ၾကားသိရသမွ်

KNU က တိုင္းသစ္ျပည္သစ္ ထူေထာင္ေရး သြားမည္

“ၿငိမ္းခ်မ္းေရးမွာ တစ္ေလွ်ာက္လုံး ေထာ္ေလာ္ကန႔္လန႔္ ကိုးလိုးကန႔္လန႔္လုပ္ၿပီး ေနာက္ဆုံး အာဏာသိမ္းတာ စစ္တပ္ပဲ။ ၿငိမ္းခ်မ္းေရးမွာ အခက္အခဲအႀကီးဆုံးက စစ္တပ္ပဲ။ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တဲ့ အဖြဲ႕အစည္းအားလုံးနဲ႔ လက္တြဲၿပီးေတာ့ တိုင္းသစ္ျပည္သစ္ကို ထူေထာင္ဖို႔ တာစူၿပီး လုပ္သြားေတာ့မယ္”

KNU ဗဟိုအလုပ္အမႈေဆာင္ ပဒိုေစာတာနီးမင္းေအာင္လႈိင္ ေခါင္းေဆာင္ေသာ အၾကမ္းဖက္ စစ္ေကာင္စီက ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ယမန္ေန႔ညပိုင္း ေၾကညာခ်က္ထုတ္ျပန္၍ ဖိတ္ေခၚကမ္းလွမ္းမႈ သည္ ေသြး႐ူးေသြးတန္း လုပ္ေနျခင္းျဖစ္၍ ေခါင္းထဲ ထည့္စရာမလိုေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ပဒိုေစာေတာနီးက ေျပာဆိုသည္။

“ဒီအခ်ိန္ ဒီကာလမွာ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ဘာညာ လာေျပာစရာ အေၾကာင္း ကို မရွိတာ။ က်ေနာ္တို႔လုပ္ခဲ့တုန္းကလည္း ေသေသခ်ာခ်ာ ေကာင္းေကာင္းမြန္မြန္လုပ္ႏိုင္တဲ့ အခြင့္အေရးရွိလ်က္သားနဲ႔ လုံးဝကို ဂ႐ုမစိုက္ဘဲ ေနာက္ဆုံးက်ေတာ့ အာဏာသိမ္းတယ္၊ အၾကမ္းဖက္နည္းနဲ႔ လုပ္လာတဲ့အခါက်ေတာ့ က်ေနာ္တို႔က လုံးဝ လက္ခံလို႔ မရဘူး။ သည္းမခံႏိုင္ဘူး အဲဒီအေန အထားကို။

ဒါေၾကာင့္မို႔ က်ေနာ္တို႔ ေရွ႕ဆက္ၿပီး လုပ္ႏိုင္တာက စစ္အာဏာသိမ္းတာနဲ႔ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တဲ့ အဖြဲ႕အစည္းအားလုံးနဲ႔ လက္တြဲၿပီးေတာ့ တိုင္းသစ္ျပည္သစ္ကို ထူေထာင္ဖို႔ တာစူၿပီး လုပ္သြားေတာ့မယ္။ ဒါက အသစ္အသစ္ေသာ တိုင္းျပည္၊ အသစ္အသစ္ေသာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႔ သြားမွာျဖစ္တဲ့အတြက္ ေနာက္လွည့္ၿပီးေတာ့ သူတို႔ေျပာတာေတြ ကို ေခါင္းထဲမွာ ထည့္စရာအေၾကာင္းမရွိေတာ့ဘူး။” ဟု ပဒိုေစာေတာနီးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

မင္းေအာင္လႈိင္ ေခါင္းေဆာင္ေသာ စစ္ေကာင္စီက ေဖေဖၚဝါရီလ ၁၂ ရက္ ျပည္ေထာင္စုေန႔ အခမ္းအနားတြင္ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားကို ဖိတ္ေခၚထားၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရး ထာဝရၿငိမ္းခ်မ္းေရး အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲ ျပဳလုပ္မည္ဟု ထုတ္ျပန္ထားသည္။

မတရားအာဏာသိမ္းၿပီး တႏွစ္ေက်ာ္ကာလအတြင္း စစ္ေကာင္စီကို ဆန႔္က်င္တိုက္ခိုက္သူ ႏိုင္ငံတစ္ဝန္း မ်ားျပားေနၿပီး ထိန္းမႏိုင္ သိမ္းမရ အေျခအေနျဖစ္ေနေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ဖိတ္ေခၚခ်က္သည္ ေသြး႐ူးေသြးတန္း ေလွ်ာက္လုပ္ျခင္းသာ ျဖစ္ေၾကာင္း၊ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္မည္ဆိုလွ်င္ လက္ရွိ စစ္ေကာင္စီႏွင့္ ဘယ္လိုမွ မျဖစ္ႏိုင္ေၾကာင္း ပဒိုေစာေတာနီးက ဆိုသည္။

“စစ္အာဏာသိမ္းခါစနဲ႔ တစ္ႏွစ္ၿပီးတဲ့ေနာက္ပိုင္း စစ္ပြဲအေျခအေနက လုံးဝ မတူေတာ့ဘူး။ အရင္ကနဲ႔ မတူတာက အခု တႏိုင္ငံလုံး တနံတလ်ားမွာ သူ႔ကို ဆန႔္ က်င္အုံႂကြၿပီး တိုက္ခိုက္ေနတဲ့အေနအထားက ဝိုင္းဝိုင္းလည္ေနတဲ့အခ်ိန္မွာ က်ေနာ္ျမင္တာကေတာ့ ထိန္းမႏိုင္ သိမ္းမရတဲ့ အေနအထားတခုမွာ သူတို႔က ေကာက္႐ိုးတမွ်င္ စာေလး ရလိုရျငား ေသြး႐ူးေသြးတန္းနဲ႔ ထ လုပ္တာလို႔ က်ေနာ္ ျမင္တယ္ဗ်။

က်ေနာ္ ေျပာခ်င္တာက ဒီအခ်ိန္ ဒီကာလမွာ လူထုတရပ္လုံး ေတာင္းဆိုမႈျဖစ္တဲ့ စစ္တပ္ဟာ ႏိုင္ငံေရးထဲက လုံးဝကို ထြက္ခြာသြားဖို႔ပါ၊ ဖက္ဒရယ္ ဒီမိုကေရစီ တည္ေဆာက္ဖို႔ဆိုတာ ဒီစစ္တပ္နဲ႔ သြားၿပီးေတာ့ စိတ္ကူး ယာဥ္စရာအေၾကာင္းကို မရွိေတာ့တာ။ အျဖဴကို ေ႐ြးမလား၊ အမဲကို ေ႐ြးမလားဆိုတာ ဒီေန႔ဒီကာလဟာ ဆုံးျဖတ္ရမယ့္ အခ်ိန္ျဖစ္တယ္။ ဒီအခ်ိန္ကာလမ်ိဳးမွာ အညိဳေရာင္သန္းတဲ့ဟာကို ေ႐ြးဖို႔ဆိုတဲ့ စိတ္ကူးယဥ္တဲ့ ဟာမ်ိဳးနဲ႔ ေတြးၿပီး အခ်ိန္ျဖဳန္းေနစရာ အေၾကာင္းကို မရွိေတာ့ဘူး” ဟု KNU ႏိုင္ငံျခား ေရးတာဝန္ခံလည္း ျဖစ္သူ ပဒိုေစာေတာနီးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ကမ္းလွမ္းခ်က္ကို AA ၊ TNLA ႏွင့္ MNDAA ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕က တက္ရန္မရွိဟု TNLA မွ ဗိုလ္မႉးခ်ဳပ္ တာဘုန္းေက်ာ္က ေ႐ႊဖီေျမသတင္းဌာနကို ေျပာဆိုထားၿပီျဖစ္သည္။

“ငြိမ်းချမ်းရေးမှာ တစ်လျှောက်လုံး ထော်လော်ကန့်လန့် ကိုးလိုးကန့်လန့်လုပ်ပြီး နောက်ဆုံး အာဏာသိမ်းတာ စစ်တပ်ပဲ။ ငြိမ်းချမ်းရေးမှာ အခက်အခဲအကြီးဆုံးက စစ်တပ်ပဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်”

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတာနီးမင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ယမန်နေ့ညပိုင်း ကြေညာချက်ထုတ်ပြန်၍ ဖိတ်ခေါ်ကမ်းလှမ်းမှု သည် သွေးရူးသွေးတန်း လုပ်နေခြင်းဖြစ်၍ ခေါင်းထဲ ထည့်စရာမလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုသည်။

“ဒီအချိန် ဒီကာလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာညာ လာပြောစရာ အကြောင်း ကို မရှိတာ။ ကျနော်တို့လုပ်ခဲ့တုန်းကလည်း သေသေချာချာ ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ အခွင့်အရေးရှိလျက်သားနဲ့ လုံးဝကို ဂရုမစိုက်ဘဲ နောက်ဆုံးကျတော့ အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ လုပ်လာတဲ့အခါကျတော့ ကျနော်တို့က လုံးဝ လက်ခံလို့ မရဘူး။ သည်းမခံနိုင်ဘူး အဲဒီအနေ အထားကို။

ဒါကြောင့်မို့ ကျနော်တို့ ရှေ့ဆက်ပြီး လုပ်နိုင်တာက စစ်အာဏာသိမ်းတာနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်။ ဒါက အသစ်အသစ်သော တိုင်းပြည်၊ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားမှာဖြစ်တဲ့အတွက် နောက်လှည့်ပြီးတော့ သူတို့ပြောတာတွေ ကို ခေါင်းထဲမှာ ထည့်စရာအကြောင်းမရှိတော့ဘူး။” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

မတရားအာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သူ နိုင်ငံတစ်ဝန်း များပြားနေပြီး ထိန်းမနိုင် သိမ်းမရ အခြေအနေဖြစ်နေကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ချက်သည် သွေးရူးသွေးတန်း လျှောက်လုပ်ခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် လက်ရှိ စစ်ကောင်စီနှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ဆိုသည်။

“စစ်အာဏာသိမ်းခါစနဲ့ တစ်နှစ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲအခြေအနေက လုံးဝ မတူတော့ဘူး။ အရင်ကနဲ့ မတူတာက အခု တနိုင်ငံလုံး တနံတလျားမှာ သူ့ကို ဆန့် ကျင်အုံကြွပြီး တိုက်ခိုက်နေတဲ့အနေအထားက ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားတခုမှာ သူတို့က ကောက်ရိုးတမျှင် စာလေး ရလိုရငြား သွေးရူးသွေးတန်းနဲ့ ထ လုပ်တာလို့ ကျနော် မြင်တယ်ဗျ။

ကျနော် ပြောချင်တာက ဒီအချိန် ဒီကာလမှာ လူထုတရပ်လုံး တောင်းဆိုမှုဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထဲက လုံးဝကို ထွက်ခွာသွားဖို့ပါ၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီစစ်တပ်နဲ့ သွားပြီးတော့ စိတ်ကူး ယာဉ်စရာအကြောင်းကို မရှိတော့တာ။ အဖြူကို ရွေးမလား၊ အမဲကို ရွေးမလားဆိုတာ ဒီနေ့ဒီကာလဟာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်။ ဒီအချိန်ကာလမျိုးမှာ အညိုရောင်သန်းတဲ့ဟာကို ရွေးဖို့ဆိုတဲ့ စိတ်ကူးယဉ်တဲ့ ဟာမျိုးနဲ့ တွေးပြီး အချိန်ဖြုန်းနေစရာ အကြောင်းကို မရှိတော့ဘူး” ဟု KNU နိုင်ငံခြား ရေးတာဝန်ခံလည်း ဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို AA ၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တက်ရန်မရှိဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရွှေဖီမြေသတင်းဌာနကို ပြောဆိုထားပြီဖြစ်သည်။