ဗဟုသုတ

ပိုက္ဆံက ရွာသေလာက္ မေလာက္ႏုိင္ဘူးလို႔ဆိုသူမ်ား ဒီနည္းလမ္း (၇) ခုကို အသံုးၿပဳႀကည္႔ပါ

ပိုက္ဆံက ရွာသေလာက္ မေလာက္နိဳင္ဘူးလို႔ ဆိုသူမ်ား ဒီနည္းလမ္း ( ၇ ) ခုကို အသံုးၿပဳႀကည္႔ပါ။

မိမိ ရွာႏိုင္သေလာက္ေငြကို မကုန္ေအာင္သံုးတဲ့ နည္းလမ္း ( ၇ ) ခု…။ တန္ဖိုး ရွိလိုက္တဲ့ နည္းလမ္းေတြပါ။

ရွာႏိုင္တာထက္ ေလွ်ာ့သံုးႏိုင္ဖို႔ နည္းလမ္း(၇)ခု

ရွာႏိုင္တာထက္ ေလွ်ာ့သံုးႏိုင္ဖို႔ နည္းလမ္း(၇)ခုစီးပြားေရး, ေအာင္ျမင္ေရး ေငြေၾကးဆိုင္ရာ ပညာရွင္ေတြအားလံုးက သင္ရွာႏိုင္တာထက္ ေလွ်ာ့ၿပီးသံုးဖို႔ ေျပာေလ့ရွိၾကပါတယ္။

အသံုးစရိတ္က ၀င္ေငြထက္ နည္းရမယ္ဆိုတဲ့အေၾကာင္းကို အႀကိမ္ေပါင္းမ်ားစြာ ၾကားဖူးေနတာ မွန္ေပမယ့္ ေသခ်ာနားလည္ဖို႔ လိုပါတယ္။

၀င္ေငြထက္ နည္းတဲ့ အသံုးစရိတ္နဲ႔ ဘယ္လိုေနႏိုင္မလဲဆိုတာကိုေရာ ႀကိဳးစားၾကည့္ဖူးပါသလား။အမ်ားစုအတြက္ေတာ့ ၀င္ေငြထက္ ေလ်ာ့နည္းတဲ့အသံုးစရိတ္နဲ႔ ေနထိုင္ဖို႔က ေျပာသေလာက္ မလြယ္ပါဘူး။

အိမ္ငွားခေတြ၊ မီတာခ၊ ေရဖိုး၊ စားေသာက္စရိတ္၊ လူမႈေရးကုန္က်စရိတ္၊ လမ္းစရိတ္စသျဖင့္ ေငြထြက္ေပါက္ေတြက အမ်ားႀကီးပဲျဖစ္ပါတယ္။

ေနာက္ထပ္စိတ္မေကာင္းစရာေကာင္းတာက ကၽြန္ေတာ္တို႔ လစာ၀င္ေငြတစ္ခုတည္းနဲ႔ လိုခ်င္တဲ့ ဘ၀ေနထိုင္မႈပံုစံကို မရႏိုင္တာပဲျဖစ္ပါတယ္။

ဒီလိုနဲ႔ အဆင္အျခင္မဲ့ ေလွ်ာက္သံုးရင္းကေန ေငြေၾကးအတြက္ စိတ္ဖိစီးပူပန္မႈေတြ ၾကံဳေတြ႕လာရႏိုင္ပါတယ္။

ဒါ့ေၾကာင့္ သင္ရွာႏိုင္တာထက္ နည္းတဲ့အသံုစရိတ္နဲ႔ ေနႏိုင္ဖို႔ နည္းလမ္းေကာင္းအခ်ိဳ႕ကို ေ၀မွ်ေပးခ်င္ပါတယ္။

၁။ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ပါ

အိမ္မွာကိုယ္တိုင္ခ်က္ျပဳတ္စားတာ၊ အလုပ္ထဲကို ထမင္းဘူးထည့္သြားတာက စားေသာက္စရိတ္အတြက္ ကုန္က်ေငြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ကိုယ့္ထမင္းဘူး ကိုယ္ယူသြားတဲ့အတြက္တစ္ပတ္ကို ဘယ္ေလာက္သက္သာမလဲဆိုတာ တြက္ၾကည့္ႏိုင္ပါတယ္။

ေနာက္ထပ္အေရးႀကီးတာတစ္ခုက ကိုယ္တိုင္ခ်က္တဲ့ အစားအစာေတြက သန္႔ရွင္းလတ္ဆတ္ၿပီး က်န္းမာေရးနဲ႔လည္း ညီညြတ္ပါတယ္။

ဒါ့ေၾကာင့္ အခုကစၿပီး ကိုယ္တိုင္ခ်က္ျပဳတ္တတ္ေအာင္ ေလ့လာသင္ယူပါ။ ထမင္းဘူးထည့္ယူသြားၿပီး ေန႔လည္စာအတြက္ အပိုထြက္လာတဲ့ေငြကို ရုံးပိတ္ရက္မွာ သံုးဖို႔ ဖယ္ထားလိုက္ပါ။

၂။ အသံုးစရိတ္တစ္ခု ေရးဆြဲပါ

အသံုးစရိတ္ကို ထိန္းသိမ္းႏိုင္ဖို႔ နည္းလမ္းတစ္ခုကေတာ့ စုေဆာင္းမယ့္ ေငြကို ဖယ္ၿပီး မျဖစ္မေနကုန္က်ရမယ့္ အသံုးစရိတ္စာရင္းတစ္ခု ေရးဆြဲထားဖို႔ပဲ ျဖစ္ပါတယ္။

တစ္လစာအတြက္မျဖစ္မေနကုန္က်မယ့္ အနည္းဆံုး ကုန္က်စရိတ္ေတြကို ခ်ေရးလိုက္ပါ။

သင္ထင္ထားသေလာက္ မမ်ားတာကို ေတြ႕ရပါလိမ့္မယ္။ က်န္တဲ့ေငြထဲက ပမာဏတစ္ခုကို အလြယ္တကူထုတ္လို႔မရႏိုင္တဲ့ ဘဏ္စာရင္းတစ္ခုထဲမွာ သြားအပ္ထားလိုက္ပါ။

၃။ ေငြသံုးစြဲမႈဆိုင္ရာ App ေတြ အသံုးျပဳပါ

သင့္ရဲ႕ လစဥ္အသံုးစရိတ္ကို အလြယ္ကူဆံုးမွတ္တမ္းထားႏိုင္တဲ့ နည္းလမ္းကေတာ့ သင့္လက္ကိုင္ဖုန္းထဲမွာပဲ ျဖစ္ပါတယ္။ ေငြေၾကးစီမံခန္႔ခြဲမႈဆိုင္ရာ App ေတြ အမ်ားႀကီးရွိပါတယ္။

ဒီထဲကမွသင့္အတြက္ အသံုးျပဳရလြယ္ကူၿပီး အဆင္ေျပမယ့္တစ္ခုကို ေရြးခ်ယ္ၿပီး အသံုးျပဳပါ။

ဒီ App ေတြကို အသံုးျပဳျခင္းအားျဖင့္ တစ္လကုန္သြားတိုင္းမွာ သင့္ရဲ႕ အသံုးစရိတ္ကို ျပန္ဆန္းစစ္လို႔ ရႏိုင္မွာ ျဖစ္ပါတယ္။

ဘာေတြ အပိုသံုးမိလဲ၊ ဘာေတြက မလိုအပ္ဘူးလဲဆိုတာကို သိရွိၿပီး ျပင္ဆင္လို႔ရႏိုင္မွာ ျဖစ္ပါတယ္။

၄။ ေစ်း၀ယ္တတ္ဖို႔ လိုပါတယ္

တစ္ခုခု၀ယ္ေတာ့မယ္ဆိုရင္ အရင္ဆံုးေသခ်ာစဥ္းစားရမွာ ျဖစ္ပါတယ္။ ဒီအရာကို လိုအပ္လား၊ ဘာအတြက္ သံုးမွာလဲ၊ ဘယ္အခ်ိန္မွာ သံုးမွာလဲ၊

အိမ္မွာရွိၿပီးသားလား စတဲ့ ေမးခြန္းေတြကို ျပန္ေျဖၾကည့္ပါ။ၿပီးေတာ့ တကယ္လိုအပ္လို႔ ၀ယ္ဖို႔ဆံုးျဖတ္လိုက္ၿပီးရင္လည္း တစ္ခါတည္း တန္းမ၀ယ္လိုက္ပါနဲ႔။

အရည္အေသြးတူပစၥည္းကို ေစ်းႏႈန္းသက္သာတဲ့ေနရာကို ရွာေဖြ၀ယ္ယူပါ။ တစ္ခါတစ္ေလမွာေလွ်ာ့ေစ်းေပးတာ၊ အေရာင္းျမင့္တင္တဲ့အေနနဲ႔

ေစ်းေလွ်ာ့ေရာင္းတာေတြကို လက္လြတ္မခံပါနဲ႔။ ဒီနည္းလမ္းနဲ႔ သင္ရဲ႕ေစ်းသံုးစရိတ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၅။ အျမဲတမ္းေပးေဆာင္ရသည့္ အသံုးစရိတ္မ်ားကို ျပန္စစ္ပါ

မီတာခ၊ ေရဖိုး၊ အာမခံေၾကး စသျဖင့္ အျမဲတမ္းေပးေဆာင္ေနရတဲ့ စရိတ္ေတြကို ျပန္ဆန္းစစ္ပါ။ ပိုသက္သာတဲ့ ၀န္ေဆာင္မႈကို ေျပာင္းလဲအသံုးျပဳပါ။

စုေငြအေပၚမွာ ရရွိတဲ့အတိုးႏႈန္းထားကိုလည္း ေလ့လာဆန္းစစ္ၿပီး အတိုးပိုရတဲ့ေနရာမွာ စုေဆာင္းဖို႔ စဥ္းစားပါ။

၆။ ကူပြန္ေတြ၊ ေဘာက္ခ်ာေတြ အသံုးျပဳပါ

ေလွ်ာ့ေစ်းကူပြန္ေတြ၊ လက္ေဆာင္ေဘာက္ခ်ာေတြကို ဒီအတိုင္းမထားပါနဲ႔။ ဥာဏ္ရွိသလိုအသံုးခ်ပါ။ ကိုယ္တိုင္အတြက္ အသံုးမတည့္ရင္ အသံုးတည့္မယ္သူကို ျပန္ေရာင္းပါ။

၇။ ကိုယ္တိုင္လုပ္ႏိုင္တာေတြ ကိုယ္တိုင္လုပ္ပါ

အိမ္အတြက္လိုအပ္တာေတြ၊ ျခံ၀န္းထဲမွာ ရွင္းလင္းစရာရွိတာေတြကို ကိုယ္တိုင္လုပ္ႏိုင္တာေတြကို ကိုယ္တိုင္လုပ္ပါ။

အခ်ိဳ႕ပစၥည္းေတြကို လုပ္ၿပီးသားမ၀ယ္ပဲနဲ႔ ကိုယ္တိုင္လုပ္လို႔ရတာေတြ ရွိပါတယ္။ကိုယ္တုိင္လုပ္တတ္ေအာင္ ေလ့လာသင္ယူပါ။

သင့္အတြက္ ေငြကုန္ေၾကးက်သက္သာေစႏိုင္သလို႔ လုပ္တတ္ကိုင္တတ္တဲ့အရည္အခ်င္းလည္း တိုးတက္လာမွာျဖစ္ပါတယ္။

ေငြစုေဆာင္းဖို႔နဲ႔ ေခၽြတာဖို႔က ေျပာတာထက္ လက္ေတြ႕မွာ ပိုမိုခက္ခဲၿပီး ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္စြမ္း အမ်ားႀကီး လိုအပ္ပါတယ္။

ဒါ့ေၾကာင့္ သင္သိသမွ်အေကာင္းဆံုးနည္းလမ္ေတြကို အသံုးျပဳပါ။

Credit: Gentleman Magazine

Unicode Version

ပိုက်ဆံက ရှာသလောက် မလောက်နိုင်ဘူးလို့ ဆိုသူများ ဒီနည်းလမ်း ( ၇ ) ခုကို အသုံးပြုကြည့်ပါ။

မိမိ ရှာနိုင်သလောက်ငွေကို မကုန်အောင်သုံးတဲ့ နည်းလမ်း ( ၇ ) ခု…။ တန်ဖိုး ရှိလိုက်တဲ့ နည်းလမ်းတွေပါ။

ရှာနိုင်တာထက် လျှော့သုံးနိုင်ဖို့ နည်းလမ်း(၇)ခု

ရှာနိုင်တာထက် လျှော့သုံးနိုင်ဖို့ နည်းလမ်း(၇)ခုစီးပွားရေး, အောင်မြင်ရေး ငွေကြေးဆိုင်ရာ ပညာရှင်တွေအားလုံးက သင်ရှာနိုင်တာထက် လျှော့ပြီးသုံးဖို့ ပြောလေ့ရှိကြပါတယ်။

အသုံးစရိတ်က ဝင်ငွေထက် နည်းရမယ်ဆိုတဲ့အကြောင်းကို အကြိမ်ပေါင်းများစွာ ကြားဖူးနေတာ မှန်ပေမယ့် သေချာနားလည်ဖို့ လိုပါတယ်။

ဝင်ငွေထက် နည်းတဲ့ အသုံးစရိတ်နဲ့ ဘယ်လိုနေနိုင်မလဲဆိုတာကိုရော ကြိုးစားကြည့်ဖူးပါသလား။အများစုအတွက်တော့ ဝင်ငွေထက် လျော့နည်းတဲ့အသုံးစရိတ်နဲ့ နေထိုင်ဖို့က ပြောသလောက် မလွယ်ပါဘူး။

အိမ်ငှားခတွေ၊ မီတာခ၊ ရေဖိုး၊ စားသောက်စရိတ်၊ လူမှုရေးကုန်ကျစရိတ်၊ လမ်းစရိတ်စသဖြင့် ငွေထွက်ပေါက်တွေက အများကြီးပဲဖြစ်ပါတယ်။

နောက်ထပ်စိတ်မကောင်းစရာကောင်းတာက ကျွန်တော်တို့ လစာဝင်ငွေတစ်ခုတည်းနဲ့ လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံကို မရနိုင်တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ အဆင်အခြင်မဲ့ လျှောက်သုံးရင်းကနေ ငွေကြေးအတွက် စိတ်ဖိစီးပူပန်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။

ဒါ့ကြောင့် သင်ရှာနိုင်တာထက် နည်းတဲ့အသုံစရိတ်နဲ့ နေနိုင်ဖို့ နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

၁။ ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ

အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားတာ၊ အလုပ်ထဲကို ထမင်းဘူးထည့်သွားတာက စားသောက်စရိတ်အတွက် ကုန်ကျငွေကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ့်ထမင်းဘူး ကိုယ်ယူသွားတဲ့အတွက်တစ်ပတ်ကို ဘယ်လောက်သက်သာမလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။

နောက်ထပ်အရေးကြီးတာတစ်ခုက ကိုယ်တိုင်ချက်တဲ့ အစားအစာတွေက သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ဒါ့ကြောင့် အခုကစပြီး ကိုယ်တိုင်ချက်ပြုတ်တတ်အောင် လေ့လာသင်ယူပါ။ ထမင်းဘူးထည့်ယူသွားပြီး နေ့လည်စာအတွက် အပိုထွက်လာတဲ့ငွေကို ရုံးပိတ်ရက်မှာ သုံးဖို့ ဖယ်ထားလိုက်ပါ။

၂။ အသုံးစရိတ်တစ်ခု ရေးဆွဲပါ

အသုံးစရိတ်ကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ စုဆောင်းမယ့် ငွေကို ဖယ်ပြီး မဖြစ်မနေကုန်ကျရမယ့် အသုံးစရိတ်စာရင်းတစ်ခု ရေးဆွဲထားဖို့ပဲ ဖြစ်ပါတယ်။

တစ်လစာအတွက်မဖြစ်မနေကုန်ကျမယ့် အနည်းဆုံး ကုန်ကျစရိတ်တွေကို ချရေးလိုက်ပါ။

သင်ထင်ထားသလောက် မများတာကို တွေ့ရပါလိမ့်မယ်။ ကျန်တဲ့ငွေထဲက ပမာဏတစ်ခုကို အလွယ်တကူထုတ်လို့မရနိုင်တဲ့ ဘဏ်စာရင်းတစ်ခုထဲမှာ သွားအပ်ထားလိုက်ပါ။

၃။ ငွေသုံးစွဲမှုဆိုင်ရာ App တွေ အသုံးပြုပါ

သင့်ရဲ့ လစဉ်အသုံးစရိတ်ကို အလွယ်ကူဆုံးမှတ်တမ်းထားနိုင်တဲ့ နည်းလမ်းကတော့ သင့်လက်ကိုင်ဖုန်းထဲမှာပဲ ဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ App တွေ အများကြီးရှိပါတယ်။

ဒီထဲကမှသင့်အတွက် အသုံးပြုရလွယ်ကူပြီး အဆင်ပြေမယ့်တစ်ခုကို ရွေးချယ်ပြီး အသုံးပြုပါ။

ဒီ App တွေကို အသုံးပြုခြင်းအားဖြင့် တစ်လကုန်သွားတိုင်းမှာ သင့်ရဲ့ အသုံးစရိတ်ကို ပြန်ဆန်းစစ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

ဘာတွေ အပိုသုံးမိလဲ၊ ဘာတွေက မလိုအပ်ဘူးလဲဆိုတာကို သိရှိပြီး ပြင်ဆင်လို့ရနိုင်မှာ ဖြစ်ပါတယ်။

၄။ စျေးဝယ်တတ်ဖို့ လိုပါတယ်

တစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံးသေချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအရာကို လိုအပ်လား၊ ဘာအတွက် သုံးမှာလဲ၊ ဘယ်အချိန်မှာ သုံးမှာလဲ၊

အိမ်မှာရှိပြီးသားလား စတဲ့ မေးခွန်းတွေကို ပြန်ဖြေကြည့်ပါ။ပြီးတော့ တကယ်လိုအပ်လို့ ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးရင်လည်း တစ်ခါတည်း တန်းမဝယ်လိုက်ပါနဲ့။

အရည်အသွေးတူပစ္စည်းကို စျေးနှုန်းသက်သာတဲ့နေရာကို ရှာဖွေဝယ်ယူပါ။ တစ်ခါတစ်လေမှာလျှော့စျေးပေးတာ၊ အရောင်းမြင့်တင်တဲ့အနေနဲ့

စျေးလျှော့ရောင်းတာတွေကို လက်လွတ်မခံပါနဲ့။ ဒီနည်းလမ်းနဲ့ သင်ရဲ့စျေးသုံးစရိတ်ကို လျှော့ချနိုင်ပါတယ်။

၅။ အမြဲတမ်းပေးဆောင်ရသည့် အသုံးစရိတ်များကို ပြန်စစ်ပါ

မီတာခ၊ ရေဖိုး၊ အာမခံကြေး စသဖြင့် အမြဲတမ်းပေးဆောင်နေရတဲ့ စရိတ်တွေကို ပြန်ဆန်းစစ်ပါ။ ပိုသက်သာတဲ့ ဝန်ဆောင်မှုကို ပြောင်းလဲအသုံးပြုပါ။

စုငွေအပေါ်မှာ ရရှိတဲ့အတိုးနှုန်းထားကိုလည်း လေ့လာဆန်းစစ်ပြီး အတိုးပိုရတဲ့နေရာမှာ စုဆောင်းဖို့ စဉ်းစားပါ။

၆။ ကူပွန်တွေ၊ ဘောက်ချာတွေ အသုံးပြုပါ

လျှော့စျေးကူပွန်တွေ၊ လက်ဆောင်ဘောက်ချာတွေကို ဒီအတိုင်းမထားပါနဲ့။ ဉာဏ်ရှိသလိုအသုံးချပါ။ ကိုယ်တိုင်အတွက် အသုံးမတည့်ရင် အသုံးတည့်မယ်သူကို ပြန်ရောင်းပါ။

၇။ ကိုယ်တိုင်လုပ်နိုင်တာတွေ ကိုယ်တိုင်လုပ်ပါ

အိမ်အတွက်လိုအပ်တာတွေ၊ ခြံဝန်းထဲမှာ ရှင်းလင်းစရာရှိတာတွေကို ကိုယ်တိုင်လုပ်နိုင်တာတွေကို ကိုယ်တိုင်လုပ်ပါ။

အချို့ပစ္စည်းတွေကို လုပ်ပြီးသားမဝယ်ပဲနဲ့ ကိုယ်တိုင်လုပ်လို့ရတာတွေ ရှိပါတယ်။ကိုယ်တိုင်လုပ်တတ်အောင် လေ့လာသင်ယူပါ။

သင့်အတွက် ငွေကုန်ကြေးကျသက်သာစေနိုင်သလို့ လုပ်တတ်ကိုင်တတ်တဲ့အရည်အချင်းလည်း တိုးတက်လာမှာဖြစ်ပါတယ်။

ငွေစုဆောင်းဖို့နဲ့ ချွေတာဖို့က ပြောတာထက် လက်တွေ့မှာ ပိုမိုခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း အများကြီး လိုအပ်ပါတယ်။

ဒါ့ကြောင့် သင်သိသမျှအကောင်းဆုံးနည်းလမ်တွေကို အသုံးပြုပါ။

Credit: Gentleman Magazine