ဒီနေ့မှယောက္ခမ အိမ်ပေါ် ရောက်ခါစ တော်လိုက်တဲ့ ချွေးမလေး
ယောက္ခမ အိမ်ပေါ် ရောက်ခါစ ချွေးမလေး..ယောက္ခမ ကို ကိုယ်တိုင် ချက်ကျွေး ချင်လို့ ဆိုပြီး မီးဖိုထဲ တကုတ်ကုတ်နဲ့ ချက်ပြုတ် နေပါသတဲ့။ယောက္ခမကြီး ကလည်း ငါ့သားလေး မိန်းမ ရ တော်လိုက်တာ ဆိုပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ သဘောတွေ ကျနေတာပေါ့။ထမင်းစားချိန် ရောက်တော့ စားပွဲပေါ်မှာ အားလုံး ခူးခပ် ပြင်ဆင် ပေးထားတဲ့ ချွေးမလေးရဲ့ အလိုက် သိမှု ကိုလည်း အမှတ်ပြည့် ပေးလိုက်ပြန် သတဲ့။
” ဟား ဒီနေ့တော့ ငါ့ချွေးမ လက်ရာလေး စားရချည် သေးရဲ့ အဟေးဟေး .. ကဲကဲ ခူးခူး ”
” ဟုတ်ကဲ့ အဖေ ”
ကြည့်စမ်း ကြည့်စမ်း–
ယောက္ခမ ကို “အဖေ” တဲ့ လိမ်မာ လိုက်တဲ့ ကလေး…ချွေးမလေးက ပန်ကန်ထဲ ထမင်း ခူးခပ်ပြီးတော့ ယောက္ခမကြီး စားမယ် ဟန်ပြင်တော့–
” ဟဲ့ သမီး နင့် ထမင်းက ပျော့ပြဲ နေပါလား ”
” ဪ ဟုတ်တယ် အဖေ အဖေက သွား မကောင်းတော့လေ ဝါးနေရမှာ စိုးလို့ တမင် ပျော့ပျော့ ချက်လိုက် တာပါ အဖေ ”
” ဟေ အဲ့လိုလား အေးအေး ရပါတယ်ကွယ်”
ဪ သိတတ် လိုက်တာ.. ယောက္ခမ ဝါးနေရင် သွားနာမှာ စိုးလို့ ပျော့ပျော့ ပြဲပြဲလေး ချက်ထား ပေးတာ တဲ့။
” အဖေ စားနော်.. သမီး ခပ်ထည့် ပေးမယ် ဒါက ငါးမြင်း ဆီပြန် ”
” အေးအေး ”
ထမင်း ပျော့ပြဲပြဲ လေးနဲ့ ငါးမြင်းတုံးလေး ကိုမြုပ်ပြီး စားကြည့် လိုက်တော့—
” ဟင် ဟဲ့သမီး နင့်ငါးဟင်း ကလည်း ပေါ့ရွှတ် နေပါလား ”
” ဪ ဟုတ်တယ် အဖေ တမင် ပေါ့ပေါ့လေး ချက်ထားတာ အဖေက သွေးတိုး ရှိတယ် မဟုတ်လား အာ့ကြောင့်လေ ”
ဪ အဖေမှာ သွေးတိုး ရှိလို့ပေါ့နော်..
”အေးအေး အေးပါကွယ် ”
ကြည့်စမ်း ယောက္ခမ ကို ဂရုစိုက်ပုံများမှန်းစမ်း ဒီ ဝက်သား ဟင်းလေး မြည့်ကြည့် ရ အောင် ”ယောက္ခမကြီးက ဝက်သား တုံးလေး ယူပြီး ထမင်းထဲ မြုပ်လို့ အားရ ပါးရ လွှေး လိုက်တယ် ဆိုရင်ပဲ—
” ဟာ ထွီ ”
” ဟဲ့ နင့် ဝက်သားဟင်းက ငံ တူး နေပါလား ”
ဪ မှားပြီ အဖေရေ ဒီဟင်းက အဖေ့အတွက် မဟုတ်ဘူး အဖေ့သား အတွက် သူက သွေးပေါင် ခဏခဏ ကျတတ်လို့ သွေးတိုးအောင် တမင် ငံငံလေး ချက်ပေးထားတာ ”
” ဟေ ”
ဪ တတ်လိုက်တဲ့ ချွေးမ သွေးပေါင် ကျတတ်လို့ သွေးတိုးအောင် အငံ ချက်တာတဲ့ အင်း မှတ်သား ထားရမယ် ဆေးကျောင်းတွေ ဘာတွေများ တက်ခဲ့ဖူးလား မသိ ချွေးမ ပညာရှိလေး
” ဟဲ့ သမီး ဒါက ဘာဟင်း တုန်း ”
” ချဉ်ရည်ဟင်း ပါ အဖေ ”
” မှန်း မြည်းကြည့် ရအောင် ”
” ရှလွတ် ”
” အမငီး ချဉ် ချဉ် လိုက်တာ ဟယ် ”
” ဪ အဖေကလည်း ချဉ်ရည်ဟင်း ပါဆို ချဉ် မှာပေါ့ မချဉ်မှာ စိုးလို့ သံပုရာ သီးလေး တောင် ညှစ်လိုက်သေး ”
” ဪ အေးအေး ဟုတ်ပါပြီကွယ် အမလေး ပါး တွေတောင် တောင်သွားတယ်တော်လိုက်တဲ့ ချွေးမလေး ”
” အေးကွယ် သမီးရဲ့စေတနာ တွေနဲ့ဗိုက်ပြည့်နေပါပြီ ထမင်းလည်း မစားနိုင်တော့ပါဘူး အသီးအရွက် ကြော်လေးပဲ ဒီအတိုင်း စားတော့မယ် ဟိုပန်ကန်ထဲက ဘာ ကြော်လဲ သမီး”
” ဟုတ် အဖေ အဲ့ဒါ ကြက်ဟင်းခါးသီးနဲ့ ကင်းပုန်သီး ရော ကြော်ထားတာ အဖေ စားကြည့်လေ ”
” အမလေး သမီးရယ် ကြောင်လျှာသီး နဲ့ တမာရွက် လေးပါ ထပ်ထည့်လိုက် ပြီးတဲ့ ဟာကို ”
” ဪ ရှာသေးတယ် အဖေရေ မတွေ့လို့ လို့ ”
” ဟဲ့ ဖလူးမ မသာမ နင့်ကို ရွဲ့နေတာဟဲ့ အရူးမ ရဲ့”
” ရှင် ”
“အမလေး အမလေး တော်လိုက်တဲ့ ချွေးမလေး”
Credit
Zawgyi
ေယာကၡမ အိမ္ေပၚ ေရာက္ခါစ ေခြၽးမေလး..ေယာကၡမ ကို ကိုယ္တိုင္ ခ်က္ေကြၽး ခ်င္လို႔ ဆိုၿပီး မီးဖိုထဲ တကုတ္ကုတ္နဲ႔ ခ်က္ျပဳတ္ ေနပါသတဲ့။ေယာကၡမႀကီး ကလည္း ငါ့သားေလး မိန္းမ ရ ေတာ္လိုက္တာ ဆိုၿပီး ျပဳံးျပဳံး ျပဳံးျပံဳး နဲ႔ သေဘာေတြ က်ေနတာေပါ့။ထမင္းစားခ်ိန္ ေရာက္ေတာ့ စားပဲြေပၚမွာ အားလုံး ခူးခပ္ ျပင္ဆင္ ေပးထားတဲ့ ေခြၽးမေလးရဲ႕ အလုိက္ သိမႈ ကိုလည္း အမွတ္ျပည့္ ေပးလိုက္ျပန္ သတဲ့။
” ဟား ဒီေန႔ေတာ့ ငါ့ေခြၽးမ လက္ရာေလး စားရခ်ည္ ေသးရဲ႕ အေဟးေဟး .. ကဲကဲ ခူးခူး ”
” ဟုတ္ကဲ့ အေဖ ”
ၾကည့္စမ္း ၾကည့္စမ္း–
ေယာကၡမ ကို “အေဖ” တဲ့ လိမ္မာ လိုက္တဲ့ ကေလး…ေခြၽးမေလးက ပန္ကန္ထဲ ထမင္း ခူးခပ္ၿပီးေတာ့ ေယာကၡမျကီး စားမယ္ ဟန္ျပင္ေတာ့–
” ဟဲ့ သမီး နင့္ ထမင္းက ေပ်ာ့ျပဲ ေနပါလား ”
” ဪ ဟုတ္တယ္ အေဖ အေဖက သြား မေကာင္းေတာ့ေလ ဝါးေနရမွာ စိုးလို႔ တမင္ ေပ်ာ့ေပ်ာ့ ခ်က္လိုက္ တာပါ အေဖ ”
” ေဟ အဲ့လိုလား ေအးေအး ရပါတယ္ကြယ္”
ဪ သိတတ္ လိုက္တာ.. ေယာကၡမ ဝါးေနရင္ သြားနာမွာ စိုးလို႔ ေပ်ာ့ေပ်ာ့ ျပဲျပဲေလး ခ်က္ထား ေပးတာ တဲ့။
” အေဖ စားေနာ္.. သမီး ခပ္ထည့္ ေပးမယ္ ဒါက ငါးျမင္း ဆီျပန္ ”
” ေအးေအး ”
ထမင္း ေပ်ာ့ျပဲျပဲ ေလးနဲ႔ ငါးျမင္းတုံးေလး ကိုျမဳပ္ၿပီး စားၾကည့္ လိုက္ေတာ့—
” ဟင္ ဟဲ့သမီး နင့္ငါးဟင္း ကလည္း ေပါ့ရႊတ္ ေနပါလား ”
” ဪ ဟုတ္တယ္ အေဖ တမင္ ေပါ့ေပါ့ေလး ခ်က္ထားတာ အေဖက ေသြးတိုး ရိွတယ္ မဟုတ္လား အာ့ေၾကာင့္ေလ ”
ဪ အေဖမွာ ေသြးတိုး ရိွလို႔ေပါ့ေနာ္..
”ေအးေအး ေအးပါကြယ္ ”
ၾကည့္စမ္း ေယာကၡမ ကို ဂ႐ုစိုက္ပုံမ်ားမွန္းစမ္း ဒီ ဝက္သား ဟင္းေလး ျမည့္ၾကည့္ ရ ေအာင္ ”ေယာကၡမႀကီးက ဝက္သား တုံးေလး ယူၿပီး ထမင္းထဲ ျမဳပ္လို႔ အားရ ပါးရ ေလႊး လိုက္တယ္ ဆိုရင္ပဲ—
” ဟာ ထြီ ”
” ဟဲ့ နင့္ ဝက္သားဟင္းက ငံ တူး ေနပါလား ”
ဪ မွားၿပီ အေဖေရ ဒီဟင္းက အေဖ့အတြက္ မဟုတ္ဘူး အေဖ့သား အတြက္ သူက ေသြးေပါင္ ခဏခဏ က်တတ္လို႔ ေသြးတိုးေအာင္ တမင္ ငံငံေလး ခ်က္ေပးထားတာ ”
” ေဟ ”
ဪ တတ္လိုက္တဲ့ ေခြၽးမ ေသြးေပါင္ က်တတ္လို႔ ေသြးတိုးေအာင္ အငံ ခ်က္တာတဲ့ အင္း မွတ္သား ထားရမယ္ ေဆးေက်ာင္းေတြ ဘာေတြမ်ား တက္ခဲ့ဖူးလား မသိ ေခြၽးမ ပညာရိွေလး
” ဟဲ့ သမီး ဒါက ဘာဟင္း တုန္း ”
” ခ်ဥ္ရည္ဟင္း ပါ အေဖ ”
” မွန္း ျမည္းၾကည့္ ရေအာင္ ”
” ႐ွလြတ္ ”
” အမငီး ခ်ဥ္ ခ်ဥ္ လိုက္တာ ဟယ္ ”
” ဪ အေဖကလည္း ခ်ဥ္ရည္ဟင္း ပါဆို ခ်ဥ္ မွာေပါ့ မခ်ဥ္မွာ စိုးလို႔ သံပုရာ သီးေလး ေတာင္ ညႇစ္လိုက္ေသး ”
” ဪ ေအးေအး ဟုတ္ပါၿပီကြယ္ အမေလး ပါး ေတြေတာင္ ေတာင္သြားတယ္ေတာ္လိုက္တဲ့ ေခြၽးမေလး ”
” ေအးကြယ္ သမီးရဲ႕ေစတနာ ေတြနဲ႔ဗိုက္ျပည့္ေနပါၿပီ ထမင္းလည္း မစားႏိုင္ေတာ့ပါဘူး အသီးအရြက္ ေၾကာ္ေလးပဲ ဒီအတိုင္း စားေတာ့မယ္ ဟိုပန္ကန္ထဲက ဘာ ေၾကာ္လဲ သမိ္ီး”
” ဟုတ္ အေဖ အဲ့ဒါ ၾကက္ဟင္းခါးသီးနဲ႔ ကင္းပုန္သီး ေရာ ေၾကာ္ထားတာ အေဖ စားၾကည့္ေလ ”
” အမေလး သမီးရယ္ ေၾကာင္လွ်ာသီး နဲ႔ တမာရြက္ ေလးပါ ထပ္ထည့္လိုက္ ၿပီးတဲ့ ဟာကို ”
” ဪ ႐ွာေသးတယ္ အေဖေရ မေတြ႔လို႔ လို႔ ”
” ဟဲ့ ဖလူးမ မသာမ နင့္ကို ရဲြ႔ေနတာဟဲ့ အ႐ူးမ ရဲ႕”
” ႐ွင္ ”
“အမေလး အမေလး ေတာ္လိုက္တဲ့ ေခြၽးမေလး”
Credit