ၾကားသိရသမွ်

ကိုရီးယားနိုင်ငံမှာ ကိုရီးယားဘာသာစကားနဲ့ ထွက်ရှိမှာ ဖြစ်တဲ့ ပန်ဆယ်လိုရဲ့ အမှောင်ရက်တစ်ရာ The 100 Days of Darkness စာအုပ်

ဖေဖော်ဝါရီ ၈ ရက်နေ့၊ ဒီနေ့မှာ နွေဦးတော်လှန်ရေး ရက်ပေါင်းတစ်ရာကို ရေးသားထားတဲ့ ကိုယ့်ရဲ့ အမှောင်ရက်တစ်ရာ The 100 Days of Darkness စာအုပ် ကိုရီးယားနိုင်ငံမှာ ကိုရီးယားဘာသာစကားနဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံ Central Patriots and Veterans Hall မှာ ပြုလုပ်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားမှ မြန်မာအရေးစိတ်ဝင်စားကြသော ကိုရီးယားဝန်ကြီးများ၊ လွှတ်တော်အမတ်များနဲ့ ကျောင်းသားများ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှ ရရှိသော စာမူခတစ်ပြားတစ်ချပ်မကျန်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းထားပြီးဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးကို တစ်စိတ်တစ်ပိုင်းထင်ဟပ်နိုင်ပြီး အခြားနိုင်ငံသားများ၊ နိုင်ငံရေးသမားများအနေနဲ့ မြန်မာနွေဦးတော်လှန်ရေးနဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူများအား ဖိနှိပ်ရက်စက်မှုကို ပိုမိုသိရှိနိုင်အောင် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

ပြည်တွင်းမှာ Speak Out လုပ်မှာကြောက်လို့ လိုက်ဖမ်းတယ်။ ကိုယ်တည်ဆောက်ခဲ့သမျှကို ဖျက်ဆီးခဲ့တယ်။

ကိုယ်က အခြားနိုင်ငံ၊ အခြားဘာသာစကားနဲ့ကို စကစရဲ့ ယုတ်မာရက်စက်မှုတွေကို ထုတ်ဖော်ရေးသားနိုင်ခဲ့ပြီ။

အာဏာရှင်စနစ်ဆိုးကို ရရာနေရာက ဖြိုချမယ့်လက်ထဲ ကိုယ့်လက်ဟာ အမြဲပါဝင်နေနိုင်ရမယ်။ ပန်ဆယ်လို

ဖေဖော်ဝါရီ ၈ ရက်နေ့၊ ဒီနေ့မှာ နွေဦးတော်လှန်ရေး ရက်ပေါင်းတစ်ရာကို ရေးသားထားတဲ့ ကိုယ့်ရဲ့ အမှောင်ရက်တစ်ရာ The 100 Days of Darkness စာအုပ် ကိုရီးယားနိုင်ငံမှာ ကိုရီးယားဘာသာစကားနဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံ Central Patriots and Veterans Hall မှာ ပြုလုပ်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားမှ မြန်မာအရေးစိတ်ဝင်စားကြသော ကိုရီးယားဝန်ကြီးများ၊ လွှတ်တော်အမတ်များနဲ့ ကျောင်းသားများ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှ ရရှိသော စာမူခတစ်ပြားတစ်ချပ်မကျန်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းထားပြီးဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးကို တစ်စိတ်တစ်ပိုင်းထင်ဟပ်နိုင်ပြီး အခြားနိုင်ငံသားများ၊ နိုင်ငံရေးသမားများအနေနဲ့ မြန်မာနွေဦးတော်လှန်ရေးနဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူများအား ဖိနှိပ်ရက်စက်မှုကို ပိုမိုသိရှိနိုင်အောင် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

ပြည်တွင်းမှာ Speak Out လုပ်မှာကြောက်လို့ လိုက်ဖမ်းတယ်။ ကိုယ်တည်ဆောက်ခဲ့သမျှကို ဖျက်ဆီးခဲ့တယ်။ ကိုယ်က အခြားနိုင်ငံ၊ အခြားဘာသာစကားနဲ့ကို စကစရဲ့ ယုတ်မာရက်စက်မှုတွေကို ထုတ်ဖော်ရေးသားနိုင်ခဲ့ပြီ။