ေဗဒင္

10.Feb.2022 မှ 16.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

10.Feb.2022 မှ 16.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိမိအသစ်မိမိအတွက်တွေဝေဒွိဟဖြစ်စရာများ ၊ဆုံးဖြတ်ရခက်စရာများကြုံရတတ်ပါတယ်။ ခရီးတွေလဲ သွား ရ တတ်ပါတယ်။ မိမိကို လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲနေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာ ရဲရဲရှေ့တိုး ဆောင်ရွက်ပါ။ သားသမီးရှိရင်လဲ ဆိုဆုံးမရခက်နေပါလိမ့်မယ်။ မိမိအနေနဲ့ အေးအေးဆေးဆေးပဲပြောဆိုဆုံးမ ပေးပါ။စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ အိမ်တွင်းရေးအနေနဲ့က အမွေကိစ္စနဲ့ပတ်သက်ပြီး ပြဿ နာပေါ်ရတတ်ပါတယ်။

ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ လဲ ပြန်လည်ဆုံဆည်းရမှာပါ။ တရားဘာဝနာအားထုတ်နေတဲ့သူတွေအနေနဲ့လဲ တရား ထူး ရလာပါလိမ့်မယ်။ အချစ်ရေးကံအထူးကောင်းမွန်နေမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ နှာစေးချောင်းဆိုးကလွဲလို့ ထူးထူးခြားခြား မဖြစ်ပါဘူးဗျ။ ပညာရေးကံကတော့ အကောင်းဆုံးအချိန်ပါပဲ။ ဒီကာလမှာ အနေအထိုင်မဆင်ခြင် တာနဲ့ ကူးစက်ရောဂါဝင်လာတော့တာပါပဲ။ အရမ်းပင်ပန်းအောင်အလုပ်လုပ်လိုက်တာမျိုး ရှောင်စေ ချင်ပါတယ်။ အိပ်ရေးလဲအပျက်မခံပါနဲ့။

မိမိမှာရှိတဲ့ စက်ပစ္စည်းတွေခဏခဏပျက်နေရလိမ့်မယ်။ စက်ပစ္စည်း အသစ် တွေလဲ မဝယ်ပါနဲ့။ ပျက်တဲ့ပစ္စည်းတွေပြင်သုံးပါ။ အချစ်ရေးကံအားနည်းနေတာကို တွေ့ရပါတယ်။ ချစ်သူနဲ့စကားအမှား အယွင်းတွေဖြစ်တတ်ပါတယ်။ ချစ်သူကိုစနောက်မိရာကနေ တကယ်စိတ်ဆိုးတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်။အကျိုးပေးဂဏန်း ၇/၀/၄ အထူးဟော လုပ်ငန်းတွေ ရှေ့တိုးဆောင်ရွက်ပါ ယတြာ ရွှေထီး ၄ လက် မွေးနံထောင့်မှာလှူဒါန်းဆုတောင်းပေးပါ။

တနင်္လာ

ဒီကာလများအတွင်း သင်၏ကံကြမ္မာသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေပါသည်။ အစုစပ်ရှယ်ယာ လုပ်ငန်း များ၊ ခရီးသွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများ မြောက်မြားစွာ ရရှိနိုင် ပါသည်။ သားသမီးများအတွက် လုပ်ငန်းများ ထူထောင်အကောင်အထည်ဖေါ်ပေးရမည်။ စီးပွားရေး လုပ်ငန်းများကို ဆုံးရှုံးမှုမပေါ်စေရန် မှန်ကန်သော လုပ်ဆောင်ချက်တို့ကို အသိတရားဖြင့် လုပ်ကိုင်ဆောင်ရွက် ရတတ်သည်။

ပညာရေးတွင် မျှော်မှန်း ထားသည့်အတိုင်း မိမိစိတ်ကို တည်ငြိမ်အောင်ထားပြီး ကြိုးစားမှသာလျှင် အောင်မြင်မှုများ ရရှိမည်။ အခွင့်အလမ်းကောင်းများကို လက်လွှတ်မခံပဲ ကြိုးစားလျှင် အောင်မြင်မှုပန်းတိုင်များ အဆင့်ဆင့် ရရှိနိုင် ပါသည်။စီးပွားရေးကိစ္စနှင့်ပတ်သက်၍ အယူအဆအမှားများနှင့် မိမိကိုနားသွင်းတာမျိုးတွေကြုံရမယ်။

မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မနာလိုချောက်ချခြင်းကို ခံရမဲ့အချိန်ပါပဲ။ အချစ်ရေးမှာတော့ မိမိကိုတန်ဖိုးမထားတဲ့ ချစ်သူကြောင့် စိတ်ကုန်ရတတ်ပါတယ်။ခရီး ရှည် သွားဖို့ရှိရင် ရက်ရွှေ့လိုက်ပါ။အထူးသဖြင့် ရေလမ်းခရီးဆို မသွား တာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးအထူး ကောင်း ပေမဲ့ မတော်တဆခိုက်မိခြင်း ၊သွေးထွက်သံယိုဖြစ်ခြင်း မျိုးကြုံကြရမှာပါပဲ။အိမ်ထောင်ရေးကံ အဆင်ပြေချောမွေ့ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၅/၀/၉ အထူးဟော ကံညံ့နေသည်။ယတြာ သီးစုံအချဉ်ဟင်းချက်ပြီး လေးဆင့်ချိုင့်ဖြင့် ထည့်၍ နီးစပ်ရာဘုန်းကြီးကျောင်းမှာကပ်လှူနိုင်ပါတယ်။

အင်္ဂါ

ဒီကာလဟာ ငွေအထွက်များနေတတ်တဲ့ကာလပါပဲ။ အိမ်အတွက် ဝယ်စရာတွေရှိတဲ့အတွက် ငွေကုန်ရခြင်း မျိုးပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးတော့ အထူးသတိထားရပါလိမ့်မည်။ လင်မယားချင်း စကားများရတတ် တဲ့ကာလမို့ပါပဲ။ မိသားစုအတွင်းအောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်စိတ်ရှုပ်ရတတ်ပါတယ်။ ခရီးရှည်သွား ဖို့ ကိစ္စများ ရှိရင်ပျက်သွားတတ်ပါတယ်။ မိမိရဲ့ အဖိုးတန်ပစ္စည်းအသုံးအဆောင်များကို လွယ်လင့်တကူမထားပါနဲ့ ။ သူခိုးခိုးခံရတတ်လို့ပါပဲ။

အချစ်ရေးကိစ္စတွေမှာ အဆင်ပြေမလိုလိုနဲ့ အဖျားရှူးသွားတတ်ပါတယ်။ ပညာရေး နယ်ပယ် မှာ အားနည်းမှုလေးတွေရှိနေပါတယ်။ မိမိကိုယ်တိုင် စိတ်ပျံ့လွင့်နေတတ်တာမျိုးပေါ့။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပါဘူးဗျာ။ငွေစုခြင်း၊ငွေချေး ငှားခြင်း၊ စတိုးဆိုင်ဖွင့်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ သစ်သီးဝလံ များ ရောင်းဝယ်ခြင်း၊ မွေးမြူရေး လုပ်ငန်း၊ ဆန်၊ ဆီ၊ ဆေးဝါးရောင်းဝယ်ခြင်းများ ဖြစ်ထွန်းမည်။

လုပ်သမျှတွေဟာ အထစ်အငေါ့လေးတွေဖြစ်ပြီးမှအဆင်ပြေရတတ်ပါတယ်။ ကြံစည်လိုက်တဲ့ကိစ္စတိုင်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတိုင်း အတားအဆီးကြုံရတတ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟဖြင့် ဆုံးဖြတ်မိခြင်းများကြောင့် ဆုံးရှုံး နစ်နာ ရတတ်သဖြင့် စိတ်ကိုတည်ငြိမ်စွာ ထားပြီးမှ အရာရာဆုံးဖြတ်လုပ်ကိုင်ပါ။ အဆင်ပြေပါလိမ့်မည်။အကျိုးပေးဂဏန်း ၆/၃/၇အထူးဟော အနည်းငယ်စိတ်ပင်ပန်းရတတ်ပါတယ်။ယတြာ ထောပတ်သီး ဘုရားကပ်လှူပါ

ဗုဒ္ဓဟူး/ရာဟု

ကံကောင်းခြင်းတွေ အလှည့်ကျလာတဲ့ ၇ရက်တာအချိန်အခါလေးပါပဲ။ လုပ်သမျှအဆင်ပြေခြင်း၊ကြံစည် သမျှအောင်မြင်ခြင်း၊ ပြောသမျှသြဇာညောင်းခြင်းမျိုးတွေ ကြုံရမှာပါ။အနာဂတ်အတွက် targetသစ်တွေစတင် ချမှတ် လို့ကောင်းပါပြီ။ ရေရှည်စီမံလုပ်ကိုင်ရမဲ့ အလုပ်တွေကို ယခုအချိန်စတင်ခြင်းဖြင့် ခိုင်မာတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခြေတည်လာပါလိမ့်မယ်။ အလှူအတန်းကိစ္စများ ဘာသာရေးနဲ့ ပတ်သက်သော ကိစ္စများတွင် ဝင်ရောက် လုပ်ကိုင်းပေးရတတ်တဲ့အချိန်ပါပဲ။

ရွှေငွေလက်ဝတ်ရတနာတွေလဲဝင်လာတတ်ပါတယ်။ သားသမီးရှိရင် သားသမီး ကြောင့် မိဘတွေဂုဏ်တတ်မဲ့အချိန်ပါ။ မမျှော်လင့်ထားဘဲနှင့် ငွေဝင်မည်။မရည်ရွယ်ဘဲ ငွေအစုလိုက် ပြန်လည်သုံးစွဲ ကုန်ကျရမည်။ အလုပ်တိုးတတ်မည်။ ပညာသင်တန်းများ ဆောင်ရွက်အကျိုးပေးမည်။ ခက်ခဲသောလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ပညာရေးကံလဲ ကောင်း မွန်ခြင်းတွေရှိနေမှာပါ။

ကျန်းမာရေး အဆိုးကြီး မဟုတ်ပေမဲ့ ကျန်းမာရေးအတွက်တော့ အနည်းငယ်ပူပန်သောက ရောက်ရ ပါလိမ့်မယ်။ ပညာရည်တိုးတတ်ခြင်း ပညာရေးအပေါ် စိတ်ဝင်စားခြင်းမျိုးရှိနေပါတယ်။ အချစ်ရေးကံ ကတော့ မကောင်းနိုင်သေးပါဘူး။ ဒီကာလမှာ ချစ်သူနဲ့ ပြဿ နာတတ်ရင် လမ်းခွဲရသည်ထိဖြစ်တတ်ပါတယ်။ညံနေတာကတော့ အချစ်ရေးပါပဲဗျ။အကျိုးပေးဂဏန်း ၄/၈/၁အထူးဟော ကံမြင့်နေမည်။ယတြာ လက်ဖက်လေးသုပ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး

မိမိကို ဒုက္ခပေးနဲ့သူတွေရှိသလို မိမိကိုကူညီမဲ့သူတွေလဲရှိမဲ့ကာလပါ။ မိမိဘက်ကမှန်အောင်နေပါ။အရာ အားလုံး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းတွေလဲ ရလာမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ လူကြီး တွေရဲ့ အရေးပေးခြင်းမျိုးခံရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ဖောက်သည်သစ်တိုးခြင်း လုပ်ငန်းချဲ့ထွင် နိုင်ခြင်းမျိုးရှိပါလိမ့်မယ်။ ဝန်ထမ်းများ အနေနဲ့လဲ အလုပ်ထဲမှာ မိမိပြောစကားများ အောင်မြင်မဲ့အချိန်ပါ။ မိမိပြော သမျှ သြဇာညောင်းပါလိမ့်မယ်။

ဒီကာလဟာ ဇာတာရှင်အတွက်အကောင်းဘက်ကို အလေးသာတဲ့ ကာလပါပဲ။ စိတ်ကူးထဲမှာရောလက်တွေ့မှာရော မျော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိမိနဲ့အတူတူ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက မိမိကိုအချစ်ပိုလာတတ်ပါတယ်။ကံကောင်းနေတာတစ်ခုက ချစ်သူကစိတ်ကောက်နေ တာ၊ အထင်လွဲနေတာမျိုးရှိရင်တော့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အလုပ်မှာ ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးကြုံ ရပါလိမ့်မယ်။

ပုဂ္ဂိုလ်ထူးတွေရဲ့ အိပ်မက်မက်ပေးခြင်းမျိုးကြုံ ရပါက ထီထိုးလိုက်ပါ။ ငွေအစုလိုက်ဝင်မဲ့ နိမိတ်မို့ပါ။ ကျန်းမာရေးအနေနဲ့ အစားအသောက်ဆင်ခြင်ပါ။ အကင်များ ၊မကျက်တကျက်အစာများ လုံးဝမစားပါနဲ့။ ပညာထူး အသိထူးတွေရမဲ့အချိန်ပါပဲ။ ဦးတည်ချက်သစ်နှင့် လုပ်ကိုင်ရန် အခြေအနေများ ပေါ်မည်။ ချက်ချင်းဆုံးဖြတ်ပြီး တစ်ဟုန်တိုး ရှေ့တိုးလုပ်ဆောင်သော ကိစ္စများမှန်သမျှ အထူးအောင်မြင်မှုများ ရရှိမည်ဖြစ်ပါသည်။အကျိုးပေးဂဏန်း ၅/၄/၁အထူးဟော ပျော်ရွှင်စရာအချိန်ပါပဲ။ယတြာ ပေါင်မုန့်လေးကို ယိုသုပ်ပြီး ဘုရားကပ်လှူပါ။

သောကြာ

ဒီကာလများအတွင်း သင်သည် အပြိုင်အဆိုင်များကြားမှ ပင်ကိုယ်စွမ်းရည်များကြောင့် တိုးတတ် အောင် မြင်နိုင်သော ဘဝကို ရရှိလာနိုင်ပါသည်။ ကြွေးဟောင်း၊ ငွေဟောင်း၊ ပစ္စည်းဟောင်းများ မမျှော်လင့်ဘဲ ရရှိလာနိုင် ပါသည်။ မိသားစု အမွေကိစ္စများလည်း အဆင်ပြေချောမွေ့စွာ ရရှိလာနိုင်ပါသည်။ ဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ် ရောင်းဝယ်ခြင်းလုပ်ငန်း၊ အလုပ်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဓါတ်သတ္ထုတူးဖေါ် ထုတ်လုပ်ရေး လုပ်ငန်းတို့မှ အကျိုးအမြတ်ကောင်းများ ရရှိမည်။

ဘာကြောင့်မှန်းမသိ အလိုလိုနေရင်းစိတ်ညစ်နေရတတ်ပါတယ်။ ဘာလုပ်ရ မှန်း မသိဘဲ စိတ်လေနေတာမျိုးလဲဖြစ်တတ်တယ်နော်။ ဒီကာလဟာ ဘာသာတရားကို လေးလေးနက်နက်လုပ် ခြင်းဖြင့် ကံကောင်းမှုတွေရှိလာမှာပါ။ အချစ်ရေးကိစ္စတွေကို စိတ်ဝင်စားမှုနည်းနေတဲ့အချိန်ပါ။ ၁၅၀၀ထက် ၅၂၈မေတ္တာအပေါ်မှာပဲ ကျေနပ်နေချိန်ပါ။ ပညာရေးကတော့ အထွေအထူးပြောစရာမရှိပါဘူး။

ဘယ်လောက်ထိ ကြိုးစာမယ်ဟေ့ လို targetထားပြီးမှ လက်တွေ့မှာ လိုက်မလုပ်မိတတ်ပါဘူး။ လူကြီးသူမတွေက အထင်လွဲကြ လိမ့်မည်။ စိတ်ညစ်စရာ ဧည့်သည်တွေလည်း ရောက်လာရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ဘာအခက်အခဲ ပဲကြုံကြုံ ဇွတ်အတင်းဖိပြီး လုပ်ကိုင်ဆောင်ရွက်သွား သင့်ပါတယ်။အကျိုးပေးဂဏန်း ၉/၈/၅ အထူးဟော ကျန်းမာရေးဂရုစိုက်ပါ ယတြာ ကော်ဖီဗူးလေးတစ်ဗူး မိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးလိုက်ပါ

စနေ

ဒီကာလများအတွင်း သင်သည် လုပ်ငန်းသစ်များ၊ နေရာအပြောင်းအလဲများ လုပ်ကိုင်ရန် ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက်လုပ်ကိုင်ရတတ်ပါသည်။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်း၊ လျှပ်စစ်လုပ်ငန်း၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီထူထောင်ခြင်း၊ ယာဉ်နှင့်စက်ပစ္စည်းများ ရောင်းဝယ်ခြင်းများ အထူးကောင်းမွန်နေပါသည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ကပြားများ အထူးအကျိုးပေးမည်။ ကတိပျက်သောသူများနှင့် ကြုံတွေ့နေရတတ်ပါသည်။

အရာရာကို ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ပါမှ အဆင်ပြေအောင်မြင်လာပေလိမ့်မည်။ ရန်နည်းအောင် အတတ်နိုင်ဆုံး လျှို့ဝှက် ဆောင်ရွက်ပါ။ တစ်ပါးသူ၏ အနှောက်အယှက်များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ စက်မှု၊ လက်မှုပညာများ သင်ယူခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ခြင်း၊ ပြည်ပသို့ ပညာသင်ယူစိတ်များ မကြာခဏ ပေါ်ပေါက်လာတတ်ပါသည်။ ကျန်းမာရေးတွင် မျက်စိဝေဒနာ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ သွေးအားနည်း ခြင်း၊ နှလုံးတုန်ခြင်း၊ အသည်းရောဂါများ ခံစားရတတ်ပါသည်။

အလုပ် အဆင် ပြေနေလို့ အလုပ်ထဲစိတ်နှစ် မယ်ကြံ ပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရမည်။ အလုပ်နေရာ၊ အိခ်နေရာ မထင်မှတ်ပဲ အပြောင်းအလဲတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ကို စော်ကားထားတဲ့သူတွေက ပြန်ပြီးတောင်းပန် ကြ လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပရောဂတွေကြောင့် သွေးကွဲရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၄/၀အထူးဟော အနှောင့်အယှက်ကြားက တိုးတတ်မှုကိုဖန်တီးရမယ်။ယတြာ ဆေးတစ်မျိုးမျိုး မိဘလူကြီးတွေကို ကန်တော့ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Zawgyi

10.Feb.2022 မွ 16.Feb.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

မိမိအသစ္မိမိအတြက္ေတြေဝဒြိဟျဖစ္စရာမ်ား ၊ဆုံးျဖတ္ရခက္စရာမ်ားႀကဳံရတတ္ပါတယ္။ ခရီးေတြလဲ သြား ရ တတ္ပါတယ္။ မိမိကို လုပ္ေဖာ္ကိုင္ဖက္ေတြက အထင္လြဲေနပါလိမ့္မယ္။ မိမိလုပ္စရာရွိတာ ရဲရဲေရွ႕တိုး ေဆာင္႐ြက္ပါ။ သားသမီးရွိရင္လဲ ဆိုဆုံးမရခက္ေနပါလိမ့္မယ္။ မိမိအေနနဲ႔ ေအးေအးေဆးေဆးပဲေျပာဆိုဆုံးမ ေပးပါ။စိတ္လိုက္မာန္ပါမလုပ္ပါနဲ႔။ အိမ္တြင္းေရးအေနနဲ႔က အေမြကိစၥနဲ႔ပတ္သက္ၿပီး ျပႆ နာေပၚရတတ္ပါတယ္။

ေဝးကြာေနတဲ့ မိတ္ေဆြေတြနဲ႔ လဲ ျပန္လည္ဆုံဆည္းရမွာပါ။ တရားဘာဝနာအားထုတ္ေနတဲ့သူေတြအေနနဲ႔လဲ တရား ထူး ရလာပါလိမ့္မယ္။ အခ်စ္ေရးကံအထူးေကာင္းမြန္ေနမဲ့အခ်ိန္ပါပဲ။ က်န္းမာေရးလဲ ႏွာေစးေခ်ာင္းဆိုးကလြဲလို႔ ထူးထူးျခားျခား မျဖစ္ပါဘူးဗ်။ ပညာေရးကံကေတာ့ အေကာင္းဆုံးအခ်ိန္ပါပဲ။ ဒီကာလမွာ အေနအထိုင္မဆင္ျခင္ တာနဲ႔ ကူးစက္ေရာဂါဝင္လာေတာ့တာပါပဲ။ အရမ္းပင္ပန္းေအာင္အလုပ္လုပ္လိုက္တာမ်ိဳး ေရွာင္ေစ ခ်င္ပါတယ္။ အိပ္ေရးလဲအပ်က္မခံပါနဲ႔။

မိမိမွာရွိတဲ့ စက္ပစၥည္းေတြခဏခဏပ်က္ေနရလိမ့္မယ္။ စက္ပစၥည္း အသစ္ ေတြလဲ မဝယ္ပါနဲ႔။ ပ်က္တဲ့ပစၥည္းေတြျပင္သုံးပါ။ အခ်စ္ေရးကံအားနည္းေနတာကို ေတြ႕ရပါတယ္။ ခ်စ္သူနဲ႔စကားအမွား အယြင္းေတြျဖစ္တတ္ပါတယ္။ ခ်စ္သူကိုစေနာက္မိရာကေန တကယ္စိတ္ဆိုးတဲ့အဆင့္ကိုေရာက္သြားလိမ့္မယ္။အက်ိဳးေပးဂဏန္း ၇/၀/၄ အထူးေဟာ လုပ္ငန္းေတြ ေရွ႕တိုးေဆာင္႐ြက္ပါ ယၾတာ ေ႐ႊထီး ၄ လက္ ေမြးနံေထာင့္မွာလႉဒါန္းဆုေတာင္းေပးပါ။

တနလၤာ

ဒီကာလမ်ားအတြင္း သင္၏ကံၾကမၼာသည္ အေကာင္းႏွင့္အဆိုး ဒြန္တြဲေနပါသည္။ အစုစပ္ရွယ္ယာ လုပ္ငန္း မ်ား၊ ခရီးသြားလုပ္ငန္းမ်ား၊ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းတို႔မွ အက်ိဳးအျမတ္ေကာင္းမ်ား ေျမာက္ျမားစြာ ရရွိႏိုင္ ပါသည္။ သားသမီးမ်ားအတြက္ လုပ္ငန္းမ်ား ထူေထာင္အေကာင္အထည္ေဖၚေပးရမည္။ စီးပြားေရး လုပ္ငန္းမ်ားကို ဆုံးရႈံးမႈမေပၚေစရန္ မွန္ကန္ေသာ လုပ္ေဆာင္ခ်က္တို႔ကို အသိတရားျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ ရတတ္သည္။

ပညာေရးတြင္ ေမွ်ာ္မွန္း ထားသည့္အတိုင္း မိမိစိတ္ကို တည္ၿငိမ္ေအာင္ထားၿပီး ႀကိဳးစားမွသာလွ်င္ ေအာင္ျမင္မႈမ်ား ရရွိမည္။ အခြင့္အလမ္းေကာင္းမ်ားကို လက္လႊတ္မခံပဲ ႀကိဳးစားလွ်င္ ေအာင္ျမင္မႈပန္းတိုင္မ်ား အဆင့္ဆင့္ ရရွိႏိုင္ ပါသည္။စီးပြားေရးကိစၥႏွင့္ပတ္သက္၍ အယူအဆအမွားမ်ားႏွင့္ မိမိကိုနားသြင္းတာမ်ိဳးေတြႀကဳံရမယ္။

မိတ္ေဆြေတြ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မနာလိုေခ်ာက္ခ်ျခင္းကို ခံရမဲ့အခ်ိန္ပါပဲ။ အခ်စ္ေရးမွာေတာ့ မိမိကိုတန္ဖိုးမထားတဲ့ ခ်စ္သူေၾကာင့္ စိတ္ကုန္ရတတ္ပါတယ္။ခရီး ရွည္ သြားဖို႔ရွိရင္ ရက္ေ႐ႊ႕လိုက္ပါ။အထူးသျဖင့္ ေရလမ္းခရီးဆို မသြား တာ အေကာင္းဆုံးပါပဲ။ က်န္းမာေရးအထူး ေကာင္း ေပမဲ့ မေတာ္တဆခိုက္မိျခင္း ၊ေသြးထြက္သံယိုျဖစ္ျခင္း မ်ိဳးႀကဳံၾကရမွာပါပဲ။အိမ္ေထာင္ေရးကံ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၅/၀/၉ အထူးေဟာ ကံညံ့ေနသည္။ယၾတာ သီးစုံအခ်ဥ္ဟင္းခ်က္ၿပီး ေလးဆင့္ခ်ိဳင့္ျဖင့္ ထည့္၍ နီးစပ္ရာဘုန္းႀကီးေက်ာင္းမွာကပ္လႉႏိုင္ပါတယ္။

အဂၤါ

ဒီကာလဟာ ေငြအထြက္မ်ားေနတတ္တဲ့ကာလပါပဲ။ အိမ္အတြက္ ဝယ္စရာေတြရွိတဲ့အတြက္ ေငြကုန္ရျခင္း မ်ိဳးပါပဲ။ အိမ္ေထာင္ေရး အိမ္တြင္းေရးေတာ့ အထူးသတိထားရပါလိမ့္မည္။ လင္မယားခ်င္း စကားမ်ားရတတ္ တဲ့ကာလမို႔ပါပဲ။ မိသားစုအတြင္းေအာက္လက္ငယ္သားေတြေၾကာင့္ စိတ္ညစ္စိတ္ရႈပ္ရတတ္ပါတယ္။ ခရီးရွည္သြား ဖို႔ ကိစၥမ်ား ရွိရင္ပ်က္သြားတတ္ပါတယ္။ မိမိရဲ႕ အဖိုးတန္ပစၥည္းအသုံးအေဆာင္မ်ားကို လြယ္လင့္တကူမထားပါနဲ႔ ။ သူခိုးခိုးခံရတတ္လို႔ပါပဲ။

အခ်စ္ေရးကိစၥေတြမွာ အဆင္ေျပမလိုလိုနဲ႔ အဖ်ားရႉးသြားတတ္ပါတယ္။ ပညာေရး နယ္ပယ္ မွာ အားနည္းမႈေလးေတြရွိေနပါတယ္။ မိမိကိုယ္တိုင္ စိတ္ပ်ံ႕လြင့္ေနတတ္တာမ်ိဳးေပါ့။ က်န္းမာေရးကေတာ့ အဆိုးႀကီးမဟုတ္ပါဘူးဗ်ာ။ေငြစုျခင္း၊ေငြေခ်း ငွားျခင္း၊ စတိုးဆိုင္ဖြင့္ျခင္း၊ ကုမၸဏီထူေထာင္ျခင္း၊ သစ္သီးဝလံ မ်ား ေရာင္းဝယ္ျခင္း၊ ေမြးျမဴေရး လုပ္ငန္း၊ ဆန္၊ ဆီ၊ ေဆးဝါးေရာင္းဝယ္ျခင္းမ်ား ျဖစ္ထြန္းမည္။

လုပ္သမွ်ေတြဟာ အထစ္အေငါ့ေလးေတြျဖစ္ၿပီးမွအဆင္ေျပရတတ္ပါတယ္။ ႀကံစည္လိုက္တဲ့ကိစၥတိုင္း လုပ္ကိုင္ေဆာင္႐ြက္လိုက္တဲ့ ကိစၥတိုင္း အတားအဆီးႀကဳံရတတ္ပါတယ္။ ေလာဘ၊ ေဒါသ၊ ေမာဟျဖင့္ ဆုံးျဖတ္မိျခင္းမ်ားေၾကာင့္ ဆုံးရႈံး နစ္နာ ရတတ္သျဖင့္ စိတ္ကိုတည္ၿငိမ္စြာ ထားၿပီးမွ အရာရာဆုံးျဖတ္လုပ္ကိုင္ပါ။ အဆင္ေျပပါလိမ့္မည္။အက်ိဳးေပးဂဏန္း ၆/၃/၇အထူးေဟာ အနည္းငယ္စိတ္ပင္ပန္းရတတ္ပါတယ္။ယၾတာ ေထာပတ္သီး ဘုရားကပ္လႉပါ

ဗုဒၶဟူး/ရာဟု

ကံေကာင္းျခင္းေတြ အလွည့္က်လာတဲ့ ၇ရက္တာအခ်ိန္အခါေလးပါပဲ။ လုပ္သမွ်အဆင္ေျပျခင္း၊ႀကံစည္ သမွ်ေအာင္ျမင္ျခင္း၊ ေျပာသမွ်ၾသဇာေညာင္းျခင္းမ်ိဳးေတြ ႀကဳံရမွာပါ။အနာဂတ္အတြက္ targetသစ္ေတြစတင္ ခ်မွတ္ လို႔ေကာင္းပါၿပီ။ ေရရွည္စီမံလုပ္ကိုင္ရမဲ့ အလုပ္ေတြကို ယခုအခ်ိန္စတင္ျခင္းျဖင့္ ခိုင္မာတဲ့ လုပ္ငန္းတစ္ခု အေနနဲ႔ အေျခတည္လာပါလိမ့္မယ္။ အလႉအတန္းကိစၥမ်ား ဘာသာေရးနဲ႔ ပတ္သက္ေသာ ကိစၥမ်ားတြင္ ဝင္ေရာက္ လုပ္ကိုင္းေပးရတတ္တဲ့အခ်ိန္ပါပဲ။

ေ႐ႊေငြလက္ဝတ္ရတနာေတြလဲဝင္လာတတ္ပါတယ္။ သားသမီးရွိရင္ သားသမီး ေၾကာင့္ မိဘေတြဂုဏ္တတ္မဲ့အခ်ိန္ပါ။ မေမွ်ာ္လင့္ထားဘဲႏွင့္ ေငြဝင္မည္။မရည္႐ြယ္ဘဲ ေငြအစုလိုက္ ျပန္လည္သုံးစြဲ ကုန္က်ရမည္။ အလုပ္တိုးတတ္မည္။ ပညာသင္တန္းမ်ား ေဆာင္႐ြက္အက်ိဳးေပးမည္။ ခက္ခဲေသာလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မည္။ ပညာေရးကံလဲ ေကာင္း မြန္ျခင္းေတြရွိေနမွာပါ။

က်န္းမာေရး အဆိုးႀကီး မဟုတ္ေပမဲ့ က်န္းမာေရးအတြက္ေတာ့ အနည္းငယ္ပူပန္ေသာက ေရာက္ရ ပါလိမ့္မယ္။ ပညာရည္တိုးတတ္ျခင္း ပညာေရးအေပၚ စိတ္ဝင္စားျခင္းမ်ိဳးရွိေနပါတယ္။ အခ်စ္ေရးကံ ကေတာ့ မေကာင္းႏိုင္ေသးပါဘူး။ ဒီကာလမွာ ခ်စ္သူနဲ႔ ျပႆ နာတတ္ရင္ လမ္းခြဲရသည္ထိျဖစ္တတ္ပါတယ္။ညံေနတာကေတာ့ အခ်စ္ေရးပါပဲဗ်။အက်ိဳးေပးဂဏန္း ၄/၈/၁အထူးေဟာ ကံျမင့္ေနမည္။ယၾတာ လက္ဖက္ေလးသုပ္ၿပီး ဘုရားကပ္လႉပါ။

ၾကာသပေတး

မိမိကို ဒုကၡေပးနဲ႔သူေတြရွိသလို မိမိကိုကူညီမဲ့သူေတြလဲရွိမဲ့ကာလပါ။ မိမိဘက္ကမွန္ေအာင္ေနပါ။အရာ အားလုံး ေျဖရွင္းၿပီးသားျဖစ္သြားမွာပါ။ ဖခင္ရဲ႕ ကူညီေထာက္ပံ့ျခင္းေတြလဲ ရလာမဲ့အခ်ိန္ပါပဲ။ အလုပ္ထဲမွာ လူႀကီး ေတြရဲ႕ အေရးေပးျခင္းမ်ိဳးခံရပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမားမ်ား ေဖာက္သည္သစ္တိုးျခင္း လုပ္ငန္းခ်ဲ႕ထြင္ ႏိုင္ျခင္းမ်ိဳးရွိပါလိမ့္မယ္။ ဝန္ထမ္းမ်ား အေနနဲ႔လဲ အလုပ္ထဲမွာ မိမိေျပာစကားမ်ား ေအာင္ျမင္မဲ့အခ်ိန္ပါ။ မိမိေျပာ သမွ် ၾသဇာေညာင္းပါလိမ့္မယ္။

ဒီကာလဟာ ဇာတာရွင္အတြက္အေကာင္းဘက္ကို အေလးသာတဲ့ ကာလပါပဲ။ စိတ္ကူးထဲမွာေရာလက္ေတြ႕မွာေရာ ေမ်ာ္လင့္ထားတာေလးေတြ ျဖစ္လာပါလိမ့္မယ္။ မိမိနဲ႔အတူတူ လုပ္ကိုင္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြက မိမိကိုအခ်စ္ပိုလာတတ္ပါတယ္။ကံေကာင္းေနတာတစ္ခုက ခ်စ္သူကစိတ္ေကာက္ေန တာ၊ အထင္လြဲေနတာမ်ိဳးရွိရင္ေတာ့ ေျဖရွင္းႏိုင္ပါလိမ့္မယ္။ အလုပ္မွာ ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳးႀကဳံ ရပါလိမ့္မယ္။

ပုဂၢိဳလ္ထူးေတြရဲ႕ အိပ္မက္မက္ေပးျခင္းမ်ိဳးႀကဳံ ရပါက ထီထိုးလိုက္ပါ။ ေငြအစုလိုက္ဝင္မဲ့ နိမိတ္မို႔ပါ။ က်န္းမာေရးအေနနဲ႔ အစားအေသာက္ဆင္ျခင္ပါ။ အကင္မ်ား ၊မက်က္တက်က္အစာမ်ား လုံးဝမစားပါနဲ႔။ ပညာထူး အသိထူးေတြရမဲ့အခ်ိန္ပါပဲ။ ဦးတည္ခ်က္သစ္ႏွင့္ လုပ္ကိုင္ရန္ အေျခအေနမ်ား ေပၚမည္။ ခ်က္ခ်င္းဆုံးျဖတ္ၿပီး တစ္ဟုန္တိုး ေရွ႕တိုးလုပ္ေဆာင္ေသာ ကိစၥမ်ားမွန္သမွ် အထူးေအာင္ျမင္မႈမ်ား ရရွိမည္ျဖစ္ပါသည္။အက်ိဳးေပးဂဏန္း ၅/၄/၁အထူးေဟာ ေပ်ာ္႐ႊင္စရာအခ်ိန္ပါပဲ။ယၾတာ ေပါင္မုန႔္ေလးကို ယိုသုပ္ၿပီး ဘုရားကပ္လႉပါ။

ေသာၾကာ

ဒီကာလမ်ားအတြင္း သင္သည္ အၿပိဳင္အဆိုင္မ်ားၾကားမွ ပင္ကိုယ္စြမ္းရည္မ်ားေၾကာင့္ တိုးတတ္ ေအာင္ ျမင္ႏိုင္ေသာ ဘဝကို ရရွိလာႏိုင္ပါသည္။ ေႂကြးေဟာင္း၊ ေငြေဟာင္း၊ ပစၥည္းေဟာင္းမ်ား မေမွ်ာ္လင့္ဘဲ ရရွိလာႏိုင္ ပါသည္။ မိသားစု အေမြကိစၥမ်ားလည္း အဆင္ေျပေခ်ာေမြ႕စြာ ရရွိလာႏိုင္ပါသည္။ ေဆးႏွင့္ ေဆးပစၥည္း ထုတ္လုပ္ ေရာင္းဝယ္ျခင္းလုပ္ငန္း၊ အလုပ္ကုန္ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ ဓါတ္သတၳဳတူးေဖၚ ထုတ္လုပ္ေရး လုပ္ငန္းတို႔မွ အက်ိဳးအျမတ္ေကာင္းမ်ား ရရွိမည္။

ဘာေၾကာင့္မွန္းမသိ အလိုလိုေနရင္းစိတ္ညစ္ေနရတတ္ပါတယ္။ ဘာလုပ္ရ မွန္း မသိဘဲ စိတ္ေလေနတာမ်ိဳးလဲျဖစ္တတ္တယ္ေနာ္။ ဒီကာလဟာ ဘာသာတရားကို ေလးေလးနက္နက္လုပ္ ျခင္းျဖင့္ ကံေကာင္းမႈေတြရွိလာမွာပါ။ အခ်စ္ေရးကိစၥေတြကို စိတ္ဝင္စားမႈနည္းေနတဲ့အခ်ိန္ပါ။ ၁၅၀၀ထက္ ၅၂၈ေမတၱာအေပၚမွာပဲ ေက်နပ္ေနခ်ိန္ပါ။ ပညာေရးကေတာ့ အေထြအထူးေျပာစရာမရွိပါဘူး။

ဘယ္ေလာက္ထိ ႀကိဳးစာမယ္ေဟ့ လို targetထားၿပီးမွ လက္ေတြ႕မွာ လိုက္မလုပ္မိတတ္ပါဘူး။ လူႀကီးသူမေတြက အထင္လြဲၾက လိမ့္မည္။ စိတ္ညစ္စရာ ဧည့္သည္ေတြလည္း ေရာက္လာရတတ္ပါတယ္။ စီးပြားေရးလုပ္ငန္းေတြမွာ ဘာအခက္အခဲ ပဲႀကဳံႀကဳံ ဇြတ္အတင္းဖိၿပီး လုပ္ကိုင္ေဆာင္႐ြက္သြား သင့္ပါတယ္။အက်ိဳးေပးဂဏန္း ၉/၈/၅ အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ပါ ယၾတာ ေကာ္ဖီဗူးေလးတစ္ဗူး မိတ္ေဆြတစ္ဦးကို လက္ေဆာင္ေပးလိုက္ပါ

စေန

ဒီကာလမ်ားအတြင္း သင္သည္ လုပ္ငန္းသစ္မ်ား၊ ေနရာအေျပာင္းအလဲမ်ား လုပ္ကိုင္ရန္ ဆႏၵရွိသည့္အတိုင္း ေဆာင္႐ြက္လုပ္ကိုင္ရတတ္ပါသည္။ အိမ္၊ ၿခံ၊ ေျမ ေရာင္းဝယ္ျခင္း၊ လွ်ပ္စစ္လုပ္ငန္း၊ ဘဏ္ဝန္ေဆာင္မႈလုပ္ငန္းမ်ား ကုမၸဏီထူေထာင္ျခင္း၊ ယာဥ္ႏွင့္စက္ပစၥည္းမ်ား ေရာင္းဝယ္ျခင္းမ်ား အထူးေကာင္းမြန္ေနပါသည္။ လူမ်ိဳးကြဲ၊ လူမ်ိဳးျခား၊ ကျပားမ်ား အထူးအက်ိဳးေပးမည္။ ကတိပ်က္ေသာသူမ်ားႏွင့္ ႀကဳံေတြ႕ေနရတတ္ပါသည္။

အရာရာကို ကိုယ္တိုင္လုပ္ကိုင္ေဆာင္႐ြက္ပါမွ အဆင္ေျပေအာင္ျမင္လာေပလိမ့္မည္။ ရန္နည္းေအာင္ အတတ္ႏိုင္ဆုံး လွ်ိဳ႕ဝွက္ ေဆာင္႐ြက္ပါ။ တစ္ပါးသူ၏ အေႏွာက္အယွက္မ်ားေၾကာင့္ ဥပေဒႏွင့္ ရင္ဆိုင္ရတတ္ပါသည္။ စက္မႈ၊ လက္မႈပညာမ်ား သင္ယူျခင္းျဖင့္ အသက္ေမြးဝမ္းေၾကာင္း ျပဳလုပ္ျခင္း၊ ျပည္ပသို႔ ပညာသင္ယူစိတ္မ်ား မၾကာခဏ ေပၚေပါက္လာတတ္ပါသည္။ က်န္းမာေရးတြင္ မ်က္စိေဝဒနာ၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေသြးအားနည္း ျခင္း၊ ႏွလုံးတုန္ျခင္း၊ အသည္းေရာဂါမ်ား ခံစားရတတ္ပါသည္။

အလုပ္ အဆင္ ေျပေနလို႔ အလုပ္ထဲစိတ္ႏွစ္ မယ္ႀကံ ၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္ အကိုင္ပ်က္ ျဖစ္ေနရမည္။ အလုပ္ေနရာ၊ အိခ္ေနရာ မထင္မွတ္ပဲ အေျပာင္းအလဲေတြလည္း ႀကဳံေတြ႕ရတတ္ပါတယ္။ ကိုယ့္ကို ေစာ္ကားထားတဲ့သူေတြက ျပန္ၿပီးေတာင္းပန္ ၾက လိမ့္မည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ေဘးပေရာဂေတြေၾကာင့္ ေသြးကြဲရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၄/၀အထူးေဟာ အေႏွာင့္အယွက္ၾကားက တိုးတတ္မႈကိုဖန္တီးရမယ္။ယၾတာ ေဆးတစ္မ်ိဳးမ်ိဳး မိဘလူႀကီးေတြကို ကန္ေတာ့ပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695