ဗဟုသုတ

ချဉ်စပ်အရသာကြက်ကြော်နည်း

ချဉ်စပ်အရသာကြက်ကြော်


——————————

ဒီကြက်ကြော်နည်းလေးက မြန်မြန်ဆန်ဆန်ကြော်လို့ရပြီး ချဉ်စပ်အရသာလေးမို့ ထမင်းချိုင့် ထည့်ယူရာမှာ အဆင်ပြေပြီး စားလို့မြိန်စေတဲ့ ဟင်းလျာတစ်မည်ပါ။

ပါဝင်ပစ္စည်းများ

• ကြက်ပေါင်လုံး – ၁၅ ကျပ်သား

• မန်ကျည်းမှည့်ရည် – စားပွဲဇွန်း ၁ ဇွန်း

• ငရုတ်ခွဲခြမ်း – စားပွဲဇွန်း ၁/၂ ဇွန်း

• ဆား – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

• သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ချင်း – လက်တစ်ဆစ်

• ကြက်သွန်ဖြူဥသေး – ၁ လုံး

• မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ဆီ – ၅ ကျပ်သား

• နနွင်းမှုန့် – အနည်းငယ်

ပြုလုပ်နည်း

ဦးစွာ ကြက်ပေါင်လုံးလေးတွေကို ရေမဆေးခင် ဆားအနည်းငယ်နဲ့ နယ်ပြီးမှ ရေဆေးပါ။ အဲဒါဆိုအနံ့အသက်လည်းကင်းပြီး အသားရောင်လည်း ပိုမိုကြည်လင်လှပ

ပါတယ်။ မည်သည့် အသားကိုမဆို အဲဒီနည်းနဲ့ဆေးကြောသန့်စင်နိုင်ပါတယ်။ ရေဆေးပြီးတဲ့ ကြက်ပေါင်ကို နနွင်းမှုန့်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် နယ်ပြီး ြွ

ကပ်ရွလာအောင် မီးအေးအေးနှင့် ကြော်ပါ။

ကြက်ကြော်ကို ဆယ်ယူပြီး ဆီများနေလျှင် အနည်းငယ် ခပ်ထုတ်ထားပါ။ မန်ကျည်းမှည့်ရည်၊ သကြားနှင့် ဆားတို့ကို ဖျော်ထားပါ။ ချင်းနှင့် ကြက်သွန်ဖြူကို ရော

ထောင်းပြီး ကျန်ဆီထဲ ထည့် ကြော်ပါ။

ြွကပ်ရွမွှေးလာလျှင် မဆလာထည့်ပါ။ ဖျော်ထားသော မန်ကျည်းမှည့်ရည် ထည့်ပါ။ အနှစ်ခြောက်ခြောက်ဖြစ်လာလျှင် ငရုတ်ခွဲခြမ်းထည့်၍ ကြော်ထားသော

ကြက်သားထည့်ပြီး ကြက်ကြော်နှင့် အနှစ်များ တစ်သားတည်းဖြစ်သွားလျှင် ရပါပြီ။

လေးစားလျှက်..Crd ပန်းခရေ See less


CreditToOriginalUploader

ချဉ်စပ်အရသာကြက်ကြော်
——————————

ဒီကှကကြှောနြညြးလေးက မှနမြှနဆြနဆြနကြှောလြို့ရပှီး ခဉွစြပအြရသာလေးမို့ ထမငြးခွိုင့ြ ထည့ယြူရာမှာ အဆငပြှပှေီး စားလို့မှိနစြတေဲ့ ဟငြးလွာတဈမည

ပြါ။





















CreditToOriginalUploader