ၾကားသိရသမွ်

ဗယ်လင်တိုင်းဒေးတွင် ချစ်တင်းနှောရာ၌ နှာခေါင်းစည်းတပ်ကြရန် ဆော်ဩ

ဗယ္လင္တိုင္းေဒးတြင္ ခ်စ္တင္းေႏွာရာ၌ ႏွာေခါင္းစည္းတပ္ၾကရန္ ေဆာ္ဩ

ေဖေဖာ္ဝါရီလ ၁၂ ရက္

ထိုင္းႏိုင္ငံက ခ်စ္သူမ်ားသည္ ဗယ္လင္တိုင္းေဒး၌ ခ်စ္သက္လက္ေဆာင္ လဲလွယ္ရန္ ျပင္ဆင္ေနၾကခ်ိန္မွာပင္ ခ်စ္တင္းေႏွာစဥ္ ႏွာေခါင္းစည္းတပ္ရန္ အပါအဝင္ ကပ္ေဘးကာလ ေဘးကင္းသည့္ လိင္ဆက္ဆံမႈ အေလ့အက်င့္မ်ားကို လိုက္နာရန္ က်န္းမာေရးအာဏာပိုင္မ်ားက ေဆာ္ဩလ်က္ ရွိေနသည္။

အေရွ႕ေတာင္အာရွ ခရီးသြားလုပ္ငန္း အခ်က္အခ်ာက်သည့္ ထိုင္းႏိုင္ငံတြင္ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ၈၀၀၀ ဝန္းက်င္ ရွိေနသည္။ ယခုလ စတင္ခ်ိန္တြင္ ယခင္ သီတင္းႏွစ္ပတ္ကထက္ ႏွစ္ဆတက္ၿပီး ေန႔စဥ္ကူးစက္မႈ ျမင့္တက္ေနျခင္း ျဖစ္သည္။

အျခားေသာ ေန႔ရက္မ်ားတြင္လည္း ခ်စ္တင္းေႏွာၾကျခင္းမ်ား ရွိသည္ကို သိလင့္ကစား ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ ေရာဂါကူးႏႈန္း ျမင့္မားမည့္ အလားအလာအတြက္ စိုးရိမ္ပူပန္ေၾကာင္း က်န္းမာေရးအာဏာပိုင္မ်ားက ေဖာ္ျပၾကသည္။

“COVID-19 ဟာ လိင္ကတစ္ဆင့္ ကူးစက္တာေတာ့ မဟုတ္ပါ၊ ဒါေပမဲ့ ကူးစက္လြယ္တဲ့ ကိုဗစ္19 ဟာ နီးကပ္စြာ အသက္ရႈတာ၊ တံေတြးခ်င္း အလဲအလွယ္ျဖစ္ရာကေန ကူးစက္ႏိုင္ပါတယ္”ဟု မ်ိဳးဆက္ပြားက်န္းမာေရးဌာန ၫႊန္ၾကားေရးမႉးျဖစ္သူ ဘန္ယာရစ္ ဆူကရတ္က ေအအက္ဖ္ပီသို႔ ေသာၾကာေန႔တြင္ ေျပာသည္။

စုံတြဲမ်ားအေနျဖင့္ ခ်စ္သူရည္းစားဆီ ဗိုင္းရပ္စ္ ကူးစက္မႈကို တားဆီးရန္အတြက္ ခ်ိန္းေတြ႕ၾကမည့္ ညမတိုင္မီ ဗိုင္းရပ္စ္ စစ္ေဆးစမ္းသပ္သင့္သည္ဟုလည္း ၎က မွတ္ခ်က္ ျပဳသည္။

“မ်က္ႏွာခ်င္းဆိုင္ လိင္ဆက္ဆံျခင္း ပုံစံႏွင့္ နက္နက္ရႈိင္းရႈိင္း နမ္းရႈိက္ျခင္းမ်ားကို ေရွာင္ရွားရန္”လည္း ခ်စ္သူမ်ားကို တိုက္တြန္းထားသည့္အျပင္ မလိုလားေသာ ကိုယ္ဝန္ေဆာင္ရမႈ မျဖစ္ေစရန္ တားေဆးသုံးေရးကိုလည္း ၎က တိုက္တြန္းသည္။

“ျဖစ္ႏိုင္ရင္ ခ်စ္တင္းေႏွာခ်ိန္မွာ ႏွာေခါင္းစည္းတပ္ထားတာက ကိုဗစ္-19 ေဘးအႏၲရာယ္ကို ေလ်ာ့ပါးေစမွာ ျဖစ္တယ္”ဟု ဘန္ယာရစ္က ေျပာသည္။

ဗယ္လင္တိုင္းေဒးသည္ ဘုရင့္ ထိုင္းႏိုင္ငံ၌ ေရပန္းစားၿပီး စုံတြဲမ်ားအတြက္ သံေယာဇဥ္ႀကိဳး ထုံးဖြဲ႕ရာ ေန႔ထူးေန႔ျမတ္အျဖစ္ မွတ္ယူၾကသည္။ source-mizzima

ဗယ်လင်တိုင်းဒေးတွင် ချစ်တင်းနှောရာ၌ နှာခေါင်းစည်းတပ်ကြရန် ဆော်ဩ

ဖေဖော်ဝါရီလ ၁၂ ရက်

ထိုင်းနိုင်ငံက ချစ်သူများသည် ဗယ်လင်တိုင်းဒေး၌ ချစ်သက်လက်ဆောင် လဲလှယ်ရန် ပြင်ဆင်နေကြချိန်မှာပင် ချစ်တင်းနှောစဉ် နှာခေါင်းစည်းတပ်ရန် အပါအဝင် ကပ်ဘေးကာလ ဘေးကင်းသည့် လိင်ဆက်ဆံမှု အလေ့အကျင့်များကို လိုက်နာရန် ကျန်းမာရေးအာဏာပိုင်များက ဆော်ဩလျက် ရှိနေသည်။

အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်း အချက်အချာကျသည့် ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ၈၀၀၀ ဝန်းကျင် ရှိနေသည်။ ယခုလ စတင်ချိန်တွင် ယခင် သီတင်းနှစ်ပတ်ကထက် နှစ်ဆတက်ပြီး နေ့စဉ်ကူးစက်မှု မြင့်တက်နေခြင်း ဖြစ်သည်။

အခြားသော နေ့ရက်များတွင်လည်း ချစ်တင်းနှောကြခြင်းများ ရှိသည်ကို သိလင့်ကစား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရောဂါကူးနှုန်း မြင့်မားမည့် အလားအလာအတွက် စိုးရိမ်ပူပန်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဖော်ပြကြသည်။

“COVID-19 ဟာ လိင်ကတစ်ဆင့် ကူးစက်တာတော့ မဟုတ်ပါ၊ ဒါပေမဲ့ ကူးစက်လွယ်တဲ့ ကိုဗစ်19 ဟာ နီးကပ်စွာ အသက်ရှုတာ၊ တံတွေးချင်း အလဲအလှယ်ဖြစ်ရာကနေ ကူးစက်နိုင်ပါတယ်”ဟု မျိုးဆက်ပွားကျန်းမာရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဘန်ယာရစ် ဆူကရတ်က အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။

စုံတွဲများအနေဖြင့် ချစ်သူရည်းစားဆီ ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရန်အတွက် ချိန်းတွေ့ကြမည့် ညမတိုင်မီ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်သင့်သည်ဟုလည်း ၎င်းက မှတ်ချက် ပြုသည်။

“မျက်နှာချင်းဆိုင် လိင်ဆက်ဆံခြင်း ပုံစံနှင့် နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ခြင်းများကို ရှောင်ရှားရန်”လည်း ချစ်သူများကို တိုက်တွန်းထားသည့်အပြင် မလိုလားသော ကိုယ်ဝန်ဆောင်ရမှု မဖြစ်စေရန် တားဆေးသုံးရေးကိုလည်း ၎င်းက တိုက်တွန်းသည်။

“ဖြစ်နိုင်ရင် ချစ်တင်းနှောချိန်မှာ နှာခေါင်းစည်းတပ်ထားတာက ကိုဗစ်-19 ဘေးအန္တရာယ်ကို လျော့ပါးစေမှာ ဖြစ်တယ်”ဟု ဘန်ယာရစ်က ပြောသည်။

ဗယ်လင်တိုင်းဒေးသည် ဘုရင့် ထိုင်းနိုင်ငံ၌ ရေပန်းစားပြီး စုံတွဲများအတွက် သံယောဇဉ်ကြိုး ထုံးဖွဲ့ရာ နေ့ထူးနေ့မြတ်အဖြစ် မှတ်ယူကြသည်။ source-mizzima