“Wave Money နဲ့ ငွေလွှဲရင် သတိထားဖို့”
မနေ့က ဆိုင်မှာ Wave Money ငွေလာလွှဲတဲ့ ကလေးတစ်ယောက် အလိမ်ခံရတယ်။
အဲ့ကလေး ငွေလာလွှဲတဲ့ အချိန်မှာ အနောက်ကနေ လူတစ်ယောက် လိုက်ဝင်လာတယ်။
ငွေထုတ်ချင်တယ်ပြောပြီး အနားမှာ စောင့်နေတယ်။ (ပုံမှာ အနီအဝိုင်းနဲ့ ပြထားတဲ့သူ)
ငွေလွှဲမယ့် ကလေးက ဖုန်းနံပါတ် ပြောတော့ ဖုန်းထုတ်ပြီး လိုက်မှတ်နေတယ်။
ငွေလည်းလွှဲပြီး အဲ့ကလေး ဖုန်းထဲကို Message ကျသွားပြီ ဆိုတာနဲ့ အဲ့လူကလည်း သူ့ဆီ ဖုန်းလာသလိုနဲ့ လှည့်ထွက်သွားတယ်။
နောက် ၁ နာရီလောက် ကြာတော့ ငွေလွှဲတဲ့ကလေး ကျွန်တော့်ဆိုင် ပြန်ရောက်လာတယ်။
ငွေမထုတ်ရသေးဘဲ ငွေထုတ်ပြီးကြောင်း Message ကျလာတယ်တဲ့။
ဆိုတော့ ခေါင်းစားပြီ။
ငွေထုတ်သွားပြီ ဆိုတော့ ဖြစ်နိုင်ချေ ရှိတာက ငွေလွှဲသူ၊ ငွေလက်ခံသူ၊ ငွေလွှဲတဲ့ဆိုင်။
အဲ့ ၃ ယောက်ထဲက တစ်ယောက်ယောက် ဖြစ်ရမယ်။ ငွေလွှဲသူကိုလည်း ကိုယ်က ယုံလို့ မရဘူး။ တစ်ချို့လည်း ကိုယ့်ဖာကိုယ်ထုတ်ပြီး မထုတ်ရသေးဘူး ဆိုပြီး လာလိမ်တတ်တယ်။
ငွေလက်ခံသူ။ သူ့ကိုလည်း ကိုယ်က မမြင်ရတော့ တရားသေ ပြောလို့ မရဘူး။ သူတို့ကလည်း လိမ်ချင် လိမ်လို့ရတာပဲ။
ငွေလွှဲတဲ့ ဆိုင်ကတော့ ကိုယ့်ဆိုင်က လူစိမ်း မရှိတော့ ဒီတစ်ကြိမ်ကို ယုံလို့ရတယ်။
လူစိမ်းတွေ၊ ဆွေမျိုးတွေ အများကြီး ရှိနေရင်တော့ ကျိမ်းသေ မပြောနိုင်။
ဒါနဲ့ Wave Money Call Center ကိုဖုန်းဆက်။ ငွေကို ကြားထဲက ဖြတ်ထုတ်သွားလို့ပါ ပြောတော့ Vall Center က လိုအပ်တဲ့ အချက်အလက်တွေကို မေးတယ်။
ခဏနေတော့ ငွေထုတ်သွားတဲ့ ဆိုင်ကို အတိအကျ ပြောတယ်။
အမှတ် xxx လမ်း xxx ဆိုင်နာမည် xxx မှာ ထုတ်ထားပါတယ်တဲ့။
ကိုယ့်ဆိုင်နဲ့ ၅ မိနစ်လောက် ကြာလမ်းလျှောက်ရင် ရောက်တဲ့ဆိုင်။
လွှဲလိုက်တာက xxx နယ်ကို။
ထုတ်သွားတာက ရန်ကုန်မြို့က xxx ဆိုင်။
ဆိုတော့ CCTV ပြန်ကြည့်တယ်။ မသင်္ကာစရာလူ တွေ့တယ်။ ဖုန်းနံပါတ်တွေကို ပြောနေတဲ့အချိန် လက်က လိုက်မှတ်နေတယ်။
OK. ဒါနဲ့ အဲ့ Footage (ရုပ်သံမှတ်တမ်း) ကို ဖုန်းထဲ Download ဆွဲ။ ငွေလာလွှဲတဲ့ ညီလေးကို ခေါ်ပြလိုက်တယ်။
ပြဿနာကတော့ တွေ့ပြီ။
ဒါဆို ငွေလွှဲသူ ငွေလက်ခံရရှိသူ ဖုန်းနံပါတ်တွေကို လိုက်မှတ်ရုံနဲ့ Wave Money က ထုတ်လို့ ရပြီလား???
မရသေးပါဘူး။
ငွေထုတ်ဖို့ လိုအပ်ချက် နောက်တစ်ခုက ID နံပါတ်နဲ့ PASSWORD ။ အဲ့ ၂ ချက် မသိရင် ထုတ်ရစရာအကြောင်း မရှိဘူး။
ဒါဆို xxx နယ်က ညီလေးအိမ်ကို ဖုန်းလှမ်းဆက်ကြည့်။ လူစိမ်းတွေ ဖုန်းဆက်လာပြီး ငွေလွှဲတဲ့ အကြောင်း မေးသေးလား။
ID နံပါတ် မေးသေးလားလို့ မေးကြည့်ဆိုတော့ ငွေလွှဲပြီး တစ်အောင့်နေတော့ ဖုန်းအစိမ်း ဝင်လာပြီး Message ကျ/မကျ မေးလာတော့ ဖြေလိုက်ကြောင်း xxx နယ်က အဲ့ကလေးအိမ်က ပြောတယ်။
အဲ့ဖုန်းချသွားပြီး ခဏနေတာနဲ့ ငွေထုတ် Message ကျလာတယ်တဲ့။
ဒီလောက်ဆို ဆက်စပ်လို့ ရပြီ။
ပုံထဲက သူခိုးက ငွေလက်ခံရရှိမယ့်ဖုန်းကို ဆိုင်အပြင် ရောက်တာနဲ့ ဆက်တယ်။ ငွေလွှဲတဲ့ဆိုင်က ဖုန်းဆက်တာပါလို့ ပြောပြီး ID နံပါတ်ကိုအစ်အောက် မေးမယ်။ ID နံပါတ် သိတာနဲ့ တွေ့တဲ့ဆိုင်မှာ ဝင်ထုတ်မယ်။
ဆိုတော့ ID နံပါတ်သိရုံ PASSWORD သိရုံနဲ့ ငွေက ထုတ်လို့ရပြီလား???
မရသေးပါဘူး။
WAVE MONEY AGENT ဆိုင်တစ်ဆိုင်အနေနဲ့ ငွေလက်ခံ ရရှိကြောင်း မူရင်း MESSAGE မပါရင် ထုတ်ပေးခွင့် မရှိပါဘူး။
ထုတ်ပေးလိုက်လို့ သူခိုးအမှု ဖြစ်နေရင် ထုတ်ပေးလိုက်တဲ့ ဆိုင်ရဲ့အမှားပါ။ ရိုင်းရိုင်း ပြောရရင် သူခိုး လက်ခံ လုပ်ပေးလိုက်တာပါ။ သူခိုး အားပေး လုပ်တာပါ။
ကျွန်တော့်ဆိုင်မှာတော့ မူရင်း MESSAGE မပါရင် ဘယ်သူ့ကိုမှ ငွေကို လုံးဝ မထုတ်ပေးပါဘူး။ စာအုပ်ကြီးအတိုင်းသွားလွန်းလို့ တစ်ချို့ဆို ပြောဆိုသွားကြပါတယ်။ ငါတို့က လူလိမ် မဟုတ်ဘူး။ ဘာညာပေါ့။
လူလိမ်လို့ မသတ်မှတ်ပါဘူး။ အချက် အလက် ပြည့်စုံဖို့ကိုတော့ ဂရုစိုက်ပါတယ်။
အခုတော့ ကလေးတစ်ယောက် လုပ်ခ လစာလေး ၁ သိန်း အလိမ်ခံလိုက်ရပါပြီ။
ပထမ မှားတာက xxx နယ်က ရိုးရိုးသားသား လူတွေက သူခိုး ဖုန်းဆက်မေးတဲ့ ကိုယ့်လျှို့ဝှက်ချက်ကို အကုန် ပြောပြတာပါ။
ဒုတိယ မှားတာက အချက်အလက် မပါပဲ (မူရင်း ID ပါသော MESSAGE) သူခိုးကို ငွေထုတ်ပေးလိုက်တဲ့ WAVE MONEY AGENT ဆိုင်ပါ။
အလိမ်အညာတွေ ရန်မှ ကင်းဝေးစေလိုတဲ့ ဆန္ဒနဲ့ အဖြစ်အပျက်လေးကိုအကျဉ်းချုံး တင်ပေးလိုက်ပါတယ်။
📝အောင်ဆေးဆိုင်
Zawgyi ဖြင့် ဖတ်ရန်
“Wave Money နဲ႔ ေငြလႊဲရင္ သတိထားဖို႔”
မေန႔က ဆိုင္မွာ Wave Money ေငြလာလႊဲတဲ့ ကေလးတစ္ေယာက္ အလိမ္ခံရတယ္။
အဲ့ကေလး ေငြလာလႊဲတဲ့ အခ်ိန္မွာ အေနာက္ကေန လူတစ္ေယာက္ လိုက္ဝင္လာတယ္။
ေငြထုတ္ခ်င္တယ္ေျပာၿပီး အနားမွာ ေစာင့္ေနတယ္။ (ပုံမွာ အနီအဝိုင္းနဲ႔ ျပထားတဲ့သူ)
ေငြလႊဲမယ့္ ကေလးက ဖုန္းနံပါတ္ ေျပာေတာ့ ဖုန္းထုတ္ၿပီး လိုက္မွတ္ေနတယ္။
ေငြလည္းလႊဲၿပီး အဲ့ကေလး ဖုန္းထဲကို Message က်သြားၿပီ ဆိုတာနဲ႔ အဲ့လူကလည္း သူ႔ဆီ ဖုန္းလာသလိုနဲ႔ လွည့္ထြက္သြားတယ္။
ေနာက္ ၁ နာရီေလာက္ ၾကာေတာ့ ေငြလႊဲတဲ့ကေလး ကြၽန္ေတာ့္ဆိုင္ ျပန္ေရာက္လာတယ္။
ေငြမထုတ္ရေသးဘဲ ေငြထုတ္ၿပီးေၾကာင္း Message က်လာတယ္တဲ့။
ဆိုေတာ့ ေခါင္းစားၿပီ။
ေငြထုတ္သြားၿပီ ဆိုေတာ့ ျဖစ္ႏိုင္ေခ် ရွိတာက ေငြလႊဲသူ၊ ေငြလက္ခံသူ၊ ေငြလႊဲတဲ့ဆိုင္။
အဲ့ ၃ ေယာက္ထဲက တစ္ေယာက္ေယာက္ ျဖစ္ရမယ္။ ေငြလႊဲသူကိုလည္း ကိုယ္က ယုံလို႔ မရဘူး။ တစ္ခ်ိဳ႕လည္း ကိုယ့္ဖာကိုယ္ထုတ္ၿပီး မထုတ္ရေသးဘူး ဆိုၿပီး လာလိမ္တတ္တယ္။
ေငြလက္ခံသူ။ သူ႔ကိုလည္း ကိုယ္က မျမင္ရေတာ့ တရားေသ ေျပာလို႔ မရဘူး။ သူတို႔ကလည္း လိမ္ခ်င္ လိမ္လို႔ရတာပဲ။
ေငြလႊဲတဲ့ ဆိုင္ကေတာ့ ကိုယ့္ဆိုင္က လူစိမ္း မရွိေတာ့ ဒီတစ္ႀကိမ္ကို ယုံလို႔ရတယ္။
လူစိမ္းေတြ၊ ေဆြမ်ိဳးေတြ အမ်ားႀကီး ရွိေနရင္ေတာ့ က်ိမ္းေသ မေျပာႏိုင္။
ဒါနဲ႔ Wave Money Call Center ကိုဖုန္းဆက္။ ေငြကို ၾကားထဲက ျဖတ္ထုတ္သြားလို႔ပါ ေျပာေတာ့ Vall Center က လိုအပ္တဲ့ အခ်က္အလက္ေတြကို ေမးတယ္။
ခဏေနေတာ့ ေငြထုတ္သြားတဲ့ ဆိုင္ကို အတိအက် ေျပာတယ္။
အမွတ္ xxx လမ္း xxx ဆိုင္နာမည္ xxx မွာ ထုတ္ထားပါတယ္တဲ့။
ကိုယ့္ဆိုင္နဲ႔ ၅ မိနစ္ေလာက္ ၾကာလမ္းေလွ်ာက္ရင္ ေရာက္တဲ့ဆိုင္။
လႊဲလိုက္တာက xxx နယ္ကို။
ထုတ္သြားတာက ရန္ကုန္ၿမိဳ႕က xxx ဆိုင္။
ဆိုေတာ့ CCTV ျပန္ၾကည့္တယ္။ မသကၤာစရာလူ ေတြ႕တယ္။
ဖုန္းနံပါတ္ေတြကို ေျပာေနတဲ့အခ်ိန္ လက္က လိုက္မွတ္ေနတယ္။
OK. ဒါနဲ႔ အဲ့ Footage (႐ုပ္သံမွတ္တမ္း) ကို ဖုန္းထဲ Download ဆြဲ။ ေငြလာလႊဲတဲ့ ညီေလးကို ေခၚျပလိုက္တယ္။
ျပႆနာကေတာ့ ေတြ႕ၿပီ။
ဒါဆို ေငြလႊဲသူ ေငြလက္ခံရရွိသူ ဖုန္းနံပါတ္ေတြကို လိုက္မွတ္႐ုံနဲ႔ Wave Money က ထုတ္လို႔ ရၿပီလား???
မရေသးပါဘူး။
ေငြထုတ္ဖို႔ လိုအပ္ခ်က္ ေနာက္တစ္ခုက ID နံပါတ္နဲ႔ PASSWORD ။ အဲ့ ၂ ခ်က္ မသိရင္ ထုတ္ရစရာအေၾကာင္း မရွိဘူး။
ဒါဆို xxx နယ္က ညီေလးအိမ္ကို ဖုန္းလွမ္းဆက္ၾကည့္။ လူစိမ္းေတြ ဖုန္းဆက္လာၿပီး ေငြလႊဲတဲ့ အေၾကာင္း ေမးေသးလား။
ID နံပါတ္ ေမးေသးလားလို႔ ေမးၾကည့္ဆိုေတာ့
ေငြလႊဲၿပီး တစ္ေအာင့္ေနေတာ့ ဖုန္းအစိမ္း ဝင္လာၿပီး Message က်/မက် ေမးလာေတာ့ ေျဖလိုက္ေၾကာင္း xxx နယ္က အဲ့ကေလးအိမ္က ေျပာတယ္။
အဲ့ဖုန္းခ်သြားၿပီး ခဏေနတာနဲ႔ ေငြထုတ္ Message က်လာတယ္တဲ့။
ဒီေလာက္ဆို ဆက္စပ္လို႔ ရၿပီ။
ပုံထဲက သူခိုးက ေငြလက္ခံရရွိမယ့္ဖုန္းကို ဆိုင္အျပင္ ေရာက္တာနဲ႔ ဆက္တယ္။ ေငြလႊဲတဲ့ဆိုင္က ဖုန္းဆက္တာပါလို႔ ေျပာၿပီး ID နံပါတ္ကိုအစ္ေအာက္ ေမးမယ္။ ID နံပါတ္ သိတာနဲ႔ ေတြ႕တဲ့ဆိုင္မွာ ဝင္ထုတ္မယ္။
ဆိုေတာ့ ID နံပါတ္သိ႐ုံ PASSWORD သိ႐ုံနဲ႔ ေငြက ထုတ္လို႔ရၿပီလား???
မရေသးပါဘူး။
WAVE MONEY AGENT ဆိုင္တစ္ဆိုင္အေနနဲ႔ ေငြလက္ခံ ရရွိေၾကာင္း မူရင္း MESSAGE မပါရင္ ထုတ္ေပးခြင့္ မရွိပါဘူး။
ထုတ္ေပးလိုက္လို႔ သူခိုးအမႈ ျဖစ္ေနရင္ ထုတ္ေပးလိုက္တဲ့ ဆိုင္ရဲ႕အမွားပါ။ ႐ိုင္း႐ိုင္း ေျပာရရင္ သူခိုး လက္ခံ လုပ္ေပးလိုက္တာပါ။ သူခိုးအားေပးလုပ္တာပါ။
ကြၽန္ေတာ့္ဆိုင္မွာေတာ့ မူရင္း MESSAGE မပါရင္ ဘယ္သူ႔ကိုမွ ေငြကို လုံးဝ မထုတ္ေပးပါဘူး။ စာအုပ္ႀကီးအတိုင္းသြားလြန္းလို႔ တစ္ခ်ိဳ႕ဆို ေျပာဆိုသြားၾကပါတယ္။ ငါတို႔က လူလိမ္ မဟုတ္ဘူး။ ဘာညာေပါ့။
လူလိမ္လို႔ မသတ္မွတ္ပါဘူး။ အခ်က္အလက္ ျပည့္စုံဖို႔ကိုေတာ့ ဂ႐ုစိုက္ပါတယ္။
အခုေတာ့ ကေလးတစ္ေယာက္ လုပ္ခ လစာေလး ၁ သိန္း အလိမ္ခံလိုက္ရပါၿပီ။
ပထမ မွားတာက xxx နယ္က ႐ိုး႐ိုးသားသား လူေတြက သူခိုး ဖုန္းဆက္ေမးတဲ့ ကိုယ့္လွ်ိဳ႕ဝွက္ခ်က္ကို အကုန္ေျပာျပတာပါ။
ဒုတိယ မွားတာက အခ်က္အလက္ မပါပဲ (မူရင္း ID ပါေသာ MESSAGE) သူခိုးကို ေငြထုတ္ေပးလိုက္တဲ့ WAVE MONEY AGENT ဆိုင္ပါ။
အလိမ္အညာေတြ ရန္မွ ကင္းေဝးေစလိုတဲ့ ဆႏၵနဲ႔ အျဖစ္အပ်က္ေလးကိုအက်ဥ္းခ်ဳံး တင္ေပးလိုက္ပါတယ္။
📝ေအာင္ေဆးဆိုင္