရင်းအမြစ်များ ဆုံးရှုံးနေခြင်းပင်ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
zawgyi