ၾကားသိရသမွ်

သွားနှင့်တော့ ဖွားမေရေ (ပြည်သူ့အချစ်တော် ဒေါ်မေကြည်ခင်ရဲ့ နောက်ဆုံး ခရီး ပုံရိပ်များ)

“လူဆိုတာ နေမျိုးမဟုတ်ဘူး သေမျိုးကြီးပဲ” အဖွားအမြဲ ပြောတဲ့စကား ခုတော့လည်း ဖွားမေရဲ့စကားအတိုင်းပဲ သွားရှာပြီပေါ့ဖွားမေ။

အသက်ရှိစဉ်တုန်းက အမေလိုတစ်မျိုး အဖွားလိုတစ်သွယ် ကလေးဆိုးလေးလိုတစ်ဖုံ ပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဖွားမေ ခုတော့လည်း ပန်းတွေးကြာမှာ ပျော်ပျော်ကြီး အိပ်စက်နေပြီကော

သွားနှင့်တော့ ဖွားမေရေ အချိန်တန် သေမင်းလာခေါ်ရင် ဤအရှင်လည်း လိုက်ခဲ့ရမှာမို့ မတားရက်ပါဘူး ဖွားမေ၊ ခုတော့ မနက်မိုးလင်း လို့ လက်ဖက်ရည် လက်ဖက်ရည်ဆိုတဲ့ အသံလေး တိတ်ဆိတ်ခဲ့ရပြီပေါ့ ဖွားမေ

ပြုခဲ့တဲ့ကုသိုလ်တွေနဲ့ တမလွန်မှာ ပျော်ပါတော့ ဖွားမေ/ ဖွားမေ မရှိတော့ပေမယ့် ဖွားမေရဲ့ အပြစ်ကင်းသော ရယ်သံတွေက ဖွားမေကို ချစ်တဲ့သူတွေရဲ့ နားထဲမှာ စွဲကျန်နေဦး မှာပါ

YGW ဘိုးဘွားတို့ ပြုလုပ်နေတဲ့ အစိဏ္ဏကံ ကုသိုလ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ပေးဝေနေပါ့မယ် ကောင်းရာမွန်ရာ ရောက်ပါစေ ဖွားမေ

မေတ္တာများဖြင့်
အရှင်ပညာဝံသ (ရွှေကြယ်)၊ YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ပေါ်

Zawgyi

“လူဆိုတာ ေနမ်ိဳးမဟုတ္ဘူး ေသမ်ိဳးႀကီးပဲ” အဖြားအၿမဲ ေျပာတဲ့စကား ခုေတာ့လည္း ဖြားေမရဲ႕စကားအတိုင္းပဲ သြားရွာၿပီေပါ့ဖြားေမ။

အသက္ရွိစဥ္တုန္းက အေမလိုတစ္မ်ိဳး အဖြားလိုတစ္သြယ္ ကေလးဆိုးေလးလိုတစ္ဖုံ ျပဳစုေစာင့္ေရွာက္ခဲ့ရတဲ့ ဖြားေမ ခုေတာ့လည္း ပန္းေတြးၾကာမွာ ေပ်ာ္ေပ်ာ္ႀကီး အိပ္စက္ေနၿပီေကာ

သြားႏွင့္ေတာ့ ဖြားေမေရ အခ်ိန္တန္ ေသမင္းလာေခၚရင္ ဤအရွင္လည္း လိုက္ခဲ့ရမွာမို႔ မတားရက္ပါဘူး ဖြားေမ၊ ခုေတာ့ မနက္မိုးလင္း လို႔ လက္ဖက္ရည္ လက္ဖက္ရည္ဆိုတဲ့ အသံေလး တိတ္ဆိတ္ခဲ့ရၿပီေပါ့ ဖြားေမ

ျပဳခဲ့တဲ့ကုသိုလ္ေတြနဲ႔ တမလြန္မွာ ေပ်ာ္ပါေတာ့ ဖြားေမ/ ဖြားေမ မရွိေတာ့ေပမယ့္ ဖြားေမရဲ႕ အျပစ္ကင္းေသာ ရယ္သံေတြက ဖြားေမကို ခ်စ္တဲ့သူေတြရဲ႕ နားထဲမွာ စြဲက်န္ေနဦး မွာပါ

YGW ဘိုးဘြားတို႔ ျပဳလုပ္ေနတဲ့ အစိဏၰကံ ကုသိုလ္ေတြကိုလည္း ေန႔စဥ္နဲ႔အမွ် ေပးေဝေနပါ့မယ္ ေကာင္းရာမြန္ရာ ေရာက္ပါေစ ဖြားေမ

ေမတၱာမ်ားျဖင့္
အရွင္ပညာဝံသ (ေ႐ႊၾကယ္)၊ YGW ဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေက်ာင္း မႏၲေလးၿမိဳ႕ ပုသိမ္ႀကီးၿမိဳ႕နယ္ ေရတံခြန္ေတာင္ေပၚ

Crd