ဒီပုံပြင်လေး ဖတ်မိရင် ဖာသိဖာသာ မနေပါနဲ့ တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းပေးကြပါ
တစ်ခါတုန်းက အမျိုးသားတစ်ဦး ရှိသတဲ့။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပါ။ အရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတစ်ယောက် ရှာပြီးပေးစားလိုက်ပါတယ် …. ။
ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြပေးပါတယ်။
ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တစ်ပတ်တောင် မခံပါဘူး။ ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ် … ။
ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ် … ။
“အတွေ့အကြုံ ဝမ်းစာမပြည့်သေးတဲ့ အချိန်မှာ တစ်ချို့ လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြနိုင်တာလည်း ရှိတတ်ပါတယ်။
ဒီ့အတွက်နဲ့တော့ ဝမ်းနည်းဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင်စောင့်နေမှာပါ။” လို့ ပြောခဲ့ပါတယ် … ။
နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တစ်ခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ပါတဲ့။
အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ် … ။“ခြေလက်ဆိုတာ နှေးတာလဲ ရှိသလို မြန်တာလဲ ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။
ရှင့်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျူ ိး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ”ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ် … ။
ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတစ်ခု မဟုတ် တစ်ခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ် …. ။
ဒါပေမယ့်လည်း သူစိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်းသူ့ဇနီးက အမြဲနှစ်သိမ်လေ့ရှိပြီး သူ့အပေါ်မှာလည်း တစ်ခါမှ မညည်းညူ ခဲ့ပါဘူး … ။
ဒီလိုနဲ့ သူရဲ့အသက် ၃၀ ကျော်တဲ့အခါမှာ,သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ဝင်လုပ်ပါတယ်။
နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တစ်ခုကို ထူထောင်လိုက်ပါတယ် … ။နောက်ပိုင်းမှာတော့ သူဟာ မြို့အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်းအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦး ဖြစ်လာပါတယ် … ။တစ်နေ့မှာတော့ “အောင်မြင်သူတို့ရဲ့ စကားသံများ” အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီး ကိုမေးပါတယ် … ။
“မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်းကများ သူ့အပေါ် ယုံကြည်ကိုးစားချက် ရှိစေ ခဲ့ပါသလဲ….?” သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှပါတယ်။
သူမပြန်ဖြေလိုက်တာကတော့ “မြေတစ်ကွက်ဟာ ဂျု ံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့ ပဲထွက်မကောင်းရင် သစ်သီးပင်စားပင် စိုက်လဲရတာပဲ … ။
အကယ်လို့ သစ်သီးပင်စားပင် မဖြစ်ထွန်းလဲ ပန်းမျိုးစေ့တွေ နဲနဲကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။ အကြောင်းကတော့ မြေတစ်ကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိုးစေ့ တစ်စေ့စေ့ကတော့ ရှိလာမှာပါ ။
နောက်ဆုံးမှာ သူနဲ့သက်ဆိုင်တဲ့ ရိတ်သိမ်းမှုကတော့ ရှိလာမှာပေါ့။”အိမ်သူသက်ထားရဲ့ စကားလဲကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည်ကျလာပါတယ်။
တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိုးစေ့ပင် ဖြစ်နေလေသည်။
သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိုးစေ့လေးကို မှီခိုပြီးမှ ရှင်သန်ကြီးထွားခဲ့သော ဆန်းကြယ်မှုတို့ပင် ဖြစ်သည် … ။
လောကမှာ သုံးစား၍ မရသောသူဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ဒီပုံပြင်လေး ဖတ်မိရင် ဖာသိဖာသာ မနေပါနဲ့ တစ်ဦးနဲ့ တစ်ဦး လက်ဆင့်ကမ်းပေးကြပါ … ။
ဒီစကား ၈ ခွန်းကိုလဲ မှတ်သားထားကြပါ ….. ။
(1) တန်ဖိုးထားရကောင်းမှန်း မသိလျှင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လဲ ပျော်ရွှင်လိမ့်မည် မဟုတ်။
(2) ခွင့်လွတ်ရကောင်းမှန်း မသိလျှင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ ထွက်ခွာသွားကြမည်သာ။
(3) ကျေးဇူးမှန်း မသိတက်လျှင်၊ မိုးပျံအောင် တော်နေပါစေ အောင်မြင်လိမ့်မည် မဟုတ်။
(4) နှိုးကြားထကြွမှု မရှိလျှင် ဖြတ်ထိုးဉာဏ် ကောင်းစေအုံးတော့ အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။
(5) ပူးပေါင်းလုပ်ဆောင်ရမှန်း မသိလျှင်၊ အစွမ်းကုန် ကြိုးစားစေဦး အောင်မြင်ရန် ခဲယဉ်းသည်။
(6) စုဆောင်းရကောင်းမှန်း မသိလျှင် ငွေပိုရှာနိုင်စေဦးတော့ ကြွယ်ဝသူဖြစ်ခဲသည်။
(7) ဘဝရောင့်ရဲမှု မရှိလျှင် ၊ပိုချမ်းသာစေဦးတော့ ဘဝမှာ ကျေနပ်ပျော်ရွှင်သူဖြစ်ခဲသည်။
(8) ကျန်းမာရေးကို ဂရုစိုက်ရကောင်းမှန်း မသိလျှင်၊ ကုသမှုစရိတ် တတ်နိုင်စေဦးတော့ အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်။
Credit to SwamHtet(မှတ်စုကြမ်း)
Zawgyi
ဒီပုံျပင္ေလး ဖတ္မိရင္ ဖာသိဖာသာ မေနပါနဲ႔ တစ္ဦးနဲ႔တစ္ဦး လက္ဆင့္ကမ္းေပးၾကပါ
တစ္ခါတုန္းက အမ်ိဳးသားတစ္ဦး ရွိသတဲ့။ သူဟာ တကၠသိုလ္ဘြဲ႕ မရခဲ့ပါ။ အ႐ြယ္ေရာက္လာတဲ့ အခါမွာေတာ့ မိဘေတြဟာ သူ႔အတြက္ မိန္းမတစ္ေယာက္ ရွာၿပီးေပးစားလိုက္ပါတယ္ …. ။
ဒီလိုနဲ႔ သူဟာ မိဘေတြ ေပးစားတဲ့ မိန္းကေလးနဲ႔ လက္ထပ္ၿပီးေနာက္ ထို႐ြာေလးမွာပဲ ေက်ာင္းဆရာ အျဖစ္ စာသင္ျပေပးပါတယ္။
ဒါေပမယ့္ သူဟာ စာသင္ၾကားရာမွာ အေတြ႕အႀကဳံ မရွိေသာေၾကာင့္ တစ္ပတ္ေတာင္ မခံပါဘူး။ ေက်ာင္းသားေတြရဲ႕ သေဘာထား မွတ္ခ်က္ေတြေၾကာင့္ ထုတ္ပယ္ျခင္း ခံရပါတယ္ … ။
ဒါ့ေၾကာင့္ သူဟာ အိမ္ကို ဝမ္းနည္းစြာနဲ႔ ျပန္လာခဲ့ပါတယ္။ အိမ္ျပန္ေရာက္ၿပီးေနာက္ အိမ္သူသက္ထားက သူ႔ကို မ်က္ရည္ သုတ္ေပးၿပီး ႏွစ္သိမ့္စကား ေျပာေပးပါတယ္ … ။
“အေတြ႕အႀကဳံ ဝမ္းစာမျပည့္ေသးတဲ့ အခ်ိန္မွာ တစ္ခ်ိဳ႕ လူေတြကေတာ့ သူတို႔ရဲ႕ အရည္အေသြးကို ထုတ္ျပႏိုင္တာလည္း ရွိသလို မထုတ္ျပႏိုင္တာလည္း ရွိတတ္ပါတယ္။
ဒီ့အတြက္နဲ႔ေတာ့ ဝမ္းနည္းဖို႔ မလိုပါဘူး။ ရွင္နဲ႔ ပိုသင့္ေတာ္မယ့္ အလုပ္ေတြက ရွင္လုပ္ေဆာင္ဖို႔ ေစာင့္ရင္ေစာင့္ေနမွာပါ။” လို႔ ေျပာခဲ့ပါတယ္ … ။
ေနာက္ေတာ့ သူဟာ အျပင္ထြက္ၿပီး အလုပ္တစ္ခုမွာ ဝင္လုပ္ပါတယ္။ သိပ္မၾကာခင္မွာပဲ သူေဌးရဲ႕ အလုပ္ထုတ္တာ ခံလိုက္ရပါတယ္။ အေၾကာင္းကေတာ့ အလုပ္လုပ္တာ ေႏွးလို႔ပါတဲ့။
အိမ္ျပန္ေရာက္တဲ့ အခါမွာ ထုံးစံအတိုင္း သူ႔ဇနီးက အားေပးစကား ေျပာျပန္တယ္ … ။“ေျခလက္ဆိုတာ ေႏွးတာလဲ ရွိသလို ျမန္တာလဲ ရွိတာပဲေလ။ တျခားလူေတြက လုပ္လာတာ ႏွစ္ေတြ အမ်ားႀကီး ၾကာခဲ့ၿပီေလ။
ရွင့္က်ေတာ့ တသက္လုံး စာဖတ္လာေတာ့ ဒီလို အလုပ္မ်ဴ ိး လုပ္တဲ့အခါမွာ ဘယ္လိုလုပ္ ျမန္လိမ့္မလဲ”ဒါေပမယ့္ သူဟာ ဇြဲမေလ်ာ့ပဲ အလုပ္ေတြ အမ်ားႀကီး ထပ္လုပ္ခဲ့တယ္ … ။
ဒါေပမယ့္လို႔ သူလုပ္သမွ် အလုပ္တိုင္းဟာ အေၾကာင္းတစ္ခု မဟုတ္ တစ္ခုေၾကာင့္ အဆင္မေျပ ျဖစ္ခဲ့ရၿပီး ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္ …. ။
ဒါေပမယ့္လည္း သူစိတ္ပ်က္လက္ပ်က္နဲ႔ အိမ္ျပန္လာတဲ့ အခါတိုင္းသူ႔ဇနီးက အၿမဲႏွစ္သိမ္ေလ့ရွိၿပီး သူ႔အေပၚမွာလည္း တစ္ခါမွ မညည္းညဴ ခဲ့ပါဘူး … ။
ဒီလိုနဲ႔ သူရဲ႕အသက္ ၃၀ ေက်ာ္တဲ့အခါမွာ,သူဟာ ဘာသာစကား သင္ၾကားေရးမွာ ပါရမီ အထုံရွိသူ ျဖစ္တဲ့အတြက္ မသန္စြမ္းသူေတြအတြက္ ဖြင့္ထားတဲ့ သင္တန္းေက်ာင္းမွာ နည္းျပအလုပ္ ဝင္လုပ္ပါတယ္။
ေနာက္ေတာ့ သူဟာ မသန္စြမ္းသူမ်ား သင္တန္းေက်ာင္း တစ္ခုကို ထူေထာင္လိုက္ပါတယ္ … ။ေနာက္ပိုင္းမွာေတာ့ သူဟာ ၿမိဳ႕အမ်ားအျပားမွာ မသန္စြမ္းသူသုံး ပစၥည္းအေရာင္းဆိုင္ခြဲမ်ား ဖြင့္လွစ္ခဲ့ပါတယ္။
ဒီလိုနဲ႔ သူဟာ တျဖည္းျဖည္းနဲ႔ ခ်မ္းသာႂကြယ္ဝတဲ့ သူေဌးတစ္ဦး ျဖစ္လာပါတယ္ … ။တစ္ေန႔မွာေတာ့ “ေအာင္ျမင္သူတို႔ရဲ႕ စကားသံမ်ား” အစီအစဥ္ကေန စီစဥ္တင္ဆက္သူက သူ႔ဇနီး ကိုေမးပါတယ္ … ။
“မိမိကိုယ္တိုင္ေတာင္ ေရွ႕ေရး မေရရာ ေဝဝါးတဲ့ အခ်ိန္အခါမွာ ဘယ္လိုအေၾကာင္းကမ်ား သူ႔အေပၚ ယုံၾကည္ကိုးစားခ်က္ ရွိေစ ခဲ့ပါသလဲ….?” သူ႔ ခ်စ္ဇနီး ျပန္ေျဖတဲ့ အေျဖမွာ ႐ိုးရွင္းၿပီး လြယ္ကူလွပါတယ္။
သူမျပန္ေျဖလိုက္တာကေတာ့ “ေျမတစ္ကြက္ဟာ ဂ်ဳ ံစိုက္လို႔ မသင့္ေတာ္ရင္ ပဲစမ္းစိုက္ၾကည့္လို႔ ရတာေပါ့ ပဲထြက္မေကာင္းရင္ သစ္သီးပင္စားပင္ စိုက္လဲရတာပဲ … ။
အကယ္လို႔ သစ္သီးပင္စားပင္ မျဖစ္ထြန္းလဲ ပန္းမ်ိဳးေစ့ေတြ နဲနဲႀကဲၾကည့္ၿပီး ပန္းပြင့္ေအာင္ စိုက္ႏိုင္တာပဲ။ အေၾကာင္းကေတာ့ ေျမတစ္ကြက္မွာ သူနဲ႔ ကိုက္ညီမယ့္ မ်ိဳးေစ့ တစ္ေစ့ေစ့ကေတာ့ ရွိလာမွာပါ ။
ေနာက္ဆုံးမွာ သူနဲ႔သက္ဆိုင္တဲ့ ရိတ္သိမ္းမႈကေတာ့ ရွိလာမွာေပါ့။”အိမ္သူသက္ထားရဲ႕ စကားလဲၾကားေရာ ေယာက်ာ္းျဖစ္သူဟာ မ်က္ရည္က်လာပါတယ္။
တကယ္ေတာ့ သူ႔ဇနီးသည္ရဲ႕ ဇြဲေကာင္းၿပီး စဥ္ဆက္မျပတ္တဲ့ ယုံၾကည္ကိုးစားမႈႏွင့္ ခ်စ္ျခင္းေမတၱာတို႔သည္ မာေက်ာႀကံ့ခိုင္သည့္ စစ္မွန္ေသာ မ်ိဳးေစ့ပင္ ျဖစ္ေနေလသည္။
သူ၏ ဆန္းၾကယ္မႈတို႔သည္ ထိုမ်ိဳးေစ့ေလးကို မွီခိုၿပီးမွ ရွင္သန္ႀကီးထြားခဲ့ေသာ ဆန္းၾကယ္မႈတို႔ပင္ ျဖစ္သည္ … ။
ေလာကမွာ သုံးစား၍ မရေသာသူဟူ၍ မရွိပါ။ လူမွန္ ေနရာမွန္ ေနရာခ်ထားမႈ မမွန္ျခင္းသာ ျဖစ္ေပလိမ့္မည္။ဒီပုံျပင္ေလး ဖတ္မိရင္ ဖာသိဖာသာ မေနပါနဲ႔ တစ္ဦးနဲ႔ တစ္ဦး လက္ဆင့္ကမ္းေပးၾကပါ … ။
ဒီစကား ၈ ခြန္းကိုလဲ မွတ္သားထားၾကပါ ….. ။
(1) တန္ဖိုးထားရေကာင္းမွန္း မသိလွ်င္၊ သင့္ကို ေ႐ႊေတာင္ႀကီး ပုံအပ္လဲ ေပ်ာ္႐ႊင္လိမ့္မည္ မဟုတ္။
(2) ခြင့္လြတ္ရေကာင္းမွန္း မသိလွ်င္၊ မိတ္ေဆြ ဘယ္ေလာက္ပဲ မ်ားပါေစ ထြက္ခြာသြားၾကမည္သာ။
(3) ေက်းဇူးမွန္း မသိတက္လွ်င္၊ မိုးပ်ံေအာင္ ေတာ္ေနပါေစ ေအာင္ျမင္လိမ့္မည္ မဟုတ္။
(4) ႏႈိးၾကားထႂကြမႈ မရွိလွ်င္ ျဖတ္ထိုးဉာဏ္ ေကာင္းေစအုံးေတာ့ အိပ္မက္ကိုပင္ အေကာင္ထည္ ေဖာ္ႏိုင္လိမ့္မည္ မဟုတ္ပါ။
(5) ပူးေပါင္းလုပ္ေဆာင္ရမွန္း မသိလွ်င္၊ အစြမ္းကုန္ ႀကိဳးစားေစဦး ေအာင္ျမင္ရန္ ခဲယဥ္းသည္။
(6) စုေဆာင္းရေကာင္းမွန္း မသိလွ်င္ ေငြပိုရွာႏိုင္ေစဦးေတာ့ ႂကြယ္ဝသူျဖစ္ခဲသည္။
(7) ဘဝေရာင့္ရဲမႈ မရွိလွ်င္ ၊ပိုခ်မ္းသာေစဦးေတာ့ ဘဝမွာ ေက်နပ္ေပ်ာ္႐ႊင္သူျဖစ္ခဲသည္။
(8) က်န္းမာေရးကို ဂ႐ုစိုက္ရေကာင္းမွန္း မသိလွ်င္၊ ကုသမႈစရိတ္ တတ္ႏိုင္ေစဦးေတာ့ အသက္ရွည္ အနာမဲ့ျခင္း မျဖစ္ႏိုင္။
Credit to SwamHtet(မွတ္စုၾကမ္း)