ခ်စ္သူကို ေပြ႕ဖက္ျခင္းက ရရိွလာမယ္႔ အံ႔မခန္းအက်ိဳးေက်းဇူးမ်ား…
ခ်စ္သူေတြ တစ္ဦးနဲ႔တစ္ဦး ေပြ႕ဖက္လိုက္ရင္ ဘယ္လို အက်ိဳးေက်းဇူးေတြ ရရွိႏိုင္တယ္ဆိုတာ ေဖာ္ျပ ေပးသြားမွာပဲ ျဖစ္ပါတယ္ေနာ္ …။
၁။ ယုံၾကည္မႈ ရွိေစပါတယ္”
ခ်စ္သူစုံတြဲေတြ ၾကားထဲမွာ ေႏြးေထြးမႈ ၊ လုံၿခဳံမႈ ၊ ထပ္တူက်မႈ ႏွင့္ ယုံၾကည္စိတ္ခ်ရမႈ ေတြဟာ အေရးပါလွတဲ့ အခ်က္ေတြပါပဲ …။
မၾကာခဏ ခ်စ္သူႏွင့္ေပြ႕ဖက္ျခင္းက သင့္အတြက္ စိတ္ဓာတ္ခြန္အားနဲ႔ ခ်စ္သူႏွစ္ဦး သံေယာဇဥ္ ပိုမိုခိုင္မာလာေစတဲ့ အခ်က္ပါပဲ …။
၂။ ေႏြးေထြးမႈကို ရရွိေစပါတယ္”
ဒီအခ်က္က အဓိက႐ိုးရွင္းၿပီး လူတိုင္း ေပြ႕ဖက္ခါနီး ေျပာၾကပါတယ္။ အထူးသျဖင့္ ပတ္ဝန္းက်င္ အေအးဓာတ္ပိုလာတဲ့ အခါမ်ိဳးမွာ အနားမွာ ရွိေနတဲ့ခ်စ္သူကို ေထြးဖက္ထားမိမွာ အေသအခ်ာပါပဲ။ အေၾကာင္းျပခ်က္က ရွင္းပါတယ္။ သင္တို႔ႏွစ္ဦးစလုံး ေႏြးေထြးမႈ ရရွိေစဖို႔ပဲ ျဖစ္ပါတယ္ …။
၃။ စိတ္ဆိုး စိတ္ေကာက္ေျပေစပါတယ္”
ခ်စ္သူေတြ တစ္ဦးႏွင့္တစ္ဦး အရမ္းခ်စ္ေနေပမဲ့ စကားမ်ားရန္ျဖစ္ေနပါသလား…၊ စကားမ်ားတဲ့ ကိစၥျပႆနာကို ဆက္ရွင္းေနရင္ စကားထက္ မ်ား ေနရဦးမွာပါပဲ …။
ဒီေတာ့ ဘာမွမေျပာပဲ ၅မိနစ္ေလာက္ ေပြ႕ဖက္ထားလိုက္ပါ။ စိတ္ဆိုး စိတ္ေကာက္ျခင္းေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ေပြ႕ဖက္ၿပီးေတာ့မွ ခ်စ္သူကို ဆက္ၿပီး ေခ်ာ့လိုက္ပါေနာ္ …။
၄။ အထီးက်န္ျခင္းကို ေျပေပ်ာက္ေစပါတယ္”
တစ္ေယာက္တည္း ျဖစ္ေနခ်ိန္ေတြမွာ အထီးက်န္တယ္လို႔ သင္ခံစားဖူးမွာပါ။ ဒီအခ်ိန္မ်ိဳးဆို သင္ေထြးေပြ႕ထားခ်င္တဲ့ ရင္ခြင္ႏွင့္ လက္တစ္စုံကို တမ္းတေနမိမွာ အမွန္ပါပဲ …။
အခ်ိန္ေတြခြဲခြာၿပီး ျပန္ေတြ႕ဆုံတဲ့အခါ ေထြးေပြ႕ ဖက္တြယ္ထားျခင္းက အထီးက်န္မႈကိုလည္း ေျပေပ်ာက္ေစႏိုင္ပါတယ္ …။
၅။ ပိုမို စိတ္လႈပ္ရွားေစပါတယ္”
ဘယ္လိုအခ်ိန္ေတြမွာ စိတ္လႈပ္ရွားတတ္တယ္ဆိုတာ သင္သတိထားမိမွာပါ။ သင့္ခ်စ္သူက Surprise တစ္ခုခုလုပ္ရင္း သင့္ကို ေပြ႕ဖက္ထားမယ္ …၊
တစ္ေယာက္နဲ႔ တစ္ေယာက္ ေပြ႕ဖက္ထားၿပီး စားၾကမယ္၊ သြားၾကမယ္လို႔ သေဘာတူစကားေျပာထြက္လာတဲ့ အခ်ိန္ေတြဆို သင္ အရမ္းစိတ္လႈပ္ရွားၿပီး ေပ်ာ္႐ႊင္ေနရမွာ ေသခ်ာပါတယ္ …။
၆။ အေပ်ာ္ေတြ တိုးပြားလာေစပါတယ္”
သင္ေပ်ာ္႐ႊင္ ေနတဲ့အခ်ိန္မွာ သင္ခ်စ္သူကို ဖက္ထားျခင္းက အခ်စ္တန္ခိုးနဲ႔ အေပ်ာ္ေတြ ႏွစ္ဆတိုးေစမွာပါ။ ဥပမာေျပာရရင္ ေအာင္စာရင္းၾကည့္ၿပီး ေအာင္တယ္လို႔ သိလိုက္ရခ်ိန္ ေဘးမွာရွိတဲ့ ခ်စ္သူကို ေပြ႕ဖက္လိုက္ရရင္ အေပ်ာ္ေတြ ဆက္တိုက္ တိုးပြားလာမွာပဲ ျဖစ္ပါတယ္ …။
ေအာင္ျမင္မႈတစ္ခုတစ္ခု ရတိုင္း ခ်စ္သူကို ေျပးဖက္ထားဖို႔ မေမ့ပါနဲ႔ေနာ္ …။
၇။ ေပြ႕ဖက္ထားျခင္းက ဖ်ားနာျခင္းပင္ ေပ်ာက္ကင္းေစႏိုင္တယ္”
က်န္းမာေရးအရေျပာရရင္ တစ္ဦးႏွင့္တစ္ဦး ဖက္ထားခ်ိန္မွာ ကိုယ္တြင္းလႈံေဆာ္မႈမ်ားစြာျဖစ္ေစၿပီး ေသြးျဖဴဆဲလ္မ်ား (white blood cells) ထုတ္လြတ္မႈအား ေကာင္းေစပါတယ္။ ေသြးျဖဴဆဲလ္မ်ားဟာ ေရာဂါ ႏွင့္ အျခား ဗိုင္းရက္စ္ ( viruses) ေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္တဲ႔ …။
၈။ စိတ္ဓာတ္ခြန္အား တိုးလာေစပါတယ္”
ကေလးဘဝတည္းက အားငယ္ခ်ိန္တိုင္း အေဖနဲ႔အေမကို ဖက္ထားမိၾကတယ္။ စိတ္ဓာတ္ခြန္အားက်ဆင္းခ်ိန္မွာ တစ္ေယာက္ေယာက္ကို ဖက္ထားၿပီး ငိုေကြၽးလိုက္တာမ်ိဳး ၊ စိတ္ေျပတဲ့အထိ ဖက္ထားမိတာမ်ိဳးေပါ့ …။
တကယ္လဲဟုတ္ပါတယ္။ အဲလိုအခ်ိန္မ်ိဳးဆို ခ်စ္တဲ့သူတစ္ေယာက္ကို ေပြ႕ဖက္ထားျခင္းက ေလ်ာ့က်ေနတဲ့ စိတ္ခြန္အားကို အေကာင္းဆုံးျပန္လည္ ျမႇင့္တင္ ႏိုင္ပါလိမ့္မယ္ ..
ခ်စ္သူ အားငယ္ခ်ိန္တိုင္းလဲ ဖက္ထားေပးဖို႔ မေမ့ပါနဲ႔အံုးေနာ္ …။ ။
သင့္ကို ယုယုယယ ေပြ႕ဖက္ေပးမယ့္ ခ်စ္သူတစ္ေယာက္ ပိုင္ဆိုင္ထားၿပီလား ….????
Credit: Double G ( Love Shop )
Unicode,
ချစ်သူကို ပွေ့ဖက်ခြင်းက ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးများ…
ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ ဖော်ပြ ပေးသွားမှာပဲ ဖြစ်ပါတယ်နော် …။
၁။ ယုံကြည်မှု ရှိစေပါတယ်”
ချစ်သူစုံတွဲတွေ ကြားထဲမှာ နွေးထွေးမှု ၊ လုံခြုံမှု ၊ ထပ်တူကျမှု နှင့် ယုံကြည်စိတ်ချရမှု တွေဟာ အရေးပါလှတဲ့ အချက်တွေပါပဲ …။
မကြာခဏ ချစ်သူနှင့်ပွေ့ဖက်ခြင်းက သင့်အတွက် စိတ်ဓာတ်ခွန်အားနဲ့ ချစ်သူနှစ်ဦး သံယောဇဉ် ပိုမိုခိုင်မာလာစေတဲ့ အချက်ပါပဲ …။
၂။ နွေးထွေးမှုကို ရရှိစေပါတယ်”
ဒီအချက်က အဓိကရိုးရှင်းပြီး လူတိုင်း ပွေ့ဖက်ခါနီး ပြောကြပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့ အခါမျိုးမှာ အနားမှာ ရှိနေတဲ့ချစ်သူကို ထွေးဖက်ထားမိမှာ အသေအချာပါပဲ။ အကြောင်းပြချက်က ရှင်းပါတယ်။ သင်တို့နှစ်ဦးစလုံး နွေးထွေးမှု ရရှိစေဖို့ပဲ ဖြစ်ပါတယ် …။
၃။ စိတ်ဆိုး စိတ်ကောက်ပြေစေပါတယ်”
ချစ်သူတွေ တစ်ဦးနှင့်တစ်ဦး အရမ်းချစ်နေပေမဲ့ စကားများရန်ဖြစ်နေပါသလား…၊ စကားများတဲ့ ကိစ္စပြဿနာကို ဆက်ရှင်းနေရင် စကားထက် များ နေရဦးမှာပါပဲ …။
ဒီတော့ ဘာမှမပြောပဲ ၅မိနစ်လောက် ပွေ့ဖက်ထားလိုက်ပါ။ စိတ်ဆိုး စိတ်ကောက်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ပွေ့ဖက်ပြီးတော့မှ ချစ်သူကို ဆက်ပြီး ချော့လိုက်ပါနော် …။
၄။ အထီးကျန်ခြင်းကို ပြေပျောက်စေပါတယ်”
တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးမှာပါ။ ဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ …။
အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ ဖက်တွယ်ထားခြင်းက အထီးကျန်မှုကိုလည်း ပြေပျောက်စေနိုင်ပါတယ် …။
၅။ ပိုမို စိတ်လှုပ်ရှားစေပါတယ်”
ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။ သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ် …၊
တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆို သင် အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေရမှာ သေချာပါတယ် …။
၆။ အပျော်တွေ တိုးပွားလာစေပါတယ်”
သင်ပျော်ရွှင် နေတဲ့အချိန်မှာ သင်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့ အပျော်တွေ နှစ်ဆတိုးစေမှာပါ။ ဥပမာပြောရရင် အောင်စာရင်းကြည့်ပြီး အောင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက် တိုးပွားလာမှာပဲ ဖြစ်ပါတယ် …။
အောင်မြင်မှုတစ်ခုတစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့ပါနဲ့နော် …။
၇။ ပွေ့ဖက်ထားခြင်းက ဖျားနာခြင်းပင် ပျောက်ကင်းစေနိုင်တယ်”
ကျန်းမာရေးအရပြောရရင် တစ်ဦးနှင့်တစ်ဦး ဖက်ထားချိန်မှာ ကိုယ်တွင်းလှုံဆော်မှုများစွာဖြစ်စေပြီး သွေးဖြူဆဲလ်များ (white blood cells) ထုတ်လွတ်မှုအား ကောင်းစေပါတယ်။ သွေးဖြူဆဲလ်များဟာ ရောဂါ နှင့် အခြား ဗိုင်းရက်စ် ( viruses) တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်တဲ့ …။
၈။ စိတ်ဓာတ်ခွန်အား တိုးလာစေပါတယ်”
ကလေးဘဝတည်းက အားငယ်ချိန်တိုင်း အဖေနဲ့အမေကို ဖက်ထားမိကြတယ်။ စိတ်ဓာတ်ခွန်အားကျဆင်းချိန်မှာ တစ်ယောက်ယောက်ကို ဖက်ထားပြီး ငိုကျွေးလိုက်တာမျိုး ၊ စိတ်ပြေတဲ့အထိ ဖက်ထားမိတာမျိုးပေါ့ …။
တကယ်လဲဟုတ်ပါတယ်။ အဲလိုအချိန်မျိုးဆို ချစ်တဲ့သူတစ်ယောက်ကို ပွေ့ဖက်ထားခြင်းက လျော့ကျနေတဲ့ စိတ်ခွန်အားကို အကောင်းဆုံးပြန်လည် မြှင့်တင် နိုင်ပါလိမ့်မယ် ..
ချစ်သူ အားငယ်ချိန်တိုင်းလဲ ဖက်ထားပေးဖို့ မမေ့ပါနဲ့အုံးနော် …။ ။
သင့်ကို ယုယုယယ ပွေ့ဖက်ပေးမယ့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားပြီလား ….????
Credit: Double G ( Love Shop )