မီးေလာင္ေနတဲ့တိုက္ခန္းထဲကေန မိဘေတြကိုကယ္တင္ဖို႔ ကိုယ့္ကိုစေတးခဲ့တဲ့ သတင္းေၾကျငာသူေလး
ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ 7ရက္ေန႔ ၊ မနက္ခင္း 4နာရီအခ်ိန္ေလာက္က Zeng Yingxin အမည္ရွိတဲ့ ေဟာင္ေကာင္ သတင္းေၾကညာသူေလးဟာ မီးေလာင္ကြၽမ္းေနတဲ့တိုက္ခန္းကေနမိဘေတြကို ကယ္တင္ဖို႔ႀကိဳးစားရင္း အသက္ေသဆုံးသြားခဲ့ရပါတယ္ ။
သူမဟာ အသက္ 26ႏွစ္အ႐ြယ္သာ ရွိေသးၿပီး ၊ သူမရဲ႕ ခ်ိဳသာၿပီးလွပလြန္းတဲ့အၿပဳံးေတြ နဲ႔ အက်င့္စာရိတၱေတြေၾကာင့္
လူသိမ်ားေက်ာ္ၾကားၿပီး TV programေတြ မွာအၿမဲလိုလိုပါဝင္ခြင့္ရခဲ့ပါတယ္ ။
အခင္းျဖစ္ပြားတဲ့ေန႔က သူမတို႔ေနထိုင္ရာ ၉ လႊာရွိတိုက္ခန္းအထိ မီးမ်ားကူးစက္လာခဲ့၍ အဆိုပါေနရာသို႔မီးသတ္သမားမ်ားက ၅ မိနစ္အတြင္း ေရာက္ရွိလာခဲ့ၾကေပမဲ့ မီးေတြကအေတာ္ေလးကိုအရွိန္ျပင္းေနခဲ့ပါၿပီ ။
အစပိုင္းမွာ Zeng ဟာ လြတ္ေျမာက္ေနၿပီဆိုေပမဲ့လည္း အိပ္ခန္းထဲမွာရွိေနတဲ့ မိဘေတြကိုအရင္လြတ္ေျမာက္ႏိုင္ဖို႔ သူမဦးစားေပးႀကိဳးစားခဲ့ပါတယ္ ။
မီးသတ္သမားေတြ သူမတို႔ရဲ႕တိုက္ခန္းအနားသို႔ေရာက္ရွိခ်ိန္မွာေတာ့ သူမရဲ႕မိဘမ်ားကိုသာ ကယ္တင္ေပးႏိုင္ခဲ့ပါတယ္ ။
ေနာက္တစ္ႀကိမ္ Zeng ကိုျပန္သြားကယ္ထုတ္ဖို႔လုပ္ခဲ့ခ်ိန္မွာေတာ့ သူမကိုအခန္းထဲမွာ မီးေလာင္ကြၽမ္းၿပီးအသက္မဲ့ေနခဲ့တဲ့ ခႏၶာကိုယ္ကိုသာ ေတြ႕ရွိခဲ့ပါတယ္ ။
ထို႔အျပင္ သူမရဲ႕မိဘမ်ားက မီးခိုေငြ႕ေတြမ်ားစြာ ရႈရႈိက္မိၿပီး ၊ ပြန႔္ပဲ ဒဏ္ရာေတြေၾကာင့္ ေဆးကုသမႈခံယုေနခဲ့ၾကေပမဲ့လည္းသမီးလိမၼာေလးကိုဆုံးရႈံးခဲ့ရတဲ့အတြက္ အေတာ္ေလးကို႐ူးႀကဳံမရျဖစ္ေနၿပီး ခံစားေနရလ်က္ရွိပါတယ္ ။
အဆိုပါ မီေလာင္ကြၽမ္းမႈျဖစ္စဥ္ကိုေတာ့ ရဲအရာရွိမ်ားက ဆက္လက္စုံစမ္းလ်က္ရွိပါတယ္ ။ ထို႔အျပင္ Zeng ဟာ သူမရဲ႕ ဂ်ဴ နီယာေတြ ၊ ျပည္သူေတြ အေတာ္ေလးကိုခ်စ္ခင္အားက်ရတဲ့ သူတစ္ေယာက္လည္းျဖစ္ေၾကာင္း သိရွိရပါတယ္ ။
Credit
Unicode
မီးလောင်နေတဲ့တိုက်ခန်းထဲကနေ မိဘတွေကိုကယ်တင်ဖို့ ကိုယ့်ကိုစတေးခဲ့တဲ့ သတင်းကြေငြာသူလေး
ပြီးခဲ့တဲ့ နိုဝင်ဘာလ 7ရက်နေ့ ၊ မနက်ခင်း 4နာရီအချိန်လောက်က Zeng Yingxin အမည်ရှိတဲ့ ဟောင်ကောင် သတင်းကြေညာသူလေးဟာ မီးလောင်ကျွမ်းနေတဲ့တိုက်ခန်းကနေမိဘတွေကို ကယ်တင်ဖို့ကြိုးစားရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။
သူမဟာ အသက် 26နှစ်အရွယ်သာ ရှိသေးပြီး ၊ သူမရဲ့ ချိုသာပြီးလှပလွန်းတဲ့အပြုံးတွေ နဲ့ အကျင့်စာရိတ္တတွေကြောင့်လူသိများကျော်ကြားပြီး TV programတွေ မှာအမြဲလိုလိုပါဝင်ခွင့်ရခဲ့ပါတယ် ။
အခင်းဖြစ်ပွားတဲ့နေ့က သူမတို့နေထိုင်ရာ ၉ လွှာရှိတိုက်ခန်းအထိ မီးများကူးစက်လာခဲ့၍ အဆိုပါနေရာသို့မီးသတ်သမားများက ၅ မိနစ်အတွင်း ရောက်ရှိလာခဲ့ကြပေမဲ့ မီးတွေကအတော်လေးကိုအရှိန်ပြင်းနေခဲ့ပါပြီ ။
အစပိုင်းမှာ Zeng ဟာ လွတ်မြောက်နေပြီဆိုပေမဲ့လည်း အိပ်ခန်းထဲမှာရှိနေတဲ့ မိဘတွေကိုအရင်လွတ်မြောက်နိုင်ဖို့ သူမဦးစားပေးကြိုးစားခဲ့ပါတယ် ။
မီးသတ်သမားတွေ သူမတို့ရဲ့တိုက်ခန်းအနားသို့ရောက်ရှိချိန်မှာတော့ သူမရဲ့မိဘများကိုသာ ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။
နောက်တစ်ကြိမ် Zeng ကိုပြန်သွားကယ်ထုတ်ဖို့လုပ်ခဲ့ချိန်မှာတော့ သူမကိုအခန်းထဲမှာ မီးလောင်ကျွမ်းပြီးအသက်မဲ့နေခဲ့တဲ့ ခန္ဓာကိုယ်ကိုသာ တွေ့ရှိခဲ့ပါတယ် ။
ထို့အပြင် သူမရဲ့မိဘများက မီးခိုငွေ့တွေများစွာ ရှုရှိုက်မိပြီး ၊ ပွန့်ပဲ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယုနေခဲ့ကြပေမဲ့လည်းသမီးလိမ္မာလေးကိုဆုံးရှုံးခဲ့ရတဲ့အတွက် အတော်လေးကိုရူးကြုံမရဖြစ်နေပြီး ခံစားနေရလျက်ရှိပါတယ် ။
အဆိုပါ မီလောင်ကျွမ်းမှုဖြစ်စဉ်ကိုတော့ ရဲအရာရှိများက ဆက်လက်စုံစမ်းလျက်ရှိပါတယ် ။ ထို့အပြင် Zeng ဟာ သူမရဲ့ ဂျူ နီယာတွေ ၊ ပြည်သူတွေ အတော်လေးကိုချစ်ခင်အားကျရတဲ့ သူတစ်ယောက်လည်းဖြစ်ကြောင်း သိရှိရပါတယ် ။
Credit