တော်လှန်ရေးနဲ့သူ ဘယ်ဟာပိုအရေးကြီးလဲ မေးရင် ‘တော်လှန်ရေးဟာ နိုင်ငံအတွက်ဖြစ်ပြီး သူကတော့ ငါ့ကမ္ဘာဖြစ်တယ်’… ဒီလောက်ပါပဲ။ “ငါ့ကောင်လေးတစ်ကိုယ်လုံးကို ကျည်ကာကစလို့ လက်နက်အဆုံး ငါ့လက်ငါ့ခြေနဲ့ ငါကိုယ်တိုင်ဆင်ပေးမယ်”သူ ထောင်ထဲမှာ ခြောက်လကြာ နေခဲ့ရပြီးတဲ့နောက် အပြင်ထွက်လာလာချင်း ခရစ္စမတ်နေ့မှာ တောထဲသွားဖို့ ဆုံးဖြတ်ပြီးထဲက အဲ့ဒီသန္နိဌာန်ကို ငါချထားနှင့်ခဲ့ပြီးသား။
ပန်းချီတွေရောင်းခဲ့ရာကနေ ရထားတာကို သူ့အတွက်လက်နက်ဝယ်ဖို့ စုဆောင်းပေးနေတာပါပဲ။ လက်နက်က အဓိကပေမယ့် အရေးပေါ်သွားရခါနီးတိုင်း သူများဆီက vest ပြေးငှားရ၊ equipment ပြေးငှားရနဲ့ ပြေးလွှားနေရတဲ့ သူ့ကိုငါ မကြည့်ရက်နိုင်တော့လို့ လောလောဆယ်သူ လိုအပ်နေတာတွေကို လက်နက်ဖိုးထဲကနေ အရင်ဖြည့်ဆည်းပေးထားလိုက်ရတာပဲ။
သူအလိုချင်နေဆုံးအရာ တတ်နိုင်မယ်ဆိုရင်တော့ Valentine’s Day လက်ဆောင်အနေနဲ့ အမ်၁၆ အသစ်စက်စက်တစ်လက်ကိုဘတ်ခနဲ ဝယ်ပေးလိုက်ချင်တာပေါ့။ သူ့အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်သမျှကို ဦးစားပေး တပ်ဆင်ပေးပြီးရင်တော့ ပါရမီဖြည့်ဖက်တစ်ယောက်ရဲ့ ဝတ္တရားဟာ ကျေလောက်ပြီလို့ ငါထင်ရဲ့။
ငါ့ကိုယ်ငါ တစ်ထစ်လျှော့ချထားတဲ့ခိုလှုံအဆင့်မှာပဲ စာဖတ်လိုက်၊ ဂီတာတီးလိုက်နဲ့ တခြားတပ်သားမိသားစုဝင်တွေလို အေးအေးလူလူ နေဖြစ်တော့မယ်။ သူ့မယ် မရှိလို့ ကင်းစောင့်ခါနီးတိုင်း လိုက်ငှားနေရတဲ့ဟာလေး ဝဲသာထူတာ၊ စကွင်းကဲလည်း ဂရုစိုက်တတ်တဲ့သူမို့လို့စစ်ဖြစ်လာရင် သူကတိုက်မယ်၊ ငါကကျည်ဖိုးရှာမယ်။ စစ်ရေးငြိမ်နေရင် ငါတို့နှစ်ယောက် ကြက်သုံးကောင် ထပ်မွေးမယ်။
ငါ့ခေါင်းထဲကို အုန်းဆီတောင်မှ မထည့်တော့ဘူး တော်လှန်ရေးနဲ့သူ ဘယ်ဟာပိုအရေးကြီးလဲ မေးရင် ‘တော်လှန်ရေးဟာ နိုင်ငံအတွက်ဖြစ်ပြီး သူကတော့ ငါ့ကမ္ဘာဖြစ်တယ်’… ဒီလောက်ပါပဲ။
Unicode
ေတာ္လွန္ေရးနဲ႔သူ ဘယ္ဟာပိုအေရးႀကီးလဲ ေမးရင္ ‘ေတာ္လွန္ေရးဟာ ႏိုင္ငံအတြက္ျဖစ္ၿပီး သူကေတာ့ ငါ့ကမာၻျဖစ္တယ္’… ဒီေလာက္ပါပဲ။ “ငါ့ေကာင္ေလးတစ္ကိုယ္လုံးကို က်ည္ကာကစလို႔ လက္နက္အဆုံး ငါ့လက္ငါ့ေျခနဲ႔ ငါကိုယ္တိုင္ဆင္ေပးမယ္”သူ ေထာင္ထဲမွာ ေျခာက္လၾကာ ေနခဲ့ရၿပီးတဲ့ေနာက္ အျပင္ထြက္လာလာခ်င္း ခရစၥမတ္ေန႔မွာ ေတာထဲသြားဖို႔ ဆုံးျဖတ္ၿပီးထဲက အဲ့ဒီသႏၷိဌာန္ကို ငါခ်ထားႏွင့္ခဲ့ၿပီးသား။
ပန္းခ်ီေတြေရာင္းခဲ့ရာကေန ရထားတာကို သူ႔အတြက္လက္နက္ဝယ္ဖို႔ စုေဆာင္းေပးေနတာပါပဲ။ လက္နက္က အဓိကေပမယ့္ အေရးေပၚသြားရခါနီးတိုင္း သူမ်ားဆီက vest ေျပးငွားရ၊ equipment ေျပးငွားရနဲ႔ ေျပးလႊားေနရတဲ့ သူ႔ကိုငါ မၾကည့္ရက္ႏိုင္ေတာ့လို႔ ေလာေလာဆယ္သူ လိုအပ္ေနတာေတြကို လက္နက္ဖိုးထဲကေန အရင္ျဖည့္ဆည္းေပးထားလိုက္ရတာပဲ။
သူအလိုခ်င္ေနဆုံးအရာ တတ္ႏိုင္မယ္ဆိုရင္ေတာ့ Valentine’s Day လက္ေဆာင္အေနနဲ႔ အမ္၁၆ အသစ္စက္စက္တစ္လက္ကိုဘတ္ခနဲ ဝယ္ေပးလိုက္ခ်င္တာေပါ့။ သူ႔အတြက္ တိုက္ပြဲဝင္ဖို႔ လိုအပ္သမွ်ကို ဦးစားေပး တပ္ဆင္ေပးၿပီးရင္ေတာ့ ပါရမီျဖည့္ဖက္တစ္ေယာက္ရဲ႕ ဝတၱရားဟာ ေက်ေလာက္ၿပီလို႔ ငါထင္ရဲ႕။
ငါ့ကိုယ္ငါ တစ္ထစ္ေလွ်ာ့ခ်ထားတဲ့ခိုလႈံအဆင့္မွာပဲ စာဖတ္လိုက္၊ ဂီတာတီးလိုက္နဲ႔ တျခားတပ္သားမိသားစုဝင္ေတြလို ေအးေအးလူလူ ေနျဖစ္ေတာ့မယ္။ သူ႔မယ္ မရွိလို႔ ကင္းေစာင့္ခါနီးတိုင္း လိုက္ငွားေနရတဲ့ဟာေလး ဝဲသာထူတာ၊ စကြင္းကဲလည္း ဂ႐ုစိုက္တတ္တဲ့သူမို႔လို႔စစ္ျဖစ္လာရင္ သူကတိုက္မယ္၊ ငါကက်ည္ဖိုးရွာမယ္။ စစ္ေရးၿငိမ္ေနရင္ ငါတို႔ႏွစ္ေယာက္ ၾကက္သုံးေကာင္ ထပ္ေမြးမယ္။
ငါ့ေခါင္းထဲကို အုန္းဆီေတာင္မွ မထည့္ေတာ့ဘူး ေတာ္လွန္ေရးနဲ႔သူ ဘယ္ဟာပိုအေရးႀကီးလဲ ေမးရင္ ‘ေတာ္လွန္ေရးဟာ ႏိုင္ငံအတြက္ျဖစ္ၿပီး သူကေတာ့ ငါ့ကမာၻျဖစ္တယ္’… ဒီေလာက္ပါပဲ။