ရဟန်းလက်မခံသောအလှူ ဆိုတာ…
တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံကြွလာတယ် ….. ။
စောစောစီးစီး အရက်သောက်ပြီး အတော်လေးမူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကို မြင်တာနဲ့
ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကို အော်ဟစ်ဆဲဆိုပါတော့တယ် …. ။
အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက်တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှ မပြောရဲကြဘူး ….. ။
ရဟန်းဟာ လူမိုက်ဆဲဆိုသမျှကို ဘာတစ်ခွန်းမှ ပြန်မပြော တစ်ချက်လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ် ….. ။
လူမိုက်ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက် ဆဲဆိုနေတယ် …. ။
ရွာအစွန်ကို ရောက်လာကြပြီး နေလည်းအတော်ပူပြင်းလာပြီး အခုအရက်မူးသမားဟာ အမူးပြေလာပြီး
သူလည်း တစ်လမ်းလုံး ဆဲဆိုနေခဲ့လို့ မောနေပြီ…. ။ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ် ….. ။
အမူးသမား……….အရှင်ဘုရား တပည့်တော် တစ်လမ်းလုံး ဆဲဆိုနေတာကို အရှင်ဘုရား တစ်ခွန်းမှ ပြန်မပြော စိတ်လည်းမဆိုးဘူး….. ။
အဲဒါ ဘာကြောင့်ပါလဲ ဘုရား ( သူ အမူးပြေပြီမို့ အရှင်တွေ၊ ဘုရားတွေ ခေါ်လာပြီ)
ရဟန်း…ဒကာတစ်ယောက်က ဘုန်းကြီးကို ပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါ ဘယ်သူ့ ပစ္စည်း ဖြစ်သွားမလဲ…။
အမူးသမား…ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီး ပစ္စည်း ဖြစ်သွားပြီးပေါ့ ဘုရား….. ။
ရဟန်း…ဒါဆို အဲဒီ ပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ….. ။
အမူးသမား ……ဘုန်းကြီး လက်မခံရင် အဲဒီ ပစ္စည်းဟာ လှူတဲ့ သူရဲ့ ပစ္စည်း ပဲ ဖြစ်နေမှာပါပဲ ….။
ရဟန်း ……အေး မင်းလမ်းတစ်လျှောက်လုံးမှာ အဆဲ အလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး….။
ဒါကြောင့် အဲဒီအဆဲတွေအာလုံးကို မင်းပိုင်သွားပြီး ….။ အိမ်ကို ပြန်ယူသွားပေတော့ ….. ။
အမူးသမား ……….. တင်ပါ့ ဘုရား …. ။ ဖေ့စ်ဘုတ်မှာ ဆဲလိုက်ရလို့ ကျေနပ်မနေကြပါနဲ့ ….. ။
အဆဲတွေကို တစ်ဖက်သားက မယူဘူးဆိုရင် ဆဲသူထံ ပြန်ရောက်လာပါလိမ့်မယ်။
Credit ဗန်းမော် သိန်းဖေ(မျှဝေလိုသောအတွေးများ)
Unicode