ကြက်သွန်ဖြူ တစ်ဥ (၂၀၀၀) ကျပ်နဲ့ လယ်သမားက ဆရာဝန်ထက် ဝင်ငွေ (၁၀) ပိုများတဲ့ နိုင်ငံ
အစိုးရဆီ မဖြစ်မနေ ပေးသွင်းရတဲ့ ကြက်သွန်ဖြူကို ပေးသွင်းအပြီး လက်ကျန်ကို လက်သိပ်ထိုး ရောင်းချတာနဲ့တင် လယ်သမားတစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ၅၀၀၀၀ လောက် ကျန်တယ် တဲ့။ ဒါဟာ အဲဒီကာလတုန်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ရတဲ့ လုပ်ခထက် ၁၀ ဆ ပိုများပါတယ်။ “ကျူးဘားမှာတော့ ငွေလိုချင်ရင် ကြက်သွန်ဖြူ ဝယ်ရောင်းလုပ်” ဆိုပြီး နိုင်ငံအနောက်ပိုင်း အာတီမီစာပြည်နယ်က လယ်သမားတစ်ယောက်က ပြောပါတယ်။
ဈေးကြီးလွန်းတာကြောင့် “ရွှေဖြူ” လို့တောင် ခေါ်ကြတဲ့ ကြက်သွန် ဖြူဟာ ကျူးဘားဟင်းလျာမှာ အစပ်အဟပ်တည့်တည့် ထည့်ချက်ရတဲ့ မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးပါ။ ဒီကွန်မြူနစ် ကျွန်းစုနိုင်ငံလေးမှာ ရှားပါးပြတ်လပ်တာတွေက များလှပါတယ်။
ဒီထဲမှာ ကြက်သွန်ဖြူလည်း အပါအဝင်ပါပဲ။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးက ရှားတော့ စိုက်ရေးပျိုးရေး ပိုပြီး အခက်တွေ့ရတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက တစ်နှစ်မှတစ်ကြိမ် ဇန်နဝါရီတစ်လတည်းမှာပဲ ပေါ်တာပါ။ နှစ်စဉ်နှစ်တိုင်း မြို့တော် ဟာဗာနာရဲ့ လမ်းမတွေပေါ်မှာ ကြက်သွန်ဖြူကို ကျောပိုးအိတ်ထဲ ထည့်လွယ်ပြီး ပတ်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေ အများကြီးရှိတယ်။ မသိရင် ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ရောင်းနေကြတဲ့ ဈေးသည်တွေအတိုင်းပါပဲ။
ကြက်သွန်ဖြူဈေးဟာ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဆို ထိုးတက်နေပြီ။ ကုန်အများစုက မှောင်ခိုဈေးကွက်ထဲကို ရောက်နေတာပါ။ ဟာဗာနာမြို့ရဲ့ ရပ်ကွက်တစ်ခုမှာနေတဲ့ ပင်စင်စားတစ်ယောက်က ကြက်သွန်ဖြူ တစ်ဥကို ၂၅ ပီဆို (ကျပ် ၂၀၀၀ နီးပါး) လောက် ပေးနေရပြီလို့ ငြီးတွားတယ်။
ကြက်သွန်ဖြူ ပေါင်ထုပ်တစ်ထုပ်ကို ၂၄၀ ပီဆို (ကျပ် ၁၈၀၀၀ နီးပါး) ဆိုတော့ စက်တင်ဘာလတုန်းကထက် လေးဆလောက် ခုန်တက်သွားတာပါ။ ကြက်သွန်ဖြူ ဝယ်ယူလို့ရတဲ့ နောက်နည်းလမ်းတစ်ခုက ဝယ်ရောင်းသမားတွေဆီကတစ်ဆင့်ပါ။ ဝယ်ရောင်း လက်ကြီးသမားတွေက ကြက်သွန်ဖြူစိုက်ပျိုးသူတွေကို ဒေါ်လာ ငါးသောင်းကနေ တစ်သိန်းလောက်အထိ ပုံပေး ထားပြီး ပေါ်သမျှ ကြက်သွန်ကို အကုန်သိမ်းတယ်။ ပြီးတော့မှ ဝယ်ရောင်းကွန်ရက်ကြီးထဲကို ပြန်ရောင်းတယ်။
သူတို့တွေကနေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လက်ဆင့်ကမ်း ရောင်းချသွားကြတာပါပဲ။ လက်ကြီးသမားကြီးတွေကတော့ ဒီလွှဲပြောင်းရောင်းချမှုတွေကနေ ငွေတော်တော် ခိုင်ကြပါတယ်။ တချို့ မြို့ငယ် တွေမှာ ကြက်သွန်ဝယ်ရောင်းသမားကြီးတွေ ဘဏ်ကို ငွေအသွင်းအထုပ် လာလုပ်ပြီးဆိုရင် ဘဏ်ကိုတောင် ခဏပိတ်ပြီး ဝန်ဆောင်မှုပေးကြရတယ်။ ငွေတွေ အထုပ်လိုက်အထည်လိုက်နဲ့ လာတာကြောင့်ပါ။
“သူတို့ကား တွေကို တွေ့လိုက်တာနဲ့ ဘဏ်မှာ ကြက်သွန်ဝယ်ရောင်းသမားတွေ ရောက်နေပြီဆိုတာ သိလိုက်ပါပြီ” လို့ အာတီမီဆာပြည်သား လယ်သမားက သက်မချရင်း ပြောတယ်။ ကြက်သွန်နဲ့ ထောကြတာ အခုမှတော့ မဟုတ်ပါဘူး။ ကျူးဘားအာဏာရှင် ဖီဒယ်ကက်စထရို လက်ထက် ၁၉၈၆ လောက်တုန်းကတည်းကပါ။
အစိုးရဆီ မဖြစ်မနေ ပေးသွင်းရတဲ့ ကြက်သွန်ဖြူကို ပေးသွင်းအပြီး လက်ကျန်ကို လက်သိပ်ထိုး ရောင်းချတာနဲ့တင် လယ်သမားတစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ၅၀၀၀၀ လောက် ကျန်တယ် တဲ့။ ဒါဟာ အဲဒီကာလတုန်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ရတဲ့ လုပ်ခထက် ၁၀ ဆ ပိုများပါတယ်။ နောက်ပိုင်းတော့ ကွန်မြူနစ်အစိုးရက သိသွားတယ်။
အရင်းရှင်ဆန်ဆန် ပြုမူကြလေခြင်းရယ်လို့ ယမ်းပုံမီးကျဖြစ်ပြီး တောင်သူတွေ လက်သိပ်ထိုး ရောင်းချနေတဲ့ ကြက်သွန်ဖြူဈေးကွက်တွေကို ပိတ်ပစ်လိုက်ပါတယ်။ ယနေ့မှာတော့ ကပ်ရောဂါဟာ အခြေခံကုန်စည် ပြတ်လပ်နေတဲ့ ကျူးဘားအခြေအနေကို ပိုဆိုးရွားစေခဲ့ပါပြီ။
ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ မျိုးစေ့၊ တိရစ္ဆာန်အစာ/ဆေး အစစအရာရာ ပြတ်လပ်နေတယ်။ အရင်နှစ် နွေတုန်းက ယုန်တွေမှာ ရောဂါတစ်မျိုး ကျရောက်ပြီး ကောင်ရေ ထောင်သောင်းချီ သေဆုံးသွားခဲ့တယ်။ ဒီတစ်ခါ ဝက်တွေအလှည့် ရောက်လာတော့မယ်။
မလှမ်းမကမ်းက ဒိုမီနီကန်သမ္မတနိုင်ငံမှာ ASF အာဖရိကဝက်နာရောဂါ ကပ်အသွင်ကျရောက်နေတာကြောင့် ကျူးဘားမှာလည်း သတိကြီးကြီး ထားနေရပြီ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျူးဘားအစိုးရက တောင်အမေရိကတိုက် ဒေသတွေမှာ အကြိုက်စားကြသလို ပူးတွေကို အသားရင်းမြစ်အဖြစ် စားကြဖို့ အကြုံပြုဖူးပါတယ်။
ဒါဟာလည်း အများစု နှာခေါင်းရှုံ့တာ ခံရတဲ့ စိတ်ကူးတစ်ခုပါပဲ။ ပြောရရင်တော့ ကျူဘားမှာ ကြက်သွန်ဖြူတွေ ပေါပေါများများ ရနေရင်တောင် ပြဿနာက မကုန်သေးပါဘူးလေ။
ဝေယံဟိန်း (B.Ag)
zawgyi
ၾကက္သြန္ျဖဴ တစ္ဥ (၂၀၀၀) က်ပ္နဲ႔ လယ္သမားက ဆရာဝန္ထက္ ဝင္ေငြ (၁၀) ပိုမ်ားတဲ့ ႏိုင္ငံ
အစိုးရဆီ မျဖစ္မေန ေပးသြင္းရတဲ့ ၾကက္သြန္ျဖဴကို ေပးသြင္းအၿပီး လက္က်န္ကို လက္သိပ္ထိုး ေရာင္းခ်တာနဲ႔တင္ လယ္သမားတစ္ေယာက္ဟာ တစ္ႏွစ္ကို ေဒၚလာ ၅၀၀၀၀ ေလာက္ က်န္တယ္ တဲ့။ ဒါဟာ အဲဒီကာလတုန္းက ခြဲစိတ္ဆရာဝန္တစ္ေယာက္ရတဲ့ လုပ္ခထက္ ၁၀ ဆ ပိုမ်ားပါတယ္။ “က်ဴးဘားမွာေတာ့ ေငြလိုခ်င္ရင္ ၾကက္သြန္ျဖဴ ဝယ္ေရာင္းလုပ္” ဆိုၿပီး ႏိုင္ငံအေနာက္ပိုင္း အာတီမီစာျပည္နယ္က လယ္သမားတစ္ေယာက္က ေျပာပါတယ္။
ေဈးႀကီးလြန္းတာေၾကာင့္ “ေ႐ႊျဖဴ” လို႔ေတာင္ ေခၚၾကတဲ့ ၾကက္သြန္ ျဖဴဟာ က်ဴးဘားဟင္းလ်ာမွာ အစပ္အဟပ္တည့္တည့္ ထည့္ခ်က္ရတဲ့ မရွိမျဖစ္ ဟင္းခတ္အေမႊးအႀကိဳင္ တစ္မ်ိဳးပါ။ ဒီကြန္ျမဴနစ္ ကြၽန္းစုႏိုင္ငံေလးမွာ ရွားပါးျပတ္လပ္တာေတြက မ်ားလွပါတယ္။
ဒီထဲမွာ ၾကက္သြန္ျဖဴလည္း အပါအဝင္ပါပဲ။ ဓာတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးက ရွားေတာ့ စိုက္ေရးပ်ိဳးေရး ပိုၿပီး အခက္ေတြ႕ရတယ္။ ဒါ့အျပင္ ၾကက္သြန္ျဖဴက တစ္ႏွစ္မွတစ္ႀကိမ္ ဇန္နဝါရီတစ္လတည္းမွာပဲ ေပၚတာပါ။ ႏွစ္စဥ္ႏွစ္တိုင္း ၿမိဳ႕ေတာ္ ဟာဗာနာရဲ႕ လမ္းမေတြေပၚမွာ ၾကက္သြန္ျဖဴကို ေက်ာပိုးအိတ္ထဲ ထည့္လြယ္ၿပီး ပတ္ေရာင္းေနတဲ့ လမ္းေဘးေဈးသည္ေတြ အမ်ားႀကီးရွိတယ္။ မသိရင္ ဖုန္းေတြ၊ ပိုက္ဆံအိတ္ေတြ ေရာင္းေနၾကတဲ့ ေဈးသည္ေတြအတိုင္းပါပဲ။
ၾကက္သြန္ျဖဴေဈးဟာ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္ဆို ထိုးတက္ေနၿပီ။ ကုန္အမ်ားစုက ေမွာင္ခိုေဈးကြက္ထဲကို ေရာက္ေနတာပါ။ ဟာဗာနာၿမိဳ႕ရဲ႕ ရပ္ကြက္တစ္ခုမွာေနတဲ့ ပင္စင္စားတစ္ေယာက္က ၾကက္သြန္ျဖဴ တစ္ဥကို ၂၅ ပီဆို (က်ပ္ ၂၀၀၀ နီးပါး) ေလာက္ ေပးေနရၿပီလို႔ ၿငီးတြားတယ္။
ၾကက္သြန္ျဖဴ ေပါင္ထုပ္တစ္ထုပ္ကို ၂၄၀ ပီဆို (က်ပ္ ၁၈၀၀၀ နီးပါး) ဆိုေတာ့ စက္တင္ဘာလတုန္းကထက္ ေလးဆေလာက္ ခုန္တက္သြားတာပါ။ ၾကက္သြန္ျဖဴ ဝယ္ယူလို႔ရတဲ့ ေနာက္နည္းလမ္းတစ္ခုက ဝယ္ေရာင္းသမားေတြဆီကတစ္ဆင့္ပါ။ ဝယ္ေရာင္း လက္ႀကီးသမားေတြက ၾကက္သြန္ျဖဴစိုက္ပ်ိဳးသူေတြကို ေဒၚလာ ငါးေသာင္းကေန တစ္သိန္းေလာက္အထိ ပုံေပး ထားၿပီး ေပၚသမွ် ၾကက္သြန္ကို အကုန္သိမ္းတယ္။ ၿပီးေတာ့မွ ဝယ္ေရာင္းကြန္ရက္ႀကီးထဲကို ျပန္ေရာင္းတယ္။
သူတို႔ေတြကေန တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း လက္ဆင့္ကမ္း ေရာင္းခ်သြားၾကတာပါပဲ။ လက္ႀကီးသမားႀကီးေတြကေတာ့ ဒီလႊဲေျပာင္းေရာင္းခ်မႈေတြကေန ေငြေတာ္ေတာ္ ခိုင္ၾကပါတယ္။ တခ်ိဳ႕ ၿမိဳ႕ငယ္ ေတြမွာ ၾကက္သြန္ဝယ္ေရာင္းသမားႀကီးေတြ ဘဏ္ကို ေငြအသြင္းအထုပ္ လာလုပ္ၿပီးဆိုရင္ ဘဏ္ကိုေတာင္ ခဏပိတ္ၿပီး ဝန္ေဆာင္မႈေပးၾကရတယ္။ ေငြေတြ အထုပ္လိုက္အထည္လိုက္နဲ႔ လာတာေၾကာင့္ပါ။
“သူတို႔ကား ေတြကို ေတြ႕လိုက္တာနဲ႔ ဘဏ္မွာ ၾကက္သြန္ဝယ္ေရာင္းသမားေတြ ေရာက္ေနၿပီဆိုတာ သိလိုက္ပါၿပီ” လို႔ အာတီမီဆာျပည္သား လယ္သမားက သက္မခ်ရင္း ေျပာတယ္။ ၾကက္သြန္နဲ႔ ေထာၾကတာ အခုမွေတာ့ မဟုတ္ပါဘူး။ က်ဴးဘားအာဏာရွင္ ဖီဒယ္ကက္စထ႐ို လက္ထက္ ၁၉၈၆ ေလာက္တုန္းကတည္းကပါ။
အစိုးရဆီ မျဖစ္မေန ေပးသြင္းရတဲ့ ၾကက္သြန္ျဖဴကို ေပးသြင္းအၿပီး လက္က်န္ကို လက္သိပ္ထိုး ေရာင္းခ်တာနဲ႔တင္ လယ္သမားတစ္ေယာက္ဟာ တစ္ႏွစ္ကို ေဒၚလာ ၅၀၀၀၀ ေလာက္ က်န္တယ္ တဲ့။ ဒါဟာ အဲဒီကာလတုန္းက ခြဲစိတ္ဆရာဝန္တစ္ေယာက္ရတဲ့ လုပ္ခထက္ ၁၀ ဆ ပိုမ်ားပါတယ္။ ေနာက္ပိုင္းေတာ့ ကြန္ျမဴနစ္အစိုးရက သိသြားတယ္။
အရင္းရွင္ဆန္ဆန္ ျပဳမူၾကေလျခင္းရယ္လို႔ ယမ္းပုံမီးက်ျဖစ္ၿပီး ေတာင္သူေတြ လက္သိပ္ထိုး ေရာင္းခ်ေနတဲ့ ၾကက္သြန္ျဖဴေဈးကြက္ေတြကို ပိတ္ပစ္လိုက္ပါတယ္။ ယေန႔မွာေတာ့ ကပ္ေရာဂါဟာ အေျခခံကုန္စည္ ျပတ္လပ္ေနတဲ့ က်ဴးဘားအေျခအေနကို ပိုဆိုး႐ြားေစခဲ့ပါၿပီ။
ဓာတ္ေျမၾသဇာ၊ ေပါင္းသတ္ေဆး၊ မ်ိဳးေစ့၊ တိရစာၦန္အစာ/ေဆး အစစအရာရာ ျပတ္လပ္ေနတယ္။ အရင္ႏွစ္ ေႏြတုန္းက ယုန္ေတြမွာ ေရာဂါတစ္မ်ိဳး က်ေရာက္ၿပီး ေကာင္ေရ ေထာင္ေသာင္းခ်ီ ေသဆုံးသြားခဲ့တယ္။ ဒီတစ္ခါ ဝက္ေတြအလွည့္ ေရာက္လာေတာ့မယ္။
မလွမ္းမကမ္းက ဒိုမီနီကန္သမၼတႏိုင္ငံမွာ ASF အာဖရိကဝက္နာေရာဂါ ကပ္အသြင္က်ေရာက္ေနတာေၾကာင့္ က်ဴးဘားမွာလည္း သတိႀကီးႀကီး ထားေနရၿပီ။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ က်ဴးဘားအစိုးရက ေတာင္အေမရိကတိုက္ ေဒသေတြမွာ အႀကိဳက္စားၾကသလို ပူးေတြကို အသားရင္းျမစ္အျဖစ္ စားၾကဖို႔ အႀကဳံျပဳဖူးပါတယ္။
ဒါဟာလည္း အမ်ားစု ႏွာေခါင္းရႈံ႕တာ ခံရတဲ့ စိတ္ကူးတစ္ခုပါပဲ။ ေျပာရရင္ေတာ့ က်ဴဘားမွာ ၾကက္သြန္ျဖဴေတြ ေပါေပါမ်ားမ်ား ရေနရင္ေတာင္ ျပႆနာက မကုန္ေသးပါဘူးေလ။
ေဝယံဟိန္း (B.Ag)