ချစ်စရာကောင်းတဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေး ချစ်သုဝေကတော့ ယနေ့ချိန်ထိ တော်လှန်ရေးကိစ္စရပ်များမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီအားဖြည့်ပေးနေဆဲ ဖြစ်ပါတယ်။ သူမကတော့ ဖေဖော်ဝါရီလအစပိုင်းမှ စတင်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ချစ်သုဝေကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ (Macrame)လက်မှုအနုပညာပစ္စည်းလေးတွေရောင်းချပြီး အလှူငွေတွေ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ချစ်သုဝေက ကိုယ်တိုင်ကြက်ကြော်ကြော်ကျွေးရင်း သူမရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ပါတယ်။
အနုပညာမိသားစုဘဝလေးတွေထဲမှာ ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့ မိသားစုဘဝလေးကိုတော့ ပရိသတ်တွေက အားကျနေကြတဲ့အပြင် သမီးလေး အမြွှာနှစ်ယောက်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေ ဖြစ်ပါတယ်။
ချစ်သုဝေကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်နိုင်ဖို့အတွက် သူမတတ်နိုင်တဲ့အင်အားနဲ့ တက်ကြွစွာပါဝင်နေသူလည်းဖြစ်ပါတယ်။ ချစ်သုဝေက သူမကိုယ်တိုင်လက်နဲ့ဖန်တီးထားတဲ့ Macrame လေးတွေကိုလည်း မဲလက်မှတ်နဲ့ရောင်းချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေတွေရှာဖွေပေးနေတာလည်းဖြစ်ပါတယ်။
ဒီလိုတိမ်းရှောင်နေရတဲ့ကြားကကိုပဲ အဆိုတော် လင်းလင်းဟာ ” နိုင်ငံဆိုတာ လူထုအမိန့် ” ဆိုတဲ့ တေးသီချင်းကို ဖန်တီးထားခဲ့တယ်လို့ဆိုပါတယ်။ ဒီသီချင်းအမျိုးအစားဟာ သူ့ဘဝမှာ ပထမဆုံးဖန်တီးဖူးတဲ့ အမျိုးအစားတစ်ခုလို့ဆိုပြီး နိုင်ငံပေါင်း(၂၀)ကျော်က ဘာသာစကားတွေပါဝင်ထားတယ်လို့လည်းဆိုပါတယ်။ ဒီတေးသီချင်းကို အဆိုတော်လင်းလင်းနှင့်အတူ အဆိုတော် ချစ်သုဝေ ၊ အဆိုတော် Rဇာနည် နှင့် အိသဉ္စာမောင်တို့က သီဆိုထားကြပြီး အဆိုတော် ကိုလင်းလင်း က ဒီသီချင်းလေးထွက်ရှိလာရင်လည်းဝိုင်းဝန်းအားပေးကြဖို့ပြောကြားထားပါသေးတယ်။
သူဟာ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ ပြည်သူနှင့်တစ်သားတည်း တော်လှန်လှုပ်ရှားခဲ့တဲ့အတွက် လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး မိသားစုနှင့်အတူ အဝေးတစ်နေရာမှာ ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်သော နိုင်ငံကျော်အဆိုတော် လင်းလင်းနှင့် ရုပ်ရှင်သရုပ်ဆောင်ချစ်ချစ်သုဝေတို့၏ ရန်ကုန်မြို့ရှိနေအိမ်ကို ယနေ့တွင် စစ်ကောင်စီတပ်ကချိပ်ပိတ်မှုလုပ်သွားသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်အမှတ် T၊အခန်း ၆၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ရာ၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်၊ အောင်ဆုပန်ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်မှာရှိသည့်နေအိမ်ကို စစ်ကောင်စီ၏ တပ်နှင့်ရဲများက လာရောက်ပိတ်သွားခြင်းဖြစ်သည်။
ချိပ်ပိတ်စဉ်တွင်နေအိမ်တွင် နေထိုင်သူရှိမနေခဲ့ကြောင်း အခင်းဖြစ်ပွါးမှုကိုကောင်းစွာသိသူတစ်ဦးကပြောသည်။
အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ ချစ်သုဝေတို့ဇနီးမောင်နှံကတော့ တကယ်ကို လေးစားအားကျစရာကောင်းလွန်းလှပါတယ်။ ပရိသတ်တွေလည်း ချစ်သုဝေတို့ မိသားစုလေး ဘေးကင်းကျန်းမာပါစေလို့ ဝိုင်းပြီးဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။