ရှေးခေတ် မြန်မာ အမျိုးသမီးငယ်လေးရဲ့ ခက်ခက်ခဲခဲ ချစ်ရကြိုက်ရပုံ အိုင်ချင်း ကဗျာလေး
Valentine day အတွက် ရှေးခေတ် မြန်မာအမျိုးသမီးငယ်လေးရဲ့ မိဘမောင်ဘွားတွေ ကြားက ချစ်ရကြိုက်ရပုံ.. ချစ်စရာကောင်းတဲ့ အိုင်ချင်းကဗျာလေး တင်ပေးလိုက်တယ်။ ခေတ်သမီးတို့ နားလည်အောင် တိုတိုလေး အနက်ဖွင့်ပြရရင် သူ့သူငယ်ချင်းကို တိုင်တည်ပုံက ကောင်မလေးရဲ့ အမေနဲ့ ဘကြီးက ကောင်လေးနဲ့ သဘောမတူပုံရတယ်။
ဖျက်ပုံဖျက်နည်းက စေ့စပ်တယ်တဲ့။ ညကျ ကောင်လေး အိမ်နားကပ်မှာစိုးလို့ အိမ်ဝင်းထောင့်တွေ ဆူးခက်နဲ့ကာတယ်၊ အိမ်ပေါ်တက်မရအောင် လှေကားခုံမှာ ဂဠုန်အင်းကွက်၊ လှေကားဦးမှာ ဘီလူးအစီအရင်၊ လှေခါး ခြေရင်းမှာ ညဆို ဆူးလှေဆူးကြဲထားတယ်တဲ့၊ အိမ်က ခြေတံရှည်အိမ်ထင်ပါရဲ့.. အိမ်တိုင်ကတွယ်တက်မှာစိုးလို့ အိမ်တိုင်တွေမှာ နွားရိုင်း တကောင်စီ ချည်ထားသေးတယ်။ အိမ်ပေါ်ရောက်ရင် ခုတ်ချဖို့ ထရံကြား ဓါးထိုးထားတယ်၊ ခေါင်မိုးမှာလည်း လှံကြီးထိုးထားတယ်တဲ့။
အိမ်ကြမ်းကြားကနေ အပေါ်နဲ့အောက် လက်ကိုင်စကားပြောကြမှာစိုးလို့ ထင်ပါရဲ့၊ ဖင်စူး လက်စူးအောင် အပ်တွေထောင်ထားတယ်တဲ့၊ မောင်လည်း တက်မရသလို မယ်လည်း ဆင်းလာလို့မရပါဘူးမောင်ရယ်တဲ့၊ မောင်က ကြောင်လိုပေါ့ပါးပြီး ကြွက်လိုသွက်သွက်လက်လက် နဲ့ အိမ်ခေါင်ပေါ်ခုန်တက်မယ်ဆိုရင်တောင် ထုတ်တန်းတွေက ဆွေးနေပြီ တဲ့၊ ကျိုးကျရင် မီးခွက်ထွန်းပြီး ဝိုင်းဖမ်းကြလိမ့်မယ်တဲ့။
မောင့်ကိုလွမ်းလို့ ရင်တထိတ်ထိတ်နဲ့ ညီမအထွေးလေး အပြင်ထွက်ကြည့်ခိုင်းတော့ ညီမလေးက မမကို ရှိတ်ဖို့ကျင့်နေတာလားမသိဘူး၊ မမ ဘဲကြီးက ရွာလယ်ကောင်မှာ အခုလေးတင် စောင်းတီးနေတာ တွေ့ခဲ့တယ် လို့ ပြန်ပြောတယ် တဲ့.. ရှေးခေတ် မြန်မာမလေးတယောက်ရဲ့ ချစ်ရကြိုက်ရတာ မလွယ်လှတဲ့ ဒုက္ခလေး.. ချစ်စရာ အိုင်ချင်းလေး ဗျ.. ကြုံရမယ့်ဗျာပါ.. ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ငါ့ကိုလွယ်၊ အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊ အိမ်လေးထောင့်မှာ၊ ဆူးတွေချလျက်၊ ဖျက်နဲငယ်မှ စေ့စုံ၊ လှေကားခုံမှာ၊ ဂဠုန်မောင့်ကြောင့် စောင့်တော့တယ်။ လှေကားဦးမှာ၊ ဘီလူး မောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ၊ ဆူးလေ မောင်ကြောင့် ကြဲတော့တယ်။ အိမ်တိုင်တိုင်းမှာ၊ နွားရိုင်း မောင့်ကြောင့် ချည်တော့တယ်။ ထရံကြားမှာ၊ ဓားသွား မောင့်ကြောင့် ထားတော့တယ်။ အိမ်မိုးခေါင်မှာ၊ လှံထား မောင့်ကြောင့် စိုက်တော့မယ်။ အိမ်ကြမ်းကြားမှာ၊ အပ်သွား မောင့်ကြောင့် စီတော့တယ်။
မောင်လဲ ဘယ်က တက်ပါ့မယ်၊ မယ်လဲ ဘယ်က ဆင်းရမယ်။ ကြွက်ကဲ့အယောင်၊ ကြောင်ရဲ့အလား၊ ထုပ်နှင့်လျောက်ကို၊ ထိုးဖောက်သွားက၊ ထုပ်သားငယ်မှ မခိုင်၊ ထုပ်တိုင်ငယ်မှ ပိုးထိုး၊ အလယ်ကောင်မှာ၊ ဖောင်ဖောင်ကျိုးက၊ သူခိုးဆိုညွန်း၊ မီးတင်ထွန်းလို့၊ ဝန်းကြသော့ခါ၊ဆင်းချခုန် လမ်းဆုံ ရောက်ပါလိမ့်မလားရှင်။ ညီမအထွေး၊ ရွှေတလေးကို၊ ပြေး၍ကြည့်ချေ၊ စေလေသောခါ၊ အမယ်မမ၊ ကျွန်မခဲအို၊ မြင်ငဲ့ငါတို့၊ ရွာလယ်ကောင်တွင်၊ ခုတင်ကြီးမှာ၊ စောင်းတီးလို့လေး။
(တောင်တွင်းရှင်ငြိမ်းမယ်) ကိုကျော်စွာမင်း (ပုဂံ)
ေရွးေခတ္ ျမန္မာ အမ်ိဳးသမီးငယ္ေလးရဲ့ ခက္ခက္ခဲခဲ ခ်စ္ရႀကိဳက္ရပုံ အိုင္ခ်င္း ကဗ်ာေလး
Valentine day အတြက္ ေရွးေခတ္ ျမန္မာအမ်ိဳးသမီးငယ္ေလးရဲ့ မိဘေမာင္ဘြားေတြ ၾကားက ခ်စ္ရႀကိဳက္ရပုံ.. ခ်စ္စရာေကာင္းတဲ့ အိုင္ခ်င္းကဗ်ာေလး တင္ေပးလိုက္တယ္။ ေခတ္သမီးတို႔ နားလည္ေအာင္ တိုတိုေလး အနက္ဖြင့္ျပရရင္ သူ႔သူငယ္ခ်င္းကို တိုင္တည္ပုံက ေကာင္မေလးရဲ့ အေမနဲ႔ ဘႀကီးက ေကာင္ေလးနဲ႔ သေဘာမတူပုံရတယ္။
ဖ်က္ပုံဖ်က္နည္းက ေစ့စပ္တယ္တဲ့။ ညက် ေကာင္ေလး အိမ္နားကပ္မွာစိုးလို႔ အိမ္ဝင္းေထာင့္ေတြ ဆူးခက္နဲ႔ကာတယ္၊ အိမ္ေပၚတက္မရေအာင္ ေလွကားခုံမွာ ဂဠဳန္အင္းကြက္၊ ေလွကားဦးမွာ ဘီလူးအစီအရင္၊ ေလွခါး ေျခရင္းမွာ ညဆို ဆူးေလွဆူးၾကဲထားတယ္တဲ့၊ အိမ္က ေျခတံရွည္အိမ္ထင္ပါရဲ့.. အိမ္တိုင္ကတြယ္တက္မွာစိုးလို႔ အိမ္တိုင္ေတြမွာ ႏြားရိုင္း တေကာင္စီ ခ်ည္ထားေသးတယ္။ အိမ္ေပၚေရာက္ရင္ ခုတ္ခ်ဖို႔ ထရံၾကား ဓါးထိုးထားတယ္၊ ေခါင္မိုးမွာလည္း လွံႀကီးထိုးထားတယ္တဲ့။
အိမ္ၾကမ္းၾကားကေန အေပၚနဲ႔ေအာက္ လက္ကိုင္စကားေျပာၾကမွာစိုးလို႔ ထင္ပါရဲ့၊ ဖင္စူး လက္စူးေအာင္ အပ္ေတြေထာင္ထားတယ္တဲ့၊ ေမာင္လည္း တက္မရသလို မယ္လည္း ဆင္းလာလို႔မရပါဘူးေမာင္ရယ္တဲ့၊ ေမာင္က ေၾကာင္လိုေပါ့ပါးၿပီး ႂကြက္လိုသြက္သြက္လက္လက္ နဲ႔ အိမ္ေခါင္ေပၚခုန္တက္မယ္ဆိုရင္ေတာင္ ထုတ္တန္းေတြက ေဆြးေနၿပီ တဲ့၊ က်ိဳးက်ရင္ မီးခြက္ထြန္းၿပီး ဝိုင္းဖမ္းၾကလိမ့္မယ္တဲ့။
ေမာင့္ကိုလြမ္းလို႔ ရင္တထိတ္ထိတ္နဲ႔ ညီမအေထြးေလး အျပင္ထြက္ၾကည့္ခိုင္းေတာ့ ညီမေလးက မမကို ရွိတ္ဖို႔က်င့္ေနတာလားမသိဘူး၊ မမ ဘဲႀကီးက ရြာလယ္ေကာင္မွာ အခုေလးတင္ ေစာင္းတီးေနတာ ေတြ႕ခဲ့တယ္ လို႔ ျပန္ေျပာတယ္ တဲ့.. ေရွးေခတ္ ျမန္မာမေလးတေယာက္ရဲ့ ခ်စ္ရႀကိဳက္ရတာ မလြယ္လွတဲ့ ဒုကၡေလး.. ခ်စ္စရာ အိုင္ခ်င္းေလး ဗ်.. ၾကဳံရမယ့္ဗ်ာပါ.. ခ်စ္တဲ့သူငယ္ေလ၊ သူငယ္ခ်င္းေကာင္း ေယာက္မတို႔ေလ။ ငါ့ကိုလြယ္၊ အမယ္ႀကီးႏွင့္ ဘႀကီးဖ်က္လို႔၊ အိမ္ေလးေထာင့္မွာ၊ ဆူးေတြခ်လ်က္၊ ဖ်က္နဲငယ္မွ ေစ့စုံ၊ ေလွကားခုံမွာ၊ ဂဠဳန္ေမာင့္ေၾကာင့္ ေစာင့္ေတာ့တယ္။ ေလွကားဦးမွာ၊ ဘီလူး ေမာင့္ေၾကာင့္ ေစာင့္ေတာ့တယ္။
ေလွကားေျခမွာ၊ ဆူးေလ ေမာင္ေၾကာင့္ ၾကဲေတာ့တယ္။ အိမ္တိုင္တိုင္းမွာ၊ ႏြားရိုင္း ေမာင့္ေၾကာင့္ ခ်ည္ေတာ့တယ္။ ထရံၾကားမွာ၊ ဓားသြား ေမာင့္ေၾကာင့္ ထားေတာ့တယ္။ အိမ္မိုးေခါင္မွာ၊ လွံထား ေမာင့္ေၾကာင့္ စိုက္ေတာ့မယ္။ အိမ္ၾကမ္းၾကားမွာ၊ အပ္သြား ေမာင့္ေၾကာင့္ စီေတာ့တယ္။
ေမာင္လဲ ဘယ္က တက္ပါ့မယ္၊ မယ္လဲ ဘယ္က ဆင္းရမယ္။ ႂကြက္ကဲ့အေယာင္၊ ေၾကာင္ရဲ့အလား၊ ထုပ္ႏွင့္ေလ်ာက္ကို၊ ထိုးေဖာက္သြားက၊ ထုပ္သားငယ္မွ မခိုင္၊ ထုပ္တိုင္ငယ္မွ ပိုးထိုး၊ အလယ္ေကာင္မွာ၊ ေဖာင္ေဖာင္က်ိဳးက၊ သူခိုးဆိုညြန္း၊ မီးတင္ထြန္းလို႔၊ ဝန္းၾကေသာ့ခါ၊ဆင္းခ်ခုန္ လမ္းဆုံ ေရာက္ပါလိမ့္မလားရွင္။ ညီမအေထြး၊ ေရႊတေလးကို၊ ေျပး၍ၾကည့္ေခ်၊ ေစေလေသာခါ၊ အမယ္မမ၊ ကၽြန္မခဲအို၊ ျမင္ငဲ့ငါတို႔၊ ရြာလယ္ေကာင္တြင္၊ ခုတင္ႀကီးမွာ၊ ေစာင္းတီးလို႔ေလး။
(ေတာင္တြင္းရွင္ၿငိမ္းမယ္) ကိုေက်ာ္စြာမင္း (ပုဂံ)